ကျွန်တော့် ဘကြီး နှစ်ဦး…

တနေ့ကျွန်တော်ထံသို့…အမည်မသိ လူကြီးတစ်ယောက် ရောက်လာ ပါတယ်။
ရောက်ရောက်ခြင်း..ကျွန်တော့်ကိုခုလိုစပြောပါတယ်။
“မောင်ဇောက်ထိုးရေ…အဘနာမည်က “ဦးရှေးရိုး”လို့ခေါ်တယ်ကွ.. မောင်ဇောက်ထိုးက တရားကြောင်းတွေရေးနေတာမို့ အဘက မောင်ဇောက်ထိုးကို ပဋိစ္စသမုပ္ပါဒ် လည်ပတ်ပတ်ပုံလေးကိုရေးပြပေးပါဦးလို့ ပြောချင်တယ်ကွ…အဲဒါ အဘက ပဋိစ္စသမုပ္ပါဒ်ကို မောင်ဇောက်ထိုးကို ပြောပြချင်လို့ပါကွ….”
“ဟုတ်ကဲ့ အဘ..ကျွန်တော့်ကို လူတိုင်းနားလည်လို့ရတဲ့ အနေအထားနဲ့တော့ ပြောပြပေးစေချင်ပါတယ်ခင်ဗျ..”
“အေး…ပြောမှာပေါ့ကွ၊ ကဲစပြောရအောင်ကွာ…..
သူခိုး…မောင်လိမ်ဆိုတဲ့ လူတစ်ယောက်ကို ကြည့်ပြောရအောင်ကွာ..
အဲဒီ သူခိုးမောင်လိမ်ဟာ…
ဟိုအရင်ဘဝက (အဝိဇ္ဇာ) ဆိုတဲ့ မသိမှု ဦးစီးပြီး…. (သင်္ခါရ)လို့ဆိုတဲ့.. မကောင်းတဲ့ သူခိုးဖြစ်.. လူဖြစ်စေတဲ့ အလုပ်တွေကိုလုပ်ခဲ့တယ်ကွ။

အဲဒီလို (သင်္ခါရ) မကောင်းတဲ့ အလုပ်တွေကိုလုပ်ခဲ့တော့…ဒီဖက်ဘဝမှာ (ဝိညာဏ)ဆိုတဲ့..လူဗိုက်ထဲမှာ ပဋိသန္ဓေဝိညာဉ်လေးဖြစ်လာခဲ့တယ်။
အဲဒီ(ဝိညာဏ) ပဋိသန္ဓေဝိညာဉ်ကနေ…(နာမရူပ)..ဆိုတဲ့ နာမ်ရုပ်တွေ ဖြစ်ပွားပေါ်ပေါက် လာခဲ့တယ်။ အဲဒီလို နာမ်နဲ့ရုပ်ဖြစ်လာတော့…

(သဠာယတန)ဆိုတဲ့…မျက်စိ..နား…နှာ..လျှာ..စတဲ့ အစိတ်အပိုင်းတွေ အလုပ်လုပ်တဲ့ အဆင့်ကို ရောက်လာတယ်။ မြင်နိုင်ကြားနိုင် အရသာခံနိုင်တဲ့ အဆင့်ထိဖြစ်လာခဲ့တယ်။

အဲဒီ (သဠာယတန)အမြင်အကြားတွေ အလုပ်လုပ်ပြီဆိုတော့ …. (ဖဿ)ဆိုတဲ့အတိုင်း… အပြင်အာရုံတွေနဲ့ တွေ့ထိမှုတွေဖြစ်လာတာပေါ့။

လူမှာ မြင်တဲ့မျက်စိကအလုပ်လုပ်တော့ အပြင်က မြင်စရာကလဲ ရှိနေတော့ မြင်တော့တာပေါ့….နားကလဲ ကြားနိုင်နေတော့ အပြင်မှာလဲ ကြားစရာအသံတွေက ထွက်နေတော့. ကြားတော့တာပေါ့… ဒီတော့ မြင်စရာ ကြားစရာတွေနဲ့ မြင်နိုင်ကြားနိုင်တာတွေ တွေ့ထိကုန်တော့တာပေါ့။
အဲဒီလို (ဖဿ)..ဆိုတဲ့ တွေ့ထိမှုဖြစ်လာတော့… (ဝေဒနာ).. အကောင်း အဆိုးတွေ အချစ်အမုန်းတွေ ကြိုက်မှု မကြိုက်မှုတွေ..ခံစားမှုဖြစ် တော့တာပေါ့..
အဲဒီလို (ဝေဒနာ) ခံစားမှုဖြစ်တော့…. အဲဒီခံစားမှုအပေါ်မှာ နှစ်သက်မှု (တဏှာ) တွေဖြစ်တာပေါ့။

အဲဒီနှစ်သက်မှု (တဏှာ)တွေ ဖြစ်လာတော့….(ဥပါဒါန်)ဆိုပြီး ပြင်းပြင်းထန်ထန်စွဲလမ်းမှုတွေဖြစ်လာတာပဲ။

အဲဒီ (ဥပါဒါန်)ဆိုတဲ့ စွဲလမ်းမှုကြောင့် နောင်မှာ (ဘဝ)တစ်ခုထပ်ရဖို့ ဖြစ်တော့တာပဲ။
အဲဒီလို (ဘဝ)ရပြီဆိုတော့ ဇာတိ..ဆိုပြီး ပဋိသန္ဓေ နေရပြန်တာပေါ့ကွဲ့။
ဒီတော့လဲ… ဇရာ..မရဏ..သောက စတဲ့ဒုက္ခတွေဖြစ်တော့တာပေါ့ကွဲ့။

လူတစ်ယောက်ဟာ..အဲဒီလို ဟိုမမွေးခင်ဟိုဘက်ဘဝက.. မသိမှုနဲ့ လုပ်ခဲ့တာတွေကြောင့်… အဲဒီလုပ်တဲ့အပေါ်မှာတွေလဲ တပ်မက်မှု..စွဲလမ်းမှုတွေဖြစ်ခဲ့လို့… အဲဒီစွဲလမ်းမှုတွေကြောင့် ဒီဘက်ဘဝမှာ ပဋိသန္ဓေဝိညာဉ်လေးဖြစ်လို့..လူရယ်လို့လာဖြစ်ရတာကွဲ…

ဒီဘဝမှာလဲ အဲဒီလိုပဲ မသိမှုတွေနဲ့ပြုလုပ်လို့..တပ်မက်မှု.. စွဲလမ်းမှုတွေဖြစ်ရင် နောင်ဘဝမှာလဲ.. ခုလိုပဲလူပြန်ဖြစ်ရဦးမှာပဲကွဲ့။
အဲဒီလို လူဖြစ်ပြန်ပြီဆိုရင်တော့ အိုရတဲ့ဆင်းရဲ…နာရတဲ့ဆင်းရဲ.. သေရတဲ့ဆင်းရဲတွေခံစားရ တော့မှာပေါ့ကွယ်။ အဲဒီဆင်းရဲတွေ မခံစားရအောင်က ဘာမှမဖြစ်မှဖြစ်မှာကွဲ့…တခုခုဖြစ်ပြီဆိုတာနဲ့က ပျက်ရတော့မှာဆိုတော့.. အဲဒီအပျက်မှာခံစားရမယ့် ဆင်းရဲတွေကို မလွဲမသွေခံရတော့မှာပဲကွဲ့။ ခုဘပြောတာ မောင်ဇောက်ထိုးငြင်းမလား”
“မငြင်းနိုင်ပါဘူး ဘရယ်။ ကျွန်တော်တို့ငြင်းကြလို့လဲ…တင်ပြသူရော…ပြန်ငြင်းသူရောမှာ… ဘာမှသက်သေပြစရာ မရှိတဲ့ ငြင်းမှု… နှစ်ဦးလုံး စာသိအနေနဲ့ငြင်းရမှာမို့ အားကောင်းတဲ့သူက နိုင်မှာသေချာပါတယ် ခင်ဗျာ….

ဒါပေမယ့် အဘများ စိတ်မဆိုးဘူးဆိုရင်တော့ မေးချင်တာလေးရှိပါတယ်။ ကျွန်တော်တို့ ဇာတိဒုက္ခ..အမေ့ဗိုက်ထဲမှာနေရတဲ့ ဆင်းရဲဒုက္ခ။
နောက် မရဏဒုက္ခ..သေရတဲ့ဆင်းရဲဒုက္ခတွေဟာ အလွန်ကြောက်စရာကောင်းတယ်လို့မြင်ကြသိကြပါတယ်။
ကျွန်တော်တို့လက်ရှိလူတွေမှာ… အမေ့ဗိုက်ထဲမှာနေခဲ့ရတဲ့ ဆင်းရဲဒုက္ခကို ဘယ်သူများ အမှတ်တရခံစားနေရတာ ရှိနိုင်သလဲ…. အဲဒီအမေ့ဗိုက်ထဲမှာ ခံစားနိုင်တဲ့ အနေအထားရောရှိပေါ့လား….ဒီနေ့ အမေ့ဗိုက်ထဲမှာ နေရတဲ့ ဆင်းရဲဒုက္ခတွေ ကို စာတွေကပြောတာတွေမှန်းပြီး ခံစားနေကြ ကြောက်လန့်နေကြတာထင်ပါတယ်။
လူတွေထဲမှာ အမေ့ဗိုက်ထဲက ခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခကို ပြန်အမှတ်ရပြီးသိနေတဲ့သူရှိနိုင်ပါသလားဆိုတာ..ကျွန်တော်စဉ်းစားမိပါ
တယ်။
နောက် မရဏ သေရတဲ့ဆင်းရဲဒုက္ခဆိုတာလဲ ဘယ်အချိန်ကိုပြောမှာလဲ.. အသက်မထွက်သေးသမျှက မသေဘူးလို့ဆိုရပါမယ်။ သေသွားတော့လဲ ဘာမှမသိတော့ပါဘူး။ ဒီတော့ သေသွားရင် ခံစားမှုမရှိတော့ပါဘူး။ ခံစားမှုရှိနေသေးရင်လဲ မသေးသေးပါဘူး။ ဒီလိုဆို မရဏဒုက္ခဆိုတာ ဘယ်အချိန်ဒုက္ခကိုပြောမလဲ..ဆိုတာ စဉ်းစားမိပါတယ်။
နောက် ဇရာ အိုတဲ့ဒုက္ခဆိုကတော ဘယ်လိုလဲ စဉ်းစားမိပါတယ်။ နယ်ဆင်မဲဒဲလားတို့… ခုဒလိုင်းလားမားတို့ဟာ အိုနေပေမယ့် သူတို့ဒုက္ခရောက်နေသလား… ခန္ဓာကိုယ်ဆင်းရဲဆိုတာကတော့ ငယ်တဲ့အရွယ်မှာလဲ ရှိတာပါပဲ။ ငယ်ငယ်တုန်းကဆို…ဆော့လို့ ပိုပြီးတောင် အဆင်မပြေတာတွေရှိနိုင်ပါတယ်လို့..ဒါက ကျွန်တော်စဉ်းစားဖူးတာ လေးတွေကိုပြောတာပါခင်ဗျာ။
နောက်တခုက ပဋိစ္စသမုပ္ပါဒ်ကို ခုလို အရင်ဘဝက အကြောင်းတွေကြောင့် ဒီဘဝလူဖြစ်။ တခါ ဒီဘဝက အကြောင်းတရားတွေကြောင့် နောင်ဘဝမှာလူဖြစ်။လို့ယူဆရင် မိစ္ဆာဒိဋ္ဌိ ၆၂=ပါးနဲ့ ငြိနေတယ်လို့ ကျွန်တော် ခံယူမိပါတယ်ခင်ဗျ။

ဒါပေမယ့် အဘပြောတာတွေကိုတော့ ကျွန်တော်ရေးလိုက်ပါမယ်။ အဘပြောတာတွေကို ကျွန်တော်အတိုချုပ်လေးပြောလိုက်ပါမယ်။ မှန်..မမှန် မှတ်သွားပေးပါ အဘ…
အဝိဇ္ဇာနဲ့ သင်္ခါရ.. ဟိုဖက်ဘဝက မသိမှုနဲ့လုပ်ခဲ့လို့..
ဝိညာဏ်..နာမ်ရုပ်..သဠာယတန..ဖဿ..ဝေဒနာ.. ဒီဖက်ဘဝမှာ ပဋိသန္ဓေဝိညာဉ်လေးဖြစ်လာပြီး နာမ်ရုပ်တွေ.. မြင်မှု ကြားမှုတွေ ဖြစ်ခဲ့တယ်။ အဲဒီကနေ မြင်တာ ကြားတာတွေ ဖြစ်လို့ အပြင်က မြင်စရာ ကြားစရာတွေနဲ့ တွေ့ထိလာခဲ့တယ်။ အဲဒီတွေ့ထိလာတဲ့ မြင်စရာ ကြားစရာတွေမှာ ခံစားမှုတွေဖြစ်ခဲ့တယ်။

တဏှာ ဥပါဒါန်…ဘဝ..ဇာတိ..ဇရာ..မရဏ…….
အဲဒီအမြင်အကြားတွေပေါ်မှာ ခံစားမှုတွေဖြစ်ပြီး တပ်မက်မှုတွေ…စွဲလမ်းမှု တွေပါဖြစ်တယ်။ အဲဒီစွမ်းလမ်းမှုတွေကြောင့်ပဲ နောင်ဘဝသစ်တစ်ခုမှာ ဇာတိဖြစ်ပြန်တယ်။ အဲဒီလိုမျိုးတွေလည်ပတ်ပြီးဖြစ်နေရတယ်။ အဲဒီလိုလည်ပတ်မှုတွေမှာ အိုတာ နာတာ သေတာ စတဲ့ဆင်းရဲတွေခံစားရတယ်။ အဲဒီဆင်းရဲတွေမခံစားရဖို့ကတော့…. အဲဒီလို လည်ပတ်ဖြစ်နေတာကြီးကို ဖြတ်နိုင်အောင်ကြိုးစားရမယ်လို့ ဟုတ်ပါသလားအဘ…..ပဋိစ္စသမုပ္ပါဒ်ဟာ… ဒီလူကောင်ကြီး ဟိုဘဝရောက်လိုက် ဒီဘဝရောက်လိုက်နဲ့ လည်ပတ်နေပုံကိုပြတယ်လို့ ဆိုတာပေါ့နော် အဘ”
“အေးဟုတ်တယ်။ အဲဒါ မင်းရေးလိုက်…”

တနေ့…ကျွန်တော်ထံကို “ ဦးအမြင်သစ်”ဆိုတဲ့ လူကြီးတစ်ဦးလဲ ရောက်လာပြန်ပါတယ်ခင်ဗျာ။ သူကလဲ ကျွန်တော်ကို ခုလိုပြောပြန်ပါတယ်ခင်ဗျာ…
“ဟေ့ မောင်ဇောက်ထိုးရေ… ပဋိစ္စ သမုပ္ပါဒ် လည်ပုံ အဘ အမြင်လေးကို စာရေးပေးစမ်းပါဦးကွယ်။ ထောက်ပြသူရှိရင် ပညာတိုးတာပေါ့ကွဲ့။
ဒီနေ့ ပဋိစ္စ သမုပ္ပါဒ် အမြင်က လူကောင်ကြီး ဟိုဘဝရောက်လိုက် ဒီဘဝရောက်လိုက်လည်ပတ်နေရတာလို့ မြင်ကြတယ်ကွဲ့။ အဘက ဒီအမြင်ကြီးက ဘုရားပြောခဲ့တဲ့ မိစ္ဆာဒိဋ္ဌိနဲ့ ငြိနေတယ်ဆိုပြီး စဉ်းစားမိတယ်ကွဲ့။

လူကောင်ကြီးလည်နေတာမဟုတ်ဘဲ လက်ရှိလူမှာကောင်းစေ ဆိုးစေတဲ့ စိတ်ရဲ့လည်ပတ်မှုလို့ ယူဆတယ်ကွဲ့။ ပြောရရင်တော့ လူကောင်း လူဆိုးဖြစ်ရခြင်းရဲ့ အကြောင်းဖြစ်စဉ်လို့ အဘစဉ်းစားမိတယ်ကွဲ့။

ပဋိစ္စ…ဆိုတာ… အကြောင်းကွဲ့။ သမုပ္ပါဒ…ဆိုတာ ဖြစ်တာ..ဖြစ်စဉ်ပေါ့ကွဲ့။
ဘယ်အရာဖြစ်ဖြစ်… အကြောင်းမဲ့ဖြစ်တာမဟုတ်ဘူး။ အကြောင်းကြောင့်ဖြစ် လာတာဆိုတဲ့ သဘောပေါ့ကွဲ။

ဥပမာ… သူခိုးလေးမောင်ဖြူ..ဆိုပါတော့… မောင်ဖြူသူခိုးဖြစ်လာတာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးကွဲ့။ အကြောင်းတွေနဲ့ဖြစ်လာတာ။
အဲဒီအကြောင်းတွေကို ပြတာဟာ ပဋိစ္စသမုပ္ပါဒ် ပဲကွဲ့။

ကဲစစို့…
မောင်ဖြူဟာ..အစက လူကောင်း။ အမေမွေးလိုက်တုန်းက လူကောင်း။

(အဝိဇ္ဇာ)ဆိုတဲ့ မသိမှုကြောင့်။ (သူများပစ္စည်းကိုခိုးလိုက်လို့ သူခိုးဖြစ်သွားရင် တွေ့ကြုံဖြစ်ပျက်ခံစားရမယ့် အကြောင်းတရားတွေကို မသိလို့…ဒီနေ့သိကြတာက သူခိုးဖြစ်ရင် အဖမ်းခံ အရိုက်ခံလောက်သိ တာကွဲ့။ ကိုယ့်မှာ ခိုးလိုက်တဲ့အတွက်ကြောင့် လူကောင်းဘဝကနေ.. သူခိုးဘဝရောက်သွားတယ်ဆိုတဲ့အထိ။ ကိုယ့်ဘဝပျက်စီးသွားတယ်ဆိုတဲ့ အထိ မမြင်နိုင်ကြဘူးကွဲ့။

(သင်္ခါရ) ခိုးတဲ့အလုပ်တခုကို လုပ်လိုက်တယ်။ ခိုးလိုက်တယ်။

(ဝိညာဏ) အဲဒီလို ခိုးတဲ့အလုပ်လုပ်လိုက်တာနဲ့ အောင်မြင်သည်ဖြစ်စေ..မအောင်မြင်သည်ဖြစ်စေ… သူ့မှာ သူခိုးညာဉ်လေး ဝင်သွားတယ်။ သူ့မှာ သူခိုးစိတ်ပဋိသန္ဓေလေး တည်သွားတယ်။ ကိန်းသွားတယ်။

(နာမရူပ) အဲဒီသူခိုးညာဉ်ဝင်သွားပြီးဆိုမှာတော့ ဒီသူဟာ သူခိုးအသိတွေ..သူခိုးအတွေးတွေ..စတဲ့ သူခိုးရုပ် သူခိုးနာမ်တွေဖြစ်လာတော့တာကွ။

(သဠာယတန) အဲဒီလို ခိုးမိရာကနေ.. သူခိုးညာဉ်ဝင်သွားလို့… သူခိုးရုပ်သူခိုးပုံ သူခိုးတွေးတွေဖြစ်လာတဲ့အခါ… သူ့ရဲ့အမြင်တွေကလဲ သူခိုးမျက်စိဖြစ်သွားတယ်။ သူခိုးမျက်စိဖြစ်သွားတော့ သူမြင်တဲ့အရာတွေကိုလဲ သူခိုးမြင်တွေပဲ မြင်တော့တယ်ကွ။

ရိုးရိုးလူရဲ့ အမြင်နဲ့ သူခိုးအမြင်မတူဘူးကွ။ ရိုးရိုးလူရဲ့အမြင်က သာမန်မြင်တာကွ။ သူခိုးကတော့ ခိုးချင်တဲ့အမြင်နဲ့မြင်တယ်ကွ၊ မင်းသဘောပေါက်အောင်ပြောရရင်…
ရိုးရိုးလူရဲ့ မျက်စိနဲ့ ရဲမျက်စိ မတူသလိုပဲကွဲ့။ ရိုးရိုးလူရဲ့မျက်စိက လူတစ်ယောက်ကို ရိုးရိုးအမြင်နဲ့ပဲမြင်တာကွဲ့။ ရဲတစ်ယောက်ရဲ့မျက်စိက သံသယမျက်လုံးနဲ့ မြင်တတ်တယ်ကွဲ့။ အဲဒီလိုပဲ။

(သဠာယတန ပစ္စယာ ဖေဿာ) သူခိုးမျက်စိပေါက်လို့ သူခိုးအမြင်မြင်နေတဲ့ သူကို….ခိုးစရာပစ္စည်းနဲ့ တွေ့ထိလာတော့ ခိုးလိုက်တော့တာပဲကွဲ့။ ခိုးမှုကို ကျူးလွန်လိုက်တော့တာပဲ။
(ဖဿ ပစ္စယာ ဝေဒနာ) အဲဒီလို ခိုးစရာပစ္စည်းနဲ့တွေ့ထိလို့ ခိုးပြီးသွားပြီဆိုရင်… အဲဒီခိုးမှုအပေါ်မှာ ကျေနပ်မှု မကျေနပ်မှုတွေ ခံစားရလိမ့်မယ်။

(ဝေဒနာ ပစ္စယာ တဏှာ) အဲဒီခိုးမှုအပေါ်မှာဖြစ်တဲ့ ခံစားမှုကနေ တပ်မက်မှု အထိဖြစ်လာတယ်။ အဲဒီခိုးတဲ့အလုပ်ကလေးကိုပဲ တပ်မက်လာတယ်။

(တဏှာ ပစ္စယာ ဥပါဒါနံ) အဲဒီခိုးတဲ့အလုပ်ပေါ် တပ်မက်မှုကနေ ခိုးရင်းခိုးရင်းနဲ့ အဲဒီ ခိုးတဲ့အလုပ်ပေါ် ပြင်းပြင်းထန်ထန်ကို စွဲလမ်းလာပြန်တယ်။

(ဥပါဒါန ပစ္စယာ ဘဝေါ) အဲဒီလို ခိုးမှုအပေါ် ခိုးတဲ့အလုပ်အပေါ် ပြင်းပြင်းထန်ထန် စွဲလမ်းပြီဆိုမှတော့ အဲဒီသူ သူခိုးဘဝ ရပြီပေါ့။

ဒီနေရာမှာ ဖြတ်ပြောဦးမယ်။ လူတစ်ယောက် သူခိုးဖြစ်လာရတာဟာ… ခိုးတဲ့အလုပ်အပေါ်မှာ ပြင်းပြင်းထန်ထန်စွဲလမ်းနေလို့ပဲကွ။ အဲဒီခိုးတဲ့အလုပ် အပေါ်ပြင်းပြင်းထန်ထန်စွဲလမ်းရတာကလဲ.. ခိုးတဲ့အလုပ်အပေါ်မှာ တပ်မက်မှု … သာယာမှု..ဖြစ်ခဲ့လို့ပဲကွ။
အဲဒီခိုးတဲ့ အလုပ်ကို တပ်မက်မှု သာယာမှုဖြစ်တာကလဲ.. ခိုးတဲ့အလုပ်အပေါ်မှာ ခံစားဖူးလို့ကွ။ အဲဒီလိုခံစားဖူးတာကလဲ..ခိုးတဲ့အလုပ်လုပ်ဖူးလို့ကွဲ.. အဲဒီခိုးတဲ့အလုပ်လုပ်ဖူးတာကလဲ… သူခိုးညာဉ်ဆိုးတည်ခဲ့လို့ကွ။ သူခိုးညာဉ်တည်ခဲ့တာကလဲ… မသိမှုနဲ့ ခိုးတဲ့အလုပ်လုပ်ခဲ့ဖူးလို့ကွ။ ဒါက အတိုးဆုံးနဲ့ လူမှာ သူခိုးဖြစ်ခြင်း အကြောင်း (ပဋိစ္စ သမုပ္ပါဒ်) ပြောင်းပြန်ကောက်တာကွ။

(ဘဝ ပစ္စယာ ဇာတိ… ) အမေမွေးတုန်းက လူကောင်းလေးကနေ.. သူခိုးအလုပ်တွေလုပ်လို့ သူခိုးဘဝဖြစ်သွားပြီ ဆိုမှဖြင့် အဲဒီသူရဲ့ ဘဝမှာ…
ဇရာ… ဗျာဓိ..မရဏ…သောက..ပရိဒေဝ… ဒုက္ခ..စတဲ့တရားတွေဖြစ်ပြီပေါ့။

အဲဒီသူခိုးတစ်ယောက်ရဲ့ဘဝမှာ လူကောင်းဆိုတဲ့ဘဝလေး နာတာ သေတာ တွေဖြစ်ပြီး… လူတစ်ယောက်ရဲ့ဘဝဟာ မရှင်သန် မလန်းဆန်းနိုင် တော့ဘူးကွဲ့။

လူနာတာနဲ့ ဘဝနာတာ …
လူသေတာနဲ့ ဘဝသေတာ… ဘယ်ဟာက ဆင်းရဲမလဲ…

သူခိုးတစ်ယောက်ဖြစ်ရတာဟာ လူမနာပေမယ့် ဘဝနာခဲ့ရပြီကွ။

သူခိုးတစ်ယောက်ရဲ့ဘဝမှာ… လူမသေးသေပေမယ့် လူကောင်းဘဝ သေခဲ့ရတယ်ကွ။

အဲဒီလို လူမသေပဲ ဘဝသေရတဲ့ သူခိုးတစ်ယောက်ရဲ့ဘဝမှာ သောကတွေ ပရိဒေဝတွေ… ဒုက္ခတွေ ဒေါမနဿတွေ ဘယ်လောက်များမလဲ….

နောက်တစ်ခုပြောမယ်ကွ။ လူနာတာ.. လူသေတာကို.. ဒီဘဝမှာ မနာအောင် မသေအောင် လုပ်လို့မရဘူးကွ။
ခုလို သူခိုးဓားပြ ဘိန်းသမားစတဲ့ ဘဝတွေဖြစ်လို့ ဘဝနာတာ..ဘဝသေတာ..တွေ မဖြစ်အောင်လို့လူက လုပ်လို့ရတယ်နော်။

မင်းကို နောက်တမျိုးချုံးပြီး ပဋိစ္စသမုပ္ပါဒ်ကို နောက်ပြန်ပြောမယ်။
ဒီနေ့ လူတွေတော်တော်များများ… လောင်းကစားသမားတွေ ဘဝရောက်ပြီး
လောင်းကစားမှုတွေကြောင့် လူမသေပဲ ဘဝသေသူတွေ… လူမနာပဲ ဘဝနာသူတွေ..သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေ ခံစားနေရတဲ့ လူတွေ အများကြီးပဲကွ။
အဲဒီလူတွေ ဘာကြောင့် ဒီလိုဆင်းရဲတွေ ခံစားတွေ့ကြုံနေကြတာလဲဆိုရင်.. လောင်းကစားသမားဘဝ (ဘဝ) ရောက်သွားကြလို့… လောင်းကစား သမားဘဝ ရနေကြလို့ကွ။

ဘာကြောင့် လောင်းကစားသမား ဘဝ(ဘဝ)ရောက်ရတာလဲဆိုရင်… လောင်းကစားတဲ့ အလုပ်ကို ပြင်းပြင်းထန်ထန်(ဥပါဒါန်)စွဲလမ်းလို့ပဲကွ။

ဘာကြောင့် လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် စွဲလမ်းရတာလဲဆိုရင် လောင်းကစားမှုအပေါ်မှာ တပ်မက်သာယာ(တဏှာ)ဖြစ်ခဲ့လို့ပဲ။

ဘာကြောင့် လောင်းကစားမှုပေါ် တပ်မက်သာယာဖြစ်ခဲ့တာလဲဆိုရင်.. အဲဒီလောင်းကစားမှုအပေါ်မှာ ခံစားမှု (ဝေဒနာ) ဖြစ်ခဲ့လို့ကွ။ ဘာမှ မခံစားခဲ့ရရင် ဘာမှတပ်မက်သာယာနေမှာမဟုတ်ဘူး။

ဘာကြောင့် လောင်းကစားမှုပေါ်တပ်မက်သာယာဖြစ်ခဲ့ရတာလဲဆိုရင်… လောင်းကစားနဲ့ တွေ့ထိမှု..(ဖဿ)လောင်းကစားမှု လုပ်လိုက်တဲ့အတွက်ကြောင့်ပဲ။

ဘာကြောင့် လောင်းကစားမှုလုပ်လိုက်တာလဲဆိုရင်…လောင်းကစားမှုအပေါ်မှာ မြင်တဲ့အမြင်ဖြစ်(သဠာယတန)ခဲ့လို့ပဲ။

အဲဒီလို လောင်းကစားကိုမြင်တဲ့အနေအထားရောက်ခဲ့ရတာလဲ… လောင်းကစား (ဝိညာဉ်…နာမ်ရုပ်)ညာဉ်ဆိုးလူမှာဝင်ပြီး ပွားများရင့်လာလို့ပဲ။

ဘာကြောင့် အဲဒီလောင်းကစားညာဉ်နဲ့ဖြစ်ပွားလာရတာလဲဆိုတော့ ..
လောင်းကစားမှုလုပ်လိုက်(သင်္ခါရ)လို့ပဲ။ ပြုလုပ်လိုက်လို့ပဲ။

ဘာကြောင့် လောင်းကစားမှုကို ပြုလုပ်လိုက်တာလဲဆိုရင်… မသိမှု(အဝိဇ္ဇာ)ကြောင့်ပဲကွ။
အဲဒါ ပဋိစ္စ သမုပ္ပါဒ်… အကြောင်းကြောင့်ဖြစ်ပွားလာတဲ့ အကျိုးတရားဖြစ်စဉ်ပဲ။

လက်ရှိပြနေတဲ့ ပဋိစ္စသမုပ္ပါဒ် ရဲ့ဦးတည်ရာက လူဘာကြောင့်ဖြစ်ရတာလဲ။ လူမဖြစ်အောင် ဘယ်လိုလုပ်မလဲ။ လူဖြစ်နေသမျှ ဒုက္ခရမည်။ လူမဖြစ်မှ ဒုက္ခလွတ်မည်။ ဒါကြောင့် လူမဖြစ်ရေး လမ်းစဉ်ကိုညွှန်ပြတာကွ။

အခုအဘပြောတဲ့ ပဋိစ္စသမုပ္ပါဒ်က… လူမှာ ဘာကြောင့် သူခိုးဓားပြ ဘိန်းသများ မုဒိမ်းစတဲ့ မကောင်းမှုတွေဖြစ်ရသလဲ။ လူမှာ မကောင်းမှုတွေ ဖြစ်နေသမျှ ဆင်းရဲမည်။ အဲဒီမကောင်းမှုတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ လူမှာ မကောင်းမှုတွေ မဖြစ်မှ လူမှာငြိမ်းချမ်းမည်။
လူမှာ မကောင်းမှုမဖြစ်ရေးလမ်းစဉ်ကွ။

လူမဖြစ်ရေးလမ်းစဉ်ကြိုက်သူကလဲ လူမဖြစ်ရေးလမ်းစဉ်လိုက်ပေါ့ကွ။
လူမှာ မကောင်းမှုမဖြစ်ရေးလမ်းစဉ် ကြိုက်တဲ့သူလဲ လူမှာမကောင်းမှု မဖြစ်ရေးလမ်းစဉ်လိုက်ပေါ့ကွ။

ဒီနေ့ လူ့လောကကြီးငြိမ်းချမ်းဖို့က… လူတွေမရှိမှ လူ့လောကကြီးငြိမ်းချမ်းမှာလား….
လူတွေမှာ မကောင်းမှုတွေ မလုပ်ကြမှ ငြိမ်းချမ်းကြမှာလား…
ဘုရားကတော့….သိန္ဓော..လို့ပြောခဲ့တာကွ။
သိန္ဓော..ဆိုတာ “ဆား”လို့လဲ ယူလို့ရတယ်ကွ။ “မြင်း”လို့လဲ ယူလို့ရတယ်ကွ။
ဆားမှ အမှန်လုပ်လို့မရသလို…. မြင်းမှအမှန်လုပ်ဖို့လဲ ခက်တယ်ကွ။

မေတ္တာတရားရှေ့ထားပြီး ဆွေးနွေးပြုပြင်ပေးနိုင်ပါတယ်။
ကျွန်တော်ရေးတဲ့စာတွေဟာ သတ်ဖို့..ဖြတ်ဖို့…လုဖို့.. ကာမဂုဏ်ပွားဖို့ တွေ အားပေးတဲ့ စာတွေတော့ မဟုတ်ဘူးလို့ယုံကြည်မိပါတယ်ခင်ဗျာ။

31 comments

  • မမ အညာသူ

    July 13, 2012 at 4:57 pm

    အန်ကယ်ဇောက်
    နေရာလာယူထားတာနော်သိလား
    ဖတ်ချိန်မရတော့ဘူး ရုံးဆင်းတော့မှာမလို့
    ညာမနက်ဖြန်မှလာဖတ်တော့မယ်နော်
    လစ်ပြီ:P

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 5:08 pm

    အူးဘဇင်းဇောက်ရေ…
    တစ်ကယ့် ဦးပဉ္ဖင်းတွေတောင် အူးဘဇင်းဇောက်လောက် နားလည်ပါ့မလား မသိ….
    ရှင်းပြပေးထားတာ မိုက်သဗျာ..
    ခက်တာက ပါဠိလိုတွေပါနေတော့ အပေါ်ကဖတ် အောက်ရောက်တော့ မေ့..ဖြစ်ကုန်တယ်..
    အဲဒါမှာခက်နေဒါ…ခက်နေဒါ..
    အန်းနီးဝေး..
    အူးဘဇင်းဇောက်ကို ရေလည်လေးစားဒယ်ဗျာ..
    ဘီအီးတိုက်လို ့ မပေါတော့ပါဘူး..ဟီး..ဟီး..

    • ဇောက် ထိုး

      July 13, 2012 at 6:24 pm

      တကယ်ဦးဘဇင်းတွေတောင် ဦးဘဇင်းလောက် နားလည်ပါ့မလားဆိုတော့ ကျွန်တော်က တကယ်ဦးဘဇင်းဟုတ်ဖူးပေါ့။ဟဲ

      အူးဘဇင်းဇောက်ကို ရေလည်လေးစားဒယ်ဗျာ..လေး..စားတယ်ဆိုတော့ ဘာကျန်ခဲ့လဲ…ဟီး

      ဘီအီးတိုက်ဖို့မပြောတော့ဘူးဆိုတော့ …ဘီအီးကို လူကလိုအပ်တာဆိုရင် ဦးဇင်းဇောက်က တိုက်မှာပေါ့၊

      မသောက်ရရင် လုံးဝကိုမဖြစ်တော့ဘူး..လူ့ကိုယ်ထဲကသွေးနေရာမှာ ဘီအီးတွေချည်းနေရာယူထားလို့ အချိန်ကျ ဘီအီးက မထည့်လို့ကိုမရဘူး…တုန်နေတယ်..မောနေတယ်ဆိုရင် လူသက်သာအောင်တော့ ဘီအီးထည့်ပေးရမှာနော်…

      အဲ….လူက အဲဒီလိုဘာမှမဖြစ်ပဲနဲ့…ကိုယ့်စိတ်က အချိန်ကဆာတာနဲ့တော့ မသောက်နဲ့။
      လူကဆာတာက….သဘာဝဆာ…
      စိတ်ကဆာတာက..ကိလေသာကဆာ….
      ကွမ်းစား…ဆေးသောက်စတာတွေဟာ လူကဆာတာမဟုတ်ဘူး။ စိတ်ကဆာတာ…ဟီးးးးးးးးးးးးးးးး
      လူကဆာတာက လူကိုအကျိုးပြုတယ်။
      စိတ်ကဆာတာက လူကိုဆင်းရဲစေတယ်။
      ဒါကြောင့် လူကဆာတာဆိုရင် အနော့်ဆီကိုလှမ်းပြီးမှာလိုက်နော်….တာ့တာ…

      • စိန်ဗိုက်ဗိုက်

        July 13, 2012 at 6:43 pm

        လူက ဆာတာလဲ မဟုတ်
        စိတ်က ဆာတာလဲ မဟုတ်
        ဗိုက်ကသာ ဆာေနေခြင်းဖြစ်၍ သောက်ခြင်းဖြစ်အိ
        ငါသောက်တာ မဟုတ် ဗိုက်က သောက်နေတာ ဖြစ်၏ 😀

        လဂါးပေါတာပါဗျား..
        မသောက်လဲ နေနိုင်ပါတယ်..
        ဒါပေမဲ့..
        မသောက်မိတဲ့ ညတွေဆို တောင်တွေး မြောက်တွေးနဲ ့ အိပ်လို ့မရဘဲ စာတွေ လျှောက်ရေးမိမှာစိုးလို ့ စာဖတ်သူတွေကို အားနာလို ့ ဆက် သောက်နေတာ..ဖြစ်ပါတယ်..
        ဘီအီးကို ကျေးဇူးတင်ကြဘာ..

        🙂

        • ဇောက် ထိုး

          July 13, 2012 at 7:02 pm

          ညတွေဆို တောင်တွေး မြောက်တွေးနဲ ့ အိပ်လို ့မရဘဲ စာတွေ လျှောက်ရေးမိမှာစိုးလို ့ စာဖတ်သူတွေကို အားနာလို ့ ဆက် သောက်နေတာ..ဖြစ်ပါတယ်..
          ကျွန်တော်လဲ စာဖတ်သူတွေကို အားနာတယ်ဗျာ…ဘီအီးသောက်မယ်။ ကျွန်တော်ဘီအီးသောက်တာ ဦးဗိုက်ရဲ့လမ်းညွှန်မှုနဲ့ ရှေ့ဆောင်မှုကြောင့်နော်….

  • may flowers

    July 13, 2012 at 6:04 pm

    ဖတ်သွားပါတယ်နော်………..တကယ့်ကိုမှတ်သားသင့်တဲ့စာလေးတွေမို့ ကျေးဇူးတင်ပါတယ်။

  • ဇောက် ထိုး

    July 13, 2012 at 6:25 pm

    ခုလို အသိအမှတ်ပြုပေးသွားတာကို ကျေးဇူးပါ မေဖလားဝါးရေ…

    • ဇောက် ထိုး

      July 13, 2012 at 9:32 pm

      အချစ်ဦးအနှစ်ဦးပြောတာ ဟုတ်မှာပါ။ ခေါင်းတွေမူးလောက်ပါတယ်။
      ကျွန်တော်ကလဲ တခါထဲအပြီးရေးတာ..ကျွန်တော်ကိုယ်တိုင်ကို တစ်ခေါက်လောက်ပဲဖတ်နိုင်တယ်။ ရှင်းအောင်ကလဲ အတော်ရေးရတယ်။ အားနာတယ်ဗျာ….
      ကိုဗိုက်ကလေးနည်းသုံးဖြစ်ရင်တော့ သက်သာသွားမှာပါ…ဟီးးးးးးးးးးးးးးးးးးးးးးး

  • မောင်ပေ

    July 13, 2012 at 8:24 pm

    အူးဘဇင်း စာကို ကျုပ် တစ်ထိုင်ထဲဖတ်လို ့ သဘောမပေါက်နိုင်ဘူး
    ဆိုတော့ဗျာ
    ကူးသွားတယ်ဗျို ့
    ဘီအီးတော့ မတိုက်ခိုင်းဘူး
    အူးဘဇင်းအနေနဲ ့ဘီယာလေးများ သဒ္ဒါခဲ့မယ်ဆိုရင်တော့
    ““ အတိုင်းအထက် အလွန်ဘဲ ””
    ဒီလိုညတိုင်း….

    • ဇောက် ထိုး

      July 13, 2012 at 9:42 pm

      ဦးပေရယ် လိုင်းကျသွားလို့ နှစ်ခါရေးရတယ်…
      ဟိုဦးပေကို အနော်က သဒ္ဒါရော စေတနာပါ ပိုပြီးသားပါ…
      ညတိုင်း ဦးပေစိတ်တိုင်းကျ သုံးဆောင်နိုင်အောင် ကျွန်တော်ပြောထားလိုက်ပါမယ်။
      ဦးပေထိုင်တဲ့ဆိုင်ကို ကျွန်တော်သိပါတယ်။
      အဲဒီဆိုင်မှာ ဦးပေကြိုက်တာ မှာယူစားသောက်ပြီးရင်…
      မင်းတို့ဆရာ မောင်ဇောက်ရဲ့ဆရာ ဦးပေဆိုတာ ငါပဲ..လို့သာပြောလိုက်ပါ …အားလုံးတခါထဲငုံ့သွားကြပါလိမ့်မယ်။
      မော့ကြည့်သူကို မရှိစေရပါဘူး။
      မော့ကြည့်သူရှိခဲ့ရင် ပါးသာပိတ်ရိုက်ခဲ့ပါ။
      ငါ့ကို ဘာမှတ်လဲ…မင်းတို့ဆရာ မောင်ဇောက်ရဲ့ ဆရာ ဦးပေဆိုတာ ငါကွလို့သာပြောခဲ့ပါဦပေ။

      • နွေဦး

        July 14, 2012 at 4:13 pm

        ဘယ်မော့ကြည့်ရဲ ပါ့မလဲ..
        ငုံ့ ကြည့်ရမှာ…. အရပ်က ပုနေတာကိုး….းP

  • အလင်းဆက်

    July 13, 2012 at 8:37 pm

    ဇောက်ဇောက် ရဲ ့ပို ့်စတွေက အရင်ကထက် ပိုပိုကောင်းလာတယ် ။

    ကျွန်တော်လည်း..အဲဒီလို…. အမှန်တရား…တွေ ရေးတတ်ချင်လိုက်တာဗျ ာ။

    တကယ်ပါ ။ လေးစားပါတယ် ။ ဒါမျိုး..စာတွေ..အများကြီး.လိုအပ်နေတာပါ ။

    • ဇောက် ထိုး

      July 13, 2012 at 9:46 pm

      အလင်းဆက်ရေး ကျွန်တော်လဲ တတ်နိုင်သမျှတော့ ကျိုးစားရေးတာပါပဲဗျာ…
      ဒါပေမယ့် ကြာရှည်တော့ ရေးနိုင်မယ်တောင် မထင်ပါဘူး။ ကျွန်တော်နေ့စဉ် အချိန်တော်တော်ပေးပြီးရေးခဲ့တာပါ။
      ကျွန်တော်ပြောချင်တဲ့ အသိလေးတစ်ခုကို ရေလည်ပတ်လည်သိသွားအောင်လို့ပါ။
      တခုခု ကျန်နေတာမျိုးမဖြစ်အောင် အတတ်နိုင်ဆုံး အယူအဆစုံအောင် တင်ပြနေတာပါ။
      ခုလို အားပေးတာကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ…
      ကျွန်တော်ရင်ထဲမှာ ရှိတာက နိုင်ငံနဲ့လူမျိုး တိုးတက်စေချင်တာပါပဲ။

  • kai

    July 14, 2012 at 4:35 am

    အခုအဘပြောတဲ့ ပဋိစ္စသမုပ္ပါဒ်က… လူမှာ ဘာကြောင့် သူခိုးဓားပြ ဘိန်းသများ မုဒိမ်းစတဲ့ မကောင်းမှုတွေဖြစ်ရသလဲ။ လူမှာ မကောင်းမှုတွေ ဖြစ်နေသမျှ ဆင်းရဲမည်။ အဲဒီမကောင်းမှုတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ လူမှာ မကောင်းမှုတွေ မဖြစ်မှ လူမှာငြိမ်းချမ်းမည်။
    လူမှာ မကောင်းမှုမဖြစ်ရေးလမ်းစဉ်ကွ။

    ဆိုတော့…
    အခုခေတ်ဝန်ကြိးအပါအဝင်…အစိုးရအဖွဲ့များခိုးလိုက်ကြတာ..။ ရှေ့က စစ်အစိုးရဆို.. ပို့ပိုသာသေး…
    အိမ်သွားကြည့် ..တရားသဖြင့်ရတဲ့.. လစာနဲ့အဆတထောင်..တသောင်းမြှောက်စာလောက်.. ချမ်းသာနေကြတယ်..
    ဆိုတော့…
    စိတ်လည်းမဆင်းရဲ… ငွေကြေးလည်းမဆင်းရဲ့.. အာဏာပါဝါလည်းအပြည့်…
    သူတို့တွေမှာ.. ငြိမ်းချမ်းလွန့်လွန်လွန်းလို့..

    မကောင်းမှုတွေလုပ်လို့ရတဲ့…. သူတို့ဒုက္ခက..အဲဒါလားဟင်..
    လိုချင်သား.. 🙂

  • ဇောက် ထိုး

    July 14, 2012 at 6:29 am

    ဦးခိုင်ရေ..မကောင်းတာလုပ်လို့ မကောင်းကျိုးရတယ်ဆိုတာ..ဒီနေ့လူတွေမြင်နေကြတာက သူခိုးတစ်ယောက်ဟာ ခိုးတဲ့အတွက်ကြောင့် ရဲအဖမ်းခံရတာတို့. နောင်ဘဝ မွဲမှာတို့ .နောင်ဘဝ ငရဲကြီးရောက်မှာတို့မြင်ကြပါတယ်။ အဲဒါကို ခိုးတဲ့အကျိုးလို့ယူကြပါတယ်။ ရဲအဖမ်းမခံရတဲ့သူခိုး..ချမ်းသာနေတဲ့သူခိုးတွေ ဦးခိုင်ပြသလို အများကြီးပါ။
    တကယ်တော့ ကံနဲ့ကံရဲ့အကျိုးဆိုတာ တသားထဲရှိရတာပါ။ တဆက်တည်းရှိရတာပါ။ ကံနဲ့ဝိပါက်ဟာ တဆက်တည်းရှိနေရမှာပါ။ ပြောချင်တာက..
    ခိုးလိုက်တဲ့လူတစ်ယောက်ဟာ ခိုးလိုက်တာနဲ့တပြိုင်နက်.. သူဟာ သူခိုးဖြစ်သွားတာပါပဲ။ လူကောင်းတစ်ဦးဟာ ခိုးလိုက်တာနဲ့ တပြိုင်နက် သူခိုးဘဝချက်ခြင်းရောက်သွားပါတယ်။ သူခိုးဘဝရောက်သွားတာနဲ့တပြိုက်နက် သူ့ရဲ့မျက်စိကလဲ ဘာကြည့်ကြည့် သူခိုးအမြင်တွေကိုပဲမြင်နေတော့တာပါပဲ။ သူချေထောက်တွေကလဲ သူခိုးချေထောက်တွေဖြစ်သွားလို့ သူခိုးသွား သူခိုးလာတွေဖြစ်ကုန်ပါလိမ့်မယ်။ သူ့ရဲ့အသိကလဲ သူခိုးဖြစ်သွားလို့ သူခိုးတွေး ခိုးဖို့အတွေးတွေကိုပဲ တွေးနေတော့မှာပါ။ အဲဒီလို ခိုးလိုက်တဲ့အတွက်..လူကောင်းဘဝကနေ.. သူခိုးဘဝချက်ခြင်းရောက်သွားတာဟာ ခိုးခြင်းနဲ့ခိုးခြင်းရဲ့အကျိုးပါ။

    ရဲအဖမ်းခံရတာတို့..အရိုက်အနှက်ခံရတာတို့ဆိုတာတွေက ဘာမှမဖြစ်လောက်ပါဘူး။ရိုက်ပြီးပြီးသွားမှာပါ။ ထောင်ချပြီး ပြီးသွားမှာပါ။ ကျွန်တော်သိတဲ့သူခိုးတစ်ယောက်ဆို စားစရာမရှိတော့ခိုးတယ်။ ဖမ်းလဲစိတ်မညစ်ပါဘူး။ အချုပ်ထဲမှာ စားစရာအဆင့်သင့်..အချုပ်က သူ့အိမ်လိုပဲကို။ အဲဒါတွေက တကယ်လူမှာ ကြောက်စရာမဟုတ်ပါဘူး။ တကယ့်ကြောက်စရာကောင်းတာက.. ကိုယ်တိုင် လူကောင်းဘဝ ကနေ သူခိုးဘဝရောက်သွားတယ်။ ကိုယ့်ရဲ့ပင်ကိုက ကောင်းတဲ့ မျက်စိတို့…နားတို့…စိတ်တို့ဟာ သူခိုးဘဝရောက်သွားတော့ သူခိုးမျက်စိတွေ…သူခိုးနားတွေအဖြစ်ပြောင်းလဲသွားတာဟာ အဆိုးဆုံးပါ။

    ဦးခိုင်ပြောတဲ့ လူကြီးတွေဟာ…သူတို့ကိုယ်တိုင် ခိုးလိုက်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင် သူခိုးဘဝရောက်နေဖြစ်နေခဲ့ပါတယ်။ ဒီတော့လဲ သူတို့မှာ သူခိုးမျက်စိ သူခိုးနား သူခိုးချေ သူခိုးလက် သူခိုးစိတ်တွေပိုင်ဆိုင် ထားတော့ မခိုးရမနေနိုင်ဖြစ်နေကြမှာပါ။ မခိုးရတဲ့အခါ..ခိုးမရတဲ့အခါတွေမှာ ဆင်းရဲဒုက္ခရောက်ကြ မှာပါ။ ခိုးရပြန်တော့လဲ မကောင်းမှုအပေါ်မှာကျေနပ်မှုတွေခံစားကြရဦးမှာပါပဲ။ အဲဒီကျေနပ်မှုကပဲ နောက်တခါခိုးချင်စိတ်ကို အားပေးဦးမှာပါပဲ။ သူခိုူးတစ်ယောက်အတွက် ပြည့်စုံချမ်းသာနေပေမယ့် သူ့စိတ်ကတော့အမြဲချောက်လန့်ခြင်းတွေ စိုးရိမ်ခြင်းတွေ..မလုံခြုံခြင်းတွေ နှိပ်စက်ခံနေရမှာ…

    ကံနဲ့ကံရဲ့အကျိုးဆိုတာ… ဦးခိုင်ကို ကျွန်တော် စိတ်ဆိုးဒေါသထွက်လိုက်တာနဲ့…အဲဒီစိတ်ဆိုးဒေါသထွက်မှုဟာ ကျွန်တော့်ကိုပဲ ဒေါသထွက်သူဖြစ်စေပြီး ကျွန်တော်ပဲ ပူလောင်နေမှာပါ။ ဦးခိုင်မှာဘာမှတောင်ဖြစ်ချင်မှဖြစ်မှာပါ။
    ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်ကတော့ အဲဒီဒေါသထွက်လို့ပူနေတာကိုပဲ အရသာလို့လဲ ခံစားနိုင်ပါသေးတယ်။
    သဘောတော့ပေါက်ရဲ့လားမသိဘူးနော်…

  • ဇောက် ထိုး

    July 14, 2012 at 6:33 am

    စိတ်လည်းမဆင်းရဲ… ငွေကြေးလည်းမဆင်းရဲ့.. အာဏာပါဝါလည်းအပြည့်…
    သူတို့တွေမှာ.. ငြိမ်းချမ်းလွန့်လွန်လွန်းလို့…

    သူတို့စိတ်မဆင်းရဲဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒုက္ခကိုသုခလို့ထင်နေတယ်ဆိုတာ အဲဒါပေါ့။ သူတို့ကောင်းကောင်း မအိပ်နိုင်ပါဘူး။ အပြင်သွားရင် အစောက်အရှောက်တွေ အများကြီးနဲ့…
    ကိုယ်ပိုင်လူတွေမွေးထားကြရတယ်။ အဲဒီလူတွေကိုလဲ ယုံရတာမဟုတ်ဘူး။

    • မောင်ဘလိူင်

      July 14, 2012 at 10:48 am

      သူတို့က သူခိုးမဟုတ်ပါဘူးဗျ…သီလတောင် မပျက်ဘူး…နိုင်ငံတော်ပစ္စည်း ခိုးတာပဲဟာ
      နော… 🙂
      “ဂရုဓမ္မသီလထဲက မခိုးရသိက္ခာပုဒ်ရဲ့ အနက်မှာနည်းနည်းပါးပါး ခိုးယူမူ့ မပါဝင်ဘူး။
      ဒါသိဖို့လိုတယ်။ ဒါကလေးလောက်တောင် လိုက်နာဖို့ ဖြစ်လာရင် ဒီသီလာဟာ လူတွေမလိုက်နာနိုင်ဖြစ်လာမယ်။ လူမလိုက်နာနိုင်တဲ့ ဟာကို ဘုရားက
      တရားလို့ မလုပ်ဘူး။”
      (ဘုရား-စာအုပ်-စာ-၁၄၅)

      ဒါတွေကို ထောက်ပြီး အသေးအမွားခိုးမူ့ဟာ မဂ်သီလာဖြစ်တဲ့ “ဂရုဓမ္မသီလ မဖြစ်ဘူး”။ ဒါဟာ ဘုရားဖွင့်တဲ့
      “ဂရုဓမ္မသီလ မခိုးရသိက္ခာပုဒ်ရဲ့ အနက်ပဲ ဒါရဲ့ အနက်ကို ဘုရားဖွင့်တာ ကျန်ပါသေးတယ်
      ဆက်ဖွင့်ရအောင်။
      (ဘုရား-စာအုပ်-စာ-၁၄၇)
      မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ်အရမှာ လူပိုင်မဟုတ်တဲ့ ပစ္စည်းအများအပြား ခိုးယူခြင်း မပါဝင်ဘူး။
      သူပိုင်မဟုတ်တဲ့ ပစ္စည်းအများအပြားကို ခိုးယူပေမယ့် ခိုးရင် သီလမပျက်ဘူးလို့ ဆိုလိုတယ်။
      ဒါကိုတော်တော်ကြီး သိဖို့ကောင်းတယ်။ သူမဟုတ် သူပိုင်ပစ္စည်းခိုးမိပြီး စိတ်ပျက်နေကြသူတွေ အများကြီးရှိတယ်။
      ဒါ ဆုတ်ယုတ်ဖို့ပဲ။
      (ဘုရား-စာအုပ်-စာ-၁၄၇/၈)

      “နိုင်ငံတော်ဆိုတာ နတ်ကြီးတစ်ပါးပါပဲ။ မြို့၊ ရွာဆိုတာတွေလည်း နတ်တွေပဲ၊ သမဝါယမအဖွဲ့၊ ရဲအဖွဲ့ မီးသတ်တပ်ဖွဲ့၊
      စစ်တပ်အဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ကူးသန်းရောင်းဝယ်ရေးအဖွဲ့၊ ဒါတွေလည်း နတ်တွေပဲ နတ်တွေ နတ်ဖြစ်ကြောင်း
      ရှင်းရင် သိပ်ရှည်သွားမယ်။ အကျဉ်းချုပ်လိုက်ရင်တော့ လူတစ်ဥိးချင်း ပုဂ္ဂလိကပိုင်မဟုတ်တဲ့ ပစ္စည်းတွေဟာ နတ်ပိုင်ပစ္စည်းတွေပဲ။
      (ဘုရား-စာအုပ်-စာ-၁၄၉)
      လူနဲ့ နတ်တို့ ဒီလိုခွဲရမှာဖြစ်တယ်။ လူအစုအမှတ်တွေဟာ လူဆိုတဲ့ ဂုဏ်ရည်က ကျော်သွားပြီ။
      အဲဒီလူတွေပို်င်တဲ့ ပစ္စည်းဟာ လူပိုင်ပစ္စည်းအဖြစ်ကို ကျော်ပြီး နတ်ပိုင်ပစ္စည်းတွေဖြစ်သွားတယ်။
      အဲဒီပစ္စည်းကို ခိုးယူခြင်းဟာ ဒီသီလ သိက္ခာမှာ အခိုးမမြောက်ဘူး သီလမပျက်သေးဘူးပေါ့။
      (ဘုရား-စာအုပ်-စာ-၁၅၀)
      နိုင်ငံပစ္စည်း ခိုးတာဟာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး။ ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်ဘဲ နိုင်ငံတော်ဖြစ်နေလို့ပဲ။
      မြို့ ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့ အစည်းပိုင်၊ သမဝါယမပိုင်
      ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရ သိက္ခာပုဒ်) အရ
      အခိုးမမြောက်ဘူး။
      (ဘုရား-စာအုပ်-စာ-၁၅၁)

      • ကြောင်ကြီး

        July 14, 2012 at 10:55 am

        သူရို့ဂ အိုက်လိုဂျီးလား….။ ဒါနဲ့များ မိုးပြောဂျိုးပြောနဲ့….။ 🙄

        • ဇောက် ထိုး

          July 15, 2012 at 11:58 am

          မင်္ဂလာပါ ကိုကြောင်ကြီးရေ… ကျွန်တော်တင်ပြတဲ့ စာတွေဟာ ဘုရားဟောဖြစ်အောင် အတတ်နိုင်ဆုံးကျိုးစားပါတယ်။
          နောက်ဆုံး ဘုရားဟော မဟုတ်ခဲ့ရင်တောင်..လူတွေကို ကောင်းကျိုးရစေတာဖြစ်အောင်… ဘယ်လိုလူသားမှ ငြင်းနိုင်တဲ့အနေအထား မရောက်အောင် အတတ်နိုင်ဆုံးကြိုးစားရေးပါတယ်။
          ဘာသာတိုင်းက လူတွေလက်ခံနိုင်ပြီး လူသားကောင်းကျိုးရစေတာတွေဖြစ်ပါတယ်။

          ကိုကြောင်ကြီးရဲ့ (သူရို့ဂ အိုက်လိုဂျီးလား….။ ဒါနဲ့များ မိုးပြောဂျိုးပြောနဲ့) ဆိုတဲ့စာဟာ ကျွန်တော်ကို အနည်းငယ်တော့ ခံစားလိုက်ရစေပါတယ်။
          မည်သို့ပဲဖြစ်စေ… ဝင်ရောက်အားပေးတာကိုတော့ ကျေးဇူးပါ ကိုကြောင်ကြီးရေ..

          ကျွန်တော့်စာတွေကိုတော့

      • ဇောက် ထိုး

        July 15, 2012 at 11:41 am

        မောင်ဘလှိုင်ရေ… ကျွန်တော်ခရီးသွားလိုက်ရလို့ ခုမှဖတ်ပြီးခုမှရေးရတာပါပဲ။
        မောင်ဘလှိုင်တင်ပြတာတွေဟာ အတော်စဉ်းစားဖို့တော့ကောင်းပါတယ်။ ပထမ ပြောချင်တာကတော့ မောင်ဘလှိုင်တင်ပြတဲ့ အထောက်အထားပြတဲ့စာအုပ်တွေဟာ ပိဋကတ်ပါဠိတော်တွေ မဟုတ်ဘဲလဲဖြစ်နေပါတယ်။ ဆရာတော် ဦးဉာဏရဲ့ စာအုပ်တွေထဲကဖြစ်နေပါတယ်။ ဦးဉာဏ ကိုလက်မခံနိုင်သူတွေက သူ့စာအုပ်ပါ အကြောင်းအရာတွေကို လက်ခံနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ စာအုပ်တွေဟာ လုံလောက်တဲ့အထောက်အထားမဖြစ်စေပါဘူး။ အဲဒီစာအုပ်ထဲပါတာနဲ့ အမှန်လုပ်လို့မရနိုင်ပါဘူး။

        နောက်ဒုတိယအချက်အနေနဲ့…..ခုတင်ပြတဲ့အသိဟာ လူတွေကို မည်သို့ကောင်းကျိုးရစေပါမည်နည်း။ လူတွေဟာ အစိုးရပစ္စည်းကိုခိုးလို့ရတယ်။ ခိုးကြ.. အစိုးရအုပ်ချုပ်သူတွေကလဲ သူတို့ခိုးတာ ဗုဒ္ဓဘာသာ အရ… ခိုးမှုမမြောက်ဘူးဆိုတဲ့ အသိဟာ.. မည်သို့လူ့ကောင်းကျိုး…လောက ကောင်းကျိုးရပါမည်လဲ။
        ဒီနေ့ တကမ္ဘာလုံးကလဲ အစိုးကလူကြီးလုပ်တော့မယ်ဆိုရင် မခိုးနိုင်အောင်ဆိုပြီး လူကြီးမလုပ်ခင် ကိုယ်ပိုင် ဆိုင်တာတွေကိုတင်ပြထားရတဲ့အနေအထားရှိပါတယ်။

        ဘုရားဟောခဲ့သည်ဖြစ်စေ…မဟောခဲ့သည်ဖြစ်စေ… ပြည်သူပိုင်ပစ္စည်းခိုးတာဟာ အပြစ်မရှိနိုင်ဘူးဆိုတဲ့ တင်ပြမှုဟာ လူ့ကောင်းကျိုးနဲ့ လောကကောင်းကျိုးကို ကြည့်ရပါမည်။
        ဒီနေ့လူဥပဒေမှာကို ပြည်သူပိုင်ပစ္စည်းခိုးမှုဟာ ဥပဒေမှာ အပြစ်ကြီးတယ်လို့သိရပါတယ်။

        ကျွန်တော်တင်ပြနေတဲ့စာတွေဟာ… ဘုရားဟောလဲဖြစ်ရမယ်။ လက်ရှိလူတွေကိုလဲ ကောင်းကျိုးရတာဖြစ်ရမယ်။ ဘုရားကိုလက်ခံသူရော..လက်မခံသူရော..ငြင်းမရနိုင်တာမျိုးဖြစ်ရမယ်။
        လူ့ဘဝရပ်တည်ချက်နဲ့ အံဝင်ဂွင်ကျ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေကို အဓိကထားပြီးတင်ပြတာပါ။
        မောင်ဘလှီုင်အနေနဲ့ ဒီအချက်ကို ရှင်းချင်သေးလျှင် လူ့တွေအတွက်ရလာမယ့်အကျိုးတရား… ဘုရားဟောခဲ့တဲ့ ခိုးမှု… ပြည်သူပိုင်ပစ္စည်းမခိုးခြင်းကြောင့် ဖြစ်လာနိုင်တဲ့အခြေအနေတွေပေါ်မှာ လူတွေ ငြင်းမရနိုင်တဲ့အနေအထားမျိုးနဲ့ရှင်းပြနိုင်ပါတယ်။

        နောက်ဆုံး ဘုရားဟောတာ…မဟောတာ..နဲ့ လူကောင်းကျိုးနဲ့ လူ့လက်ခံနိုင်စရာကိုတင်ပြပေးစေလိုပါတယ်။
        ကျွန်တော့်ကို စိတ်မဆိုးဖို့လဲ မေတ္တာရပ်ခံပါတယ်ခင်ဗျာ..

    • kai

      July 15, 2012 at 3:44 pm

      သူတို့တွေ.. စိတ်မဆင်းရဲပါဘူး..
      သေချာပါတယ်..

      ဒါပေမဲ့.. သူတို့တွေခိုးတာဆိုတာထက်.. အခွင့်အရေးကို.. တဖက်သား(အထူးအခွင့်အရေးလိုချင်သူ)က.. ငွေပေး.. လာဘ်ထိုးပြီး.. ငွေကြေးရကြတာဖြစ်ပါတယ်..
      ဒါပေမဲ့.. လူအများပစ္စည်းကိုခိုးတာနဲ့ပါတ်သက်ပြီး.. ဆရာတော်ဦးဉာဏဟောထားတာနဲ့.. နှိုင်းကြည့်ပြီးအတွေးတမျိုးတော့ ဖြစ်လာမိတယ်..

      အင်း..
      တကယ်တန်းပြောရရင်.. ယူအက်စ်ရဲ့..အကောင်းဆုံးကုမ်ပဏီကြီးတွေလည်း.. .. ချမ်းသာလွန့်လွန်လွန်းပေါ့..
      အမေရိကနိုင်ငံရဲ့.. ၁ရာခိုင်နှုန်းဦးရေက. ကျန် ၉၉ ရာခိုင်နှုန်းဝင်ငွေ.. ပိုင်ဆိုင်ထားတာတွေလောက် ချမ်းသာကြွယ်ဝကြတယ်လေ..
      အဲဒီချမ်းသာမှုတွေက.. ခိုးလို့ရတာထားကြတာတော့ မဟုတ်ပါဘူး..
      ဒီလိုပဲ.. အများ(၉၉ ရာခိုင်နှုန်း)ပိုင်တာကို.. လုပ်ရင်းကိုင်ရင်း..ခိုင်းစားပြီး.. ငွေတွေသဲ့ ယူသွားတာပါပဲ..

      စဉ်းစားစရာ… 🙂

      • ဇောက် ထိုး

        July 16, 2012 at 6:33 am

        သူတို့တွေ.. စိတ်မဆင်းရဲပါဘူး..
        သေချာပါတယ်..
        ဦးခိုင်ရယ်…ကျွန်တော် အဲဒီအပိုင်းကိုတော့ လက်မခံချင်ဘူးဗျာ… သူများတွေအားကျလို့ ကျွန်တော်လိုင်စင်မဲ့ ဇိမ်ခံကားလေးတစ်စီး ဝယ်စီးတယ်။ ကားကလဲ အလွန်ကောင်းဆို…ကိုယ်ပိုင်ဝယ်စီးတာဆိုတော့ ဇိမ်အလွန်ကျ တယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် လမ်းပေါ်ထွက်ရင်.. အဖမ်းခံရတော့မှာလားဆိုပြီး စိုးရိမ်စိတ်တွေ သိပ်ခံစားရတယ်။ အဲ..ယာဉ်ထိန်းရဲလေးများမြင်ရင် ခုန်လိုက်တဲ့ရင်တွေ… ကျွန်တော် ဇိမ်ရှိနေတယ်ဆိုပေမယ့် သိပ်စိတ်တွေပူပန်နေပါတယ်။

        နောက်တစ်ခုပြောဦးမယ်ဗျ… ကျွန်တော် ဝဲတွေ..ဂျွတ်တွေပေါက်တော့ တအားယားတာကိုးဗျ…အဲဒီယားတာကြီးကို ကုတ်ရတဲ့အခါမှာလဲ အလွန်အရသာရှိတယ်။ အကြောတွေတွန့် သွားတဲ့အထိကိုအရသာရှိပါတယ်။အဲဒီအရသာများဆို မှတ်မှတ်ရရပါပဲ။ အဲဒီအရသာကို လောကီအရသာ…သူများပစ္စည်းမတရားယူပြီးခံစားရတဲ့အရသာမျိုး ကြည့်မြင်မိပါတယ်။

        ဒါပေမယ့်…ဒီနေ့မှာ ဝဲတွေ ဂျွတ်တွေပျောက်သွားတော့ မကုတ်ရတော့ပါဘူး။ အရသာမရှိတော့ဘူးလို့ပြောလို့မရပါဘူး။ သူ့အရသာက ငြိမ်းချမ်းတဲ့အရသာတစ်မျိုးတော့ရှိနေပါတယ်။
        ဝဲပေါက်လို့ ကုတ်ရတဲ့အရသာက အရသာပြင်းနေတဲ့အတွက် ခံစားမှုပိုပေါ်လွင်သလိုရှိပေမယ့် ဒုက္ခကို သုခထင်တဲ့အရသာလို့ မြင်ပါတယ်။
        ဒါကြောင့် ဘုရားက ပုထုဇဉ်တွေဟာ ဒုက္ခကို သုခထင်ကြတာလို့ဆိုတယ်ထင်ပါတယ်။

        ခိုးမှုနဲ့ပတ်သက်လို့ကတော့ ကျွန်တော်က နှစ်ချီပြီးတော့ကို အထူးလေ့လာနေမိပါတယ်။ ပါဏာတိပါတ အရကို လူ့အသက်ပဲယူတာကို ကျွန်တော်သေသေချာချာရှင်းပြနိုင်ပါတယ်။ ငြင်းမရအောင်..လူ့ဘဝ ရပ်တည်ချက်…ဘုရားဟောအခြေခံ..လက်တွေ့ကမ္ဘာဥပဒေ.. ဒေါင့်စုံက ရှင်းနိုင်ပါတယ်။

        ခိုးမှုကိစ္စကိုတော့ ကျွန်တော် အတော်ကြာကြာကတဲလေ့လာပါတယ်။ ဘုရားရဲ့ ခိုးခြင်း ၂၅=ပါး။ ခိုးမှုမမြောက်တဲ့ ခိုးမှုများ…ကမ္ဘာဥပဒေ…လူ့ဘဝရပ်တည်ချက်..ကျွန်တော်တဖက်လူလက်ခံနိုင်အောင် ရှင်းမပြနိုင်ပဲဖြစ်နေပါတယ်။

        ဒါပေမယ့် စာတတ်ကျမ်းတတ်အကျော် ဓမ္မကထိက လူငယ်ဆရာတော်လေးနှစ်ပါးက အဲဒီပြည်သူပိုင်ခိုးမှုကို သူတို့က မငြင်းပဲ ကျွန်တော်ကိုရှင်းပြခဲ့ပါသေးတယ်။ ဒါကို ကျွန်တော်ကလဲ သဘောမပေါက်လိုက်ပါဘူး။
        ဒီကိစ္စကတော့ အထူးလေ့လာဆဲပါ။
        နောက်ဘက်ပေါင်းစုံက ရှင်းမပြနိုင်ရင်..အဲဒီစကားတစ်လုံးက အလွန်အန္တရာယ်များပါတယ်။ အမှားစကားတစ်လုံးက အမှန်စကားတွေကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ကျွန်တော်လေ့လာဆဲပါ ဦးခိုင်.

        • ဇောက် ထိုး

          July 16, 2012 at 6:39 am

          ဒီလိုပဲ.. အများ(၉၉ ရာခိုင်နှုန်း)ပိုင်တာကို.. လုပ်ရင်းကိုင်ရင်း..ခိုင်းစားပြီး.. ငွေတွေသဲ့ ယူသွားတာပါပဲ..

          စဉ်းစားစရာ…

          အဲဒါကို ခိုးမှုထဲထည့်ဖို့တော့လဲ မဖြစ်နိုင်လောက်ဘူး။ အဲလိုဆို ဒီနေ့ချမ်းသာသူတွေအားလုံးဟာ ခိုးမှုမမြောက်တဲ့ ခိုးမှုတွေကျူးလွန်နေတယ်လို့ ဆိုရလိမ့်မယ်ထင်တယ်။

          သူတို့ဟာ သူများတွေရဲ့ ကာယအား…ညာဏအား …တွေကို ကိုယ့်ရဲ့ကာယအား ညာဏအားအဖြစ် အသုံးပြုနိုင်သူတွေဖြစ်တယ်လို့မြင်မိပါတယ်ဦးခိုင်

  • ကြောင်လေး

    July 14, 2012 at 10:07 am

    အပေါ်ကစာကိုယ်မှာတော့မရှင်းဘူး
    ဒီမန့်တဲ့နှစ်ခုမှာနဲနဲတော့သိလာသလိုလို
    ဘာပဲပြောပြော တထိုင်တည်း ခေါင်းထဲမမှတ်နိုင်လို့
    ဟာ့ ဒစ် ထဲ မှတ်လိုက်ပါ့မယ်

    • ဇောက် ထိုး

      July 15, 2012 at 12:02 pm

      ကျေးဇူးတင်ပါတယ် ကိုကြောင်လေးရေ…
      ဘာသာရေးဆိုတာ ကိုယ့်ဘဝရဲ့ အလင်းရောင် လမ်းညွှန်မှုပါ။။ အချိန်များများယူပြီး တွေ့လာတဲ့ အတွေ့အကြုံ တွေကို အခြေခံစဉ်းစားပြီး ဂရုတစိုက်လေ့လာသင့်ပါတယ်။

  • koko thant

    July 14, 2012 at 10:22 am

    ကိုကိုဇောက်ရေ ကျနော်အားတဲ့ အချိန်လေး ရေးတာပါ ကွန်ပျူတာသင်တန်းကနေရေးတာပါ
    ဒီအချိန်ပဲ ကျနော် ကွန်ပျူတာကိုင်ရတာလေ
    ကွန်ပျူတာတောင် မကိုင်ရတာကြာနေပြီ ကိုကိုဇောက်ဆီတောင် မလာတာကြာပြီလေ
    အခု ကျနော်မအားသေးလို့ နောက်တစ်လလောက်နေရင်တော့ ကွန်ပျူတာ ကောင်းကောင်းပြန်ကိုင်
    ရမှာပါ မမအညာသူတို့ ရှင်းသန့်နွယ်တို့ တောင်မတွေ့ရတာကြာပြီ မဂွက်ထော်ကြီးကိုလည်း ပြောလိုက်ပါဦး ဘာတွေလုပ်နေလဲလို ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးး့
    ကိုကိုဇောက် ကို ခင်တဲ့ ကိုကိုသန့်

  • နွေဦး

    July 14, 2012 at 4:17 pm

    ဖတ်ရင်းဖတ်ရင်းနဲ့
    မိုးကောင်းကင်က
    အပြာရောင်သန်းလာသလိုဘဲ..

    • ဇောက် ထိုး

      July 15, 2012 at 12:08 pm

      နွေဦးရေ… ကျွန်တော်ရေးတဲ့စာတွေဟာ အပြာရောင်တွေလဲဖြစ်ချင်ဖြစ်နိုင်သလို… အဝါရောင်တွေလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ကျွန်တော်က အရောင်အပေါ်မှာ အစွဲအလမ်းမရှိသလို…အရောင်အပေါ် မှာလဲ အခြေမခံပါဘူး..

      လူ့ကောင်းကျိုးနဲ့ လူ့ဘဝ အံဝင်ဂွင်ကျမှုနဲ့..ဘုရားစကား ဒီအနေအထားမှာ သုံးသပ်ပြီးတော့တင်ပြလေ့ရှိပါတယ်။

      ဘုရားစကားဖြစ်တယ်ဆိုရုံနဲ့လဲ ကျွန်တော် အတင်းမတင်ပြပါဘူး။ ဘုရားစကားနဲ့ လူ့ကောင်ကျိုးချိန်ထိုးပြီးတော့ပဲ တင်ပြပါတယ်။
      လူ့အသုံးတည့်မှုနဲ့ လူ့အသုံးဝင်မှုကို အားပြုပြီးတင်ပြပါတယ်ခင်ဗျာ…

      • နွေဦး

        July 15, 2012 at 12:33 pm

        အင်း..ခက်တော့ခက်တယ်ဗျ…
        ဆေးသမားစကားနဲ့ လွယ်လွယ်ပြောရရင်တော့
        ဆေးတဖုံ ကို ရေလဲအမျိုးမျိုးနဲ့ ရောဂါအမျိုးမျိုး ပျောက်စေသလို ဖြစ်နေပြီဗျာ..။
        တခါတလေတော့ အရိုးကို အရွက်ဖုံးဖြစ်တတ်တာ့ သတိကြီးဘို့တော့ လိုတာပေါ့ဗျာ..။
        ကိုယ်ပေးတဲ့ ဆေးတခွက်နဲ့ ရောဂါ နှစ်မျိုးပျောက်လို့ ပျော်စရာကောင်းပေမဲ့
        မူလဝေဒနာ မသက်သာရင်
        မသက်သာဘူးဆိုရင် ……။

  • ဇောက် ထိုး

    July 15, 2012 at 9:26 pm

    နွေဦးရယ်… နွေဦးရဲ့ ဥပမာကို ကျွန်တော် တိတိကျကျ သေသေချာချာ ဥပမေယျနဲ့ မဟတ်တတ်ပဲဖြစ်နေပါတယ်။
    ကျွန်တော် ဘာသာရေးနဲ့ပတ်သက်ပြီး ဘာမှတော့ သိပ်သိလှတယ်မဟုတ်ပါဘူး။
    ဘာမှလဲ သိပ်ဆုပ်ကိုင်ထားတယ်တော့ မဟုတ်လှဘူးထင်ပါတယ်။
    ဒါပေမယ့် ကိလေသာနဲ့လူကိုတော့ အထူးမြင်အောင်ကျိုးစားပြီး အဲဒါလေးပဲ သိနေတာပါ…
    ကိလေသာဟာ လူမဟုတ်တာ။ ကိလေသာဟာ လူကိုဆင်းရဲစေတာ… လူမှာ ကိလေသာကင်းတဲ့ ချမ်းသာမှုဟာ အဆင့် အမြင့်ဆုံးချမ်းသားမှု အမှန်ကန်ဆုံးချမ်းသာမှုဆိုတာလေးကိုပဲ ပီပီပြင်ပြင်လေးသိမြင်နေတာပါ။ ဒါထက်အများကြီးဖြင့် ဘာမှ သိပ်မသိသလိုပါပဲခင်ဗျာ…..

    ကျွန်တော်ပေးတဲ့ဆေးဟာ ရောဂါပျောက်ရင်ပျောက်…မပျောက်ရင်လဲ လူကိုတော့ဖြင့် အန္တရာယ်မဖြစ်အောင်..အဲဒီလို ရေးပါတယ်။

Leave a Reply