တောင်ကြာပန်းနှင့်…………

mamanoyarJuly 16, 20122min25227

ပန်းတိန်ငို

မှုန်ပြာရီ မှိုင်းကာမို့မို့ ညို့ညို့ညိုလွင်

စိမ်းစိုတဲ့သစ်တောနဲ့ လိုက်ဖက်တဲ့မြူ

တောင်ကြာပန်းတဲ့ တစ်ခါမှမမြင်ဖူးဘူး လှလို့ယူလာတာ

27 comments

  • မောင်ပေ

    July 16, 2012 at 11:15 am

    တောတောင်ရှူခင်းတွေကလှ
    ပန်းတွေကကြွ
    နေတာကို မြင်ရတော့
    ဒီလိုလေး ရေးချင်မိတယ်
    “““
    တောင်ကြာပန်း
    မှောင်မှာနမ်း
    ယောင်ကာစမ်း
    ကြောင်လာဖမ်း
    ”””

    • water-melon

      July 16, 2012 at 12:37 pm

      ဘယ်ကြောင်သွားဖမ်းမှာလဲတော့
      အူးကြောင်လားဟင်
      သတိထားနော်
      သူက အခုတလော နိုင်ငံရေးနဲ့ခေါင်းရှုပ်နေတာ
      ဆေးတောင်မတိုက်ရဲဘူး
      အနားလာရင် ကုတ် ကုတ် လွှတ်လို့ 😛

  • Ma Ei

    July 16, 2012 at 12:17 pm

    တောင်ကြာပန်းတဲ့
    တစ်ခါမှမမြင်ဖူးဘူး
    တော်တော်လှတယ်နော်…
    ရှုခင်းလေးတွေလဲလှတယ်…
    ဘယ်နေရာလေးပါလိမ့်နော်…

    • mamanoyar

      July 18, 2012 at 12:46 pm

      နှီးဘုရားမှာ ရောင်းနေတာတွေ့ပါတယ်king of Secrets ရေ
      အထူးအဆန်းလေးမို့ ယူလာတာပါ

  • မမ အညာသူ

    July 16, 2012 at 12:50 pm

    ချယ်ရီတွေငိုနေပြီနိုရာလေးရေ………..
    တောင်ကြာပန်းရဲ့အလှတွေကြောင့်ဖြစ်မယ်………
    ဟိဟိ
    ပုံလေးတွေကအမိုက်စားလေးပါ

  • etone

    July 16, 2012 at 1:40 pm

    တောင်ကြာပန်းတဲ့ .. တစ်ခါမှ မမြင်ဖူးဘူး မမနိုရာရေ …
    သူက ပုတိမ်ငိုဘက်မျိုးနွယ်လား.. ဝါဆိုပန်းနဲ့လည်း ခပ်ဆင်ဆင်နော် …. အပွင့်ဆင့်ပုံချင်းတူတယ်နော် … ။
    ဖွင့်ဖတ်အချွန်လေးတွေကလည်း … အပင်တုလားမှတ်ရတယ် .. လှတယ်နော် … ။

    ပန်းတွေကိုကြည့်ရင်း ပန်းအိုးထိုးထားပုံလေးပါမှတ်သွားပြီ …. ကျွန်မက အလှပန်းအိုးထိုးရတာ အရမ်းဝါသနာပါလို့ပါ … ။ သင်တန်းတော့ .. အချိန်ပေးပြီးသွားမတတ်ပေမယ့် .. မျက်စိနဲ့မှတ်ပြီး … အထိမ်းမှတ်ရှိလျှင် ထိုးနေကြမို့ပါ … ။ 😀

    • pooch

      July 16, 2012 at 1:59 pm

      ဟုတ်ပါ့ တုန်တုန်ရေ အမလည်း တခါမှ မမြင်ဖူးဘူး ။ ခုမှ တွေ့ဖူးတယ်။ ဘယ်လိုများ ပေါက်တာပါလိမ့်။ ကန်ထဲမှာပဲ ပေါက်ပြီး ကြာမျိုးကွဲပဲ ထင်ပါရဲ့။

  • မဟာရာဇာ အံစာတုံး

    July 16, 2012 at 2:19 pm

    တကယ့် တောင်ကြာပန်းလားဗျ …
    လှတယ်ဗျာ ..
    အဲ့ပန်းလေးဂို တောင်မလေး သွားပေးလိုက်ရင်
    ဘယ်လို နေမလဲ သိဘူးနော် .. အဟီးးးး 😀

  • minnannawar

    July 16, 2012 at 2:23 pm

    တောင်ကြာပန်းတဲ့လား၊ အလွန်လှပါသည်။ မြင်ရခဲသောပန်းဖြစ်ပါသည်။ မျိုးပွား၍လွယ်ကူပါသလား။ ဘယ်အရပ်ဘယ်ဒေသတွင် ရနိုင်ပါသနည်းသိလိုပါသည်။ ပန်းတိမ်ငိုပန်းကဲ့သို့ အမျိုးအစားဖြစ်ပါသလား။
    ဖြစ်နိုင်လျှင်မျိုးရယူလိုပါသည်။ အသေးစိတ်ရှင်းပြနိုင်ပါက ကျေးဇူးအထူးတင်ပါမည်။

  • mamanoyar

    July 16, 2012 at 2:31 pm

    လေးပေါက်ရောက်ဖူးမှာပါ မေမြို့နားက အနီးစခန်းမှာလေ
    ဟုတ်ကဲ့ နိုရာလဲအခုမှ မြင်ဖူးတာပါရှင်
    တစ်ခါမှမမြင်ဖူးပါဘူး
    နှီးဘုရားရောက်တော့ ရောင်းနေတာတွေ့ပါတယ်
    ဘုရားပေါ်မှာထိုးထားတဲ့ပန်းလေးကို ဓါတ်ပုံရိုက်လာတာပါ

  • မဂွတ် ထော်

    July 16, 2012 at 3:18 pm

    အရမ်းလှတယ်ကွာပုံလေးတွေ က
    အားပေးသွားတယ်နိုရာရေ..
    ဒါထက်လှတာလေးတွေလဲတင်ပေးအုံး
    စောင့်နေမယ်နော်……..

  • ညလေး

    July 16, 2012 at 4:01 pm

    မမနိုရာရဲ.လက်ရာကလည်း…..ကောင်းထှာ….
    တောင်ကြာပန်းလေးတွေ…အနုအရင်.ရောရှက်လို….
    လှပနေတာပဲနော်…
    နောက်ထပ်လည်းပုံတွေအများကြီးတင်ပါအုံးနော်….

  • ko khin kha

    July 16, 2012 at 4:09 pm

    ပန်းတိန်ငိုပန်းတော့ တွေ့ဖူးတယ်၊ အခု တောင်ကြာပန်းတော့ အခုမှတွေ့ဖူးတာ၊
    အတော်လှတာဘဲနော်။

  • mamanoyar

    July 16, 2012 at 4:46 pm

    မမြင်ဖူးတဲ့ပန်းလေးကိုတင်ရလို့ တကယ်ဝမ်းသာပါတယ်ရှင်
    အားပေးတဲ့သူအကုန်လုံးကိုလဲ ကျေးဇူးတင်ပါတယ်

  • အလင်းဆက်

    July 16, 2012 at 6:46 pm

    အိုး..သိပ်လှတာပဲ..ဗျာ။

    ရှုခင်းတွေလည်း..လှ..တယ် ။

    မမနိုရာကရော…
    လှလား.ဟင်…။

  • metallic

    July 16, 2012 at 7:58 pm

    လှလိုက်တဲ့ပန်းလေး
    တောင်ကြာပန်းဆိုတာ
    တရုတ်သိုင်းကားထဲမှာပါတဲ့ပန်း နာမည်မှတ်လို့…အဟိ
    (အဲဒီလို ဗဟုသုတပြည့်စုံတာ)

  • TTNU

    July 16, 2012 at 10:49 pm

    နိုရာရေ..
    တီချာပန်းလေးတွေစုနေတာ။
    ကြိုက်လို့ကူးမယ်နော်။
    ကျေးဇူးတင်ပါတယ်။
    🙂

    • mamanoyar

      July 17, 2012 at 9:29 am

      ဟုတ်ကဲ့ ကူးလို့ရပါတယ်ရှင်
      အခုလိုလာကြည့်ပေးတဲ့ တီချာကိုလဲ
      ကျေးဇူးတင်ပါတယ်ရှင့်

  • ရှင်းသန့် နွယ်

    July 17, 2012 at 10:36 am

    မမနိုရာရေ တောင်ကြာပန်းလေးကိုအရမ်းသဘောကျပါတယ်
    မှိုင်းညို့နေတဲ့သစ်ပင်နဲ့တောင်တန်းတွေ…မြူတွေကိုမြင်ရတော့
    ရင်ထဲမှာဆွေးသလိုလို…လွမ်းသလိုလို..:(

    • mamanoyar

      July 17, 2012 at 12:58 pm

      အင်း ရှင်းသန့်ကလွမ်းစရာရှိတယ်ထင်တယ်နော်
      ဟဲဟဲ ရှင်းသန့်ရေ လာကြည့်ပေးတာကျေးဇူးတင်ပါတယ်နော်
      နိုရာ့ပုံလေးကို လာကြည့်ပေးတဲ့သူအားလုံး ကျေးဇူးတင်ပါတယ်ရှင်

  • Shwe Ei

    July 17, 2012 at 4:10 pm

    Wow ! (ရွာသူနာမည်မဟုတ် အံ့ဩလွန်းလို့ ထွက်လာသော အသံဖြစ်သည်။) တောင်ကြာပန်းပုံလေး ကူးယူသွားပါသည်။ ပန်းအိုးထိုးခွင့်ရမည်ဆိုလျှင်အတိုင်းထက်အလွန်ပင်ဖြစ်ပါသည်။

    ခင်တဲ့
    မရွှေအိ

  • eipu

    July 17, 2012 at 4:14 pm

    တခါမှမမြင်ဘူးဘူး။
    ဘယ်အချိန်မှာပွင့်တာလဲဟင်။

  • စိန်ဗိုက်ဗိုက်

    July 17, 2012 at 4:26 pm

    ဟုတ်တယ်ဗျ..
    ခုမှမြင်ဖူးတယ်..
    ဘယ်မှာ ပွင့်တာလဲသိလားခင်ည…
    ပလပ်စတစ် ပန်းတော့ ဟုတ်လောက်ပါဘူးနော်..
    ဟီး.ဟီး..

    • mamanoyar

      July 17, 2012 at 4:31 pm

      ပလပ်စတစ်ပန်းမဟုတ်ပါဘူး ဗိုက်ဗိုက်ရဲ့
      တကယ့်ပန်းအစစ်တွေပါ နှီးဘုရားမှာ ရောင်းနေတာတွေ့လို့
      ဒီပန်းအိုးကတော့ ဘုရားမှာအလှထိုးထားတဲ့ပန်းအိုးလေးကို
      ရိုက်လာတာပါ

Leave a Reply