July 15.7.2012 နေ့မှာပေါ့ကျွန်မတို့ရုံးမှမန်နေဂျာနှင့်သူငယ်ချင်းများရိပ်သာသို့ကုသိုလ်ပြုလုပ်ရင်း
ဝေယာဝေစ္စဒါနများပြုလုပ်ဖို့မန်နေဂျာနှင့်တကွသူငယ်ချင်းများသွားကြဖို့ညနေထဲကလူစုကြပါတယ်။မနက်ကို
၄နာရီခွဲကိုသွားကြမယ်ဆိုပီးပြောထားကြပါတယ် ။နိုးတဲ့သူငယ်ချင်းတွေကလာနိုးတော့မထချင်ပါဘူး ဒါပေမဲ့
လူးလိမ့်ထရပါတယ်။အပျင်းကြီးနေလို့မဖြစ်ဘူးလေ ခါတိုင်းမှာဆိုရုံးပိတ်ရက်တနင်္ဂနွေဆိုနေမြင့်အောင်ထိရနာ
ရီ၈နာရီမှထကြတာဆိုတော့တော်တော့လူးလဲထရပါတယ်မန်နေဂျာကကုသိုလ်ပြုတာဖြစ်ပါတယ်ကျွှန်မတို့
သူငယ်ချင်းတစုကတော့ဝေယာဝစ္စဒါနပြုတာဖြစ်ပါတယ်ဟိုရောက်တော့၄ခွဲကျော်လောက်ဖြစ်ပါတယ်ရိပ်သာမှ
ယောဂီများကိုကျွှေးဖို့အားလုံးကူညီပေးကြရပါတယ်။ဘုန်းဘုန်းကိုမနက်အာရုံဆွမ်းတဖွဲ့လုံးကပ်ကြပါတယ်ကို
ကိုယ်တိုင်လှူတာမဟုတ်ပေမဲ့အရမ်းကြည်နူးမိပါတယ်ကြည်နူးစရာလဲတော်ကောင်းပါတယ်ဒီလိုနဲ့အာရုံမနက်
ခင်းစာအောင်မြင်ခဲ့ပါတယ်။နေ့လှည်စာဘုန်းတော်ကြီးများနဲ့ယောဂီများကိုကပ်ဖို့ရိပ်သာမှကားနဲ့ဟင်းသီး
ဟင်းရွက်နှင့်ချက်စရာများသွားရောက်ဝယ်ကြပါတယ် ကျွှန်မတို့ဖွဲ ဟင်းချက်စရာများသွားဝယ်နေတုံးကိုဘုရား
ဝိုင်းထဲသို့တံမျက်စည်းများလှည်းကြပါတယ် ။ လှဲပီးချိန်မှာ ဟဲ..ဟဲ ဝါသနာလေးပါတော့သူငယ်ချင်းများနှင့်
မှတ်တမ်းတင်ဓါတ်ပုံများရိုက်ခဲ့ကြပါသေးတယ်အမှတ်တရပေါ့။ဘုရားကိုလဲမန်နေဂျာကဆေးသုတ်သေးပါတယ်
သူငယ်ချင်းကောင်လေးများလဲအားလုံးဝိုင်းကူကြပါတယ်။ဒီလိုနဲ့နေ့လည်စာအတွက်လုံးပန်းရပါတော့တယ်
ရိပ်သာမှ ရှိတဲ့ဝေယာဝေစ္စကုသိုလ်ရှင်တွေလဲအရမ်းပင်ပန်းကြပါတယ် ကျွှန်မတို့သူငယ်ချင်းတစုလဲဝိုင်း
ကူဟင်းရွက်များသင်အားလုံးကူလုပ်ပေးကြပါတယ်ဒီလိုနဲ့နေ့လည်စာချိန်ကိုရောက်လာတော့ပုဂံချ ဟင်းတွေ
ထည့်နဲ့သူငယ်ချင်းအားလုံးနဲ့တယောက်တလက်တော်ပျော်စရာကောင်းပါတယ်ယောဂီများလာတော့အားလုံး
ပဲလက်အုပ်ချီလိုစောင့်နေကြပါတယ်။ရိပ်သာကိုရောက်မှပဲ ကိုယ်အမူရာနှုတ်အမူရာတွေငါတို့တွေကြမ်းပါလား
လို့ကို့ကိုရှက်မိပါတယ်တော်ကြည်ညိုစရာကောင်းပါတယ်ယောဂီများဟာလမ်းလျှောက်ရင်လဲခြေတလှမ်းခြင်း
လျှောက်ပီးထမင်းစာလဲဇွန်းသ ံပုဂံ မကြားရပါဘူးတော်ကိုတိဆိတ်ငြိမ်သက်နေပါတယ်ကြည်ကျွှန်မတို့အဖွဲ့
ယောဂီတွေစားအပီးမှာအားလုံးပုဂံဆေးပေးကြပါတယ် လူ၄ယောက်အဆင့်ဆင့်ဆေးတာပုဂံတွေကို၁နာရီ
လောက်ဆေးရပါတယ် မှန်တာပြောရရင်ဒါကုသိုလ်တော်ရတယ်လို့တော့ထင်ပါတယ် ကျွှန်မတော်ရွံတတ်
တဲ့လူပါစိတ်ထဲကနေအော်ငါ ကုသိုလ်လုပ်တာပါလေလို့ ကျွှန်မ မရွံတော့ပါဘူးကို့ကိုယ်ကိုပဲဆုံးမပီးဆေး
ပေးလိုက်ပါတယ်ပုဂံတွေလဲဆေးပီးရောသူငယ်ချင်းအားလုံး တော်ကိုမောသွားကြပါတယ်မနက်စောကလဲအိပ်
ယာထထားရတော့အိပ်ကလဲအိပ်ချင်ပင်ပန်းကလဲပင်ပန်းနဲ့ပေါ့ ဒါပေမဲ့ကြည်နူးမိပါတယ်ပင်ပန်းလဲပင်ပန်း
ပျော်လဲပျော်ပါတယ် ကိုယ်ကိုတိုင်လှူတာမဟုတ်ပေမဲ့ဝေယာဝေစ္စ ကုသိုလ်လုပ်ရတာတော်ပျော်ဖို့ကောင်းပါ
တယ်လူငယ်တွေနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူကြီးများကုသိုလ်ဒါနပြုကြတဲ့ခါတတပ်တအားဝိုင်းဝန်းကူညီ
ကြစေလိုပါတယ် ။ကျွှန်မစာတော့မရေးတတ်ပါဘူးကိုတွေ့အတွေ့ကြုံလေးကိုပြောပြခြင်းဖြစ်ပါတယ်အားလုံး
အမှားပါရင်သည်းခံပေးကြစေလိုပါတယ်။သူငယ်ချင်းအားလုံးကိုကုသိုလ်ပြုသမျှ…အမျှ..အမျှ..အမျှ
သတ္တဝါမှန်သရွေ့တရားတွေ့နိုင်ကြပါစေ

About မဂွတ် ထော်

မဂွတ် ထော် has written 6 post in this Website..