စဉ်းစားကြစေလိုပါတယ် ( ၃၃ ) ( ဂုဏ်ယူစရာ လား ၊ စိတ်ကုန် / နာ စရာ လား )

Foreign ResidentJuly 16, 20124min26221

စဉ်းစားကြစေလိုပါတယ် ( ၃၃ )

( ဂုဏ်ယူစရာ လား ၊ စိတ်ကုန် / နာ စရာ လား )

 

အင်း ၊ အဘ ဒီ Post ကို

ရေးဖြစ်တာကတော့

ကို Kyaemon ရဲ့

” Norway’s GDP — ” Post မှာ

Australia’s GDP per capita က

ကမာ္ဘ့ အဆင့် ၁၄ / ၁၆ လောက်အထိကို ကျနေလို့ ။

 

ဟင် ၊ ဟိုတနေ့ကတင် ငါ ၊

Australian Financial Review ထဲမှာ

ဖတ်ခဲ့တုန်းက ထိပ်နားမှာပါ ဆိုပြီး

သေချာပြန် ရှာကြည့်တော့မှ ၊

GDP per capita ( နိုင်ငံ့ ဝင်ငွေ ရဲ့ ပျှမ်းမျှ ) နှင့်

per capita personal income ( လူတစ်ဦးချင်းစီ ရဲ့ တကယ့် ပျမ်းမျှ ဝင်ငွေ )

ကွာနေတာကိုး ။

 

ဟုတ်ပါတယ် ။

လူတစ်ဦးချင်းစီ ရဲ့ ပျမ်းမျှ ဝင်ငွေမှာ တော့

ဩဇီက ကမာ္ဘ့ အဆင့် ၅ ပါ ။

 

Australian Financial Review Magazine,

June, 2012 Issued ရဲ့ Page – 17,

The Wealth Report 2012 မှာပါတာပါ ။

<http://www.afr.com/p/lifestyle/afrmagazine/the_wealth_report_K48A9skNn9ySl4cUaqQWWL>

 

ဒါက အဘ ဖတ်ခဲ့တဲ့ AFR စာမျက်နှာတွေကို Scan လုပ်ထားတာပါ ။

 

ဒါက အဘ ဖတ်ခဲ့တဲ့ AFR စာမျက်နှာတွေကို Scan လုပ်ထားတာပါ ။

 

 

 

 

 

 

 

 

 

 

 

 

 

ဒါက အဘ ဖတ်ခဲ့တဲ့ AFR စာမျက်နှာတွေကို Scan လုပ်ထားတာပါ ။

 

သူတို့ ကိုးကားတာကတော့ IMF, commsec လို့ပြောပါတယ် ။

အဲဒီ Report ထဲမှာရေးထားတာက ၊

 

Australia today is rich.

With per capita income around $US70,000 per annum,

we are the fifth richest population in the world.

Japan no longer makes the top 10.

Australia’s terms of trade – the price of exports relative to imports –

is at an unprecedented level,

thanks to the resources boom.

Inflation is low, very low.

 

ဩဇီ ဟာ ချမ်းသာပါတယ် ။

လူတစ်ဦးချင်းစီ ရဲ့ ပျမ်းမျှ ဝင်ငွေ တနှစ် ဒေါ်လာ ၇၀,၀၀ဝ ရကြပါတယ် ။

လူတစ်ဦးချင်းစီ ရဲ့ ပျမ်းမျှ ဝင်ငွေ မှာ ကမာ္ဘ့ အဆင့် ၅ ပါ ။

Import, Export မှာ အရမ်း အသာ ရနေပါတယ် ။

အဓိက ကတော့ သယံဇာတ ကြွယ်ဝမှု ကြောင့်ပါ ။

ငွေဖေါင်းပွမှုလည်း အရမ်း အရမ်းကို နည်းနေပါတယ်တဲ့ ။

 

ဟဲဟဲ ၊ အဓိက အပိုင်းက ခုမှ လာပြီ ။

အဲဒီထဲမှာမှ ” Inflation is low, very low. ” ဆိုလို့ ၊

ဆက်စဉ်းစားမိတာက ၊

ဟိုတစ်နေ့ကမှ ဈေးထဲသွားရင်း တွေ့တာက ၊

Chicken Drum Stick ( ကြက်ပေါင် ) က

၁ ကီလိုကို ၂.၃ AU$ ပဲရှိပါတော့တယ် ။

၁ ကီလိုကို ၆၂ ကျပ်သား ၊ ၁ AU $ ကို ၉၀ဝ ကျပ် လောက်ပဲရှိတော့ ။

ဩဇီ မှာ ကြက်ပေါင် တပိသာ ကို ၃၄၀ဝ ကျပ်ပဲ ကျတာတွေ့ရပါတယ် ။

ရန်ကုန် ထက်တောင် ဈေး ပေါတယ်လို့ ထင်ရတယ် ။

 

အဲဒီမှာ လူနေမှု စရိတ် Cost of Living အကြောင်း တွေးမိပြီး ၊

ရွာသူားတို့ကို ဂုဏ်ယူစရာတစ်ခု ပြောပြချင်ပါတယ် ။

ဟဲဟဲ ။ ဂုဏ်ယူစရာ လား ၊ စိတ်ကုန် / နာ စရာ လား ၊

သိပ်တော့ မသေချာလှပါဘူး ။

 

အင်း ၊ ပြီးခဲ့တဲ့ မတ်လ ၊ ၂၀၁၂ တုန်းက ၊

ကမာ္ဘ့ စာရင်းအင်း နှင့် စစ်တမ်းကောက်ယူမှုမှာ ၊

ထိပ်ဆုံးတန်း အဖွဲ့ကြီးဖြစ်တဲ့ “mercer” <http://www.mercer.com> က ၊

ကမာ္ဘ မှာ လူနေမှု စရိတ် Cost of Living အမြင့်ဆုံး ၊

( တနည်းပြောရရင် နေထိုင်ဖို့ ဈေး စရိတ် အကြီးဆုံး )

မြို့ကြီး ၅ဝ စာရင်း ကို ထုတ်ပြန်ခဲ့ပါတယ် ။

<http://www.mercer.com/costoflivingpr#City_rankings>

 

ဟဲဟဲ ၊ ဟဲဟဲ ။

ရန်ကုန်က အဆင့် ၃၅ ရပါတယ် ။

 

ဟဲဟဲ ၊ ဟဲဟဲ ၊ ရန်ကုန်က အဆင့် ၃၅ ရပါတယ် ။

 

 

လွယ်လွယ် ရှင်းရှင်း ပြောရရင်တော့ ၊

လူနေမှု ကုန်ကျ စရိတ် Cost of Living မှာ ရန်ကုန်မြို့ဟာ ၊

အမေရိကန် နိုင်ငံ နယူးယောက်မြို့ နှင့် အတူတူလောက်ဖြစ်ပြီး ။

 

ပြင်သစ် နိုင်ငံ ပဲရစ် မြို့ ၊

အီတလီ နိုင်ငံ ရောမ မြို့ ၊ မီလန် မြို့ ၊

ဆွီဒင် နိုင်ငံ စတော့ဟုန်း မြို့ ၊

ဩစတြီးရား နိုင်ငံ ဗီယင်နာ မြို့ ၊

တွေထက် ဈေးပိုကြီံးပါတယ် ( ဈေးပိုကြီံးပါတယ် ) ။

 

ဟဲဟဲ ၊ ဟိုးအရင်ကတည်းက ၊

ရန်ကုန်က ဘန်ကောက်ထက် ၊

ပက်ပက်စက်စက် ဈေးကြီးပါတယ်လို့ ၊

အဘ ပြောခဲ့ဘူးပါတယ်လေ ။

 

အခုတော့ ၊ ယုံသွားပြီ မှတ်လား ။

ရန်ကုန်မှာ နေရတာလဲ ဂုဏ်ယူသွားပြီ မှတ်လား ။

 

အင်း ၊ ကုန်ကျစရိတ်မှာတော့ ကမာ္ဘ့ ထိပ်တန်း ဝင်ပြီး ၊

ဝင်ငွေ ကျမှ ကမာ္ဘ့ ထိပ်တန်း မ ဝင် တဲ့ ကိစ္စကတော့ ၊

အဟင့် ၊ အဘ လည်း စိတ်မကောင်း ပါဘူးကွယ် ။

 

ထပ်ပြီး ဂုဏ်ယူချင်ရင် ၊ တစ်ခု ထပ်ပြောလိုက်ဦးမယ် ။

မြန်မာ့ စက်မှုဇုန် မြေကွက်တွေဟာ ကမာ္ဘပေါ်မှာ ဈေး အကြီးဆုံးလို့ ပြောတယ် ။

 

တော်သေးပြီ ။

 

အဘ Foreign Resident ။

21 comments

  • ဦးဦးပါလေရာ

    July 16, 2012 at 11:22 am

    ရန်ကုန်မှာ နေ/စား စားရိတ်ကို မှန်မှန်ကန်ကန်တွက်ရင်
    ကမ္ဘာ့ဈေးအကြီးဆုံးထဲမှာ ထိပ်တန်းက ပါဘို့ များတယ်။
    အခုပိုစ့်မှာပါတဲ့အဆင့်၃၅ ဆိုတာက ကုန်ကျစားရိတ်သက်သက်ကို (ဝင်ငွေကိုမစဉ်းစားပဲ)တွက်ထားတာလေ..။

    အခြားနည်းတွေနဲ့ နဲနဲတွက်ပြချင်တယ်
    ဥပမာ-
    ရန်ကုန်မှာ ပုံမှန်ထမင်းတနပ် ဝယ်စားဘို့ (၁၅၀ဝ ကျပ်)
    သာမန်ရုံးဝန်ထမ်းတဦးရဲ့လုပ်အားနဲ့ သုံး/လေးနာရီစာလောက် လုပ်ရတယ်။
    နယူယောက်မှာ ပုံမှန်ထမင်းတနပ် ဝယ်စားဘို့ (၅-၈ ဒေါ်လာ)
    သာမန်ရုံးဝန်ထမ်းတဦးရဲ့လုပ်အားနဲ့ နာရီဝက်ထက် ပိုမလုပ်ရဘူး…။ 🙁

    • Foreign Resident

      July 16, 2012 at 12:48 pm

      ” အခု ပိုစ့်မှာပါတဲ့ အဆင့် ၃၅ ဆိုတာက
      ကုန်ကျစားရိတ် သက်သက်ကို ( ဝင်ငွေကိုမစဉ်းစားပဲ )
      တွက်ထားတာလေ..။ ”

      ဝင်ငွေကိုပါ ထည့်စဉ်းစားပြီး တွက်လိုက်ရင် ၊
      အားလုံး မျက်ရည်ကျကုန်မှာပေါ့ ။

      ဘာဖြစ်လို့လဲဆိုတော့ ၊
      သာမာန် အခြေခံ လုပ်သား တစ်ဦးရဲ့ ဝင်ငွေ က ၊
      သူ့ရဲ့ အခြေခံလိုအပ်မယ့် ကုန်ကျစားရိတ် ထက် ၊
      နည်းနေမှာ မို့လို့လေ ။

      ” သာမန်ရုံးဝန်ထမ်းတဦးရဲ့လုပ်အားနဲ့ နာရီဝက်ထက် ပိုမလုပ်ရဘူး…။ ”

      ဩဇီမှာလည်း ၊ သာမာန် Asian တစ်ဦး ဗိုက်ဝစေမယ့် ၊
      Mc Donald က Big Mac or Double Mac Burger တစ်ခု ၊
      Coca Cola တစ်ခွက် ၊ French Fries အာလူးကြော် တစ်ထုတ် ၊
      အဲဒီ တစ်စုံတွဲကို ၈ ဒေါ်လာလောက် ပေးရတယ် ။

      အဲဒါ မစားချင်ရင်လည်း ၊ အသားဟင်း နှစ်မျိုး ၊
      အသီးအရွက် တစ်ပွဲ ၊ ထမင်း တစ်ပန်းကန် မေါက်မေါက် ကို ၊
      ၆ ဒေါ်လာ လောက် ပေးရတယ် ။

      ဩဇီ ရဲ့ လုပ်ခ အနဲဆုံး အလုပ်သမားရဲ့ ၊
      တစ်နာရီ ဝင်ငွေ ( Minimum Wage ) ဟာ ၊
      အနဲဆုံး ၁၆ ဒေါ်လာ ရှိရမယ်လို့ ပြဌာန်းထားတော့ ။

      အကြမ်းဖျင်းအားဖြင့် ၊
      အလုပ်သမား တစ်ယောက် ရဲ့ နာရီဝက် လုပ်ခ ဟာ ၊
      အပြင်ဆိုင်မှာ ဝယ် စား ရမယ့် ၊
      အဟာရ ပြည့်စုံတဲ့ ထမင်း တစ်နပ်နှင့် ညီမျှရတယ် ။

      နိုင်ငံတကာမှာလည်း အဲဒီ စံ လောက်ကိုပဲ ချိန်ပေးထားကြတယ် ။
      ပိုလှ လိုလှ နည်းနည်းပဲ ။

    • Shwe Ei

      July 16, 2012 at 2:16 pm

      ဒါတောင် စားစရိတ်ပဲရှိသေးတာကလားး ဦးဦးပါလေရာရဲ့။ နေစရိတ်၊ ဝတ်စရိတ် မပါတေးဝူး။ အောင်မလေး ပြောရင်းနဲ့တောင်ငိုချင်လာဘီ 🙁

  • pooch

    July 16, 2012 at 12:02 pm

    ဗျို့ အဘဖော…

    စက်မှုဇုန်မြေဈေးကွက်တွေ အရောင်းအဝယ်ရပ်သွားပြီလေ ဟိုလူကြီးက ပြောလို့ ဟုတ်မဟုတ်တော့ မသိဘူး…

    နောက်ပြီးခဲ့တဲ့ ၆ လပိုင်း ၃ဝ ရက်နေ့မှာ လုပ်ခဲ့တဲ့ သမ္မတအကြံပေး Dr. နေဇင်လတ်ရဲ့ ဆီမီနာမှာလည်း စောင့်ကြည့်ပါ သူတို့ ကျအောင် လုပ်ပေးမှာပါ ဆိုပြီး ပြောသွားတာ နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်။ ကားဈေးတောင် ချပေးနိုင်ခဲ့တာ မြေဈေးလည်း စောင့်ကြည့်ပါလို့ ဆိုသွားပါတယ်။

    အဲ့ဒီနေ့က ဆီမီနာက လူ ၅၀ဝ ကျော်လောက်လာတတ်ကြတာ။ စကားစပ်လို့ ပြောရရင် အမျိူးသား လူကြီး လူလတ်တွေက အများဆုံးပဲ။ အမျိူးသမီးတွေကတော့ ၅ဝ လောက်ပဲ အလွန်ဆုံး ရှိမလားပဲ။

    အရင်ကဆိုရင် ဆီမီနာတွေမှာ မေးခွန်းထမေးတဲ့သူ အရမ်းနည်းတယ် ။ ခုနောက်ပိုင်းတော့ ဖြေတဲ့သူတောင် အီစလံဝေနေအောင် မေးခွန်းတွေမျိုးစုံနဲ့ ဝိုင်းမေးကြတာ။ အားရစရာပဲ။ စိတ်ထဲက အကြောက်တရားတွေ ထိုက်သင့်သလောက်လျော့လာသလိုမျိုး ခံစားရတယ်။

    မေးတဲ့မေးခွန်းတွေကလည်း တကယ့်ကို တိုက်ရိုက်တွေမေးကြတာ ။ အမှန်တကယ် ကြုံနေရတဲ့ ပြသာနာတွေပေါ့။ ဖြေသွားနိုင်တဲ့သူကိုလည်း ချီးကျုးတယ်။ ပြောရရင် ပြောင်းလဲလာတယ်ပေါ့။

    ပြောသွားတဲ့အတိုင်းတွေ ဖြစ်မဖြစ်ကတော့ အခြေအနေအချိန်ခါတခုကိုစောင့်ပြီးရင် ဖြူသလား မဲသလား သဲကွဲလာမယ် ထင်တာပါပဲ။ ( အထင်ပါ – ခရက်ဒစ်တူ ဘပု)

    ပကတိအရှိတရားကို လက်သင့်ခံပြီး ဒီပြသာနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှာလဲ ဆိုတဲ့ အသိမျိုး လူတိုင်းရဲ့ စိတ်ထဲမှာ ရှိနေပါပြီ။ နည်းနည်းလောက်ထပ်ပြီး စိတ်ရှည်လက်ရှည်စောင့်လိုက်ပါအုန်းမယ်။

    ခုရေတွင်းတူး ခုရေကြည့်သောက်လို့မရတဲ့ အနေအထားတွေမို့ပါ။

    • pooch

      July 16, 2012 at 12:07 pm

      ပြောရရင် active ကို reactive လုပ်ဖို့ သိလာကြပြီး..
      နောက် ၂၀၁၅ မှာ ဝင်လာမဲ့ ကိုယ့်ထက်သာတဲ့ proactive သမားများကို တန်ပြန်ခုခံနိုင် ပူးပေါင်းနိုင်ဖို့ ပြင်ဆင်လိုတဲ့ စိတ်တွေကို နယ်ပယ်စုံမှာ မထင်မှတ်ပဲ လှစ်ခနဲ့ တွေ့လိုက်ရပါတယ်။

      ဒီကလူတွေ ညံ့သလား တော်သလား အချိန်တခုက အဆုံးဖြတ်ပေးတော့မယ် ထင်ပါတယ်။

      • Inz@ghi

        July 17, 2012 at 1:22 am

        အင်း … ဦးနှောက် ဆေးခံလိုက်ရတယ်ပေါ့ ….
        reactive, proactive ဆိုတဲ့ keyword ၂လုံးတည်းနဲ့ …
        နောက်ထပ် ၅လုံးလောက် ဆိုရင် …
        ဆိုက်ခယားအထွစ် ..ပြဖို့တို့ … ကွန်ဇာဗေးတစ်ဗ် ဂိုဏ်းနဲ့ ရန်ဆောင်ဖို့တို့
        ဖြစ်လာဦးမှာ …
        အဟိ
        သာဓု .. ဒုက္ခ…
        အန်းနီးဝေး …ဗယာကြော်ပါ မမပု

        ခင်တဲ့
        ဂီ

  • ဦးဦးပါလေရာ

    July 16, 2012 at 2:08 pm

    စိတ်နာလွန်းလို့ ထပ်ဝင်ပြောဦးမယ်..
    ၂၀၁ဝ တုန်းက နိုင်ငံခြားသားတယောက်နဲ့ စကားစပ်ပြောရာကနေ-
    ကျုပ်က တွက်ပြဘူးတယ်..

    စင်္ကာပူမှာ ပုံမှန်ရိုးရိုးဝန်ထမ်းတယောက်ရဲ့ တစ်လ ပျှမ်းမျှဝင်ငွေ ၁၅၀၀.
    အစိုးရစီမံပေးတဲ့ အရစ်ကျအိမ်ခန်းတခန်းရဲ့ အနိမ့်ဆုံးတန်ဘိုး ဒေါ်လာ ၆၀၀၀၀.
    အနိမ့်ဆုံးအခန်းမျိုးကို သာမန်နိုင်ငံသားတယောက်ရဲ့ဝင်ငွေနဲ့ ၄ဝ လ စုပြီးဝယ်နိုင်တယ်။
    မြန်မာနိုင်ငံမှာ အဲဒီတုန်းက ပုံမှန်ရိုးရိုးဝန်ထမ်းတယောက်ရဲ့ တစ်လပျှမ်းမျှဝင်ငွေ ၁၀၀၀၀၀.
    ရန်ကုန်မှာ အညံ့ဆုံးအခန်းတန်ဘိုး(အဲဒီတုန်းက) သိန်း၈၀.
    အနိမ့်ဆုံးအခန်းမျိုးကို သာမန်အလုပ်သမားတယောက်ရဲ့ဝင်ငွေနဲ့ လ-၈ဝ စုပြီးမှ ဝယ်နိုင်တယ်။
    ၂-ဆကွာတယ် …. ပေါ့…

    ကိုရွှေနိုင်ငံခြားသားကြီးက ခေါင်းတယမ်းယမ်းနဲ့ ရယ်မောပြီးငြင်းဆိုတယ်…။
    သူ့နိုင်ငံမှာ ဒေါ်လာ၁၅၀ဝ ရသူက လစာရဲ့ထက်ဝက်ကို ကြိုးစား စုနိုင်တယ်..တဲ့
    ဒါကြောင့် အဲဒီတိုက်ခန်းကို အများဆုံး လ-၈ဝ စုပြီး လက်တွေ့ ဝယ်နိုင်တယ်..တဲ့
    မြန်မာနိုင်ငံမှာ တစ်လ တစ်သိန်းရတဲ့သူက တစ်လ ဘယ်လောက် စုနိုင်မလဲ..တဲ့
    တစ်လတစ်သိန်းရတဲ့သူဟာ သူ့ဝင်ငွေထဲကစုပြီး သိန်းရှစ်ဆယ်တန်တိုက်ခန်းကို
    ဘယ်လောက်ကြာရင် လက်တွေ့ဝယ်နိုင်မလဲ…တဲ့…
    သူထင်တာတော့ ဘယ်တော့မှ ဝယ်နိုင်တော့မယ် မထင်ဘူး…တဲ့…

    ကျုပ်လဲ စိတ်ဆိုးဆိုးနဲ့ စတားဘတ်က ဘလက်ကော်ဖီခါးခါးကြီးကို
    တဂွပ်ဂွပ်နဲ့မည်အောင် သောက်ထဲ့လိုက်တယ်…

    အားပါး…… မြန်မာဖြစ်ရတာ.. ခါး မှ ခါး …….

    • pooch

      July 16, 2012 at 4:52 pm

      ဦးပါရေ နောက်တခါ အခါးရော့အောင် Latte လေးသောက် 😀 ( နောက်တာပါ )

      ပြောရရင် ကိုယ့်နိုင်ငံက ငွေမည်းတွေ ငွေဖြူဖြစ်အောင် လုပ်ကြတာများနေလို့နေမှာ ငွေကြေးဖောင်းပွမှုက ထိန်းမနိုင် သိမ်းမရ။ အဲ့ဒီငွေမည်းတွေ ဘယ်လိုနည်းနဲ့များ ချုပ်ကိုင်နိုင်မလဲဆိုတာလည်း စိတ်ဝင်စားပါရဲ့။

      နောက်တခုက တိုင်းပြည်ဆင်းရဲတာမှာ ချမ်းသာတဲ့ လူတန်းစားနဲ့ ဆင်းရဲတဲ့ လူတန်းစား ကွာဟမှုအရမ်းများပြီး လူလတ်တန်းစားပျောက်နေတဲ့ အတွက် ဒီလိုမျိုးဖြစ်နေတာ ထင်ပါရဲ့။

      တိုင်းပြည်ကို ချမ်းသာအောင် လုပ်တာပဲ ဖြစ်ဖြစ် ဖွံ့ဖြိုးအောင် လုပ်တာပဲ ဖြစ်ဖြစ် လူလတ်တန်းစားကသာ အဓိက ကျတာမို့ လူလတ်တန်းစားတွေ များသထက် များလာအောင် လုပ်ပေးရမှာ။

      အဲ့ဒီ ဆင်းရဲတဲ့ လူတန်းစား အများစု ပညာတတ် လူလတ်တန်းစားဖြစ်အောင် လုပ်နိုင်တဲ့ တနေ့ ကျမတို့ တိုင်းပြည် ဦးမော့နိုင်မယ် ထင်ပါရဲ့။

      ခုတော့ ဘယ်ဘက်က စမ်းစမ်း ဘယ်လိုစစ်တမ်းတွေပဲ ကောက်ကောက် ငိုချင်းချစရာတွေချည်းပဲမို့ ကျမဖြင့် အတိတ်ဆိုတာ ပြည်ဖုံးကားလိပ်ချပြီး ရှေ့ကိုပဲ မျှော်ကြည့်ပါတော့တယ်။ အနာသိမှတော့ ဆေးရှိရမှာပေါ့နော့။ သမားတော်တွေလည်း ဝိုင်းနေပြီပဲ ဟာ ။ သမားကောင်းရွေးတတ်ဖို့ပဲ လိုပါတယ်။

      • the best

        July 17, 2012 at 1:19 am

        တိုင်းပြည် ဦးမော့ သွားရင်
        တိုင်းပြည်ဦးခေါင်းနင်းထားတဲ့သူတွေ ပြုတ်ကျမှာမို ့
        မမော့နိုင်အောင် လုပ်ထားတာပါ။

  • ကြယ်ဂေါင်ဘက်မှာ ပျံကျ ဘောက်အလုပ်သမား ဝင်ငွေတစ်နေ့40
    (ဒါတောင်ခေါင်းက ကော်မရှင်ဖြတ်ထားပြီးသား)
    ထမင်းစားလက်ဖက်ရည်သောက် တစ်ရက် 20ဘဲကုန်တယ်။
    ကွမ်းစားဆေးလိပ်သောက်ပြိးရင် တစ်ရက်15ကျပ်စုနို်င်ပါတယ်။
    ဒီတော့ ဝင်ငွေများတာမများတာထက်ထွက်ငွေမများဘို့အရေးပိုကြီးတယ်လေ
    လောလောဆယ်ပြောတာပါ။

  • စိန်ဗိုက်ဗိုက်

    July 16, 2012 at 5:14 pm

    ဒါဖတ်ပြီး အလုပ်သမားတွေ ဆန္ဒပြတာ မလွန်ဘူးလို ့ ပိုသိသာသွားတယ်ဗျား..
    အရာရာဈေးကြီးနေတဲ့ နိုင်ငံထဲ မလောက်မငှ လစာနဲ ့ ဘယ်လို လူရောင်ထွက်တော့မှာလဲနော့
    နောက်တစ်ခါ ဆန္ဒပြတဲ့လူတွေနဲ ့ကြုံမိမယ်ဆိုရင် ကျုပ်ကိုယ်ဒိုင် ဘောင်းဘီခါးတောင်းကျိုက်ပြီး
    လုပ်ခလစာ တိုးပေးဖို ့ ပျော့်ပျော့်ကြီး ပါဝင်တောင်းဆိုမယ်ဗျို ့..
    🙂

  • MaMa

    July 16, 2012 at 5:48 pm

    ဟိုတုန်းက နိုင်ငံခြားထွက်လည်တဲ့သူတွေ စားစရိတ်၊ နေစရိတ်ကြီးလွန်းလို့ ငြီးကြရတယ်။
    ခုတော့ နိုင်ငံခြားထွက်လည်ရင် ပစ္စည်းတွေက မြန်မာပြည်က ဈေးနဲ့တွက်ရင် တန်လွန်းလို့ ဆိုပြီး ပြောကြတယ်။

    မှတ်မှတ်ရရ ဗုဒ္ဓဂါယာသွားတုန်းက ဒေါ်လာ ၁၀ဝ ကို ၄၇-၄၈ ရူပီးရတယ်။
    (အခုဆိုရင် ၅၅ ရူပီးလောက်တောင် ရနေပြီ။)
    မြန်မာငွေနဲ့တွက်ရင် ၁ ရူပီးကို ၁၇- ၁၈ ကျပ်ပဲ ကျတယ်။
    ဆာရီတွေကို ၂၀၀-၅၀ဝ ရူပီး လောက်ဆိုရင် ဝယ်လို့ရပြီ။
    အဝယ်တော့ မလောနဲ့။ သူများဆစ်ပြီး ဝယ်ပြီးတာကို ထပ်ဆစ်ဝယ်ရတယ်။
    ရူပီး ၇၀ဝ ခေါ်တဲ့ ဆာရီကို ၂၀၀၊ ရူပီး ၁၂၀ဝ ခေါ်တဲ့ ဆာရီကို ၅၀ဝ နဲ့ ရတယ်။
    ဆာရီ တစ်အုပ်ကို ဝမ်းဆက် ၂ ဆက်ရတယ်။
    တစ်ဆက်ကို ၂၀၀ဝ ကျပ်-၅၀၀ဝ ကျပ်လောက်ပဲ ကျတယ်။
    ပွဲနေပွဲထိုင်တောင် ဝတ်လို့ရတယ်။
    ကြာကြာတော့ မခံဘူး၊ အမြင်တော့လှတယ်။
    အသိတစ်ယောက်ဆိုရင် ဆာရီအုပ်ချည်းပဲ ၅ဝ လောက် ဝယ်လာတာ။
    ကဲ- ဘယ်လိုပြောရမလဲ။
    ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား။ [:(]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • နေဝန်းနီ

    July 16, 2012 at 8:12 pm

    အဘ ဖောရေ…။ ဟေမာနေဝင်းသီချင်း ကြိုက်ဖူးမှာပေါ့…။ xxx စဉ်းစားရင်း စဉ်းစားရင်း မးခွန်းလေးတွေ ပေါ်လာ….. စဉ်းစားပြီးကျမရဲ့ မေးခွန်းလေးဖြေပါ………..။ အဲ….. အဲ ဒီ သီချင်းလိုပဲ ဗျာ…။ ခင်ဗျားကြီးက စဉ်းစားခိုင်တယ်…။ ကျုပ်တို့မှာ က စဉ်းစားရင်း စဉ်းစားရင်း မေးခွန်းတွေက ပေါ်ပေါ်လာ….။ သေချာပြန်ကြည့်တော့လည်း ဂုဏ်ယူစရာမဟုတ်သလို စိတ်ကုန် စိတ်နာ စရာလည်း မဟုတ်ပြန်ဘူးဗျ…။ ပေါက်ဖော် ပြောသလိုပဲ….။ ကျုပ်တို့က ဒူပေနာပေ ခံ နိုင်တဲ့ /ခံနေရတဲ့ သူတွေ ဖြစ်နေတယ်….။

  • htoosan

    July 16, 2012 at 9:33 pm

    မဆီမဆိုင် ဂလိုင်နဲ့ ဝင်ခေါက်လိုက်ဦးမယ် .. ဩစီနဲ့ဆိုင်တာဆိုတော့ .. သူကြီး ဖိုရမ်သွားရေးလဲ ဘယ်သူမှ လာဖတ်တော့မှာ မဟုတ် .. သတင်းတစ်ပုဒ်အနေနဲ့လည်း မတင်ချင်ဆိုတော့ ဘဖော အမျိုးတော်မလားဆိုပြီး … နောက်တာနော် ..
    သစ်ထူးလွင်က ကူးလာတာပါ ။
    http://www.thithtoolwin.com/2012/07/blog-post_9051.html

    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ ့ သားဖြစ်သူ တာရာမြင့်ဆွေဟာ ဩစတြေလျနိုင်ငံသားခံယူထားသူ သူရဲ ့ ဇနီးဖြစ်သူကို လက်ထပ်ထိမ်းမြားပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း ဩစတြေလျနိုင်ငံသား ခံယူထားသူဖြစ်ကြောင်းသိရပါတယ်။

    ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ ့ သားဖြစ်သူ တာရာမြင့်ဆွေရဲ ့ ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို ့၏ သမီးဖြစ်သူ) ဟာ ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို ့(Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်ကြပြီး၊ သူမဟာ လွန်ခဲ့တဲ့ (၁၂) နှစ်ခန် ့ကကတည်းက ဖီဂျီနိုင်ငံ (Fiji) ကနေ ဩစတြေလျနိုင်ငံရဲ ့ နိုင်ငံသားခံယူပြီး ဆစ်ဒနီမြို ့သို ့ ရွှေ ့ပြောင်းအခြေစိုက်နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

    ဒန် ဒန့် ဒန်…
    ဆောရီးပါ ဘဖော ရေ ။ ဘဖော ပိုစ်ထဲ ဝင်ရှုပ်တာ..

  • the best

    July 17, 2012 at 1:07 am

    ဂုဏ်ယူစရာလည်းမရှိဘူး။ စိတ်ကုန် / နာ စရာ လည်းမဖြစ်ဘူး။
    ခံရပေါင်းများနေလို ့ထူနေပြီ။

    အခုတစ်မျိုးတော်ကြာတစ်မျိုး“ မျောက်မူးလဲ ”တွေကြည့်ပြီး
    “စိတ်ကုန်”တာပဲရှိတယ်။

    ငွေလဲနှုန်းကိုကြိုက်သလိုသတ်မှတ်လို ့ရတယ်။
    မနေ ့ကနဲ ့ ဒီကနေ ့မတူအောင်လုပ်နိုင်တယ်။
    ဒီနေ ့ နဲ ့ မနက်ဖန် မတူအောင် ပြောင်းနိုင်တယ်။

    ကျွန်တော် “ဒီဈေးကိုမကြိုက်ဘူး” လို ့ ပြောလိုက်တာနဲ ့
    မနက်ဖန်ချက်ချင်းဈေးတွေ ကမောက်ကမ ဖြစ်အောင်လုပ်နိုင်တဲ့
    မြန်မာနိုင်ငံလို “ဟိုက်ချလောက် နိုင်ငံ” ကို ဘယ်လို စံနှုန်းနဲ ့တွက်ပြီးသတ်မှတ်လိုက်ပါလိမ့်။

  • Inz@ghi

    July 17, 2012 at 1:25 am

    ဗျို့ အဘဖော …
    နည်းနည်း ကီးမြင့်တဲ့ကိစ္စ လို့ မြင်သဗျ. ..
    ကောမန့်တွေ လိုက်ဖတ်အပြီးမှာ …
    :mrgreen:
    အခွန်နဲ့ အာမခံ ကိစ္စ လှည့်တူးကြည့်ရင် အဖြေ တခု ထွက်ကိုထွက်မှာပါဗျာ …
    ကျနော်ကတော့ အဲ့သည့် ဖိုင်းနန့်စ်ဘက် သေစာရှင်စာလောက်ပဲ တတ်လို့
    (အ-အ မုဒိန်းအကျင့်ခံရသလို ဖြစ်နေတာမို့) ဆြာတွေ ရဲ့ စာတွေ စောင့်ဖတ်နေပါတယ်လို့
    သတင်းပို့ခဲ့ပါရဲ့ဗျား …

  • Solid_Sn@ke

    July 18, 2012 at 3:08 pm

    ဒီသတင်း ခုပဲ အီလဲဗင်းမှာ ဖတ်လိုက်ရလို့ ..ပြန်လာခဲ့ပါတယ်ဗျာ …
    သူတို့ လုပ်သလို ကျနော်တို့လည်း ဆာဗေး ပုံစံလေး ..အကျယ် လုပ်နိုင်ရင်ကောင်းမလားဗျို့…
    စီဂျေတွေ ဒီလိုလေး ဝိုင်းလုပ်ကြရင် သိပ်ကောင်းမလားပဲဗျို့ .. ..
    သာမန် လက်လုပ်လက်စား ခေါင်းရွက်ဗျက်ထိုး ကနေ စလို့..
    သာထိန်း အဆင့် လောက်အထိ ဝင်ငွေ ထွက်ငွေ လိုက်မေးကြည့်ပြီး
    ဇယားလေး ဘာလေး ဆွဲကြည့်ချင်မိတော့တာပါပဲဗျို့ ….

    အဲ့ဒါကို ထရေ့စ် လိုက်ကြည့်မယ် ဆိုရင် .. တခုခုတော့ သိနိုင်မလားပဲ…
    ကျားကြီး ခြေရာ ကြီးမို့ ..ဝင်ငွေ နဲ့ ထွက်ငွေ ဂရပ် ၂ခုဟာ လူမှုအဆင့်(ဘဝ)
    မြင့်ရင် မြင့်သလောက် တဖြည်းဖြည်းချင်း မြင့်တက်လာမှာ ဖြစ်ပေမယ့် …

    မြန်မာပြည်ဟာ လူချမ်းသာတွေ နေပျော်တဲ့ နေရာ တခု ဖြစ်နေသေးတာကြောင့် …
    ဘယ်အဆင့်လောက်မှာ အနှီ ကွာဟမှု ဂတ်ပ် ကို စတွေ့ရမလဲ …
    (ထားပါတော့ ဂျာ .. အဆင့်လောက်လား ..ဂျီအမ် အဆင့်လောက်မှလား ..)
    အနှီ အဆင့် အတွက် ပညာရေး နဲ့ အတွေ့အကြုံ ဘယ်လောက် အဆင့်ထိ လိုအပ်မှုရှိသလဲ..
    ပျမ်းမျှ အသက်အရွယ် ဘယ်လောက် ကျမျှလဲ.. မှီခိုသူ အရေအတွက် မိသားစု ဆိုက်ဇ် ဘယ်လောက်
    ရှိနေ သလဲ ရှိသင့်သလဲ …ဆိုတာတွေ က တပိုင်း သိရမှာဖြစ်ပြီး..

    သည်ဘက်တခြမ်းမှာတော့ …
    ဘယ်အဆင့် အောက် ဆိုရင် ..ဘာတွေ ဘယ်လို ဘယ်လောက် ဝင် ၊ ကုန်
    နေပြီး ကြွက်ပြေးလမ်း ထဲ ပိတ်မိနေသလဲ … မလိုအပ်ဘဲ ဘာတွေ က ဖိစီးနှိပ်စက်နေသလဲ
    ဆိုတာလေးတွေ သိရရင်…

    ဒါတွေ ကို မီဒီယာ ကတဆင့် တကယ် ပြုပြင်ပြောင်းလဲရေးကောင်း ..လုပ်နိုင်မယ့် လူတယောက်ယောက်ကို
    ပြနိုင် လက်ဆင့်ကမ်းနိုင်ရင် အတော် အကျိုးများ မယ် ထင်ကြောင်းပါ…။

    ခုတလော သိပ် သိပ်ခေတ် စားနေတဲ့ ..လခ တိုးတောင်းဖို့ တခုတည်း .သက်သက် ကတော့ ..
    အဖြေ လို့ မယုံကြည်ကြောင်းပါ…။ ယိုပေါက်တွေကို ပိတ်ရမယ်. .ယိုပေါက်တွေ ကို ပိတ်ရမယ်.
    ယိုပေါက်တွေ ..အင် …ယိုပေါက်တွေ…

    ဒက်ဂလောက် ဒက်ဂလောက် ဒက်ဂလောက်…

    • Solid_Sn@ke

      July 18, 2012 at 3:16 pm

      နည်းနည်း စာကျန်သွားတယ်.. အပေါ်မှာ ..ရေးထားတဲ့ အခွန်နဲ့ အာမခံ စနစ် …ကိစ္စ..
      အာချီလန် စတန်းဒတ် လစာ မပေးနိုင် သေးဘဲ အာချီလန် စတန်းဒတ် အခွန် ကတော့
      မမျှော်စကောင်းဘူး ထင်ပါရဲ့ ..စီးပွားတွေ မဖြစ်ရတဲ့ ကြားထဲ …အလုပ်သမား မချမ်းသာတာ
      (မငတ်သေးရင် အလျင်မီသေးရင်) သိပ်ပြဿနာ မရှိ သေးဘူး ..။ အလုပ်ရှင် မွဲမှ ..
      ပရုပ်လုံး SMEs အကုန် ကြွေ ကုန်တော့မှ ..အကုန် နားကားမယ် ထင်တာပါပဲဗျာ ..
      အလယ်သား ကို စွဲတင်ပြီးမှ ..အခွန်တွေ ..အာမခံတွေ ကျွဲကူးရေပါ ထူထောင်နိုင်လိမ့်မယ်..
      ပိုမို လုံခြုံဖူလုံတဲ့ လူမှုဘဝ ကို ရမယ် ထင်တာပါပဲ …အရီးလတ်တို့ဆီက ကြွေးကျော်တဲ့
      ခွာလ်ထီ အော့ဖ် လိုက်ဖ် ဆိုလား ဘာလား ..အဲ့ဒါ…

      ခုတော့ ဘယ့်နှယ့် .. တောမှာ မစားလောက်တော့ မြို့ တက်.. မြို့ က စားရိတ်ကြီး ..အလုပ် ပါး …
      နောက်ဆုံး အူမမတောင့်တော့ ….အဝှာ ဖြစ် …
      🙁

      အင်း ..တော ဆိုလို့ …
      ပြောသာပြောရတယ် ..ခေတ်သစ်ခြစ်တီး (- ျ ယပင့်နဲ့မချစ်ရက်တဲ့ …ခြစ်ဆုံးဂျီး တို့)
      ကလည်း .. ဘူဇွာ တစခန်းထ နေလေတော့ ..
      ဟို ဆြာကြီး ပြောတဲ့ ..ဟောဒါကြီးကိုတောင် လက်ခုပ် တိုးတိုးလေးပဲ တီးနိုင်တော့ပါအိ…။

      ကူးထည့်လိုက်ပါအိ…
      ဟင့် ဟင့်….

      ကျးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့် တင်သွင်းခဲ့သော စာတမ်းမှာ မြန်မာ့လူမှု စီးပွားရေးဖွံ့ဖြိုးမှုကို စိတ်ဝင်စားသူတို့အဖို့ အားတက်စရာဖြစ်သည်။ အဆိုပါစာတမ်း တွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက် စဉ်းစားရ မည့် ပြဿနာငါးရပ်ကို နိဒါန်းအဖြစ် ဖော်ပြကာ

      ၁။ ဆင်းရဲနွမ်းပါးမှုနှင့် ၎င်းကိုတိုင်းတာမှု၊
      ၂။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး မဟာဗျူဟာဆိုင်ရာ အတွေးများ၊
      ၃။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ ဆက်စပ်လျက် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး လုပ်ငန်းအစီအစဉ်၊ ၄။ စောင့်ကြပ်သုံးသပ်ရေးနှင့် မြန်မာ့ဖွံ့ဖြိုးရေး အရင်းအမြစ်ဌာန တည်ထောင်ရေးဟူ၍

      အပိုင်းလေးပိုင်း ခွဲခြားတင်ပြခဲ့သည်။

      အိုဘယ့် ပီဒီစီအေ
      🙁

      • Foreign Resident

        July 18, 2012 at 3:26 pm

        ဒါနှင့် ဂီဂီ ရေ ။
        အခု အဘ ရထားတဲ့ ၅၅-၃၀ဝ mm ပြောင်းရှည်ကြီးက ဘယ်မှာသုံးရမှာလဲဟင် ။
        ဘယ် အကွာအဝေး ကို ရိုက်ဖို့လည်း ။
        ဒါတောင် ၊ အစ က ၊ All in one တစ်ပြောင်းထဲ ပွဲပြီး ဆိုပြီး ၊
        ၁၈-၃၀ဝ ကြီး ဝယ်ဦးမလို့ ၊ သေချာပြန်ကြည့်မှ ၊
        ပြောင်းက အရမ်းရှည်နေတာနှင့် ၊
        ဟိုနား ဒီနားသွား ပြောင်းရှည်ကြီး တကားကား ဖြစ်နေမှာစိုးတာနှင့် ၊
        ဂီဂီ အကြံပေးတဲ့ ၁၈-၅၅ ၊ ၅၅-၃၀ဝ အတွဲပဲ ဆွဲလိုက်တယ် ။

        • Solid_Sn@ke

          July 18, 2012 at 3:38 pm

          Zoom lens ပေါ့ဗျာ ..အလွယ်ပြောရရင်..

          A 300mm lens has a field of view of about 5 degrees

          Sistine Chapel က နံရံဆေးရေးပန်းချီတွေ ရိုက်ခဲ့ပါဗျို့ …
          :mrgreen:

Leave a Reply