” မြို့ပြ ကွန်ကရစ် “

YE YINT HLAINGJuly 14, 20121min21522

အနားရတဲ့ အချိန်လေးမှာ ဝါသနာ အရ စာရေးချင်မိတယ် ။ ဘာရေးရရင် ကောင်းမလဲ စဉ်းစားမိတယ် ။ စဉ်းစားလို့ မရဘူး ! ဒါနဲ့ ကိုယ့် အလုပ်နဲ့ သက်ဆိုင်တဲ့ ကွန်ကရစ် အကြောင်း ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဗဟုသုတ ပေါ့နော် ! ကျွန်တော့ အလုပ်က ကွန်ကရစ် ဖျော်စက်တွေ ထိန်းချုပ် မောင်းနှင်ရတယ် ။ အများ အေခေါ် ဘက်ချင်းပလန့် အော်ပရေတာ ပေါ့ ။ ကွန်ကရစ် အကြောင်း စဉ်းစားရင်း မြို့ပြအဆောက်အဦး တွေ အကြောင်း လည်းတွေးမိတယ် ။ အဲဒီ အပြင် နိုင်းမြစ်ဝှမ်းက ဂူသင်းချိုင်းကြီးများ ဆိုတဲ့ ပိရမစ် ကြီး တွေ အကြောင်းလည်း တွေးမိတယ် ။ အင်မတန် ခိုင်ခံ့ ကြီးမားတဲ့ နှစ်ထောင်ပေါင်း များစွာက ပိရမစ် ကြီးတွေ အကြောင်းပေါ့။ အကြီး ဆုံး ပိရမစ် လို့ သိထားတဲ့ အေမင်ဟိုတပ် ( အသံထွက်တတ်သလို ) ရဲ့ ပိရမစ် ကြီးဆိုရင် ( ၂ )တန် အလေးချိန် ရှိတဲ့ ကျောက်တုံး ပေါင်း ( ၂၃ ) သိန်း နဲ့ လူပေါင်း သိန်းချီပြီး နှစ်ပေါင်း ( ၂ဝ ) ကျော်တည်ဆောက် ခဲ့တယ် လို့ မှတ်ခဲ့ဘူးတယ် ။ တချို့ ပိရမစ် တွေထဲက ထောင်ချောက် ခလုတ် မောင်းတံ တွေ ဟာ ဒီနေ့ခေတ် မက်ကထောနစ် စနစ် တွေထက် မညံ့ဘူးဆိုတာတွေရတယ် ။( ဘီစီ တစ်သောင်း ရုပ်ရှင် တွင် ပိရမစ် တည်ဆောက်ပုံ ကို လေ့လာကြည့် နိုင်ပါတယ်) ။ ကျွန်တော် တို့ နိုင်ငံ က စေတီ ပုထိုး အချို့ ကလည်း ငလျှင် အကြိမ် များစွာ ဖြတ်သန်း ခဲ့ ပေမဲ့ ပျက်စီး ယိုယွင်း မှု မရှိ တာတွေရတယ် ။ ဒါကြောင့် လူတွေရဲ့ တည်ထွင် ကြံဆ မှု နဲ့ တည်ဆောက် နိုင်မှု စွမ်းအား ဟာ လွန်ခဲ့တဲ့ နှစ် ထောင်သောင်း များစွာ က တည်းကစတင် ခဲ့တယ် လို့ ပြောလို့ရပါတယ် ။

ဒီနေ့ခေတ် မှာ မြို့ပြ နိုင်ငံကြီး တွေ ဟာ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာတယ် ။ ခေတ်မီ တိုက်တာ အဆောက်အဦး ကြီးတွေ လမ်းတတား ကြီးတွေ အဖြစ်နဲ့ပေါ့ ။ အဲဒီ လို တည်ဆောက် နိုင်ဖို့အတွက် ကွန်ကရစ် ဟာ မပါမဖြစ်တဲ့ အဓိက အခန်းအရာ ဖြစ်ပါတယ် ။ ဒါကြောင့် ကွန်ကရစ် အရည်အသွေး ဟာ သတ်မှတ်တဲ့ စံချိန်စံညွှန်း ကိုက်ညီ ဖို့ အရေးကြီး ပါတယ် ။ ပြီးတော့ သတ်မှတ်တဲ့ နှစ်သက်တမ်း အတွင်း ပဲ နေထိုင် အသုံးပြုသင့်တယ် ။ တနေ့ ကျွန်တော် ရွှေလီ ကို ရောက်တော့ ဆေးရောင် ရော ကွန်ကရစ်သား ပါ အလတ်ကြီး ရှိသေး တဲ့ တိုက်ကြီး တလုံး ကို Hammer Machine လို့ ခေါ်တဲ့ တူကြီးနဲ့ ဖြိုချနေတယ် ။ ဘာလို့ ဖြိုနေတာလဲ မေးတော့ သက်တမ်း ပြည့်လို့ ဖြိုချတယ်လို့သိရတယ် ။ မှန်တယ် သက်တမ်းကုန်တဲ့ အဆောက်အဦး တွေ။ အရည်အသွေး မမှီတဲ့ ကွန်ကရစ် တွေ နဲ့ တည်ဆောက် ထားတဲ့ အဆောက်အဦးတွေ ဟာ အသက်အန်နရယ် ရှိပါတယ် ။ မကြာခဏ ရန်ကုန် အဆောက် အဦး အချို့ ပြိုကျလို့ အသက်အိုးအိမ် ဆုံးရှုံး ရတဲ့သတင်းတွေ ဖတ်ရတယ် ။

ဘာကြောင့်လည်း အဖြေ ရှာကြည့်တယ် ။ ဖြစ်နိုင်ခြေတွေထဲက ( ၁ ) သက်တမ်းကုန်လို့ ( ၂ ) အောက်ခံမြေ သား နဲ့ ဖောင်ဒေးရှင်း မခိုင်မာ လို့ ( ၃ ) သတ်မှတ်ထား တဲ့ ဒီဇိုင်း ပုံစံ တွေ ထဲ က လိုအပ်တဲ့ အရေအတွက် အတိုင်း ထည့်သွင်းအသုံးမပြုလို့ ( ဥပမာ အာစီ တိုက်တွေမှာ လိုအပ်တဲ့ ရီဘားလို့ ခေါ်တဲ့ သံချောင်း အရေအတွက် ခိုသုံး လျှော့သုံးတာ ။ ဘာလို့ လျှော့ သုံး လဲ ဆိုတော့ သူခိုး ဈေးနဲ့ ပြန်ရောင်းရင်တောင် တတန်ကို လေး ငါး ခြောက် သိန်းရတာကို — အဲဒီလို တိုက်မျိုး နေမိရင် ငလျှင် ကြီးကြီးသတိထား ၊ အခြေအနေ မကောင်းရင် ကွင်းပြောင်ပြောင်ရှိရာပြေး ) ။ ( ၄ ) ကွန်ကရစ် ရဲ့ အရည်အသွေး စံချိန်စံညွန်း မပြည့်မှီလို့ ( အိပ် နေ တုန်း မျက်နှာ ပေါ် တည့်တည့်မျက်နှာကျက်က ကွန်ကရစ် တွေ ကွာမကျ အောင် ခြင်ထောင်ထူထူ ကို တင်းတင်း ချည် အိပ်ပါ ) ( ၅ ။၆။ရ ) တွေလည်းရှိသေးတယ် ။

ကျွန်တော် နေပြည်တော် နဲ့ ရန်ကုန် မှာ အဆောက်အဦး တွေအတွက် ကွန်ကရစ် ဖျော်ပေးခဲ့တယ် ။ နေပြည်တော် မှာ အစိုးရ အဆောက်အဦး ကြီးတွေ ။ဟိုလ်တယ်တွေ ။လမ်းတွေ အတွက် ကွန်ကရစ် မီတာကျူ့ ထောင်သောင်း ချီပြီး ဖျော်ခဲ့တယ် ။ ဒီနေရာမှာ လိုကယ် မက်တီးရီးယဲ ( လ ) အကြောင်း ပြောချင်တယ် ။ ကွန်ကရစ် ဖျော်တဲ့ နေရာမှာ ဘိလပ်မြေ ။ ကျောက်သဲ ။ ရေ နဲ့   Chemical( အရည် ) ရောစပ် ပြီး အသုံးပြုတယ် ။ ကျွန်တော်တို့နိုင်ငံထဲ မှာ အသုံးပြု နေတဲ့ ဘိလပ်မြေ အမျိုးအစား များစွာထဲမှာ ထိုင်းနိုင်ငံ အက် ( စ ) စီဂျီ ( SIAM CEMENT GROUP ) ကုမ်မနီ ထုတ် ဆင်တဆိပ် ဘိလပ်မြေဟာ အရည်အသွေး အကောင်းဆုံးပဲ ။ ကွန်ကရစ် အတွက် Strength  ကောင်းစေတယ် ။ Chemical အနေနဲ့တော့ စီကာ ( SIKA )အမျိုးအစား တွေပဲအသုံးများတယ် ။ ခုကျွန်တော် ရောက်နေတဲ့ နိုင်ငံ မှာလည်း ကွန်ကရစ်ထဲ က လေကို ထုတ်ဖို့ စီကာ အဲယား( SIKA AIR ) ကိုပဲသုံးတယ် ။ ကျောက်။ သဲ ကတော့ တမြို့ နဲ့ တမြို့ ။ တနိုင်ငံ နဲ့ တနိုင်ငံ မတူပါဘူး ။ ရှမ်းပြည် နဲ့ နေပြည်တော် မတူသလို ရန်ကုန် နဲ့လည်း မတူပါဘူး ။ နေပြည်တော် မှာ တောင်ကျောက် လို့ ခေါ်တဲ့ အာလူး ကျောက် တွေ နဲ့ မိုင်းခွဲကျောက် တွေ ကို ( ၂ဝ – ၂၅ ) မီလီ ဝန်းကျင် အရွယ်အစား ရအောင် ခွဲစိပ် အသုံးပြုပြီး ရန်ကုန် မှာတော့ မြစ်ကျောက်ကို အသုံးပြု ပါတယ် ။သဲ ကိုတော့ မြစ်သဲ ချောင်းသဲကို အသုံးပြုပါတယ် ။ ဒါက ကျွန်တော်တို့ နိုင်ငံမှာ မြစ်ချောင်း ပေါလို့ပါ ။ မြစ် ချောင်း မရှိ တဲ့ ရှားပါးဝေးလံ တဲ့ နေရာ တွေ နိုင်ငံတွေ မှာတော့ လိုကယ်ကျောက် နဲ့ ဖုန်သဲကို ဘိလပ်မြေ ပမာဏ များများထည့် ပီး သုံး ပါတယ် ။ ( ဥပမာ ။ ။ အာရှ အရှေ အလယ် ပိုင်း နိုင်ငံ တွေ ပေါ့ ) ။ ကျွန်တော် လက်ရှိ လုပ်ကိုင်နေတဲ့ စက်ရဲ့ ကွန်ပျူတာ ထဲ မှာ ရေ အပြင် ရေခဲ နဲ့ အသုံးပြု လို့ ရအောင် လုပ်ထားတယ် ၊ ဒါပေမဲ့ ဒီမှာ ရေနဲ့ ပဲ ကွန်ကရစ် ဖျော်ပါတယ် ။ ရေ အလွယ်တကူ ရဖို့ထက် ရေခဲ ရဖို့ ပိုလွယ် ကူတဲ့ နေရာမှာတော့ ရေခဲနဲ့ ဖျော်ပါတယ် ။ ဒါကြောင့်အချိုး အစား ကျကျ ရောစပ်ပြီး သတ်မှတ်ထားတဲ့ Slump ရတဲ့ ကွန်ကရစ် ထဲမှာ အရည်အသွေး ပြည့်မှီ ပြီး သန့်ရှင်းတဲ့ Cement , Gravel ( or ) Shingle , Sand and Chemical တွေပါဝင်နေဖို့ လိုပါ  ကြောင်း….. ( ရေးမိရေးရာ ရေး နေရင်း ဖျော်ချင် စိတ် ပေါက်လာတယ် ။ နားချိန် မို့ ကွန်ကရစ် တော့ ဖျော် လို့ မရတော့ ဘူး ။ ကော်ဖီ ဖျော်တာပဲ ကောင်းတယ် ။ သောက်ဦး မလား  ဟင်!  နောက် အားရင်လည်း မြင်တွေ ခဲ့ရ တဲ့ မြို့ပြ အဆောက်အဦး ကြီး တွေ နဲ့ စက်ရုံကြီး တွေ တည်ဆောက်ပုံ အကြောင်း ရေးပါဦးမယ် ။  ဗဟုသုတ အဖြစ်ပေါ့ ။ ခု တော့ တော်သေးပြီ ။ ဖတ်ရှူ့ အားပေးသွား သူများ အားလုံး ကို ကျေးဇူး တင်ပါသည် ။ ။ )

22 comments

  • water-melon

    July 14, 2012 at 7:52 am

    ကွန်ကရစ်နဲ့ပက်သက်ပြီး ဗဟုသုတရလို့
    ကျေးဇူးပါ
    ဖြစ်နိုင်ရင် ဘယ်အင်ဂျင်နီယာမှကို အိမ်မဆောင်ခိုင်းရဲဘူး
    တဲထိုးပြီးနေတာကောင်းတယ်
    ခိုးလွန်းလို့
    ကွန်ကရစ်နဲ့ပက်သက်ပြီး ဗဟုသုတရလို့
    ကျေးဇူးပါ
    ဖြစ်နိုင်ရင် ဘယ်အင်ဂျင်နီယာမှကို အိမ်မဆောင်ခိုင်းရဲဘူး
    တဲထိုးပြီးနေတာကောင်းတယ်
    ခိုးလွန်းလို့

    • လူ ဟား

      July 14, 2012 at 11:09 am

      တော်တော် ကျဉ်းမြောင်းတဲ့ အမြင်ပဲ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 14, 2012 at 9:18 am

    တစ်ချို့တွေ မဆလာဖျော်တဲ့အခါ ထုံးမှုံ့တွေပါထည့်တာတွေ့ဘူးတယ်
    ဘာသဘောလည်းတော့သိဘူး

    • လူ ဟား

      July 14, 2012 at 11:16 am

      တို့ ရှမ်းပြည်မှာ အဲလို ရောသုံးပါတယ်.. ထုံးက ကြာလာတော့ ကျောက်အသွင် ဆောင်သွားတယ်ထင်တာပဲ…
      လူဟားတို့ဆီမှာ ထုံးကျောက်သေးသေးလေးတွေနဲ့ ထုံးရောပြီး အုတ်လုပ်(အုတ်ရိုက်)ကြတယ်.. အဲဒီ အုတ်က ကြာလေ မှာလေ… နောက်ပိုင်း ကျောက်တုံးကို ဖြစ်သွားရော…

    • YE YINT HLAING

      July 14, 2012 at 1:07 pm

      ထုံး ဘာကြောင့် ထည့်သုံးရတယ် ဆိုတာ ကို နည်းနည်း ရှင်းပြချင်ပါတယ် ။ ဟို အရင် ကွန်ကရစ် မပေါ်ခင် ခေတ် က ဘေဘီလုံ မြို့ဟောင်း ( ဘီစီ လေးငါးထောင် ခန့် ) ကို ပြန်လည် တူးဖော်ရာမှာ စာရေးတဲ့ ရွှံ့ ပြား တွေ တွေရှိခဲ့တယ် ။ နှစ်ပေါင်း ထောင်ချီ နေတဲ့ ရွှံ့ပြား တွေပေါ့ ။ အဲဒီ နေရာမှာ ရေ နဲ့ ရွှံ့မြေ ချည်း ပဲ ဒီရွှံ့ ပြားတွေကို လုပ်ခဲ့တာမဟုတ်ပါဘူး ။ ပြာတမျိုး မျိုး နဲ့ ထမင်းရည်လို စေးပြစ်တဲ့ အရည် တမျိုး ထည့်ပြီး သုံးပါလိမ့်မယ် ။ ဘာအတွက် လည်း ဆိုတော့Strength ကောင်းဖို့အတွက်ပါ ။ နောက်ပိုင်း ခေတ်မှီ လာတော့ ထုံးထည့် သုံးလာတယ် ။ မြန်မာ့ စေတီပုထိုး တော်တွေ အတွက် သရိုး ကိုင်တဲ့နေရာမှာ ရောစပ်တဲ့ အမယ် များတာကို တွေရပါတယ် ။ ကျောက်မီး သွေး ကို တွင်တွင် ကျယ်ကျယ် သုံး လာတဲ့ ခေတ်ကို ရောက်ချိန်မှာတော့ ကျောက်မီး သွေးပြာ ကို ထည့်ပြီး ရောစပ် အသုံးပြု ပါတယ် ။Cement ဆိုတဲ့ ဘိလပ်မြေ ကတော့ အီဂျစ် ရှေးခေတ် နည်းပညာ ကို အခြေခံပြီး Portland Companyကနေ ( ၁၈၂၄ ) ခုနှစ်မှာ ပထဆုံး ထုတ်လုပ်ခဲ့ပါတယ် ။ ယနေ့ ရှမ်းပြည်နယ်က ဘလောက် အုတ် တွေမှာ ထုံးဓာတ်ပါတဲ့ ဗြုံး နဲ့ ဘိလပ်မြေနည်းနည်း ထုံးနည်းနည်း ရောစပ်ပြီး ရိုက်ထားတာပါ ။ စကားမစပ် တောင်ကြီးနဲ့ ဟိုပုန်း ကြားမှာ ပင်းပက် သံမဏိ စက်ရုံ က ထွက်လာမဲ့ ချော်ရည်( slag ) အတုံးအခဲ လေးတွေကို ဘိလပ်မြေ လုပ်တဲ့ ကုန်ကြမ်း အဖြစ် သုံးလို့ ရတဲ့အတွက် အဲဒီ MEC ပိုင် သံမဏိ စက်ရုံဘေးမှာ ကမ်ဗောဇ ကုမ်မနီ က ဘိလပ်မြေ စက်ရုံ တည်နေပါကြောင်း ။ ။

  • မောင်ပေ

    July 14, 2012 at 9:37 am

    မန်းတလေးမှာ ရှေးတုန်းကတော့ တိုက်အိမ်ဆောက်ပြီဆိုရင် နာမည်ရှိပြီးသား အင်ဂျင်နီယာကြီးတွေကိုပဲ အပ်ကြတယ်
    ငါ့တိုက်က ဘယ်သူဆောက်တာဆိုပြီး ဂုဏ်လုပ်တာကိုး
    ပိုက်ဆံလဲကောင်းကောင်းယူတယ်
    ဆောက်တဲ့နေရာမှာလဲ စနစ်တကျ တွက်ချက်ပြီးဆောက်တယ်
    အဲဒီနောက်ပိုင်းကြတော့… သိကြတဲ့အတိုင်းပဲ
    တိုက်တစ်လုံးဆောက်မယ်ဆိုရင် အစအဆုံး သွားစောင့်မကြည့်ရင် ဖြစ်ချင်သလို ဖြစ်တဲ့ခေတ်
    သည်နေ့ခေတ်ကြ ကုမ်ပဏီကြီးတွေက အပြီးအစီး တာဝန်ယူတဲ့ခေတ်
    ကိုရဲရင့်လှိုင်ရေ ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး ရေးပြပါဦး

    • YE YINT HLAING

      July 14, 2012 at 1:16 pm

      ဖောင်ဒေးရှင်းနဲ့ ပါတ်သက်ပြီး ပြောရရင်Soil Test ကစပြောရမှာဗျ ! နောက်တင်မဲ့ ပို့ ( စ ) မှာ အကျယ်လေး ကျွန်တော်ရေးလိုက်ပါ့မယ် ။ ခုတော့ မအားသေး လို့ ခွင့်လွတ် ပါ ကိုပေ !

  • mamanoyar

    July 14, 2012 at 9:50 am

    အန် အဲဒါနဲ့ပါတ်သတ်လို့
    နိုရာတို့ အခုနေတဲ့ တိုုက်ခန်းက ဆောက်ထားတာမကြာသေးဘူး
    အမြန်ဆောက်ထားတဲ့တိုက် နိုရာတို့ တတိယထပ်မှာနေတယ်
    အပေါ်တစ်ထပ်ရှိသေးတယ် ဒါပေမယ့် မိုးရွာရင် ဘယ်ကဘယ်လို
    ရေတွေကျမှန်းမသိဘူး ရေတွေ အိုင်နေတာပဲ လေတိုက်ရင်တောင်
    ပြိုမှာစိုးရတယ်

    • YE YINT HLAING

      July 14, 2012 at 1:24 pm

      (Roof Slab) အမိုးကို ကွန်ကရစ်လောင်းရာမှာWater proof Chemical ထည့်သုံးရပါတယ် ။ ရေကူးကန် နဲ့ ဆိပ်ကမ်း လောင်းရာမှာလည်း သင့်သလောက် ထည့်သုံးရပါတယ် ။ မသုံးရင် ရေယိုတာ ရေစိမ့်တာ မျိုးတွေ ဖြစ်ပါတယ် ။

  • Khaing Khaing

    July 14, 2012 at 9:59 am

    မြန်မာပြည်မှာ ကွန်ကရစ်တွေခင်းနေလို့ လမ်းတွေကဖြူးနေပါတယ် …… ဒါပေမယ့် မနက်က အဖြစ်ကလေး တိုင်တိုင်ဆိုင်ဆိုင်ပြောပြဦးမယ် အခိုင်က ဒေါက်ဖိနပ်စီးပြီးကားလမ်းကိုအကူး ကွန်ကရစ်လမ်းပေါ်ဆိုတော့ ကြွကြွလေးလမ်းလျှောက်တာပေါ့ လမ်းခလယ်ရောက်တော့ ကားတွေကများနေတော့ လမ်းလျှောက်ရင်းနဲ့ ကွန်ကရစ်လမ်းဆုံး ကတ္တရာခင်းတဲ့နေရာအရောက် ချိုင့်ခွက်ကို မမြင်တော့ ချေချော်ကြသွားတယ် တော်သေးတာပေါ့ ကားရှင်းလို့ နို့မဟုတ် ဒီပို့စ်လေးမှာတောင် အတင်းမပြောနိုင်တော့မှာစိုးမိတယ် …….

    • YE YINT HLAING

      July 14, 2012 at 1:36 pm

      ကွန်ကရစ်လမ်းဟာ ကတ်တရာ၊ နိုင်လွန် ကတ်တရာ လမ်းတွေလောက် ဟိုက်ဝေ; လမ်းတွေအတွက် စိတ်မချရတာ၊ တာယာကုန်တာ ကားသမားတွေ အသိပါ ။ ဘာလို့ ခင်းနေလည်းမေးရင်တော့ လောလောဆယ် ဒါပဲ တတ်နိုင်လို့ပါ ။

  • စိန်ဗိုက်ဗိုက်

    July 14, 2012 at 11:45 am

    အန္တရာယ် ရှိတဲ့ အဆောက်အအုံတွေ မပြိုခင်ကတဲက အန္တရာယ်ရှိကြောင်း စာကပ်ပေးထားသင့်တယ်.
    ပြိုတာတွေ စောင်းတာတွေကြောင့် သေတာတွေကော ကြေတာတွေကော ကြားရတယ်..
    သမိုင်းက တိုက်ပြိုတဲ့ကိစ္စ မပြိုခင်ကတဲက စည်ပင်ကို အကြောင်းကြားထားတာ….ပြိုပြီးမှ အန္တရာယ်ရှိကြောင်း စာလာကပ်သွားတယ်ဆိုပဲ..
    ကြုံတုန်း အတင်းပြောတာပါ..
    ဒီကိစ္စတွေ လွှတ်တော်ထဲတောင် ဆွေးနွေးပေးကြဖို ့တောင် လိုဦးမယ်..
    ဟုတ်တယ်ဟုတ်..
    ဝုတ်စ်..
    🙂

    • YE YINT HLAING

      July 14, 2012 at 1:30 pm

      သက်တမ်းကုန်နေ ကျော်နေတဲ့ အဆောက်အဦးနဲ့ တတားတွေ ကို ဆက်လက်အသုံး မပြုသင့်တော့ပါဘူး ! ဥပမာ ။။ ဂုတ်ထိပ် တတား ။ ဖြစ်လာ ရင် လူတွေ အစုလိုက် အပြုံလိုက် သေနိုင်ပါတယ်။

  • may flowers

    July 14, 2012 at 2:07 pm

    ဗဟုသုတ တကယ်ရစေတာမို့ အားပေးဖတ်ရှုသွားပါကြောင်းနဲ့ နောက်ပိုစ့်လေးတွေလည်း

    မျှော်နေပါ့မယ် ကိုရဲရင့်လှိုင်ရေ။

  • Oo Oo

    July 14, 2012 at 10:30 pm

    ကို YE YINT HLAING ရေ..
    မြန်မာပြည်မှာ လက်ရှိဆောက်ပြီးတဲ့အဆောက်အဥိးတွေမှာရှိတဲ့ ကွန်ကရစ်တွေရဲ့ မာအား(ကြံခိုင်အား)ကို
    သက်ဆိုင်ရာဌါန တာဝန်ရှိသူတွေက ဘာစနစ် ဘယ်လိုတိုင်းတာစစ်ဆေး ပြီးလူနေခွင့်ပြု တယ်ဆိုတာလေးရှိရင်လည်း
    ဗဟုသုတအဖြစ်ရေးပေးပါဥိးဗျာ။

  • YE YINT HLAING

    July 15, 2012 at 7:17 am

    ကိုဦးရေ —- ကွန်ကရစ် တွေရဲ့ ကြံ့ခိုင်အား ကို စမ်းသပ်တဲ့ စနစ် နှစ်မျိုး ရှိပါတယ် ။ ( ၁ ) British စနစ် နဲ့ ( ၂ ) American စနစ်ပါ ။ British စနစ် မှာ 150 mm x 150 mm x 150 mm အရွယ်အစား နမူနာ ပုံစံ ယူရပါတယ် ။ 150 mm ဟာ( ၆ ) လက်မ ရှိတာမို့ အဲဒီ ပုံစံ လေးထောင့် ခွက်ထဲကို ပထမ ( ၂ ) လက်မ အမြင့် ရောက်အောင် ကွန်ကရစ် ထည့် ပီး ပုံစံထောင်းတံ သံချောင်းနဲ့ ( ၃၅ ) ခါ ထောင်းပါတယ် ။ ဒုတိယ ( ၂ ) လက်မ အမြင့် ထပ်တိုး ထည့် ၊ ပေါင်း ( ၄ ) လက်မ အမြင့် မှာလည်း ( ၃၅ ) ခါ ထပ်ထောင်း ။ နောက်ဆုံး တတိယ ( ၂ ) လက်မ အမြင့် ထပ်ဖြည့် လို့ ခွက်ထဲမှာ ပြည့်သွားရင် လည်း( ၃၅)ခါ ထပ်ထောင်းပါတယ် ။ စုစုပေါင်း ( ၁၀၅ ) ပေါ့ ။ အဲဒီလို စနစ် တကျ ပုံစံ ယူပီးကွန်ကရစ် ခြောက်သွားတဲ့ အချိန် ရေ ကန် ထဲ မှာ စိမ် ထားလိုက်ပါတယ် ။ ( ရ ) ရက် အကြာ ,( ရ ) ရက်သား ရပြီဆိုရင် QC ဌာန ကို ပို့ပါတယ်။ Strength Test လုပ်တဲ့ စက်မှာ ဖိခွဲပီး ( ၇ဝ ) ရာနှုန်း အနည်းဆုံး ရရင် အအောင်ပေးလိုက်ပါတယ် ။ အဲဒီ နောက်မှာလည်း ( ၁၄ ရက်၊ ၂၁ ရက် ၊ ၂၈ ရက် ) သုံးခါ ထပ်စမ်းပါတယ် ။ ဒါက British စနစ်ရဲ့ Cube Test ပါ။ American စနစ် မှာတော့ 150mm x 300 mm Cylinder ပုံစံ ဖြစ်လို့ Cylinder Test လို့ ခေါ်ပါတယ်။ Cube Test မှာ အောင်ဖို့လွယ်ပေမဲ့ Cylinder Test မှာ အောင်ဖို့မလွယ်ပါဘူး – Cylinder Test Sample ယူရာမှာလည်း 3-layer = 3 times ပုံစံထောင်း ပေမဲ့ တခါထောင်းရင် ( ၂၅ ) ၊ သုံးခါ ဆိုတော့ ( ၇၅ ) ပေါ့ ။ Cube Test ပုံစံထောင်းတံ = 25 mm Square , Cylinder Test ပုံစံထောင်းတံ = 25 mm Diameter , weight = 1.8 kg တို့ဖြစ်ပါတယ်- အဲဒီ အတိုင်း စနစ်တကျ မှန်မှန်ကန်ကန် ( ကျန်တာတော့ သိတဲ့အတိုင်းပဲ ) စစ်ဆေးပြီး လူနေထိုင်ခွင့်ပြုပါတယ် ။

  • သကြားလုုံးကြော်

    July 15, 2012 at 2:20 pm

    အဆောက်အအုုံ ဆောက်တဲ့ ကွန်ကရစ်နဲ့ လမ်းခင်းတဲ့ ကွန်ကရစ် ကအမျိုးအစားအတူတူပဲလားဟင်။
    ကွန်ကရစ်တွေ နေ့တိုုင်းဖျော်နေရတယ်ဆိုုတော့ ကိုုယ့်ကိုုယ်ကိုု ဟိုုဟာရောလိုုက် ဒီဟာနယ်လိုုက် လုုပ်တဲ့ ထမင်းချက် chef တွေလိုုများ မြင်မိလား။

  • နွေဦး

    July 15, 2012 at 3:16 pm

    ဒီစနစ်နဲ့သာ စစ်ဆေးလို့ကတော့..
    ရန်ကုန်မှာနေစရာအိမ် မရှိတော့ဘူး..း((

Leave a Reply