***အနာဂတ်***

maung khinminJuly 15, 20121min46

လိပ်တစ်ကောင်က
ကိုယ့်ရေယက် ကိုယ်ယက်ပြီး
ပင်လယ်ထဲ…
ထိုးဆင်းသွားတယ်…..

ငှက်တစ်ကောင်လည်း
ကိုယ့်အတောင် ကိုယ်ခတ်လို ့
အာကာထက်…
ပျံတတ်သွားတယ်…..

ချစ်သူက
ကိုယ့်အတ္တ ကိုယ်ဖက်ပြီး
ကျွန်တော့် ရင်ဘတ်ထဲက…
ခွဲထွက်သွားတယ်…..

ထို ့နောက်…
ကျွန်တော်လည်း
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး
မနက်ဖြန်အကြောင်း…
တွေးနေလိုက် မိတော့တယ်..။။။