ဂီတအနုပညာရှင်တွေ ပေါများတဲ့ ပြည်သူ ့လွှတ်တော်ကြီး။

YE YINT THUJuly 16, 20121min1538

အခုကျင်းပနေတဲ့ လွတ်တော်ထဲမှာ

ဂီတ အနုပညာရှင်တွေ အတော်များတယ်ဗျ။

ဘာလို ့လဲဆိုတော့ ဒေသအသီးသီးကတက်ရောက်လာကြတဲ့ လွတ်တော်ကိုယ်စားလှယ်များကမေးခွန်းမေးရင်

အချိန်ကို ဂရုပြုပြီးတော့ လိုရင်းတိုရှင်း ဖြေသူကနည်းပါး ပြီး ဝေ့ကာဝိုက်ကာနဲ ့တယောထိုးတတ်ကြတဲ့ သူတွေများနေလို ့ပါ။

နာမူနာသိချင်ရင်တော့ ဖြစ်စဉ်တစ်ခုပြောပြပါ့မယ်။

ဇူလိုင် ၉ ရက်နေ ့ကကျင်းပတဲ့ ပြည်သူ ့လွှတ်တော်အစည်းအဝေး မေးခွန်းမေးမြန်းခြင်းကဏ္ဍမှာ သင်္ကန်းကျွန်းမဲဆန္ဒနယ်က ဦးသိန်းညွန် ့မေးသွားတာကရှင်းရှင်းလေးပါဗျာ။
“ ပြစ်ဒါဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုကြောင်းမေးခွန်း ကို ပြန်ဖြေသွားတဲ့ ပြည်ထဲရေးဒုဝန်ကြီးရဲ ့အဖြေက ဘာမှကို မဆီမဆိုင်တဲ့ဖြေကြားချက်ကြီးပါဗျာ။ ”

ဖြေကြားချက် အသေးစိတ်ပြန်လေ့လာချင်ရင်တော့ 10-7-2012 နေ ့ထုတ်သတင်းစာတွေ ပြန်ဖတ်ကြည့်ကြပါလို ့ဘဲလက်တို ့ပါရစေ။

တစ်ကယ်ဆိုရင်သူဖြေရမှာက လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အစီအစဉ် ရှိရင်ရှိတယ်၊ မရှိရင်မရှိဘူးပေါ့ဗျာ။ အဲဒါ ဘာပြန်ဖြေလဲဆိုတော့-
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအကျဉ်းထောင်၌ ပြစ်ဒါဏ်ကျခံလျှက်ရှိသည့် အကျဉ်းသား မောင်အေးအောင် (ဘ) ဦးသောင်းစိန်သည် အင်းစိန် မြို ့နယ်တရားရုံး အရေးပေါ်စီမံမှုအက်ဥပဒေ ၅ (ည) ဘာညာနဲ ့အစချီပြီး တယောထိုးပြသွားလိုက်တာများ လိုရင်းကိုမရောက်ဘူးဗျ။ ဘာမှကို ကျေနပ်အားရလောက်တဲ့ performance မဟုတ်ဘူး။ ဒါ့ကြောင့်လဲ လွှတ်တော်ဥက္ကဋ္ဌ ဘဘဦးရွှေမန်းက ပြည်ထောင်စုဝန်ကြီးများ ပွင့်ပွင့်လင်းလင်းဖြေကြားကြဖို ့ပြောကြားထားတယ်လို ့ ဒီကနေ ့ Myanmar Post News Journal ရဲ ့face book စာမျက်နှာမှာ ဖေါ်ပြထားလို ့အောက်က like မှာဖတ်ကြည့်နိုင်ပါတယ်။

http://www.facebook.com/themyanmarpost/posts/10150976312073347

8 comments

  • ဘဲဥ

    July 16, 2012 at 1:28 pm

    အဲ့ဒါပေါ့ စကားကြီးဆယ်မျိုးထဲက
    ဆင်ဝှေ့ရန်ရှောင်စကားပြောနည်းဆိုဒါ

  • Mon Kit

    July 16, 2012 at 2:49 pm

    အင်းလေ… ဆင်ခြေ.. ဆင်လက်.. ဆက်နားရွက်တွေချည်ဘဲ…

  • Thekka

    July 16, 2012 at 3:42 pm

    အဲဒီ သတင်းကို သတင်းစာထဲမှာ ဖတ်ရတုန်းက သေချာဖတ်ပေမယ့် နားမလည်ဘူး။ အဲဒါ ဉာဏ်မမီလို့ နေမှာပါလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရတယ်။ အခုတော့ ဒီလိုလား တို့များသိပေါင်..။

  • R Ga

    July 16, 2012 at 5:43 pm

    အဟမ်း…အဟမ်း…။ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဟုတ်လား အဟမ်း…ဟမ်း..။

    ဟိုးရှေးရှေးတုန်းကပေါ့ကွယ်…။ အစချည်၍
    းးးးးးးးးး……………………………….
    းးးးးးးးးး……………………………….
    းးးးးးးးးး……………………………….းးးးးးးးးး……………………………….းးးးးးးးးး……………………………….
    းးးးးးးးးး……………………………….
    းးးးးးးးးး……………………………….
    းးးးးးးးးး……………………………….
    းးးးးးးးးး……………………………….
    ပုံပြင်လေးကတော့ ဒါပါပဲကွယ်..။

    အဖြေက လိုရင်းမရောက်တော့ဘူး။

    မြန်မာ့ဝန်ကြီးတွေ နဲ့ အစိုးရဖြေပုံများပြောပါတယ်။

  • တေလေငှက်

    July 16, 2012 at 8:55 pm

    ကဲ ….. ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ ့ သားက ဩစတြေလျနိုင်ငံသားတဲ့။ သမ္မတကြီး နဲ့ ဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတို့ရဲ့သားသမီးတွေကဘယ်နိုင်ငံသားလဲ။ အားလုံးကိုစစ်စေးသင့်ပါတယ်။ ဥပဒေအတိုင်းပေါ့။

    http://www.thithtoolwin.com/2012/07/blog-post_9051.html

  • Pye Kun Zaw

    July 16, 2012 at 9:31 pm

    ဆန္ဒန်ဆင်မင်း ဇတ်တော်ခင်းတဲ့ ဝန်ကြီးကိုတော့ ဘယ်သူမှမမှီပါဘူးဗျာ။

  • the best

    July 17, 2012 at 9:09 am

    လွှတ်တော်မှာ “လေးစားအပ်ပါသော ………….” နဲ ့
    ဆုမွန်ကောင်းတွေ အရှည်ကြီးတောင်းတာကိုလျှော့ချလိုက်ရင်
    အချိန်တွေတော်တော်ထွက်လာပြီး အကျိုးရှိတဲ့စကားတွေပိုပြောနိုင်မယ်။

    တင်ပြဆွေးနွေးသူတွေကလည်း မိမိတင်ပြချင်တဲ့အကြောင်းကို
    လိုရင်းတင်ပြနိုင်အောင် စာစီတတ်ဖို ့လိုနေတယ်။

    ဖြေတဲ့သူကလည်း မေးခွန်းကို သာတိုက်ရိုက်ဖြေသင့်တယ်။
    ကျွန်တော်တို ့ရုပ်သံကနေကြည့်ရတဲ့သူတွေတောင် သိနေကြတာ
    မေးခွန်းရှင်ဆိုရင် ဘယ်လောက်ထိ၊ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာမိတယ်။
    ဖြေတဲ့သူက အနိုင်ပိုင်းတဲ့ပုံစံဖြစ်နေတယ်။
    မေးခွန်းရှင်ကို ချက်ချင်းပြန်မေးခွင့် မပြုဘူးထင်တယ်။

    တချို ့ဆိုမေးတာတွေက မမေးတတ်တော့ အချိန် မိနစ်(၂၀)ကျော်လို ့
    သူရဲ့ မိုက်ခလိုဖုန်းကို ပိတ်လိုက်ရတဲ့အဆင့်ရောက်ခဲ့ရတယ်။

    အချိန်ကန် ့သတ်ချက်အတွင်း ထိရောက်တဲ့မေးခွန်း၊
    တိကျရေရာတဲ့ အဖြေပေးနိုင်အောင် ဆောင်ရွက်ပေးကြပါခင်ဗျား။

  • တနေ ့ကလဲ စီးပွားရေးပိတ်ဆို ့မှုနဲ ့ပတ်သက်တဲ့အဆိုကို ကျားဖြူက
    ဒေါ်ဝါနုက တင်တယ်။ထောက်ခံတဲ့ ရခိုင်က ဒေါ်ခင်စောဝေက စာ
    ရွက်ထဲ ဘယ်နှစ်ရက်လောက်များ ကြိုတင်ရေးလာတယ်မသိအောင်
    အရှည်ကြီး ဖတ်ပြီး ထောက်ခံသွားတယ်။ဝမ်းသာကြပါကုန်။

Leave a Reply