စိမ်းရောင်စို အဖွဲ့မှ တာဝန်ရှိသူများသို့

MandalayTharJuly 15, 20121min1426
ဟို လွန်ခဲ့တဲ့ ၂ လလောက်က ျမန္တလေးကို အလည် ခဏပြန်ရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ဆို တော့ မန္တလေးဟာ အရမ်း ပူနေတဲ့ အချိန်လောက်ပေါ့။ အရင်တုန်းက အလည် မပြန်လာခင်တုန်းက အင်တာနက်ကနေ စိမ်းရောင်စို အကြောင်း စိတ်ဝင်စားနေတော့ ဒီတခေါက်ပြန်လာရင် ဒီအဖွဲ့နဲ့ သွားတွေ့မယ် ဆိုပြီး မှန်းထားတာ။ တကယ်ပြန်ဖြစ်တော့ ရက် သိပ်မရတာရယ် အရမ်း ပူ လို့ အပြင်ထွက်ရမှာ ကြောက်တာနဲ့ မထွက်ဖြစ်ဘူး။ စိမ်းရောင်စို အဖွဲ့နဲ့ မဆက်သွယ်ဖြစ်ခဲ့ပါဘူး။
http://s4.postimage.org/wfu9f0vb5/58166_101337683265252_100001670615608_7883_84896.jpg
စိမ်းရောင်စို အဖွဲ့ရဲ့ အလုပ်တွေ ရည်ရွယ်ချက်တွေက နည်းနည်း သိပြီးသားဖြစ်နေလို့ အဲဒါတွေကို မပြောနေတော့ ဘဲ။ လိုတာကိုဘဲ ပြောချင်မေးချင်ပါတယ်။ စိမ်းရောင်စို အဖွဲ့မှ ကျွန်တော်တို့ လို့ မန္တလေးကို ချစ်ပြီး စိမ်းရောင်စို အဖွဲ့နဲ့ အတူ ကိုယ်ထိလက်ရောက် မပါဝင်နိုင်တဲ့ အဝေးရောက် စိမ်းရောင်စို အဖွဲ့ဝင် ဖြစ်ချင်သော သူများအတွက် ဘယ်လို အစီအစဉ်များ ရှိပါသလဲ။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ မန္တလေးက သူငယ်ချင်းတွေစု ပြီး အဝေးရောက် စိမ်းရောင်စို အဖွဲ့ဆိုတာမျိုးဖွဲ့ပြီး အသင်းအတွက် လိုအပ်တဲ့ ရန်ပုံငွေရှာပေးတာတို့ အခြားလှုပ်ရှားမှုတွေတို့ကို အဝေးက နေလုပ်ပေးတာမျိုး လုပ်လို့ရင် ကိုယ်တိုင်က အပင် မစိုက်ပေးနိုင်ပေမဲ့။ တဖက်တလမ်းကနေ ကိုယ့်မြို့ကို ကိုယ် ပြန် ကူညီပေးနေတာမျုးိ ဖြစ်ချင်တယ်။ အဲဒီအတွက် ဖြစ်နိုင်မယ်ဆို စဉ်းစားပြေး ကဖို့ ပြောချင်ပါတယ်။နောက်တခုက အဖွဲ့ တခု မှာ ထောက်ပံဆိုတဲ့ အဖွဲ့အတွက် လိုအပ်ပါတယ် ။ ဒါမျိုးဝိုင်းဝန်းကူညီ ထောက်ပံပေးရတဲ့ အဖွဲ့များရှိရင် အဲဒီအဖွဲ့ က ရေရှည် တည်တံနိုင်ပါတယ်။ အခု စိမ်းရောင်စိုမှာ အဲဒီလို အဖွဲ့ခွဲများ ဖွဲ့ သင့်တယ်လို့ အကြံပေးလိုပါတယ်။ ဆိုလိုတာက ကို က စိုက်ထားတဲ့ အပင်တွေကို အဲဒီ နေရာ ပတ်ဝန်းကျင်မှာရှိတဲ့ စိတ်ဝင်စားေသော ဆွန်းလောင်းအသင်းတို့ တခြား ဆိုက်ကားသမားများ၊ မြင်းလှည်းသမားများ စတဲ့ သူတွေကို အဖွဲ့လေးများ ဖွဲ့ပေးပြီး ကြည့်ရှု့ ထိမ်းသိန်းစောင့်ရှောက်ပေးခို်င်းထားမယ် ဆိုရင် ပိုပြီးတော့ အထောက်အကူ ဖြစ်ပြီး သူတို့လည်း ပါဝင်လာနိုင်ပါမယ်။ စိုက်တော့ စိုက်၏ အပင် က မကြီး၊ မပေါက်။ FB ပေါ်တင်ဖို့ဘဲ ဖြစ်နေရင် အလားကားဖြစ်နေသွားမှာပါ။  ဥပမာ ဆိုက်ကားသမား ဦးငွေ အဖွဲ့ဆိုတာမျိုးပေါ့။

ဦးငွေဆိုလို့ သတိရသွားတာ တခုက ကျွန်တော်တို့ မန္တလေးမှာ ဒီလို စိတ်ထားကောင်းပြီး ပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့ အသိရှိတဲ့ မနလေးမြို့ ဆိုက်ကား ဆရာဦးငွေဆိုတဲ့ ပုဂိုလ်မျိုးရှိပါလျှက်နဲ့ ဂုဏ်ပြုခဲ့တာ တခါမှ မရှိခဲ့ပါဘူး။ လူထုဒေါ်အမာရေးမှ မှတ်တမ်း သဘောမျိုးလေးဘဲ ရှိခဲ့ဘူးတာ။ ဝမ်းနည်းစရာကောင်းပါတယ်။ မြို့မငြိမ်းဆို မြို့မ အသင်းက ကြေးရုပ်တွေနဲ့ နန်းတော်ရှေ့ဆရာတင်ဆို ပန်တရာကျောင်းမှာ ကြေးရုပ်ကြီးနဲ့ အဲဒီလို ဂုဏ်ပြုခဲ့သလို။ စိမ်းရောင်စို အဖွဲ့က ဦးဆောင်ပြီး ဦးငွေကို ဂုဏ်ပြုပြီး ဥယျာဉ်လေးတခုမှာ အပင်သွားစိုက်မဲ့ ဆိုက်ကားသမားတယောက်ပုံစံမျိုး  (ဦးငွေပုံမှ မရှိတာ) ကြေးရုပ်ကြီးနဲ့ အပင်တွေ ဝေဝေဆာဆာ လုပ်ပြီး ဂုဏ်ပြုခဲ့မယ်ဆိုရင် ဘယ်မြို့မှာမှ ဆိုက်ကားသမားဂုဏ်ပြုတာ မရှိပေမဲ့။ ငါတို့ မြို့က မြို့ကို အကျိုးပြုခဲ့တဲ့ ဆိုက်ကားဆရာကို တောင် ဂုဏ်ပြုတဲ့ မြို့ အဖြစ် ဂုဏ်ယူနိုင်ပါတယ်။

နိုင်ငံခြားက မြိုကလေးတမြို့မှာ ဆို ဘူတာရုံမှာ သူ့သခင်ကို လာစောင့်တဲ့ သခင်အပေါ်သစ္စာရှိတဲ့ ခွေးကို တောင် ဂုဏ်ပြုပြီး ကြေးရုပ်တခု အဖြစ်ထားပြီး ဂုဏ်ပြုကြရင်။ ကျွန်တော်တို့ မြို့သားတွေရော် ဒီလို မြို့အကျိုးပြုခဲ့တဲ့ သူတယောက်ကို ဂုဏ်ပြုရကောင်းမှန်း မသိနေခဲ့သလား။နောက် အခု မန္တလေးမှာ အဖွဲ့ ဝင်ဖြစ်ချင်ရင် ဘာတွေလိုအပ်ပါသလဲ။ ဝင်ကြေးကဘယ်လောက်လဲ။ အပင်လိုက်စိုက်ပေးရင် အဖွဲ့ဝင် ဖြစ်ပြီလား။ အဖွဲ့ရဲ့ ရန်ပုံငွေကို ဘယ်လိုရှာပြီး၊ ကုန်ကျစရိတ်တွေကို ဘယ်လိုကျခံသုံးပါလဲ။ နောက် အပင်စိုက်မယ် ဆို ဘယ်လို စီမံကိန်းများထားရှိပါသလဲ။ အဲဒါလေးတွေလည်း သိချင်ပါတယ်။

နောက်တခုက အကြံပေးဝေဖန်ကြည့်တာပါ။ မှားသွားလျှင်လည်း ခွင့်လွတ်ပေးဖို့တောင်းပန်ပါတယ်။  အခုဆို အပင်တွေစိုက်နေတာ အများအားဖြင့် မန္တလေးတောင်၊ ဘုန်းကြီးကျောင်း၊ မယ်သီလရင်ကျောင်းတွေ ဘဲ စိုက်တာများတယ်နော်။ ကျွန်တော်အထင်တော့ ဘုန်းကြီးကျောင်းတွေဆိုတာ ဘယ်သူစိုက်ပေးမပေး ဘုန်းကြီးတွေက သူတို့ဘာသာ စိုက်ကျတာများပါတယ်။ ဘယ်ကျောင်းမဆို အပင် အနဲနဲ့ အများတော့ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ် ပူတာက လူတွေသွားတဲ့ လမ်းတွေတို့ စာသင်ကျောင်း ပတ်ဝန်းကျင်တို့၊ ဗမာလူမျိုးတွေ အများစုနေနေရတဲ့ မြို့သစ်လိုမျိုးတွေ ကျတော့ အတော်ကို အပင်နည်းပါတယ်။ စိမ်းရောင်စိုအဖွဲ့လည်း အဲဒီလို နေရာမျိုးမှာ စိုက်တာ အတော့ကို နည်းပါတယ်။ ဥပမာ မြို့သစ်ကို အပင် ဘယ်လောက်စိုက်နိုင်ခဲ့တာတို့ လုံးဝမရှိသလောက်ဘဲ။ အခုဆို မြို့သစ်ဆိုတာ ဗမာလူမျိုးတွေ နေတဲ့နေရာဖြစ်နေပါပြီ။ မြို့ထဲ ဘယ်ဗမာမှ မရှိတော့ပါဘူး။ အဲဒီတော့ ဒီလို မြို့သစ်မှာ အပင် ဘယ်လောက် စိုက်မယ်ဆိုတဲ့ project မျိုးချပြီး လုပ်စေချင်ပါတယ်။ တွေ့တဲ့နေရာ project သေချာမရှိဘဲ စိုက်ဆို စိုက်လိုက်ကျတယ် ဖြစ်မှာစိုးလို့ပါ။ အနည်းဆုံး အပင်မျိုးတွေ မချနိုင်တောင်မှ မကျီးစေ့၊ တမာစေ့။ ညောင်စေ့၊ ကို့ကို့စေ ဘယ်နှတင်း ဒီနှစ် မိုးရာသီမှာ  မြိုသစ်ထဲ ဖြန့်ကြဲနိုင်ခဲ့တယ် ဆိုတာမျိုးဆို ရင် အပင်ပေါက်တွေ လိုက်ချနေမှာထက်စာရင် ပိုပြီး အလုပ်ဖြစ် ထိရောက်နိုင်မယ်လို့ထင်ပါတယ်။ ဒီလောက် တင်းနဲ့ ချီပြီး ချရင်တော့ အနည်းဆုံး တစ်ထောင် တစ်သောင်းတော့ ပေါက်နိုင်မှာပါ။

ပို့စ်ထဲမှာ အမှားပါသွားရင်လည်း အဝေးရောက် မနလေးကို ချစ်တဲ့ ညီငယ်လေးက ပြောတာပါဆို ပြီး ခွင့်လွတ်ပေးဖို့ တောင်းပန်အပ်ပါတယ်။အဝေးရောက် ျမန္တလေးသား

6 comments

  • မောင်ပေ

    July 15, 2012 at 12:38 pm

    ကောင်းမွန်တဲ့ အိုက်ဒီယာတွေပါဘဲ မန်းတလေးသားရေ
    ဆိုက်ကားသမား ဦးငွေ လို ့ဆိုလိုက်ရင် ၊ အခုခေတ် လူငယ်တွေ က ပြောပါလိမ့်မယ် “ဘယ်ကလဲ ဆိုပြီး” ။
    တစ်ကယ်တမ်း မန်းတလေးမြို ့အတွက် စိမ်းလန်းတဲ့ အရိပ်အာဝါသတွေ ပေးဆပ်ခဲ့တာ ဆိုက်ကားသမား ဦးငွေ မို ့.. သူ ့ကို လေးစားပါတယ် ။ သူ ့လုပ်ခဲ့သလိုမျိုး အခုမျိုးဆက်တွေလုပ်ဖို ့ လိုက်လံ နှိုးဆော်ပြီး အတူတစ်ကွ လုပ်ဆောင်ဖို ့လီဒါတစ်ယောက် လိုအပ်နေပါတယ် ။

  • ဖိုးထောင်

    July 15, 2012 at 11:45 pm

    ဆိုက္ကားသမားပဲဖြစ်ဖြစ် ကူလီပဲဖြစ်ဖြစ် နောက်ဆုံးကုန်ကုန်ပြောရင် ဖိုးသမားပဲဖြစ်ဖြစ် အများအကျိုးအတွက် ကောင်းအောင်လုပ်တဲ့သူဖြစ်နေခဲ့မယ်ဆိုရင် ဂုဏ်ပြုရမှာ ဂုဏ်ယူရမှာ ဓမ္မတာပါပဲ

  • TTNU

    July 16, 2012 at 12:24 am

    အဝေးရောက်နေပေမဲ့
    မန ္တလေးသံယောဇဉ်ကလေး အတွက်
    ကျေးဇူးတင်ပါတယ်။
    ကိုရင်ပြောတဲ့
    (ဆိုက်ကား ဆရာဦးငွေဆိုတဲ့
    ပုဂိ္ဂုလ်မျိုးရှိပါလျက်နဲ့ ဂုဏ်ပြုခဲ့တာ တခါမှ မရှိခဲ့ပါဘူး။)
    ဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။
    အများစုမသိတဲ့ အကြောင်းအရာဖြစ်နေပါတယ်။
    (လူထုဒေါ်အမာရေးမှ မှတ်တမ်း သဘောမျိုးလေးဘဲ ရှိခဲ့ဘူးတာ။) ဆိုတော့
    ဒီမှတ်တမ်းလေးမဖတ်မိသူအဖို့ သိဖို့ခက်ပါတယ်။
    သိသူတစ်ယောက်ယောက်က အကျယ်တဝင့်ရှင်းလင်းဖော်ပြမယ်ဆိုရင်
    ဂုဏ်မပြုစရာ အကြောင်းမရှိပါဘူး။
    မောင်ရင်များ အကယ်၍ အသေးစိတ်သိမယ်ဆိုရင် ကျွန်မတို့ လေ့လာပါရစေ။

    ပြီးတော့ အခုမန ္တလာသား ရေးသားသွားတာလေးတွေကို စိမ်းရောင်စို အဖွဲ့
    ဖတ်ဖြစ်ရင် ပိုအဆင်ပြေမယ်လို့ ယူဆမိပါတယ်။ ကျွန်မလည်းလက်လှမ်းမီသလောက်
    လက်ဆင့်ကမ်းပြောပြပေးပါမယ်။

    အဝေးရောက်နေပေမဲ့ မန်းလေးကို ချစ်ခင်နေဆဲဖြစ်တဲ့ မန ္တလာသားလေးကို
    မေတ္တာပို့သလျက်
    TTNU.

  • mgwalone

    July 16, 2012 at 5:28 am

    စိမ်းရောင်စိုအဖွဲ့ဝင်တစ်ယောက် မဟုတ်ပေမဲ့ ဒီစာကို အဖွဲ့ က ဖတ်မိကြမှာပါ။ မန ္တလေးသားတစ်ယောက် အနေနဲ့လည်း ဒီပို့စ်လေးကို ဖတ်ရင်း မန​္တလေးသားတွေ ဒေသစွဲ သိပ်ကြီးကြတယ် ဆိုတဲ့ မှတ်ချက်မျိုးကုို သတိရမိပါတယ်။ ကျွန်တော်ကတော့ ဒေသစွဲ ကြီးတယ်ပဲ ဆိုဆို ကိုယ့်ဒေသကို ချစ်တဲ့ ခင်တွယ်တတ်တဲ့ ကျွန်တော်တို့ မန ္တလေးသူ၊ မန ္တလေးသားများရဲ ့ စိတ်ဓတ်ကို အင်မတန် သဘောကျမိပါတယ်။ ဆိုက္ကားသမားကြီး ဦးငွေအကြောင်းကို ဂုဏ်ပြုဖေါ်ထုတ်ဖို့ကလည်း အင်မတန် ကောင်းတဲ့ အကြံဉာဏ်ပါပဲ။ တစ်ခါကတော့ ၃၅ လမ်းတစ်လျောက် ဦးငွေ စိုက်ခဲ့တဲ့ အပင်တွေမှာ ဦးငွေ ဆိုတဲ့ အမည်နဲ့ သစ်ပင် အရေအတွက် နံပါတ်တွေ ကပ်တာ တွေ့ခဲ့ ဘူးပါတယ်။ အခုတော့ မရှိတော့ပါဘူး။ သူ့အကြောင်းက အမေ လူထုဒေါ်အမာ ရေးတဲ့ မန ္တလေးသူ၊ မန ္တလေးသားများဆိုတဲ့ စာအုပ်ထဲမှာ ထင်ပါတယ်။
    သစ်ပင်စိုက်တာ ကောင်းသလို ထိန်းသိမ်းစောင့်ရှောက်မဲ့ အဖွဲ ့ လိုတာကလည်း အမှန်ပါပဲ။ နောက်ပြီး သစ်စေ့တွေ ကျဲရင်လည်း ကောင်းပါတယ်။ အဝေးရောက် အဖွဲ ့ကလေး လုပ်မယ်ဆိုတာလဲ သိပ်ကောင်းတယ်လို့ ဆိုပါရစေ

  • ကြောင်လေး

    July 16, 2012 at 9:45 am

    အလွန်ကောင်းမွန်တဲ့အကြံပြုစာလေးပါပဲ၊ အပင်တွေ နှစ်စဉ် စိုက်နေကြတာအများကြီးပါ၊ ထိမ်းသိမ်းမှုအလွန်လိုအပ်ပါတယ်။ မြို့သစ်တွေ ပိုအရေးကြီးပါတယ်။ တနှစ်တနှစ်စီမံချက်နဲ့စိုက်ပြီးထိမ်းသိမ်းမှုမရှိလို့ မရှင်ပဲသေသွားတဲ့ အပင်တွေရဲ့တန်ဘိုးဟာမနဲပါဘူး။ စိုက်သွားတဲ့သူတွေကလည်း ထိမ်းသိမ်းဖို့ မလွယ်ပါဘူး၊ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ အတင်းဖိအားပေးတာဝန်ပေးပြီးစိုက်ခိုင်းလို့သာအဖြစ်ကလေးစိုက်ရတာပါ။ တကယ်တော့ မြို့သစ်တွေက လူတွေဟာ ကိုယ့်လမ်းထဲ ကိုယ့်အိမ်ရှေ့ကိုအိမ်တိုင်ရာရောက်လာစိုက်ပေးတဲ့အပင်တွေကို ရှင်သန်အောင်ထိမ်းသိမ်းဖို့ အသိစိတ်ရှိသင့်ပါတယ်။အကာအရံတွေထွက်လုပ်ပေး ပေါင်းရှင်းရေလောင်း လုပ်ပေးတာမျိုးပေါ့၊ လူမနေသေးတဲ့အိမ်တွေကြတော့လည်း အကာအရံ လုပ်ထားပေမဲ့ ဆိတ်တွေနွားတွေ စောင့်မမောင်းနိုင်တော့ကုန်သွားတာပဲ၊ ဖြစ်သင့်တာက လူများများနေ နေပြီဖြစ်တဲ့လမ်းတွေ ကိုအဓိကထားစိုက်ပေးပြီး လူတွေကို အသိရှိလာအောင် စည်းရုံးပြောဆိုတာဝန်ပေးပြီးထိမ်းသိမ်းစောင့်ရှောက်ခိုင်းတာက စရင်ကောင်းမယ်လို့ထင်ပါတယ်။

  • hla kyu

    July 16, 2012 at 9:36 pm

    မန်းလေးသားရေ -တို့တွေက စိမ်းရောင်စိုအဖွဲ့နဲ့ မကင်းတဲ့သူတွေပါ။
    အမတို့က မန်းလေး-မတရာ လမ်း ပေါ်မှာရှိတဲ့ ပဲလှော်ဖိုရွာလေးမှာ နှစ်စဉ် နွေရာသီ (၃)လမှာ ရွာပတ်ဝန်းကျင် မှာရှိတဲ့ ပုသိမ်လေး၊ကပိုင် ၊ကြာနီကန်၊ မင်းဂံ ၊လှိုင်းပေါက်၊ သက်ကယ်ကျင်း၊ မကျီးပင် စတဲ့ ရွာတွေကကလေးတွေကို အင်္ဂလိပ်စာ၊ ပန်းချီ၊ ဂျပန်စာ၊ ကွန်ပြူတာ အခမဲ့သင်ပေးတာ (4)ကြိမ်မြောက်ရှိပါပြီ။ ဆရာတွေကလဲ ပညာဒါန၊လိုအပ်တဲ့ သင်ထောက်ကူတွေကို ကျွန်မတို့ကပဲ တာဝန်ယူပြီး ဒီသင်တန်းလေးကို တည်ထောင်ခဲ့ကြတာပါ။ အဲဒီမှာ ပန်းချီဆရာ ဦးခိုင်ထွန်း၊ဆရာကြီးဦးမြင့်ဆွေ ရဲ့ သမီး အင်္ဂလိပ်ဆရာမ မပိုးပိုး ၊ ဂျပန်ဆရာ ဝေဖြိုးနိုင်၊ ချစ်ဖြိုးနိုင် နဲ့
    တပည့်မ မအိ ၊မအေးစန်ဒါကျော် ၊ကွန်ပြူတာ မှာ တော့ 2012အနေနဲ့ မသက်သက်မော် တို့ကဝိုင်းဝန်းကူညီခဲ့ကြ ပါတယ်။နှစ်စဉ် ကလေးတွေရဲ့ ပန်းချီကားတွေကို ဂျပန်ကို-ြှုဃြ ဘဏ်က အမ ဒေါ်ရှင်မိုး ၊ ပန်းချီဆရာ စူးမြင့်သိန်း အကူညီနဲ့ ပေးပို့ ယှဥင်္ပြိုင်ခဲ့ပါတယ်။ နှစ်တိုင်းလဲ ဆုရခဲ့ တယ်။ ဒီနှစ်ကတော့ ထူးခြားတဲ့နှစ်ပါ။ ကလေးနှစ်ယောက်ရဲ့ ပန်းချီကား နှစ်ကားက အရမ်းကောင်းလို့ ဂျပန်ကနေ ကိုရီးယား ပို့ပြီးပြိုင်တာ ကိုရီးယားမှာပါ ဆုရခဲ့တယ်။ အမတို့ရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ဘဝကိုမြင့်တင်ပေးဖို့ ၊ အသိပညာတိုးတက်စေဖို့ ၊ သူတို့ငယ်စဉ်က ဘယ်လိုအောင်မြင်မှု့ ရခဲ့တယ်ဆိုတာကို သတိရပြီး ဘဝမှာတွန်းအားဖြစ်စေဖို့ ၊ ပန်းချီပညာသင်ခြင်းရည်ရွယ်ချက်က ပန်းချီဆွဲဖို့ထက် လောကကြီးကို ပန်းချီအမြင်ရှိဖို့ ၊ ဖက်ရှင်ဒီဇိုင်းဆရာတွေ၊ အဆောက်ဦးဒီဇိုင်းတွေ စတဲ့ တိုးတက်လာတဲ့ခောတ်ထဲမှာနေရာရနိုင်ဖို့
    အထောက်အကူအဖြစ် ဂျပန်နဲ့ အင်္ဂလိပ်စာပါသင်ပြီး သိတ်တော်တဲ့ ကလေးကို ဂျပန်မှာပညာသင်ဖို့အထိရည်ရွယ်ထားပါတယ်။ဒီလိုသင်တန်းရဲ့ အဓိကဦးဆောင်နေတဲ့သူက ဆရာဦးခိုင်ထွန်း(စိမ်းရောင်စို) အဖွဲ့ဝင်ပါ။ဆရာက ကိုယ်ကျိုးစွန့်ပြီး ပရဟိတ ကိုလုပ်တဲ့သူတစ်ယောက်ပါ။ ကျောင်းပိတ်တဲ့အချိန်မှာ ကျောင်းသားကလေးတွေရဲ့ အိမ်၊ရွာတွေကို အလည်ပတ်သွားပါတယ်။ သူတို့ရွာတွေရဲ့ ရွာလယ် လမ်းမ ၊စာသင်ကျောင်း၊ တွေမှာလည်း သစ်ပင်စိုက်တဲ့အပြင် သက်ကျင်းရွာ ရေတွင်းတွေ ရေခန်းလို့သောက်စရာမရှိတဲ့ အချိန်မှာ စက်ရေတွင်း အလှူရှင်များစုဆောင်းပြီး တူးပေးခဲ့ပါတယ်။အလှူရှင်များ စုပေါင်းပြီး အခမဲ့ဆေးခန်းလဲ ဖွင့်ထားပါတယ် ။ စိမ်းရောင်စို အဖွဲ့ဟာ ပခုကူရေဘေး၊ ဂီရိမုန်တိုင်းတိုက်ခိုက်တဲ့ နေရာတွေ၊မန်းလေး အောင်ပင်လယ်ရေကြီးတုံးကတွေရော ကိုယ်ကျိုးစွန့်ကူညီကြပါတယ်။ ဒါတွေက ကျွန်မသိသလောက်ပါ။ မသိသေးတာအများကြီးရှိပါတယ်။ ကျွန်မက ဆန်းမီယိုစုံ၊ကျော်ကြားအော့(ဖ်)ဆက်က မလှလှကြူပါ။
    ရွှေမန်းသားရေ-လိုအပ်တဲ့ အကူညီ နဲ့ သိချင်တာရှိရင် ဆရာဦးခိုင်ထွန်း-09-402516392 ကို ဆက်သွယ်လိုက်ပါ။

    ာည

Leave a Reply