65 ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် …… သို့ …… နိုင်ငံတော်သမ္မတကြီး

Maung YuGhan SDYJuly 13, 20121min782

 

 

 

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား

သမ္မတကြီးနှင့်တကွ နိုင်ငံခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျမ္မာရွှင်လန်းပါစေရန် ကျွန်တော်နိုင်ငံသားတစ်ဦးအနေနှင့် ဆုတောင်းမေတ္တာပို့အပ်ပါတယ်ခင်ဗျား၊

နိုင်ငံတော်သမ္မတကြီးအား နိုင်ငံသားတစ်ဦး၏ ရင်တွင်းဆန္ဒအမှန်တခုကိုတင်ပြလိုပါသည်ခင်ဗျား၊ယခု july19 ရက်ဟာဆိုရင်ဖြင့် မြန်မာတမျိုးသားလုံး၏ လွပတ်လပ်ရေးသမိုင်းကိုရေးထိုးပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့်65 နှစ်ပြည့်ဖြစ်ပါသည်၊ထိုနေ့သည်မြန်မာ့လွတ်လပ်ရေးသမိုင်း မြန်မာ့တပ်မတော်၏သမိုင်း မြန်မာပြည်သူတရပ်လုံး

မြန်မာ့သမိုင်းကိုချစ်မြတ်နိုးတတ်လာစေရန် အသက်သွေးချွေးစတေး၍ ကာကွယ်တတ်စေရန်နှင့် လွတ်လပ်ရေး၏တန်ဘိုးကို မြင့်တင်ပေးစေသော သမိုင်းဝင်နေ့ မြန်မာပြည်သူတွေဝမ်းနည်းကြေကွဲရတဲ့နေ့ ခေါင်းဆောင်တေါကိုဆုံးရှုံးခဲ့ရတဲ့နေ့တနေ့ဖြစ်ပြီး မြန်မာတည်သရွေ့ မမေ့ပျောက်စေသောနေ့တနေ့ဖြစ်ပါတယ်ခင်ဗျား၊

တပ်မတော်အစိုးရမှ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးသည့်နောက်ပိုင်း အာဇာနည်နေ့သည်နိုင်ငံတော်အခန်းအနား အဖြစ်တာ်ရှိနေသေးသော်လည်း အစိုးရမှ တိုင်းပြည်၏ကျေးဇူးရှင်ခေါင်းဆောင်များအား တက်ရောက်ဂါရဝပြုရတွင် ရန်ကုန်မြို့တော်ဝန်အဆင့်ဖြင့်သာတက်ရောက်ဂါရဝပြုစေခြင်းသည် မြန်မာ့သမိုင်းနှင့် မြန်မာ့မျိုးချစ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းသိက္ခာ နှင့်သမိုင်းတန်ဘိုးကို ကမ္ဘာ့အလယ်တွင် သိမ်ငယ်အောင်ပြုလုပ်နေသကဲ့သို့ဖြစ်နေသည်ဟုထင်မြင်မိပါသည်ခင်ဗျား၊

ယခင်နှစ်များတွင်းက တိုင်းပြည်၏တည်ငြိမ်မှုကိုတည်ဆောက်ဆဲကာလဖြစ်သောကြောင့် အကျဉ်းချုံးမျှကျင်းပခဲ့ရမှာ မှားယွင်းသည်ဟုမဆိုသော်လည်း ယခုအခါသမယသည် နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့သည် မြန်မာပြည်သူများသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှပါ လက်သင့်ခံခဲ့သော အပြောင်းအလဲကို သမိုင်းမှတ်ကျောက်တင်နိုင်အောင်စွမ်းဆောင်ရင်းသမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျား၊

သို့ပါသောကြောင့် နိုင်ငံတော်သမ္မတကြီးသည် မြည်မာပြည်သူတို့၏ ဆန္ဒသဘောထားများကို အလေးထားသောအားဖြင့်၎င်း အာဇာနည်ခေါင်းဆောင်ကြီး မြန်မာ့လွတ်လပ်ရေးနှင့်တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမိမြန်မာပြည်နှင့်နိုင်ငံသားတို့အားအသက်သွေးချွေးစွန့်လွှတ်စတေးခဲ့သည့် အာဇာနည်အပေါင်းတို့အားလေးစားတန်ဘိုးထားသောအားဖြင့် နိုင်ငံတော်သမ္မတကြီးအပါအဝင် နိုင်ငံခေါင်းဆောင်အားလုံး တက်ရောက်ဂါရဝပြုခြင်းဖြင့်အမိမြန်မာပြည်၏ ဂုဏ်ကိုမြှင့်တင်ပေးပါရန်နိုင်ငံသားတစ်ဦး၏ဆန္ဒအဖြစ် လေးစားရိုသေစွာတင်ပြအပ်ပါသည်ခင်ဗျား၊

အာဇာနည်ခေါင်းဆောင်ကြီးများအားဦးညွှတ်ဂုဏ်ပြုလျှက်

အမိမြန်မာပြည်၏သမိုင်းဂုဏ်ရောင်ထွန်းပြောင်စေသော်

2 comments

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 11:00 pm

    ဒေါ်စုကတော့ အာဇာနည်နေ ့မှာ သွားရောက် ဂါရဝ ပြုဖို ့ မကျိန်းသေဖူးပြောတယ်..
    နေပူတော် လွှတ်တော် အစည်းဝေးရှိရင် လေယာဉ်နဲ ့သွားရမယ်..ကြားတယ်..
    NLD ထဲက အာဇာနည်နေ ့ဂါရဝပြုဖို ့ ကိုယ်စားလှယ်သုံးဦး ရွေးထားတယ် ကြားမိတယ်ဗျား..
    အဆင်ပြေတဲ့လူတွေတော့ သွားရောက် ဂါရဝပြုကြပါလို ့..တိုက်တွန်းပါရစေ ကိုကြက်တောင်ခင်ဗျား..
    လေးစားလျက်..
    အုဗိုက်

  • ဇွဲမာန်(အင်းဝ)

    July 14, 2012 at 12:18 am

    အာဇာနည်နေ့ကိုဂုဏ်ပြုပါတယ်ဗျာ

Leave a Reply