အာဇာနည်နေ့ဒို့မမေ့ {Duplicated Post}

အာဇာနည်နေ့ဒို့မမေ့

………………………….

အာဇာနည်စိတ်ဓာတ်

အာဇာနည်ရဲ့သွေး

အာဇာနည်ရဲ့သတ္တိတွေရဲ့ဖော်ဆောင်မှု

သမိုင်းရဲ့စာမျက်နှာတွေမှာ

နီရဲနေတဲ့သွေးစက်တွေ

စိုရွဲနေတဲ့ချွေးစက်တွေ

ရောပြွမ်းလို့နေခဲ့ပြီ…..။

သမိုင်းကနေတကျော့ပြန်

နီရဲနေတဲ့သွေးစက်

စိုရွဲနေတဲ့ချွေးစက်

ငါကိုယ်တိုင်ချေဖျက်ရမှာလား

မင်းရောချေဖျက်မှာတဲ့လား

ဘယ်သူဖျက်ဖျက်ငါမဖျက်

ဘယ်သူဖျက်ဖျက်ငါမဖျက်

ဘယ်သူဖျက်ဖျက်ငါမဖျက်

သမိုင်းတစ်ခေတ်ရဲ့အာဇာနည်

ပုံဖော်မည်……..

ဂုဏ်ဆောင်မည်

ဒို့တိုင်းပြည်ရဲ့အာဇာနည်

ဒို့တိုင်းပြည်ရဲ့အာဇာနည်

ဘယ်ပုံဘယ်နည်းဖြင့်ငါမမေ့ပြီ……။

ဇွဲမာန်(အင်းဝ)

 

Go to this link  and leave ur comments >

https://myanmargazette.net/138871/creative-writing/my-dear-diary