သတိရမိတဲ့ ချစ်သုဝေရဲ့သီချင်းစာသားလေး ” ဒါဖြစ်တက်တဲ နေ့တစ်နေ့ “

Kaythi LinJuly 15, 20121min31427

ဒုန်း ဒုန်း ဒုန်း ဒုန်း…………….. ။(ခြေတောက် စောင့်သံ)

“အမယ်လေးဟဲ့ …….. ဘာဖြစ်ကြတာလဲ ……. ”

“ဘာမှ မဟုတ်ပါဘူးဟယ် …… ခြင်ကိုက်လို့ ”

” အိမ်ရောက်မှ ချက်ရမှာ ”

” အမေတော့ စိတ်ပူနေတော့မှာပဲ ”

“ယောကျာင်္းတော့ မျှော်နေတော့မှာပဲ ”

ကားတန်းကြီး ရှည်လျားနေသလောက် လူတွေရဲ့ စိတ်တွေ က …….. ။
ဒီည အလုပ်လေးပိလို့ over time လေး နေခဲ့မိပါတယ် ။ ကားတွေပိတ်နေတာနဲ့ ဧည့်စာရင်း တိုင်ရမလို့ပဲ ။
ဆာလိုက်တဲ့ ဗိုက် …. ငတ်လိုက်တဲ့ရေ ။
အရေးထဲ ဆဲသံတွေက စိုင်းစိုင်းခမ်းလှိုင် Rap စားသားရွတ်နေသလားပဲ ။
လှည်းတန်းမီးပွိုင့်တောင် ဒီလောက်မကြာဘူး ။ ဒီချောင်းကြိုးချောင်းကြားမှာမှ
တစ်နာရီ ဆယ်မိနစ်တောင်ကြားရလား ပဲ ။
ထိုင်နေတဲ့ ခုံတောင် ပူလာပြီး ။ ထပြီးကြည့်လိုက်အုံးမှာ အမယ်လေး …လေးးးးးး ………

လမ်းဆုံလမ်းခွမှာ ကားတွေဆိုဒ်စုံ ၊direction မျိုးစုံ ၊လူတွေလည်းပေါင်းစုံ နဲ့ ….. ။

ဟော့ ဟော့ ….. ဝီးးးးး ……………။

” ဟေ့ကောင်တွေ ****** ” ” ***** ” ။ ကြားရပြန်ပြီး Rap စာသားတွေ ။

နောက်ကကားတွေက တစ်ဘက်ယာဉ် လမ်းကြောကနေ အရှေ့ကို ကျော်တက်သွားကြပြီး ။

အဲဒါပဲ ဒို့မြန်မာနိုင်ငံ မတိုးတက်တာ ။ သူတို့ပဲ အရေးကြီးလား ။

ဟော … အဲလို ကျော်တက်တော့ တစ်ဘက်ခြမ်းက ယာဉ်ကြောကထပ်ပိတ် ၊၊

ဝင်လို့ မရ ပိုဆိုးကုန်ပြီး ။

မိုးတွေကလည်း ရွာလိုက်တာ သဲသဲမဲမဲ …… ။
ဗိုက်ကဆာလိုက်တာလည် း ကွဲကွဲပြဲပြဲ … ဂွီး ဂွီး ဂွီးးးးး … ။
ကားက ရှေ့နည်းနည်း တိုးလိုက် ….. ၁၅ မိနစ်လောက်ရပ်လိုက်..
နည်းနည်းတိုးလိုက် မိနစ်၂ဝ လောက်ကြာလိုက်နဲ့ ဟူးးးးးးးးးးးးးး ။
ွှရပ်ကွက်ထဲမှာ ဆန် ၊ဆီ တန်းစီရရင်တောင် ဒီလောက်ကြာမယ်မထင် ။

မျက်လုံးတွေတောင် ညောင်း ညောင်း …………. ။

” ဟေး……….. ”

“ဟဲ့ ပလုတ်တုတ်… ” ။

အော်လိုက်ကြတာ ၊ ရက်ကွက်ထဲမှာ မီးလာရင် ကလေးထအော်သလိုပဲ ……………….. ။

နောက်ဆုံးတော့ ပွင့်သွားပါပြီး ယာဉ်လမ်းကြော ……. အိမ်ရောက်တော့မယ်လို့ တွေးကာရှိသေးတယ် ။

ကိုယ့်ကားက လမ်းဆုံကိုဖြတ်ရှေ့တည့်တည့်သွားချင်တာ ။

ဘေးလမ်းကြောကသာပွင့်သွားတာ ……. ရှေ့တည့်တည့်ကိုဖြတ်လို့ကမရ ….
နောက်ဆုံးတော့လည်း လိုချင်တဲ့နေရာကိုရောက်ဖို့ ကိုရင်မောင်ဒရိုင်ဘာ က
ညာကြောကိုဝှိုက် မြို့တစ်ခွင်း ပြဲပြဲစင်း တစ်ပတ်ပတ်ပြီး
ခေါ်ဆောင်သွားပါတယ် ။

ရောက်ပါပြီး ။

ကားပေါ်ကဆင်း မျက်နှာပြင်ပေါ် မိုးလေအေးအေးလေး ထိတွေ့
အလား လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိတယ် ။ တကယ်ရောက်ပါပြီးလို့ ။

လမ်းလျှောက်ရင်း ခေါင်းထဲတွေးမိတဲ့အတွေး …..

” လောကမှာ ဘယ်အချိန်မှာ ဘယ်အရာဖြစ်ပျက်မယ်ဆိုတာကြိုမသိနိုင်။ ”

သတိရမိတဲ့ ချစ်သုဝေ ရဲ့ သီချင်းစာသားလေး …..

” ဒါဖြစ်တက်တဲ့ နေ့တစ်နေ့ ” ။

27 comments

  • surmi

    July 15, 2012 at 4:06 pm

    ပထမဆုံးအနေနဲ ့ ဒီလောက်အဆင်ပြေတာ ကောင်းပါတယ်
    လက်စွမ်းလက်စရှိသူ တစ်ဦး ဖြစ်လာနိုင်မယ်လို ့ယူဆပါတယ်
    ဆက်လက်အားပေးနေပါ ့မယ် ။

  • စိန်ဗိုက်ဗိုက်

    July 15, 2012 at 4:09 pm

    ပြည့်ပြည့်စုံစုံလေး ရေးပေးပါဦး..
    အားပေးသွားပါတယ်..

  • Shwe Ei

    July 15, 2012 at 5:37 pm

    အင်း ဒီနေ့စောစောပြန်ရတော့မယ်။ ရုံးကနေ မီးပွိုင့်ရောက်အောင် လမ်းလျှောက်မယ် အေးဆေးဘဲ။ နောက်တပွိုင့်ကိုကားငှားစီးလိုက်မယ် အချိန်တွေပိုမှပို။ ဟယ် လှည်းတန်းပွိုင့် စိမ်းနေဘီ ကံကောင်းတာဘဲ။ ဟောတော့ 53 စက္ကန့်ကနေဘာလို့ နီသွားတာလဲ။ 00 ပြနေတာကလဲကြာလိုက်တာ။ အဲ စိမ်းဘီ …. ဟင် 20 စက္ကန့်ဘဲပေးတယ်။ သေဘီ လမ်းလျှောက်ပြန်တာမှ မြန်အုံးမယ်။ ဟော ဒီတခါ တကယ်လွတ်ပီ။ အမလေးတော် မီးပွိုင့်၂ခုကြား လမ်းလယ်ခေါင်ကြီးမှာ ရှေ့ကိုမရောက်နိုင်ဘူး သေချင်ဒယ် 😡

  • မောင်ပေ

    July 15, 2012 at 8:28 pm

    နောက်ဆိုရင် အဲဒီလို မျိုး ထပ်မကြုံရလေအောင်
    ကေသီ့အတွက်
    ကိုပေ ၊ ရဟတ်ယာဉ်တစ်စင်း စီစဉ်ထားတယ်ကွဲ ့.. ဟီဟိ
    အားပေးသွားပါတယ်ဗျား။

  • ကြောင်လေး

    July 15, 2012 at 8:46 pm

    အဲလိုမဖြစ်ရအောင် အကြံကောင်းလေးတစ်ခုပေးပါရစေနော်
    တော(နယ်)မှာလာနေပါ……..လို့ ခစ်ခစ်။

    • mamanoyar

      July 16, 2012 at 9:11 am

      ဟုတ်တယ် ဦးကြောင်ပြောတာမှန်တယ်
      တောမှာလာနေရင် အဲလိုဖြစ်တော့ဘူး

  • Kaythi Lin

    July 16, 2012 at 8:44 am

    ကေသီ့ ရဲ့ ပထမဆုံးပို့စ်လေးဝင်ရောက် ဖတ်ရှု ကွန်မန့် ပေးကြတဲ့ Surmi ၊ စိန်ဗိုက်ဗိုက် ၊ Shwe Ei ၊ မောင်ပေ ၊ ကြောင်လေး ဒီနာမည်လေး ငါးခုကို ကေသီသချာ မှတ်ထားပါ့မယ် ။
    ဒီဂေဇတ်မှာ စာရေးဖို့တိုက်တွန်းတဲ့သူတစ်ယောက်ရှိခဲ့တာပေါ့ ။
    အချိန်တွေကြာသွားပေမဲ့ အခုမှ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ရေးမိသွားတာပါ ။

    • ကြောင်ကြီး

      July 16, 2012 at 9:59 am

      အိုက်လိုလုပ်နဲ့လေ…။ မှတ်လက်စနဲ့ ဦးကြောင်ကြီးကိုပါ ဆက်မှတ်လိုက်…။ မှတ်လိုက်တော့ မှတ်လိုက်တော့ဟေ့…မှတ်ကြမယ်ဟေ့ ကောင်းကောင်း…..။
      ကေသီနဲ့
      ဒေစီ
      ရွေးပါဆို၊
      သေပြီဆရာ
      နေခြည်ဖြာ
      ရေမီတာ
      သူ…ခိုး၊
      မြေဆီလွှာ
      နွေမမြည်ပါ
      ဆူဖြိုး၊
      ရွှေနီလာ
      ဖေအီကြာ
      to go….။

      • Kaythi Lin

        July 16, 2012 at 12:20 pm

        ဒေစီ နဲ့
        ကိုပေ
        ရွေးပါဆို ၊
        သေချာတယ်
        အပြန်မခတ်
        ရဟတ်ယာဉ်ရဖို့ရန် ၊
        ကိုပေ ကိုသာ
        ရွေးပါရစေ လို့ ။

        • pooch

          July 16, 2012 at 12:45 pm

          ကေသီရေ ခင်လို့ သတိပေးမယ်နော်။ ရွာမှာ အသောင်းကျန်းဆုံးကတော့ အဲ့ဒီကြောင်ဘူးကြီးပါပဲလို့ 😀

  • Kaythi Lin

    July 16, 2012 at 8:46 am

    Shwe Ei ရေ လှည်းတန်းမီးပွိုင့်ကိုဖြတ်ဖို့ မောင်ပေ ကို ရဟတ်ယာဉ်တစ်စီး အော်ဒါမှာလိုက်ပါလား ။

  • Kaythi Lin

    July 16, 2012 at 8:48 am

    ရဟတ်ယာဉ်ဝယ်ပေးမယ်ဆိုတဲ့ မောင်ပေရေ ကေသီ ရဟတ်ယာဉ်ဆင်းဖို့ ကွင်းနေရာ ရှာလိုက်အုံးမယ် ။
    ခဏတော့ သည်းခံစောင့်ပေးနော် ။

  • Kaythi Lin

    July 16, 2012 at 8:49 am

    ကြောင်လေးရေ ကေသီနေရတဲ့နေရာကလည်း မြို့ကြီး မဟုတ်ပါဘူး ။ ဒါပေမဲ့ တောလည်းမဟုတ်ပါဘူး ။

  • Wow

    July 16, 2012 at 11:50 am

    ခြာလုပ်တယ်မထင်နဲ့နော် ကက်သီ(ဟယ်ဒီလိုရေးလိုက်တော့ ကြောင်ဒွေနဲ့ဘာလိုလို… ဟီး :D)
    reply လုပ်ချင်တဲ့ သူရဲ့ မန့်ထားတဲ့ Box ကလေးအောက်က Reply ကိုနှိပ်လိုက်ရင် စကားအပြန်အလှန် ပိုဖတ်လို့ကောင်းဒယ်လို့…. 🙂
    ခင်တဲ့

    • Kaythi Lin

      July 16, 2012 at 12:02 pm

      ကောင်းပါပြီး ရှင် ။ ကေသီက သိပ်နားမလည်းသေးလို့ ပါ ။

      ရွှေဉာဏ်တော်ကို အလုပ်ပေး မှတ်သားတော်မူလိုက်ပါပြီး ။
      ကျေးဇူးကိုတင်ပါလို့ နှောင်များမှာလည်း မတော်တွေ့က မန့်တော်မူပါအုံးပါရှင် ။

  • မွန်မွန်

    July 16, 2012 at 12:15 pm

    ရှေ့တစ်ပတ်ကျော် တနင်္ဂနွေနေ့က အလုံ ဝိုက်တော ကနေ လှည်းတန်းကို ပြန်လာတယ်။ ၉ရ ဒိုင်နာ စီးလာတာ။ လှည်းတန်းလမ်းမ ကုန်းဆင်းလည်းရောက်ရော ကားပိတ်နေလို့ဆိုပြီး ဗဟိုလမ်းမဘက်က ပတ်သွားတယ်တဲ့။ တကယ်တော့ စိန်ဂေဟာရှေ့မှာ ဆင်းချင်တဲ့သူတွေက အများကြီး။ တစ်ယောက်က မင်းတို့အဲလို လုပ်လို့ရလားဆိုတော့ စပယ်ယာက အဲလိုမလုပ်လို့မရဘူးလေ၊ ကားတွေက ပိတ်နေတာကိုး တဲ့။ ခပ်တည်တည်ပဲနော်။ ကားသမားရော၊ စပယ်ယာရော။ အဲလိုမျိုးတွေကလည်း ရှိသေးတယ်။

    (မှတ်ချက်။ ။စိတ်တိုနေသောကြောင့် ကားနံပါတ်မှတ်ထားဖို့ မေ့သွားပါတယ် 🙂 )

    • Kaythi Lin

      July 16, 2012 at 12:25 pm

      မွန်မွန် ရေ ကားပိတ်တာကတော့ တော်တော်လေးကို စိတ်မရှည်ချင်စရာပါပဲ ။
      ကောင်းတဲ့တစ်ဘက်ကပြန်တွေးပြန်တော့ တို့များရန်ကုန်မြို့တော်ကြီးမှာ ကားစီးနိုင်လာသူတွေများလာတယ်ထင်တယ် ။ ( ကိုယ်သာမပိုင်သေးတာ )

  • etone

    July 16, 2012 at 1:11 pm

    ဘုရင့်နောင်မီးပွိုင့်များလားဟင် …. အဟိ …
    ခဏခဏကြုံခဲ့ရလို့ … တစ်ခုခုဆို ပြေးမြင်နေတာပါ … ။

    ဘုရင့်နောင်မီးပွိင့်ကတော့ …. မီးပွိုင့်ကလည်း ခဏခဏပျက်တယ် … ။ မီးပွိုင့်ပျက်လို့ ယာဉ်ထိန်းရဲ လမ်းလည်ခေါင်ရောက်နေပြီဆို ပိုဆိုးတယ် …. ။ တစ်ဖက်ယာဉ်ကြောကိုအနည်းဆုံး အချိန် ခုနှစ်မိနစ်နဲ့ အထက် ကြာတယ် …. ။ ဒီဘက်က ပိတ်ခံနေရတဲ့ ယာဉ်ကြောကယာဉ်တွေ မစောင့်နိုင်လို့ .. လမ်းပြောင်းပြန်မောင်းပြီး ပွိုင့်ရောက်မှ လက်ပြ တိုးမယ်စိတ်ကူးနဲ့ … ကျော်တက်လာလိုက်တာ… နောက်ဆုံး ကားတွေ ဘယ်ဘက်မှ သွားမရ ဖြစ်ခဲ့ဖူးပါတယ် … ။ အခုတော့လည်း လမ်းပြင်ပြီး ပိုလို့ အဆင်ပြေလာမယ်ထင်ပါတယ်… ဘုရင့်နောင်တံတား အမှတ်၂ကိုလည်း ဆောက်နေပြီဆိုတော့ … ။

    ဒါနဲ့ စကားမစပ် ….
    ဘုရင့်နောင် လမ်းဆုံမှာ … ဘုတ်အကြီးကြီးထောင်ပြီး …. ဘုရင့်နောင်တံတား အမှတ်၂ဆောက်နေစဉ်အတွင်း ကား လမ်းကြပ်တာတွေဖြစ်မယ် .. ၊ အဆင်မပြေတာတွေဖြစ်နိုင်တယပေါ့ …. အဲ့ဒီအတွက်မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ပေးထားတာတွေ့တယ် … အရင်ကထက်စာလျှင်တော့ …. ပြည်သူတွေကို care လုပ်လာပြီလို့တော့ထင်ရတယ် …. ။ 🙄

    • Kaythi Lin

      July 16, 2012 at 1:25 pm

      ကေသီ အလုပ်က ဘုရင့်နောင်တံတားနဲ့ နီးပါတယ် ။
      နောက်ဆိုရင်တော့ အဆင်ပြေလာမယ်လို့တော့ ထင် ရ ပါ တယ် ။
      အခုက ဒီမိုကရေစီ နိုင်ငံတော်ဆီကို သွားနေပြီးဆိုတော့ြ ပည်သူတွေကို care ရမယ်လေ ။

    • Kaythi Lin

      July 17, 2012 at 8:48 am

      ကေသီ ဘယ်လောက်တောင်ပေါ့ဆဆနိုင်လည်း ဆိုတာသိလိုက်ရပါတယ် ။
      ကေသီတင်တဲ့ ခေါင်းစဉ်းရဲ့ တစ်နေရာမှာ အောက်ကမြင့် ” -့ ” ကလေးကျန်ခဲ့တယ်နော် ။ ဟီးးးး

  • metallic

    July 16, 2012 at 9:40 pm

    တပုဒ်လုံး ဖတ်ရတာသွက်နေတာပဲ
    ဲုဲပြင်းစရာမကောင်းဘူး
    စာသားတွေကလည်း သဘာဝကျကျနဲ့
    စိတ်ကို ကျေနပ်စေတဲ့ အရေးအသားမျိုး

    ကျေးဇူးပါ

    • Kaythi Lin

      July 17, 2012 at 8:45 am

      metallic ဆိုတဲ့သူကတော့ ကေသီ နဲ့ idea တူတဲ့သူတစ်ယောက်ဖြစ်မယ်ထင်ပါတယ် ။

      ဘာလို့လဲဆိုတော့ ကေသီက ဦးနှောက်ကိုသိပ်အလုပ်ပေးစဉ်းစား ၊ အရမ်းတွေးခေါ်ရတဲ့
      စာတွေဆို ကိုယ့်အတွက်တော်တော်ခေါင်းစားပါတယ် ။ တစ်စုံတစ်ယောက်က ကိုယ့်ကိုနားလည်းအောင် ဥပမာပေး ပြောဆိုနေရင်တောင် အဲ့ဒီသူပေးတဲ့ ဥပမာက အရမ်းကိုနက်နက်နဲနဲစဉ်းစားပေးရတာမျိူးဆို ကေသီတို့တော့ သွားပြီး ။ အဲဒီအစားတဲ့တိုး ပြောတာမျိုးကို ပိုကြိုက်တယ် ။ဒါကြောင့် ကိုယ်လည်း ဒီလောက်ပဲ (ဒီလိုပဲ )ရေးတက်တာပါ ။

      ကျေးဇူးနော် ။

  • Inz@ghi

    July 17, 2012 at 8:56 am

    သများလည်း အားပေးသွားပါတယ်ချင့်….
    စာရေးရင်လေ… ဟို ညာဘက် ခြမ်း က ဘောက်စ်လေးထဲမှာ
    သက်ဆိုင် လိုက်ဖက် ရာ ကတ္တီဂိုရီလေး ရွေးပေးစေချင်ပါတယ်ချင့်..
    တဂ္ဂ မှာ အဲ့လာမှ ခေါ်ဖီဖေ့စ် ထဲ မရောက်မှာ ဖြစ်ပါကြောင်း…

    လက်တို့သွားပါသည်…
    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • Kaythi Lin

      July 17, 2012 at 9:01 am

      သုံးလေးခေါက်လောက်ဖတ်ပေးမဲ့ နားမလည်းလို့ပါရှင့် ။
      နားလည်းအောင် ထပ်ပြောပေးမယ်ဆိုရင် ကျေးဇူးကို ကေသီကတင်ပါမယ်ရှင့် ။

      • Inz@ghi

        July 17, 2012 at 9:16 am

        တိန်…
        😳
        စာရေးတဲ့အခါ …စာရေးတဲ့အကွက် .. (multiple textbox) ရှိတယ်ဟုတ်..
        အဲ့မှာ ရေး … အဲ့သည့်အပေါ်မှာ menu လိုမျိုး ..bold, italic လုပ်တာတွေ
        စာပိုဒ်ခွဲတာတွေ ဘာတွေ ပါတဲ့ ..buttons လေးတွေ ပါရဲ့ …
        အဲ့ဒါတွေနဲ့ စာတွေကို ပြင်ဆင် …အဲ …ပြီးပြီဆိုရင်
        အနှီ box ရဲ့ ညာဘက်ခြမ်းမှာ ရှိတဲ့ publish button ကိုနှိပ်ပြီး
        တင်တယ် မဟုတ်လား ချင့် …။

        အဲ့သည့် publish (or) save draft လုပ်တဲ့ buttons တွေ ထည့်ထားတဲ့ box ရဲ့
        အောက်မှာ category တွေ ရှိတယ် …အဲ့သည့်က checkbox တွေကို click ပေးခြင်းအားဖြင့်
        သည်ဆောင်းပါးဟာ news လား entertainment လား drama လား short story လား
        creative writing လား travel & photo လား .. လား… လား… အမျိုးအစား ကို စာဖတ်သူက
        ဖြတ်ကနဲ တန်း သိနိုင် ခွဲခြားနိုင်မှာ ဖြစ်ပါတယ်ချင့်..

        အဲ့လိုမှ မရွေးချယ်ခဲ့ရင် .. စာအမျိုးအစား ဟာ Copy/Paste ဆိုတဲ့အမျိုးအစား အနေနဲ့
        အလိုအလျောက် ဝင်သွားမှာ ဖြစ်လို့ ..ခေါင်းစဉ်ရဲ့ tag ကိုကြည့်ရုံနဲ့
        စာဖတ်သူ စိတ်ဝင်စားမှု လျော့ကျမယ့် အနေအထား ရှိပါကြောင်း …

        ခင်တဲ့

        • Kaythi Lin

          July 17, 2012 at 9:46 am

          အော် အဲလိုကိုး ။
          ဒါဆို ကေသီရေးတဲ့စာက အလိုလို copy/paste ဖြစ်သွားတာပေါ့နော် ။
          သေချာမှတ်ထားပါ့မယ် ။ကေသီ့ အတွက်တန်ဖိုးရှိတဲ့ ရှင်းပြမူလေးပါ ။
          အခုလို နားလည်းအောင်ပြောပြပေးတဲ့အတွက် ကျေးှဇူးတစ်ကယ်တင်ပါတယ် ။

Leave a Reply