အားမလျှော့သေးပါ (ဒုတိယအကြိမ် ပြန်တင်ခြင်း)

mgwaloneJuly 15, 20121min11010

ထပ်မံ ကြိုးစားခြင်း ဖြစ်ပါသည်။ အားပေးကြသူများကို ကျေးဇူးတင်ပါသည်။ လိုအပ်သည်များကို ညွှန်ပေးသော ကိုတောက်တဲ့ကိုလည်း အထူးကျေးဇူးတင်ပါသည်။ အားလုံးကို ကျေးဇူးပါ။ ပြန်တင်ခြင်း ဖြစ်ပါသောကြောင့် ပွိုင့် မပေးရန် သူကြီးမင်းကိုလည်း လေးစားစွာ တောင်းပန်အပ်ပါသည်။ မှားပြန်ရင်လည်း ခွင့်လွှတ်သည်းခံ အားပေးကြပါ။

ပုံကို resolution လျှော့လိုက်ပါတယ်။ ပြီးတော့မှ တင်ပါတယ်။ Median ကိုပဲ ရွေးထားပြီး Center ကိုယူထားပါတယ်။ လိုအပ်တာများကို သင်ကြားပေးရန်

လေးစားစွာဖြင့်

မောင်ဝလုံး

ပုံတွေနဲ့ ပတ်သက်လို့က ပုံတော်ဘုရားလု့ိ လူသိများတဲ့ မင်းကွန်း ပုထိုးတော်ကြီး ရဲ ့ ပုံစံငယ် ဘုရားပုံ မပါသွားပါဘူး။ နောက်ပြီး ပုထိုးတော်ကြီးရဲ ့ ရှေ ့မှာ ရှိတဲ့ ခြင်္သေ့ကြီး ၂ ကောင်ပုံလဲ မပါဘူးဗျ။ အဲဒီ ၂ ကောင်က ဦးပေါ်ဦးက ဘိုးတော်ဘုရားကို ပြောတဲ့ “ဘုန်းတော်ကြောင့် အရှေ ့ဖက်ကမ်း ခုန်တော့မလိုလိုပါဘုရာ့” ဆိုတဲ့ ခြင်္သေ့ တွေပါ။ မင်းကွန်းခေါင်းလောင်းပေါ်က ရေသန့်ဗူးကို ကြည့်ပြီး တွေးစရာတွေ ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒေသရဲ ့ ပုံ အပြည့်အစုံမပါပဲ တင်တာကို ခွင့်လွှတ်ပါ။ ပုံတင်တိုင်း သေးနေတာကို မကျေနပ်လို့ ပြန်ကြိုးစားကြည့်တာပါ။

ကျေးဇူးတင်ပါတယ်။

10 comments

  • မောင်ပေ

    July 15, 2012 at 8:55 am

    ကျုပ်လဲ အားမလျှော့သေးဘူးဗျာ
    ရဲဘော်ဝလုံး ဆက်လျှောက်

  • Mလုလင်

    July 15, 2012 at 9:42 am

    သေးနေတုန်းပဲဗျ ..ကို ဝလုံး … အားမလျှော့နဲ့ ဦးဗျာ … mgyinaung@gmail.com ကို ကိုယ့်ဆြာ သမား email address လေးပို့ ပေးပါလား …။

  • ထပ်လုပ် ကျနော်တုံးကလဲ ဒီလိုရွာလည်ခဲ့တာနောက်တော့ အခုလိုအိုကေသွားရော.
    လက်တွေ့ကရတဲ့ရလာဒ်က ဘယ်တော့မှမမေ့တော့ဘူး
    ထပ်လုပ်ဗျာ

  • snow white

    July 15, 2012 at 11:21 am

    လေးလေးပေါက်ပြောတာမှန်တယ် အားမလျော့နဲ့ ထပ်တင် ဟုတ်ပြီလား ပုံလေးတွေကသေးတာဘဲရှိတယ် ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားမြင်ရတယ် ထပ်ကြိုးစားပြီးတင်ပါအုံးအားပေးနေပါတယ် ရွာသူရွာသားအပေါင်းကိုခင်မင်လျှက် စနိုး။။။

  • အရင့်ရောင်

    July 15, 2012 at 1:55 pm

    ကြည်လင် ၊ ပြတ်သား…….
    ခန့်ညား ၊ ထည်ဝါ………
    အလှမှာ ၊ မြန်မာ……..
    ဟုတ်တယ်ဟုတ်……………….

  • mgwalone

    July 16, 2012 at 4:40 am

    အားပေးကြသူများကို ကျေးဇူးတင်ပါတယ်။ အရင်တစ်ကြိမ် အဆင်ပြေခဲ့ဘူးပါတယ်။ ပြန်ကြိုးစားပါဦးမယ်

  • မမ အညာသူ

    July 16, 2012 at 9:59 am

    ပုံလေးတွေကသေးနေပေမဲ့ လှပါတယ်
    သတိ………ရဲဘော်………..ရှေ့ဆက်……. :p

  • Rose Minn

    July 16, 2012 at 3:38 pm

    ့ပုံလေးတွေ သေးသေးလေးပေမယ့် ကိုယ်သွားချင်တဲ့ နေရာလေး ဆိုတော့ မျက်စိပြုးပြီးတော့ ကြည့်လိုက်ပါတယ်။ ဟဲဟဲ

  • amatmin

    July 16, 2012 at 4:06 pm

    စစ်ကိုင်း .မင်းကွန်းကတော့ ရောက်ချင်နေတဲ့နေရာဆိုတော့
    ဘယ်လောက်သေးသေး အားပေးတယ်ဗျာ..
    နောက်တခါတင်ရင်တော့ ကြီးတော့မယ် ထင်ပဗျာ. 😛

Leave a Reply