လေညှင်းလေး

super manJuly 13, 20121min16415

လေညှင်းလေးပေါ့
သူကရင့်ကျက်တယ် တည်ငြိမ်တယ်
လူကိုလည်းအေးမြစေတယ်
သူ့အသံကြားတိုင်း ရင်ကိုငြိမ်းချမ်းသွားတာပဲ
တစ်ခါတစ်ရံမှာ ပျော်ရွှင်မှုပေးတတ်ပေမဲ့
လွမ်းဆွတ်ဖွယ်ကောင်းတာလည်း သူပါပဲ
ကဲလေညှင်းလေးရေ တိုက်ခတ်ပါဦး
နွေးထွေးတဲ့အပြုံးတွေ ပေးရင်းနဲ့ပေါ့
ဆိတ်ငြိမ်မှုဖြိုခွင်းပြီး လေညှင်းလေးတိုက်ခတ်လာပြီ
ဟော သူနဲ့အတူ ပန်းတွေရဲ့ရနံ့
သဘာဝတရားရဲ့ အလှတရားတွေ။
မနားမနေပဲ တိုက်ခတ်နေတာ။
ဟော ဟော ဘာတွေလဲ
လေညှင်းလေးနောက်မှာ ဘာတွေလဲ
အရင်လိုလေညှင်းလေးရဲ့ရနံ့ ဘယ်ရောက်သွားလဲ
ကဘာ့ အညစ်အဆိုးတွေကြား
လေညင်းလေးကြားညှပ်နေပေါ့
လေညင်းလေးပေါ့
သူ့ရဲ့အရသာ အရင်လို မချိုမြိန်တော့ဘူး။
၁ဝး၂၉ နာရီ
တနင်္ဂနွေနေ့
၂၄.၆.၂၀၁၂

ကဘာ မရေးတတ်တာ ခွင့်လွှတ်ပါ။

15 comments

    • super man

      July 17, 2012 at 5:30 pm

      မပါပါဘူးခင်ဗျ

  • etone

    July 13, 2012 at 7:08 pm

    လေညှင်းလေးပေါ့ …..
    မိုးသည်းတဲ့ညမှာ
    ရင်ထဲထိအေးအောင်
    တိုက်ခတ်လို့သွားတာ
    အဖျားတွေတောင် တတ်ပေါ့ …. အဟီး 😀

    (ကဗျာတော့မရေးတတ်ပါဘူး …. ပါဝင်အားဖြည့်ပေးတာ… ဟိဟိ 😳 )

  • snow white

    July 13, 2012 at 8:09 pm

    ကြိုးစားထား ကောင်းတယ် စနိုးတို့ထက်တောင် ရေးချက်ကောင်းတယ် အားပေးတယ် ရေးနော် ဆက်လက်ရေးသားနိုင်ပါစေ ရွာသူရွာသားများကို ခင်မင်လျှက် စနိုး။။

  • မောင်ပေ

    July 13, 2012 at 8:18 pm

    ကျုပ်လဲ ကဘာ ဆိုတာ ရေးတတ်ချင်တယ်ဗျာ
    ကဘာ ဆိုတာ ရေးမိချင်သွားပြီ

    • super man

      July 17, 2012 at 5:41 pm

      မလှောင်ပါနဲ့ခင်ဗျ ခင်ဗျား ကဗျာတွေကိုချစ်တတ်ရင်ပေါ့

  • may flowers

    July 13, 2012 at 9:51 pm

    အားပေးသွားပါတယ် ကဗျာလေးကို။

  • water-melon

    July 14, 2012 at 8:20 am

    ကဘာဆိုတာ ဘာလဲဟင် ကဗျာကိုပြောတာလား

    • super man

      July 17, 2012 at 5:39 pm

      မဟုတ်ပါဘူးခင်ဗျ ကဘာဆိုတာ ကမာ္ဘ ကိုပြောတာပါ

  • မမ အညာသူ

    July 14, 2012 at 10:11 am

    စူပါမန်းရေ
    အားပေးသွားပါတယ်ရှင်

  • mamanoyar

    July 14, 2012 at 10:17 am

    လေညှင်းလေးက တိုးတိုးလေး ပြောသွားတယ်
    နင့်ချစ်သူ နင့်ကို မုန်းပြီတဲ့……… သီချင်းဆိုတာ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 14, 2012 at 11:09 am

    လေညှင်းဆိုတဲ့ စကားလုံး..
    လေညှင်းဆိုတဲ့..အသုံးအနှုန်းနဲ့..
    သူ့ရဲ့ ညင်သာစွာတိုက်ခတ်တဲ့..
    လေညှင်းလေးကလည်း …
    အရမ်းကို နူးညံ့ပြီး…..
    အေးမြတယ်နော်…
    ကဗျာလေးအားပေးသွားပါတယ်ရှင်…။

    • super man

      July 17, 2012 at 5:52 pm

      ကျွန်တော့်ကဗျာတွေကို အားပေးတဲ့အတွက် ကျေးဇူးပါ။
      နောင်လည်းဆက်လက်အားပေးနေပါဦး။
      Thank ခပ်မိုက်မိုက်ကောင်မလေး

  • လတ်လတ်

    July 14, 2012 at 1:13 pm

    ကမာ္ဘကိုရေးဖို. ပထမ ‘က’ ကို ရေးပြီးရင် ‘မာ’ ကိုရေးပါ။ပြီးရင်တော့ ‘tide key'(ESC အောက်တည့်တည့်က ကီး)ကိုတစ်ချက်နှိပ် ပြီးရင် ‘ဘ’ ကို နှိပ်။ဒါဆိုရင် ကျနော်ရိုက်ထားသလိုပေါ်ပါပြီ။ ‘tide key’ ကိုဖိထားစရာမလိုပါဘူး။ ကျနော့်တော် အဲ့နည်းကိုသာသိပါအိ။ တက်သလောက် ရွှီးခဲ့ပါအိ…ဂွိဂွိဂွိ….။ 😛

    • super man

      July 17, 2012 at 5:35 pm

      အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးကမာ္ဘပါ

Leave a Reply