“မန္တလေး ကန်တော်ကြီး(တက်သိမ်းအင်း)အရှေ့မြောက်ဘက်ခြမ်းမှကျုးကျော်တဲကလေးမီးလောင်ခြင်း” (ဖြေရှင်းသင့်တဲ့ ကိစ္စလေးတစ်ခု)

“မန္တလေး ကန်တော်ကြီး(တက်သိမ်းအင်း)အရှေ့မြောက်ဘက်ခြမ်းမှကျုးကျော်တဲကလေးမီးလောင်ခြင်း”

                                      (ဖြေရှင်းသင့်တဲ့ ကိစ္စလေးတစ်ခု)

 

1997ခုနှစ်က အခုကန်တော်ကြီးဖြစ်လာမယ့် ကန်စွန်းခင်းတွေနဲ့ပြည့်နေတဲ့ ဒေါနခြံရပ်ကွက်မှာ

မန်းစည်ပင်ရဲ့စီမံမူ့နဲ့ တစ်ထပ်ကို အခန်းဆယ်ခန်း နဲ့ သုံးထပ်တိုက်ခန်းလေးတွေရှစ်တွဲတိတိ

ဆောက်လုပ်ခဲ့ပါတယ်။

အဲဒီမြေကွက် မှာနဂိုမူလ နေထိုင်သူတွေကို အိမ်ထောင်စုဇယားတစ်ခုကို တိုက်ခန်းတစ်ခန်းစီပြန်ပေးပါတယ်။

ကျပ်တစ်သိန်းခွဲကို အရစ်ကျနဲ့သွင်းရပါတယ်။

အများအားဖြင့် အဲဒီမူလပိုင်ရှင်တွေက ကိုယ်တိုင်မနေဘဲပြန်ရောင်းသွားကြတာများပါတယ်။

ကျန်တဲ့တိုက်ခန်းတွေကိုတော့ စည်ပင်သာယာကနေ ဝယ်လိုသူကိုပြန်ရောင်းခဲ့ပါတယ်။

 

အစကတော့ ဒီတို်က်ခန်းလေးတွေက မြိုစွန်ကျတော့ ဈေးသိပ်မရ။

နောက်တော့တက်သိမ်းအင်းကို ကန်တော်ကြီးမြို့ပြဖွံ့ဖြိုးမှု့စီမံကိန်းအသွင်နဲ့ဆောင်ရွက်လိုက်တဲ့အခါ

တက်သိမ်းအင်းမှာအရင်က ရှိခဲ့တဲ့ကန်စွန်းခင်းနေရာတွေကလည်း စီမံကိန်းနယ်မြေထဲမှာပါဝင်သွားပါတယ်။

အဲဒီနေရာတွေကို စည်ပင်သာယာက စီမံကိန်းဝင်မြေအဖြစ် သိမ်းယူခဲ့ပါတယ်။

သိမ်းယူလိုက်တဲ့မြေအတွက် နစ်နာကြေးပေးတယ်ဆိုတာကတော့အကြမ်းဖျဥ်းသိရပါတယ်။

ဘယ်လောက်ရတယ်ဆိုတာကိုတော့ မသိပါဘူး။

အသိမ်းခံရသူတွေကတော့ သူတို့မြေလို့ဘဲ ပြောနေကြတာကို သိရပါတယ်။

အဲဒီနေရာတွေကို ဘယ်သူပိုင်ဆိုင်ခဲ့တယ်ဆိုတာကလဲ မြေစာရင်းဌာနကဘဲသိနိုင်ပါမယ်။

 

2000ခုနှစ်ကစလို့်အဲဒီနေရာတွေက စည်ကားတဲ့နေရာဖြစ်လာပြီး ဈေးကွက်ဝင်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာသိမ်းယူထားတဲ့လယ်မြေခြံမြေတွေကိစ္စက အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။

အဲဒီဂယက်ကြောင့်ထင်ပါတယ် အရင်ကအမိူက်ပုံဖြစ်နေတဲ့တက်သိမ်းအင်းအရှေ့မြောက်ဘက်ခြမ်းက

မြေနေရာလေးမှာအိမ်သစ်လေးတစ်လုံးပေါ်လာပါတယ်။

သူပြောငါပြောနဲ့ကြားရတာတော့ အရင်နေခဲ့တဲ့သူက တိုက်ခန်းမဆောက်တဲ့နေရာလေးမှာ

သူ့မြေသူပြန်ယူလို့ရတယ်ဆိုတာပါဘဲ။

အဲဒီနေရာလေးက နေ့ဆိုသော့ပိတ် ညဆိုရင်တော့လူလာနေပါတယ်။

မနေ့ည(7)နာရီလောက်တော့ ဒီတဲလေးမီးလောင်တော့ တိုက်ခန်းနေသူများက ဝိုင်းငြိမ်းသတ်ခဲ့ရပါတယ်။

ဒီလိုမရှင်းမရှင်းဖြစ်နေတဲ့ကိစ္စရပ်တွေကို စည်ပင်သာယာအနေနဲ့ပြတ်သားအောင်ရှင်းသင့်တယ်လို့ယူဆပါတယ်။

တစ်ယောက်အစတစ်ရာကြာလာရင်မြိိုသစ်က ဒူးကြားလမ်းတွေလိုဖြစ်မှာစိုးရပါတယ်။

မြို့သစ်စပြီးအကွက်ရိုက်တုံးက (40×60)အကွက်တန်းရှည် ကျောခြင်းကပ်နှစ်ခုကြားမှာ ဒူးကြားလမ်းရှိပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျောခြင်းကပ်နှစ်အိမ်က အဲဒီမြေလေးကို တစ်ဝက်စီခွဲယူလိုက်ကြပါတယ်။

(အကြောင်းပြချက်ကတော့ သူခိုးလာတဲ့လမ်းဖြစ်နေလို့ပေါ့)

ကြာလာတော့ ဒီမြေက ကိုယ်ပိုင်မြေတွေလိုဖြစ်သွားပါတယ်။

အဲတော့ အခုမီးလောင်သွားတဲ့ တဲလေးက အမှန်တကယ်ဘဲကျူးကျော်တဲလား၊

ဒါမှမဟုတ်သူတို့ပြောသလို နဂိုရ်ပိုင်ရှင်ဘဲ ပိုင်တာလား ဆိုတာကို သက်ဆိုင်ရာက

ပြတ်သားစွာဖြေရှင်းသင့်တယ်လို့ယူဆမိပါတယ်။

အခုရှုပ်မှနောင်ရှင်းဆိုတာ အလကားထားခဲ့တဲ့စကားပုံမဟုတ်ဘူးဆိုတာကိုတော့ သတိပြုစေလိုပါတယ်။

ကောင်းစေချင်လို့ တင်ပြတာပါ။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(15-7-2012)

 

 

1မီးလောင်ထားတဲ့တဲ့လေးတောင်ဘက်ခြမ်းက မြင်ရတာ

2 တဲလေးရဲ့အရှေ့တည့်တည့်မြင်ကွင်း

3 တဲလေးဆောက်ထားတဲ့နေရာရဲ့ရှေ့ကလမ်း

 

 

9 comments

  • (14-7-2012)နေ့ည(ရ)နာရီလောက်မီးလောင်တော့ ကျနော်အလုပ်ကပြန်မရောက်သေးတော့ ဓါတ်ပုံမရိုက်လိုက်ရဘူး၊

    • မောင်ပေ

      July 15, 2012 at 10:57 am

      အဲ့နားက လူတွေကတော့ မျက်ခုံးဘယ်လောက် လှုပ်နေကြမလဲ နော

  • ဦးဦးပါလေရာ

    July 15, 2012 at 10:20 am

    မြေယာပိုင်ဆိုင်မှု့ ၊ လွှဲပြောင်းမှု့၊ သိမ်းယူမှု့တွေကို
    ရှင်းရှင်းလင်းလင်းနဲ့ ထင်သာမြင်သာရှိအောင် လုပ်ဘို့ အရေးကြီးတဲ့အချိန်ပါ..။
    မြေသိမ်းတုန်းကလဲ မတရားသိမ်းခဲ့ရင် တရားသဖြင့်ပြန်လုပ်ပေးဘို့ သင့်ပါတယ်..။
    အရင်မြေပိုင်ဖူးလို့ စီမံကိန်းဖြစ်ပြီးမှ အသိမ်းခံမြေကို ပြန်တောင်းတာများလာရင်
    ရင်းနှီးမြှုတ်နှံသူတွေ လက်တွန့် ကုန်မှာပါ..။
    တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ အဟန့်အတားဖြစ်သွားမှာပါ..။

    အခုဖြစ်ခဲ့တာ ဖြစ်နေတာတွေက
    အနိုင်ကျင့်လို့ ရတုန်းကတော့ နှစ်ပြားတပဲပေးပြီး ခွေးမောင်းသလိုမောင်းထုတ်
    ပြီးတော့မှ ခရိုနီတွေနဲ့ပေါင်းပြီး သူဌေးဖြစ်လုပ်ကြံခဲ့ကြတာ..
    တမင်ကို ဂွင်ရိုက်ဖန်တီးခဲ့ကြတာ နိုင်ငံနဲ့အဝှမ်းပဲ…
    ကိုယ်ကိုယ်တိုင်က မမှန်ခဲ့တော့ တရားဥပဒေအတိုင်း မစီမံရဲပြန်ဘူး
    လျှော်ကြေးပေးလိုက်၊ ချွေးသိပ်လိုက် မေ့လောက်ရင် ပြန်လာလိုက် နဲ့နေမှာပဲ…။

    ဥပဒေအတိုင်းအတိအကျကတော့
    ဥပဒေနဲ့အညီ လျော်ကြေးပေးပြီးတဲ့နောက် တရားရုံးက မြေသိမ်းအမိန့် ချမှတ်ပြီးရင်
    အသိမ်းခံရသူက ပြန်ကျူးကျော်ခွင့် မရှိတော့ပါဘူး..။
    စာအုပ်ထဲမှာတော့ အကုန်ရှိတယ်
    စာအုပ်အပြင်ထွက်လုပ်ခဲ့လို့ အခုလိုဖြစ်ကြတာပါပဲ…။

  • နေဝန်းနီ

    July 15, 2012 at 5:18 pm

    ကျူးကျော်တွေ များ ကိုပေါက်ရယ်…။ မန္တလေး ဆိုတာ မပြောနဲ့ဦး နေပြည်တော် ဘက်ကိုလာကြည့် လက်ညိုး ထိုးမလွဲပါဘူး…။ တစ်ချို့များဆို တဲ တောင်မဟုတ်ဟုတ်ဘူးဗျာ…။ အခိုင်အမာ အဆော်အဦးကြီးတွေ တည်ထားလိုက်တာ …။ မြို့ထဲ မှာထက်သာသေးတယ်…။ ပိုင်ရာဆိုင်ရာ တွေ ရှိလို့ လို့ ပြောတာပဲဗျ…။ မင်းကြီး မင်းလေး တို့ ကိုကြီးကျော်တို့ လားမသိပါဘူးဗျာ…။ နောက်မှ…….. ကျူးကျော် ဆိုတာကို အေးအေးဆေးဆေး ဆက်ပြောဦးဗျာ…။

  • shwe kyi

    July 16, 2012 at 4:21 pm

    အင်း အားလုံးကိုရှုပ်နေတော့တာပါပဲနော် နေရာတိုင်းမှာလိုအပ်ချက်တွေပြည့်နေတဲ့ဒို့တိုင်းပြည်ပါပဲ။

    • metallic

      July 16, 2012 at 9:06 pm

      ဒါတွေကိုဖြေရှင်းဘို့ ရှိသင့်တဲ့ ……..နဲ့ပြည့်စုံတဲ့…….နဲ့
      ဖြေရှင်းသင့်တယ်။

  • နေဝန်းနီ

    July 16, 2012 at 9:27 pm

    ကျူးကျော် ကိစ္စ စပါပြီ ဆိုကတည်းက ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဆင်းရဲသားမျက်နှာမွဲက မစဘူးဗျ….။ သက်ဆိုင်ရာကို ပိုင်တဲ့ သူတွေ ….။ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက နေစပြီးလုပ်တာ….။ ဘယ်ကျူးကျော်ပဲ ဖြစ်ဖြစ် သူတို့တွေကနောက်မှာရှိနေတယ်…။ အဲဒါတွေ ဖြေရှင်းချင်ရင်တော့ ကိုပေါက်ကိုပဲ သမဒ ခန့်ရလိမ့်မယ်….။ အာဟိ…။ နောက်တာမဟုတ်ဘူး အချွန်နဲ့ မ, တာ…..။ 😛 😛

Leave a Reply