စဉ်းစားကြစေလိုပါတယ် ( ၃၂ ) ( မနေချင်ရင် ထွက်သွားကြတဲ့ )

Foreign ResidentJuly 15, 20122min24323

စဉ်းစားကြစေလိုပါတယ် ( ၃၂ )

( မနေချင်ရင် ထွက်သွားကြတဲ့ )

 

ဒီ Post ကတော့ ၊

ရွာသူားတွေကို ရှင်းပြချင်တာ တစ်ခုပါ ။

အခုတလော အင်တာနက်မှာ ၊

အောက်က စကားစု / သတင်း ၊

တော်တော် ပျံ့နှံ့နေပါတယ် ။

 

အရင်ဆုံး ဖတ်ကြည့်ပါဦးကွယ် ။

 

Quote

Prime Minister John Howard – Australia

ဩစတြေးလျှ ဝန်ကြီးချုပ် ဂျွန်ဟိုးဝါ့ဒ်

 

Muslims who want to live under Islamic Sharia law Out Of Australia

( အစ္စလန်မစ် ရှာရီယာ ဥပဒေနဲ့ နေချင်တဲ့ မူဆလင်တွေ ဩစတြေးလျှ နိုင်ငံက ထွက်သွားကြ )

 

July 2008

(၂၀၀၈ ခုနှစ် ဂျူလိုင်လ)

 

IMMIGRANTS, NOT AUSTRALIANS, MUST ADAPT. Take It Or Leave It.

ဩစတြေးလျှနိုင်ငံသား မဟုတ်တဲ့ အခြေချ နေထိုင်သူတွေ အားလုံး

ဩစတြေးလျှနိုင်ငံရဲ့ ထုံးတမ်းစဉ်လာကို လုံးဝဥသုံ လိုက်နာရမယ်။

မလိုက်နာချင်ရင် ဒီနိုင်ငံက ထွက်သွားကြ။

 

We speak mainly ENGLISH, not Spanish, Lebanese, Arabic,

Chinese, Japanese, Russian, or any other language.

Therefore, if you wish to become part of our society .

Learn the language.

ငါတို့ နိုငံသား အများစုဟာ အင်္ဂလိပ်စကားပဲ ပြောတယ်။

စပိန်စကား၊ လက်ဘနွန်စကား၊ အာရပ်စကား၊

တရုတ်စကား၊ ဂျပန်စကား၊ ရုရှားစကား၊

တခြား ဘာသာစကားတွေ မပြောကြဘူး။

မင်းလည်း ငါတို့ တိုင်းပြည်ရဲ့ လူမှုဝန်းကျင်မှာ ပါဝင်ချင်ရင်

ငါတို့စကားကို သင်ပါ။

 

This is OUR COUNTRY, OUR LAND, and OUR LIFESTYLE,

and we will allow you every opportunity to enjoy all this.

But once you are done complaining, whining, and griping about

Our Flag, Our Pledge, Our Christian beliefs, or Our Way of Life,

I highly encourage you take advantage of

one other great Australian freedom,

“ THE RIGHT TO LEAVE ”

ဒါ ငါတို့ တိုင်းပြည်၊ ငါတို့ မြေ၊ ငါတို့ လူနေမှုဘဝ ပုံစံ။

မင်းတို့လည်း ငါတို့လို နေထိုင်ခွင့်ရှိတယ်။

အဲ ငါတို့ အလံ၊ ငါတို့ ဥပဒေ၊ ငါတို့ ခရစ်ယာန်တွေရဲ့ ယုံကြည်မှု၊

ငါတို့ ဘဝပုံစံတွေကို ပြောဆိုစော်ကား ကန့်ကွက် လာရင်တော့ ၊

အဲဒါဆိုရင်တော့ ၊ မင်းတို့ကို တိုက်တွန်းချင်တာကတော့ ၊

ဩစတြေးသျှနိုင်ငံရဲ့ လွတ်လပ်ခွင့်တွေထဲကတစ်ခုကို ၊

မင်းတို့ ရွေးချယ်ဖို့ တိုက်တွန်းပါရစေ ၊

အဲဒါ ကတော့ ၊

ဩစတြေးသျှနိုင်ငံ ကနေ ထွက်သွားခွင့်ပါပဲ ။

 

If you aren’t happy here then LEAVE.

We didn’t force you to come here.

You asked to be here.

So accept the country YOU accepted.’

မင်းတို့ ဒီမှာ မပျော်ရင် ထွက်သွားကြပါ။

မင်းတို့ကို ငါတို့က လာပါလို့ တိုက်တွန်းခဲ့တာ မဟုတ်ဘူး။

မင်းတို့ဘာသာ လာနေဖို့ တောင်းဆိုခဲ့တာ။

ဒါကြောင့် မင်းတို့ကို လက်ခံထားတဲ့ နိုင်ငံရဲ့ လုပ်ရပ်တွေကို မင်းတို့ လက်ခံရမယ်။

Unquote

 

ရွာသူားတို့ရေ အဲဒီ စာစု / စကားစု က အတုကြီးပါ ။

ဒီရက်ပိုင်း သူများတွေ တင်တာ ခဏခဏ တွေ့ပေမယ့် ၊

ဘာမှ မပြောပဲ နေခဲ့တာ ၊ အခု သိပ်များလာလို့ ၊

ဩဇီက ကိစ္စဆိုတော့ အဘ နှင့်လည်း နဲနဲ ဆိုင်သလားလို့ ၊

ဝင် ပြော / ဖြေရှင်းမိတာပါကွယ် ။

 

အမှန်တကယ် ၊

ဩဇီ အများစု ရဲ့ စိတ်ထဲမှာ အဲဒီလိုပဲ ခံစားရပေမယ့် ၊

( အဘ ကိုယ်တိုင်လည်း အဲဒီလို တစ်ထပ်တည်း တွေးမိ ခံစားမိပေမယ့် )

 

ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု စစ်မှန်တဲ့ နိုင်ငံတစ်ခုရဲ့ ၊

တရားဝင် နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ဟာ ၊

ဒီလို စကားမျိုး တရားဝင်ပြောဖို့ အခြေအနေ မပေးပါဘူး ။

 

ဘာဖြစ်လို့လဲဆိုတော့ ၊

ဘာသာရေး ၊ လူမျိုးရေး ခွဲခြားတဲ့သဘော ၊

မသိမသာ ပါဝင်နေပြီး ၊

ရေရှည်မှာ အကျိုးထက် ၊ အပြစ်ကို ပိုဖြစ်စေလို့ပါ ။

ကံဆိုးရင် ၊ သူ့လက်ကျန် ဘဝ တစ်ခုလုံး ၊

ကမာ္ဘလှည့်ပြီး တောင်းပန်နေရမယ် ။ 😛

 

လိုရင်းပြောရရင် ၊ အတုကြီးပါ ။

အရှင်းလင်းဆုံး အချက်က ၊

25th Prime Minister of Australia, John Winston Howard ဟာ ၊

11 March 1996 ကနေ 3 December 2007 အထိပဲ ၊

ဩဇီ ဝန်ကြီးချုပ် လုပ်ခဲ့တာပါ ။

 

July 2008 (၂၀၀၈ ခုနှစ် ဂျူလိုင်လ) မှာသူဟာ ဩဇီ ဝန်ကြီးချုပ် မဟုတ်တော့ပါဘူး ။

အဲလို အခါမျိုးမှာ စကားကို ကိုးကားရင်လည်း Former / Ex – Prime Minister လို့ပဲရေးရတော့မှာပါ ။

 

သေချာသိချင်ရင်တော့ အောက်က Web Page ကို ဆက်ဖတ်ပါကွယ် ။

http://www.hoax-slayer.com/howard-muslim-speech.shtml

 

တော်သေးဘီ ။

 

အဘ Foreign Resident ။

23 comments

  • အရီးခင်လတ်

    July 15, 2012 at 4:32 am

    ဟုတ်ကဲ့။
    ကျွန်မလဲ ဖတ်နေရင်း အတုကြီး လို့ ထင်ခဲ့ပါတယ်။
    ဒါပေမဲ့
    အစွန်းရောက်တာတွေ အရမ်း များလာရင် ဒီမိုကရေစီ မှာ လဲ အများသဘော နဲ့ တစ်ချို့ အခြေအနေတွေ ဟာ နှင်ထုတ် လို့ ရချင် ရသွားမှာပေါ့။

    သတင်းဖြေရှင်းပေးမှု လေးအတွက် ကျေးကျေး ပါရှင်။ 🙂

    • Foreign Resident

      July 15, 2012 at 7:16 am

      ” ဒီမိုကရေစီ မှာ လဲ အများသဘော နဲ့
      တစ်ချို့ အခြေအနေတွေ ဟာ နှင်ထုတ် လို့ ရချင် ရသွားမှာပေါ့ ”

      အရီးလတ်ရေ ။
      ဒီမိုကရေစီအရ အများသဘော နဲ့ နှင်ထုတ်မယ် ဆိုရင် ၊
      ဒီမိုကရေစီ နိုင်ငံ တော့ ဖြစ်နေသေးရင် ဖြစ်နေအုန်းမယ် ၊
      ဒါပေမယ့် လူ့အခွင့်အရေး နှင့် ၊
      တရားမျှတမှု ရှိတဲ့ နိုင်ငံ တော့ ဖြစ်တော့မှာ မဟုတ်ဘူး ။
      ဩဇီ နိုင်ငံ ရဲ့ ဂုဏ် ကျက်သရေ ပျောက်ကွယ်သွားလိမ့်မယ် ။
      ဩဇီ နိုင်ငံက အဲလို အဖြစ်ခံနိုင်ပါ့မလား ။

      နောက်တစ်ခုက ဒီမိုကရေစီ ရဲ့ ၊
      အခြေခံ အုတ်မြစ်တွေထဲက တစ်ခုဖြစ်တဲ့ ၊
      Majority rule, Minority Right ဆိုတဲ့ ၊
      အများစုက အုပ်ချုပ်ခွင့် ရှိသော်ငြားလည်း ၊
      အနည်းစု၏ အခွင့်အရေးကို ထိပါးခွင့် မရှိ ဆိုတဲ့ ၊
      ဥပဒေသ နှင့်သွားငြိနေလိမ့်မယ် ။

      မမေ့စရာ အဓိက အချက်က ၊
      ဩဇီဟာ သူ့နိုင်ငံမှာ နေခွင့် PR ရပြီးသူတွေကို ၊
      သူ့နိုင်ငံမှာ နေတာ ၂ နှစ်ပြည့်တာနှင့်
      နိုင်ငံသား ခံခွင့် လွယ်လွယ်ပေးနေတဲ့အတွက် ၊
      အဲဒီ ရှာရီးယား ဥပဒေ တောင်းနေသူတွေ အားလုံးဟာ ၊
      ဩဇီရဲ့ တရားဝင် နိုင်ငံသားတွေပါ ။

      အခြေအနေတွေက တကယ့်ကို ခက်ခဲ ရှုပ်ထွေးလှပါတယ် ။

  • Shwe Phyu

    July 15, 2012 at 6:13 am

    Yes, Aba, this speech was made by Howard Govt but you can not deny that Gillard Govt is still accepting, and even still practicing the Howard Govt policies. Gillard Govt also said “NO place for Sharia law in Australia” in 2011. Congrats to Sir John Howard for the Queen’s Award for “distinguished public service over many decades”.

    • Foreign Resident

      July 15, 2012 at 7:47 am

      ” this speech was made by Howard Govt ”

      Shwe Phyu ကလည်း ၊
      John Howard မပြောပါဘူး ဆိုနေမှပဲ ။

      “ NO place for Sharia law in Australia ”

      ဟုတ်တယ် ၊ ရှာရီးယား ဥပဒေကို ( အများစုက ) လက်မခံဘူး လို့ပြောခွင့်ရှိတယ် ။
      ဒါပေမယ့် ၊ ရှာရီးယား ဥပဒေကို တောင်းဆိုတာဟာ ၊
      ဩဇီ ဥပဒေကို ချိုးဖေါက်တာ မဟုတ်ဘူးလေ ။
      ဩဇီ နိုင်ငံသားတိုင်း ( အကြမ်း မဖက်သေးသရွေ့ )
      သူတို့ လိုချင်တာကို တောင်းခံပိုင်ခွင့် ရှိတယ်လေ ။

      ဩဇီရဲ့ တရားဝင် နိုင်ငံသား ဖြစ်ပြီးသားသူတွေကို ၊
      ရှာရီးယား ဥပဒေကို တောင်းဆိုလို့ ဆိုပြီး ၊
      နိုင်ငံကထွက်သွားလို့ ဆိုပြီး ဘယ်သူ့မှာမှ ပြောခွင့် မရှိပါဘူးကွယ့် ။
      ဝန်ကြီးချုပ်မှာလည်း ဒီလို မတရားပြုခွင့် အာဏာ မရှိပါကွယ် ။

      အများ ဆန္ဒနှင့် မကိုက်ညီပါသဖြင့် ၊
      သူတို့ တောင်းတဲ့ ရှာရီးယား ဥပဒေကို မပေးပဲသာ နေခွင့်ရှိမယ် ။
      တောင်းတဲ့လူကိုတော့ နှင်ခွင့် မရှိဘူးကွယ့် ။

  • htoosan

    July 15, 2012 at 6:58 am

    ဒီစကား အတုကြီး ဖြစ်ရင်လည်း လိုအပ်တဲ့ နဲနဲပြင်ပြီး ကျွန်တော်တို့ မြန်မာပြည် အတွက် ယူသုံးလိုက်ကြတာပေါ့. 😀
    အခြားနိုင်ငံများမှ လာရောက် အခြေစိုက်သူအများစု နေထိုင်သော ဩစတြေးလျ တို့ အမေရိက တို့မှာ ဒီစကား မသုံးနိုင်ပေမဲ့ ကျွန်တော်တို့ မြန်မာပြည် သည်၎င်း ၊ အခြားသော ကိုယ်ပိုင်တိုင်းရင်းသား အများစု နေထိုင်သော တိုင်းပြည်များ အတွက်တော့ သုံးသင့်သည့် စကားလို့ ယူဆပါသည် ။

    ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု စစ်မှန်တဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံခေါင်းဆောင်ဆိုတာထက် သူကိုယ်တိုင်လည်း သူများ နိုင်ငံ လာနေတဲ့ သူဖြစ်နေ ၊ အများစုကလည်း ပြောင်းရွှေ့လာရောက်နေထိုင်နေတဲ့တိုင်းပြည်ကြီး ဖြစ်နေလို့သာ အဓိကလို့ယူဆပါသည် ။

    လူမြင်ကောင်းအောင် လူကြားကောင်းအောင် လူလည်ကြကာ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ကိုထိုးထိုးချသည်ဟုသာ မြင်မိပါသည် ။

    စိတ်ထဲရှိသည့် အတိုင်းမပြောရဲသည့် ဘဝ တစ်ခုပေါ့နော်.. 😀

    • Foreign Resident

      July 15, 2012 at 7:31 am

      ” ဒီစကား အတုကြီး ဖြစ်ရင်လည်း လိုအပ်တဲ့ နဲနဲပြင်ပြီး ကျွန်တော်တို့ မြန်မာပြည် အတွက် ယူသုံးလိုက်ကြတာပေါ့. 😀 ”

      ဟဲဟဲ ၊ ဟဲဟဲ ။
      ကို htoosan က သိပ်ကို သုံးချင်နေပြီ ထင်တယ် ။
      အဲဒါဆိုလဲ ၊ သဘောကျသာ သုံးစေဗျား ။ သုံးစေဗျား ။ 😛

      ” စိတ်ထဲရှိသည့် အတိုင်းမပြောရဲသည့် ဘဝ တစ်ခုပေါ့နော်.. 😀 ”

      အဲဒီ စကားကတော့ မှန်ပါ့ဗျား ။

      အမေရိကန် မှာလိုပဲပေါ့ဗျာ ။
      သမ္မတ က လူကြီး ဆိုတော့ ၊ လူကြီး စကားပဲပြောတာပေါ့ဗျာ ။
      ဒါပေမယ့် လူ့ကွယ်ရာမှာတော့ CIA ကို မျက်စိ မှိတ်ပြလိုက်တာပေါ့ ။
      ဟို CIA ကတော့ တကယ် သင့်တော် လိုအပ်သလို ဆက်လုပ်လိမ့်မပေါ့ ။
      ဟဲဟဲ ။

      ကြုံကြိုက်လို့ စကားလေးတစ်ခု ကိုးကားခွင့်ပြုပါ ။

      “Someone has got to do the ( dirty ) things
      ( if ) no one else wants to do”
      JOHNNY (“MIKE”) SPANN,
      the first American to be killed on the ground in Afghanistan,
      on why he joined the CIA, according to his father.
      Times, 2011.

      ကွယ်လွန်ပြီးဖြစ်တဲ့ CIA ထောက်လှမ်းရေး တစ်ယောက်ရဲ့ ၊
      သူဘာ့ကြောင့် CIA ကိုဝင်ရတယ် ဆိုတဲ့ ပြောစကားလေးပါ ။

  • ဦးဦးပါလေရာ

    July 15, 2012 at 8:33 am

    ဒီစကား ဖတ်ရကတည်းက တော်တော်ထူးဆန်းနေတယ်ထင်မိတာ…
    မဟုတ်ဘူးဆိုတော့လဲ ပြီးတာပါပဲ..။
    နိုင်ငံခေါင်းဆောင်တွေကပြောလို့မဖြစ်ရင်
    ပြောလို့ဖြစ်တဲ့သူက ပြောကြဘို့ပါပဲ… 😀

    လူဆိုတာမှာ လက်နှစ်ဘက်ရှိတာ အလကားမှမဟုတ်ပဲနော့..
    ညာဘက်လက်နဲ့လုပ်ရမယ့်ဟာကို ညာဘက်လက်နဲ့လုပ်ပြီး
    ဘယ်ဘက်လက်နဲ့လုပ်ရမယ့်ဟာကို ဘယ်ဘက်လက်နဲ့လုပ်ဘို့ပဲပေါ့

    အဓိက က လက်မရှုပ်ဘို့ … လို့ ထင်မိပါတယ်ဗျာ..။ 😀

  • ဦးဦးပါလေရာ

    July 15, 2012 at 8:38 am

    အခုကျုပ်တို့သမ္မတကြီးပြောထားတာက အဲဒီထက်အများကြီးဆိုးပါတယ်။
    ကျုပ်နားလည်သလောက်တော့-
    ၁၉၄၈ နောက်ပိုင်းဝင်လာတဲ့ တရားမဝင်ခိုးဝင်သူတွေကို
    သူများကိစ္စဝင်ပါတဲ့ကောင်တွေ(UNHCR) ကိုယ့်ဟာကိုယ်ကျွေးထား
    သူတို့အိမ်(တတိယနိုင်ငံ)ခေါ်သွားချင်ရင်လဲ လိုက်ပို့ပေးမယ်… ဆိုလား… 😀

  • ဘရားသား

    July 15, 2012 at 9:48 am

    အဘရဲ့စာသားလေးကို ယူသုံးချင်ပါတယ်
    တကယ် လိုအပ်တဲ့ စာသားလေးတွေပါ
    တချို့ မသိတဲ့သူတွေကို သိရှိအောင် ရည်ရွယ်ချင်လို့ပါ ။

  • နေဝန်းနီ

    July 15, 2012 at 6:18 pm

    ဟုတ်တာပ…. အဘရယ်…။ ကျုပ် ကိုလည်း အဲဒိလို ပြောတာခံရတယ်…။ ခဏခဏ ပဲ…။ တိုင်းပြည် အဆင့်တောင် မဟုတ်ဘူးဗျ ….။ အိမ်မှာ အမေက ပြောတာ ….။ ” ငါ့ အိမ်မှာ နေတာ ငါ့စည်းကမ်း နဲ့ နေတဲ့…။ ငါ့ စည်းကမ်း မလိုက်နာနိုင်ရင် မနေချင်ရင် ထွက်သွားတဲ့… ” ကျုပ်မလဲ… လစ်လပ်တဲ့ ဇရပ်မတွေ့ သေးတာနဲ့ ကြိတ်မှိတ်နေနေရတယ်…။ အဟိ…။

  • ချင့် ယုံလိဖန်

    July 15, 2012 at 6:46 pm

    အားကြီး ကောင်းလဲ့ စာသားလေးပါလား ၊ ဝလော့ ကူးပြီး မနေနိုင်လို့
    ချ လိုက်ပြီ ၊ ဆော်ထည့်လိုက်ရလို့ နေကောင်းသွားပြီ ။

  • captainamerica

    July 15, 2012 at 9:44 pm

    ဩဇီဝန်ဂျီးချုပ်က မပြောတဲ့စကားကို ကျွန်တော်ယူသုံးပီ အဘရေ။ ကျွန်တော်
    တို.လို.ဘာမှ မဟုတ်တဲ့ကောင်တွေကတော့သူများကိုမထိခိုက်သရွေ.ပြောချင်တာပြော
    လို.ရတယ်မလားဟင်???ကု်ယ့်စိတ်ထဲရှိတဲ့အတိုင်း

  • Oo Oo

    July 15, 2012 at 10:07 pm

    ကောင်းလိုက်တဲ့အတု..အဲ. ကောင်းလိုက်တဲ့စကားစု
    အတုဆိုပေမယ့်.. လက်ရှိအချိန်မှာ ကျနော်တို့နိုင်ငံအနေနဲ့ ယူသုံးလိုက်ရင်တော့ ကွက်တိပဲ .. အဟဲ
    အစစ်မဟုတ်တော့ ဖရိးယူသုံးလို့ရသွားတာပေါ့ဗျာ..အဟိ

  • ဝရမ်းပြေးဘခက်

    July 15, 2012 at 10:12 pm

    မှန်လိုက်လေ ကပ္ပတိန်နဲ့ ဦးဦးရာ စကားစုတွေက အရမ်းထိမိ လှပပါပေရဲ့ ၊
    ထိုက်ထိုုက်တန်တန် အသုံးပြုကြပါစို့ ။ ဟားဟား ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 16, 2012 at 2:17 am

    ကျုပ်ကတော့ htoosan says: ပြောတာကို
    သူများတွေ ပြန်လည်ဆွေးနွေးတာလေး အသိခြင်သား ( အကြွေး တူ သဂျီး )
    တစ်နေရာမှာပြောဘူးတယ်
    ထိုင်းနိုင်ငံမှာလည်းရှိတယ် အကြောင်းကြောင်းကြောင့် အချို့သူတွေကို အကြောင်းကြောင်းကြောင့်
    နိုင်ငံသားခံယူခွင့်ပေးပေမယ့်
    နားနဲ့မနာဖဝါးနဲ့နာပါဗျာ
    သနားလို့ဟိုဒါပေးကိုင်တာ ဟိုဥစ္စာ ရန်ရှာရင်တော့

  • kai

    July 16, 2012 at 2:56 am

    ကိုယ့်ကိုယ်တိုင်တဦးချင်းစီက.. ကုလသမဂ္ဂပြဌာန်းထားတဲ့.. အခြေခံလူ့အခွင့်အရေးကို.. လိုချင်ရင်.. သူတပါးအခွင့်အရေးကိုလည်း.. အသိအမှတ်ပြုရပါမယ်..

    ခြုံပြောရရင်.. မြန်မာပြည်က..
    ကိုယ့်တိုင်းပြည်ကိုယ်တိုင်တောင်.. လူ့အခွင့်အရေးအပြည့်မရသေးဘူး..
    သူတပါးအခွင့်ထိပါးချင်နေကြတာ.. အံ့ဩစရာ… 😕
    http://www.un.org/en/documents/udhr/
    UNIVERSAL DECLARATION OF HUMAN RIGHTS

    Article 7.
    All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of this Declaration and against any incitement to such discrimination.

    Article 9.
    No one shall be subjected to arbitrary arrest, detention or exile.

    Article 15.
    (1) Everyone has the right to a nationality.
    (2) No one shall be arbitrarily deprived of his nationality nor denied the right to change his nationality.

  • မာလိန်မှုူး

    July 16, 2012 at 7:27 am

    ဒါမှ တကယ့်ဘဝကြီးပါ ၊ ကျနော်တို့လို ပြည်သူတွေနဲ့ ထိုုက်တန်တဲ့ အစိုးရ နဲ့
    အရာရာ အားလုံး သေသေသပ်သပ် ဖြစ်နေရခြင်းပါ ။
    ထူးခြားမှု လုံးဝ မရှိတဲ့ မူလ ဖြစ်စဉ်ပါ ။

  • နတ် ကလေး

    July 16, 2012 at 5:15 pm

    သ ဂျီး kai
    ကျွဲ ပါး စောင်း တီး သလို ဖြစ်နေပြီ ဗျာ

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 16, 2012 at 6:37 pm

      အောင်မာ အောင်မာ
      တော်တော်လူဘားဝဒဲ့လူ
      ဒီမှာဟိတ်လူ
      ဖတ်မတတ်လို့ အသာနှပ်နေဒါ ဘာမှတ်သဒုံး

      • မိုက်ကယ်ဂျော်နီအောင်ပု

        July 16, 2012 at 6:38 pm

        ပုံ
        နတ်ကလေးထက်ကြီးသော နတ်ကြီး
        ကိုကြီးကျော်

        • စိန်ဗိုက်ဗိုက်

          July 16, 2012 at 6:42 pm

          တိုရီးမကြော်ရင် ညီလေးကြော်မယ်..
          ရှဲ…ရှဲ…ရှဲ…ဖောက်စ်.ဖောက်စ်.. ( ဆီပေါက်သံ )

  • အာကြီး

    July 16, 2012 at 6:50 pm

    ပီးရင် ချားမယ် –
    ဝက်ဆီ နဲ့ ကျော်မှ စားမနော် –
    ကျွတ်ကျွတ်လေးလဲ ကျော်အူး –

Leave a Reply