သတိထားကြဖို့ပါ

ムラカミJuly 16, 20125min48847

အသစ် အဆန်းတော့ မဟုတ်ပါဘူး ..

မသိသေးသူတွေ ဂရုမပြု မိသေးသူတွေအတွက်ပါ…

အော် ..ဒါမျိုးတွေလည်း ရှိသေးသလား ပေါ့ ဗျာ …

 

 

Pen Camera

 

 

18.50 ဒေါ်လာ လို့ ရေးထားပါတယ်…

အမေဇုံမှာ တင်ရောင်းနေတဲ့ဈေးပါ..

ဘောပင် ချိတ်တဲ့ ကလစ်ရဲ့ အပေါ်ဘက်က အပေါက်ငယ်လေးက ကင်မရာပါတဲ့ ..

video and audio recording ကို 1280×124 px အထိ ရိုက်ယူနိုင်တဲ့အတွက်

HD quality မီတယ် လို့ ပြောနိုင်ပါတယ်…

အဲ …USB internal storage ကတော့ ..4GB ပါဝင်ပါတယ်..

ဒါကြောင့်မို့ …အမြင့်ဆုံး ကွာလတီနဲ့ မှာ ..၄၄မိနစ်စာလောက် ရိုက်ယူနိုင်စွမ်းရှိတယ် လို့ …

ပြောချင်ပါတယ်..

 

 

Watch Camera

 

 

 

ဈေးနှုန်း ၉၅.၅၅ လို့ရေးထားတဲ့ ဒီ နာရီကတော့ ပိုကြမ်းသွားပါပြီ

 

16GB internal storage ရှိပြီး 1920*1280@30fps FullHD ရမယ့်အပြင်

night vision ပါ ပါဝင်ပါသတဲ့ … နာရီ ပီပီ waterproof ဖြစ်တာလည်း အပါအဝင်ပေါ့ဗျာ…

FullHD ကို မိနစ်၉ဝကြာလောက် အသာလေး သွင်းယူ နိုင်မယ့် အမျိုးအစားဖြစ်ပါတယ်..

date ကြည့်တဲ့ အပေါက်ငယ်လေး တစ်ပေါက်လို ကင်မရာနဲ့ သည်လောက် ကြီးထိ ..ကွာလတီ

မြင့်မြင့် ရိုက်ယူနိုင်တယ် ဆိုတာကတော့ လွန်ခဲ့တဲ့ ၁ဝနှစ်ကဆို ..ဂျိန်းစဘွန်း အိမ်မက်တောင်

မမက်ရဲတဲ့ အနေအထား လို့ ..တင်စားချင်ပါတယ် ….(ကြောက်လည်း ကြောက်စရာ ကောင်းပါတယ်..)

 

 

 

Phone Camera

 

ဖုန်းကင်မလာ များ အဆန်းလုပ်လို့ …ဆိုပြီး မထင်စေချင်ပါ..

 

 

 

ဒီဖုန်းကင်မရာက ဖွက်ထားတဲ့ ဖုန်းကင်မရာ အမျိုးအစား ဖြစ်ပါတယ် … လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ထွက်ခဲ့တဲ့ ကင်မရာတောင် မပါသေးတဲ့

သာမန် မိုဘိုင်းဖုန်း လို့ ထင်စရာပါ …ဒါပေမယ့် ဖုန်း. .ရဲ့ အောက်ခြေက USB connector ဘေးဘက်မှာ ပါတဲ့ ..audio jet ပင် အပေါက်

ဆန်ဆန် နေရာလေးဟာ ဘာအပေါက်မှ မဟုတ်ဘဲ …ကင်မလာ ဖြစ်နေလို့ပါပဲ ….

အဲ… သည်ပစ္စည်း ကို အစိမ်း ၁၀ဝလောက်နဲ့ ဝယ်လို့ ရပြီး (ဖုန်းအနေနဲ့ တကယ်သုံးရမရတော့ မသိ)

SD တစ်ကတ်နဲ့…. USB Card Reader ပါ ..လက်ဆောင်ပေးဦးမယ် လို့ ဆိုထားပါတယ်..

(အော်… post-production အတွက် စေဒနာတွေ စေဒနာတွေ..)

quality ပိုင်းကတော့ 640×480 Color Video မို့ …သိပ် ကောင်းလှတယ် မဆိုနိုင်ပါ..

 

 

 

Digital Alarm Clock Camera

 


 

စားပွဲတင် နှိုးစက် နာရီ မှာ ပါတဲ့ hidden camera ကတော့ အိမ်ကွင်း ပွဲစဉ်တွေအတွက် အထူးရည်ရွယ်ထားပုံရတယ်

လို့ မြင်မိပါတယ်… ၁၃၉ဒေါ်လာ ပါ..

Records 1280 x 960 color video @ up 23 fps

Viewing angle: 140 degrees

Included Li-Ion battery lasts up to 24 hours on one charge!

Remote control operation

Motion detection

ဆိုတော့ … wide angle ဖြစ်တဲ့အပြင် motion detection ပါ ပါလေတော့ …. အင်း …..

 

 

Other SpygearGadget

 

 

 

 

ဒါကတော့ ..dock ပေါ်တင်ထားတဲ့ ကား ရီမုတ် လိုလို ..ပစ္စည်းလေးပါ …။ microSD card

ထည့်သွင်း အသုံးပြုနိုင်ပါသတဲ့ …အဲ … ထူးခြားချက်အနေနဲ့ကတော့ 10-Day Battery Life !! ဖြစ်ပါသတဲ့

၄နာရီတိတိ အား သွင်းတဲ့အခါ ..၁ဝရက်ကြာ standby အသုံးပြု နိုင်ပါသတဲ့လေ….

 

သည်လိုပါ ..ဒါတွေ ရေးတယ်ဆိုတာ ..ဝယ်ဖို့ မဟုတ်ပါ … သတိထားမိကြစေချင်လို့ပါ

ခုတလော ခေတ်စားနေတဲ့ နာမည်ကျော် ဟို ဗီဒီယို အကြောင်း ဟိုကသည်ကကြားရင်း..

ကြည့်ဖြစ်ရင်း ..ဘာသုံးပီး ရိုက်သလဲ …သိသလိုလိုရှိတာမို့ ..နည်းနည်း တူးဆွလိုက်တာပါ..

ဟုတ်ကဲ့ …ပွင့်လင်း ရိုင်းစိုင်း စွာ အမြင်ကို ပြောရရင် … ဆတ်ကနဲ နေရာရွှေ့လိုက်

ပိုဇစ်ရှင်ပြောင်းလိုက် ..ဟိုသည် လှည့်လိုက် ..တခါတခါ လက်ထဲ လှမ်းကိုင်လိုက် …

တဖက်လူ မသိအောင် ( မထင်အောင်..) လုပ်ထားတဲ့ ပစ္စည်း တခုခုလို့ ယူ ဆမိလို့

ပါပဲ …. ဒီဗီကမ် ထွားထွားကြီးနဲ့ ရိုက်ထားတာ မဖြစ်နိုင်သလို ..ဖုန်းကင်မလာ လည်း မဟုတ်လောက်ပါဘူး …

အထက်က ဂတ်ဂျက် တမျိုးမျိုးလို့ သာ ယူဆ မိပါတယ်…

ဒါ့အပြင် အရင့်အရင် က.. ကွိုင်တက်ဖူးတဲ့ စူပါမားကတ်တွေက စပိုင် ကမ် တွေအကြောင်းလည်း ပြန်စဉ်းစားမိလို့ ….

သတိထား နိုင်အောင် ပါ..

 

အလွယ်တကူ ရှာတွေ့ တာလေးတွေချည်း အမျိုးအစား ၃-၄မျိုး စုတင်ထားတာဖြစ်လို့ …

 

သည့်ထက် ကောင်းတာ ဈေးကြီးတာ ချိုတာ ..တန်တာ လန်းတာ အစရှိသဖြင့်..

 

ရှိဦးမှာ ဖြစ်ပေမယ့် … ကျနော် ကိုယ်တိုင်လည်း …စိတ်မဝင်စားသလို .. အဲ့ဒါတွေအကြောင်း ဂဂနန မသိသလို…

 

ပိတ်သတ်ကြီးထဲက  စိတ်ဝင်စားတဲ့လူ ရှိရင်လည်း ….ကျနော့်ကိုတော့ ဖြင့် …စုံစမ်းမေးမြန်းခြင်း သည်းခံပါလို့ …ပြောပါရစေဗျ

 

 

 

တနေ့ သေကြရမည် မသေခင်လုပ်ချင်တာ လုပ် ကြ ….

 

အဲ ..မလုပ်ခင် ပရီကောရှင်း တော့ ယူကြ …

 

ဒက်ဂလောက် ..ဒက်ဂလောက်..

 

47 comments

  • မောင်ပေ

    July 16, 2012 at 2:03 pm

    ဟိုကားတွေ ထွက်လာတာ
    ဒီလို နည်းပညာမြင့် ကင်မရာတွေကြောင့်ပေါ့နော

  • myanmarcitizen

    July 16, 2012 at 2:05 pm

    Digital Alarm Clock Camera လေးသဘောကျသဗျာ။
    ဒီလူကြီး နာရီကို ခနခန ယူကြည့်လိုက် နေရာရွေ့လိုက် လုပ်နေရင်တော့ နာရီကော လူရောပါ ဒုတ်နဲ့ သာ သမလိုက်တော့ဗျို့ 🙂

  • surmi

    July 16, 2012 at 2:18 pm

    တော်တော်ကြောက်ဖို ့ကောင်းတာဘဲ
    တရုပ်ကလုပ်ရင်ဒီထက်ဈေးပေါမယ်ထင်တယ်
    အင်း းးးးးးးးးးးး ထသွားလာသွား မွေပါးကင်းပါးဂရုစိုက်မှ

  • Inz@ghi

    July 16, 2012 at 2:21 pm

    စာကျန်ခဲ့လို့ ကောမန့်မှာပဲ ဖြည့်လိုက်ပါတယ်ဗျာ ….
    သည်ကင်မလာတွေ ကို သတိပြုရမှာ …. ဟိုကိစ္စသက်သက်မှာတင်
    မဟုတ်ပါဘူး ..အရေးကြီး ဆွေးနွေးပွဲ မီတင်တွေ …
    ထုတ်ကုန် .. အဆောက်အဦ ဒီဇိုင်း …စတာတွေ အတွက် ..blueprints တွေ
    စက်ရုံ အလုပ်ရုံတွေ အတွက် …အတွင်းပိုင်းကျတဲ့ ..လုပ်ငန်းဆောင်တာတွေ …
    စတာတွေ မှာလည်းပဲ ပြိုင်ဘက် တွေ အောက်လမ်းနည်း သုံးပြီး..
    ထောက်လှမ်းတဲ့နေရာမှာ သုံးလာနိုင်တာအတွက်ပါ …သတိပြုမိကြဖို့ လိုအပ်ကြောင်း..
    လက်တို့ချင်ပါတယ်..

    • စိန်ဗိုက်ဗိုက်

      July 16, 2012 at 2:38 pm

      ဟုတ်ပါတယ်..
      အကို ့ကို ကျော်ထောက်ပါတယ်..အဲလေ ထပ်ဖြည့်ပေးတာကို ထပ်ထောက်ခံပါတယ်..
      ကျော်လဲ ပေါမို ့ပဲ
      ဘာပေါရမှန်းမသိလို ့
      ဘာမှစိတ်မချရတဲ့ခေတ်ဂျီးထဲ..မနေချင်တော့..
      တောထွက်ဘီ..
      ဝှစ်..ဝှစ်..

  • Khaing Khaing

    July 16, 2012 at 2:24 pm

    အမလေး လေး ပြောပြန်ရင်လည်းကြွားတယ်ဖြစ်ဦးမယ် …….. အဲဒီဘောပင်မျိုးသများမှာ ချိတယ် ….. ရခိုင်အလှူတုန်းကတောင် အဲဒီဘောပင်လေးနဲ့ မှတ်တမ်းတင်လိုက်သေးတယ် ….. ခစ်ခစ်ခစ်

    • Khaing Khaing

      July 16, 2012 at 3:16 pm

      သများဘောပင်က 8GBထိရိုက်လို့ရပါကြောင်း စာကြွင်း ……….

      • amatmin

        July 16, 2012 at 3:30 pm

        ကိုဂီ.သတိပေးတဲ့အတွက် ကျေးဇူးတင်ရင်း..
        (ဘယ်သူမှတော့ ရိုက်မှာမဟုတ်ပါ) 🙂

        မခိုင်ခိုင် တုတ်ထိုးဆိုင်ဖွင့်ဖြစ်ခဲ့ရင်..
        ကျိန်းသေးပေါက်
        လာရောက်အားပေးမည်ဖြစ်ပါကြောင်း.. 😛

        • Inz@ghi

          July 16, 2012 at 3:38 pm

          ကိုမတ်ရေ …
          သည်လိုဗျာ ..
          ဖယောင်းတိုင် ကိစ္စတွေ တုန်းက ပရို သတင်းဓာတ်ပုံသမားတွေ ညည်းကြတာ ပြောပါတယ်..
          ဖုန်းမှာ ကင်မရာ တပ်ဖို့ ဘယ်ပညာရှိက စလိုက်သည်မသိ ဆိုတာ … စီဂျေ တွေ များတာတော့ ကောင်းပါရဲ့ဗျာ…
          ရှိသမျှလူ အကုန်လုံး စီဂျေ ကြပြန်တော့လည်း ..တကယ့် သတင်းသမား အစစ်က ပုံ ကောင်းကောင်းတောင်
          ရိုက်မရတော့အောင် ..ပြွတ်ညပ်သပ်ခဲ နေတော့ သကိုး … (သည်အတွက် နောင်ဆို တခုခု လုပ်ကိုလုပ်မှ ဖြစ်တော့မယ်)

          ဒုတိယတခုကတော့ စကျူရတီ ပိုင်းပါဗျ … သည်မှာတော့ အဲ့လို စက်ရုံအလုပ်ရုံတွေမှာ ..မြင်ရခဲတယ် …တို့
          အံ့ဩလို့ တို့ နဲ့ …အတွင်းပိုင်း ကိရိယာတွေ ကို (သဘောရိုး) ထုတ်ရိုက်တာတွေ …
          အဲ ..နည်းပညာပိုင်း ခိုးချင် လို့ (အကြံပါပါ) ရိုက်တာတွေရှိလာတော့ …. ဒါတွေကို ကာကွယ်ဖို့အတွက်…

          အတွင်းကို မဝင်ခင် လာ့ကာထဲမှာ ကင်မရာ ရိုက်လို့ရသမျှ ပစ္စည်းတွေ အကုန် ထားခဲ့စေပြီးမှ ဝင်ခိုင်းတာတို့…
          အတွင်းမှာ မဖြစ်မနေ ဆက်သွယ်ရေးအတွက် လိုအပ်တဲ့အခါ သုံးဖို့ .လုံးဝ ကင်မရာ မတပ်ဆင်ထားတဲ့ …ရိုးရိုး ဖုန်း..
          ဒါမှမဟုတ်လည်း အခြား စကားပြောစက် တပ်ဆင်တာတို့ … လုပ်လာကြရတယ်ဗျို့ ….

          နည်းပညာ ကို ကိုးကွယ် ဖို့ မဟုတ်သလို ..ဒါကိုလည်း ..ပုံချလို့ မရကောင်းလေတော့ …
          ဉာဏ်ပညာ ရယ် …အသိတရား ရယ် ..ကိုယ်ကျင့် သိက္ခာရယ်နဲ့ ..ကွပ်ညပ် ပီး ရှေ့ဆက်ဖို့ ရှိပါကြောင်း …

          ဒေါ်ခိုင်ခိုင့် တုတ်ထိုး ဆိုင်ကတော့ အကြောင်းသိ ရွာသူားတွေ နဲ့တင် အတော်လေး ရောင်းကောင်းဦးမှာ ဖြစ်ကြောင်း..

          တော်သေးဘီ
          ခင်တဲ့
          ဂီ

        • amatmin

          July 16, 2012 at 3:51 pm

          ဗျို့ ..ကိုယ့်ဆြာ .ကျုပ်ကိုများဆိုရင် ဘယ်သူ့ကမှ.
          ရိုက်မယ်မထင်လို့ပြောလိုရင်းပါဗျ နော့.. 🙂
          သို့သော်နောက်ဆက်တွဲ အခုမန့်လိုက်တာလေးကတော့
          တကယ့်အနှစ်လို့ မြင်ပါကြောင်း..

        • Khaing Khaing

          July 16, 2012 at 4:36 pm

          ပြောချင်တာပြောကြအေ ……. ဒုတ်ထိုးစားချင်တဲ့သူစား မစားချင်နေ ……. မိဂီရဲ့ပို့စ်မှာဆို တာဝန်နဲ့ဝတ္တရားအရ လက်မကိုအောက်စိုက်တာမေ့ကျန်ခဲ့တာဖြစ်သဖြင့် တစ်ကျော့ပြန်လာပြီး အောက်စိုက်သွားပါကြောင်း ……

          စာကြွင်း …. ဘောပင်လေးလက်ဆောင်ရပီးမကြာခင် အလှူမှာ ရွာသူရွာသားတွေကို ရိုက်ခဲ့ပေမယ့် မည်သူ့ပုံမှ သေချာမပါခဲ့ပါကြောင်း အဘယ့်ကြောင့်ဆိုသော် မကျွမ်းမကျင် ရုပ်ကိုသေချာမချိန်တတ်သောကြောင့် မိတိုက်ရဲ့ စက်စီပုံသာ သေချာပါလာပါကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည် ………

    • zarlay

      September 2, 2012 at 3:04 pm

      ရောင်းချင်လို့ကြော်ငြာနေတာလားမသိဘူးနော်။

  • မဟာရာဇာ အံစာတုံး

    July 16, 2012 at 2:59 pm

    မထင်မှတ်လောက်တဲ့
    စပိုင်တွေဘဲ ..
    နောက်ခါ ဂလိုဟာဒွေတွေ့ရင်
    သတိထားနေမှ ကိုက်မယ် ..

  • etone

    July 16, 2012 at 3:10 pm

    ကိုဂီရေ …. ဒီလိုပစ္စည်းမျိုးတွေပြပြီး …သတိပေးဖို့ ပြောလာတဲ့အတွက်ကျေးဇူးပါ ။
    အပေါ်ဆုးက ဘောပင်လေးလိုဟာမျိုးလေ .. ဒီရွာသူားသုံးယောက်ဆီမှာရှိတယ်လို့သိရပါတယ် …. ။ အဟီး … (ဖွပါပြီချင့်) 😛 😛 ဘယ်နေရာမှာသုံးမလဲတော့ ယခုထိ မသိရသေးပါဘူး … ဟိဟိ … ။

    ဟိုဗွီဒီယိုအကြောင်းကို ပြောလာပြီဆိုတော့ …ကိုဂီကြည့်ပြီး ပလားဟင် … ခွိခွိ 😉

    • Inz@ghi

      July 16, 2012 at 3:31 pm

      ၃ယောက်ဆီမှာတောင် ရှိသတဲ့ ….
      သိပ် ကြောက်သွားပြီကွယ်….
      😀

  • elle smile

    July 16, 2012 at 3:16 pm

    အမယ်လေးကြောက်စရာကြီးပါလား နေရာတကာသတိထားရမယ့်ခေတ်ကြီးပဲ။အဲ..ဒါပေမယ့်တခုလောက်တော့လိုချင်သား ဟဲဟဲ

  • ko khin kha

    July 16, 2012 at 3:30 pm

    elle smile ရေ။ ဒီခေတ်ကြီးထဲမှာ အဲလိုကင်မရာရိုက်မှာကြောက်ရင် အိမ်ထဲကတောင်အပြင်ထွက်ရမယ် မထင်ပေါင်၊ အဲဒီတော့ရိုက်ချင်သူကရိုက်လိမ့်မယ် ပြချင်သူများလည်းပြမှာဘဲ(တလွဲမတွေးနဲ့နော် ရုပ်ရှင်ရိုက်ပြီး ရုံတင်ပြတာပြောတာ)။ဒါကြောင့်မကြောက်ပါနဲ့ elle smileရေ ကင်မရာဆိုတာ မိုးပေါ်ထောင် ရိုက်တာမဟုတ်ဘူး တည့်တည့်ရိုက်တာပါ။

  • manawphyulay

    July 16, 2012 at 3:40 pm

    တိဝူး တိဝူး မီးမီးကို ဘောပင်လေးပဲ ဝယ်ပေးပါနော်… မဝယ်ပေးပဲနဲ့ ဘာမှလာမရှင်းပြနဲ့ ဒါပဲ…. 😛
    ရွာထဲမှာ ၃ ယောက်ဆီမှာရှိတယ်တဲ့ မီးဆီမှာ ရှိတေးဝူး တိလား… ဝယ်ပေးနော်။

  • shwe kyi

    July 16, 2012 at 4:03 pm

    ရွာသူားတွေထဲမှာ 3 ယောက်ဆီမှာရှိနေတယ်ဆိုတော့ကာ မခိုင်ခိုင်တော့သိပြီ နောက်နှစ်ယောက်ကဘယ်သူတွေပါလိမ့်…။
    နည်းပညာတွေကတော့ မယုံနိုင်လောက်အောင်ပါပဲ ဗဟုသုတမျှဝေသတိပေးတဲ့ကိုဂီကိုကျေးဇူးပါ။
    နည်းပညာတိုးတက်မှုနဲ့အတူ စိတ်ဓါတ်တွေလည်းမြင့်မားတိုးတက်ကြပါစေ။

  • pooch

    July 16, 2012 at 5:02 pm

    နည်းပညာတိုးတက်လာတဲ့ ခေတ်မှာ privacy နယ်နိမိတ်ကျဉ်းသထက် ကျဉ်းမြောင်းလာတဲ့သဘောဆောင်တာပေါ့။

    နောက်တချက်က နည်းပညာတိုးတက်မှုကို တလွဲဆံပင်ကောင်းလာသူတွေကြောင့်
    နည်းပညာတိုးတက်မှုရဲ့ side effect လို့သမုတ်ချင်လည်း ရမယ်ထင်ပါတယ်။

    နောက်တခုက ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ရုပ်ဝတ္ထု တိုးတက်မှုနဲ့ အပြိုင် ပြောင်းပြန်အချိုးကျလာတဲ့ လူတွေရဲ့ အထက်တန်းကျတဲ့ စိတ်ယဉ်ကျေးမှု ( moral integrity ) လို့လဲ ပြောရင် ရမယ်ထင်တာပဲ။

    ဆိုတော့ ဘယ်နယ်ပယ် ဝန်းကျင်မှာ မဆို စားသတိ သွားသတိနဲ့ နေကြထိုင်ကြဖို့ လိုလာပြီလို့ ထင်ပါကြောင်း။

  • ဘဲဥ

    July 16, 2012 at 5:15 pm

    လူလစ်ပီဆိုပီး ကဲချင်တိုင်းကဲလို့ကတော့
    အင်တာနက်ပေါ်ရောက်ပီသာမှတ်ပေတော့ပဲ

  • char too lan

    July 16, 2012 at 5:19 pm

    ဘာပဲပြောပြောတကယ်ကြောက်ဖို့ကောင်းတာပဲ
    တကယ်ကြောက်စရာကောင်းတယ် နော်
    မယုံမရှိနဲ့ 😉

  • MaMa

    July 16, 2012 at 5:38 pm

    နည်းပညာတိုးတက်လာတာကိုပဲ အပြစ်တင်ရမလား….
    လူတွေ ကိုယ်ကျင့်တရား ခေါင်းပါးလာတာကိုပဲ အပြစ်တင်ရမလား………..
    (သူများ အပြစ်တင်ဖို့ချည်းပဲ စဉ်းစား မိသွားတယ်။) 🙁

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • water-melon

    July 16, 2012 at 6:36 pm

    ဒီမှာ ဝယ်လို့ရပြီဖြစ်ပါကြောင်း
    ဘောပင်
    ကီးချိန်း
    နာရီ
    မီးအိမ်
    အများကြီးရှိတယ်ဗျ ဈေးနှုန်းကတော့ အစားစားဗျ
    ၂သောင်းကျော်ကနော် ၅ သောင်းအထက်ရှိတယ်
    ဘာကွာလဲတော့မသိ

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 16, 2012 at 6:46 pm

    သူတို့က ခုမှပါဗျာ
    ကျုပ်တို့ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဆို
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    လွန်ခဲ့တဲ့ သက္ကရာဇ် ၂၅၀ဝ ကျော်ကတည်းက
    ဒိဗ္ဗစက္ခု ဉာဏ်တော်မြတ်နဲ့ ချက်ကင်လုပ်လိုက်ရင်
    အနှီးသတ္တဝါ ဘာလုပ်နေတယ်ဆိုတာ အသာထား
    စိတ်ထဲမှာ ဘယ်လို ဗွက်ထနေတယ်ဆိုတာ
    အေးဆေး
    အေးဆေး
    ( ဘယ်သူနဲ့မှ မတူအောင်မန်းပလိုက်တာ )

  • အလင်းဆက်

    July 16, 2012 at 7:10 pm

    နည်းပညာတွေများ..ကြောက်စရာကေားင်းလောက်အောင်…ပဲ.နော် ။
    အဲဒါကြောင့်…. အခု..အခြေအနေက နည်းပညာ ဆာလောင်မှု. ခေတ်ကို လွန်..ခဲ့ပြီး..
    ခြေကာကာ လက်ကာကာ ပြန်တားနေရမယ့်..နည်းပညာ ကြောက်ရွံ ့မှု..ခေတ်..ဆီ…ရှေ ့ရှု.လာနေပြိီ..

    တင်ပြပေးတဲ့အတွက်..ကျေးဇူးပါ ဂီ..ရေ..

    ကျလိ ကျလိ ကျလိ

    ( လစ်ပြိီ..လို ့ပြောတာ )

  • ahnyartamar

    July 16, 2012 at 8:19 pm

    ကျောက်ခေတ်တုန်းက မီးကိုစတွေ့တော့ ကျောက်ခေတ်လူသားတွေအတွက် အဆန်းအပြားပေါ့။ ဒါပေမယ့် အကျိုးရှိရှိ အသုံးပြုနိုင်ခဲ့တော့ ဒီနေ့ထိ ဒီမီးဟာဘယ်လောက်အသုံးတည့်လဲ။ (တခါတခါ ဈေးတွေကိုပဲ လောင်တတ်တာကလွဲလို့ပေါ့)
    နည်းပညာတွကို ခါးထောင်းကျိုက်ပြီး မောမောပန်းပန်း အမှီလိုက်နေရပေမဲ့ အကျိုးရှိတဲ့ နေရာတွေမှာသာ သုံးကျမယ်ဆိုရင် ဟိုမင်းသမီးတို့၊ ဟိုအဆိုတော်မင်းသမီးတို့ ဗွီဒီယိုတွေလဲ ကိုုကို ကာလသားတို့ ကြည့်ရမှာမဟုတ်ပါကြောင်း……..

  • J@ckal

    July 16, 2012 at 9:36 pm

    ဒီပစ္စည်းတွေ အကြောင်း ဂဃနဏ မသိတာ အမှန်ပါဘဲ
    Post ရေးသူပြောတဲ့ အရဆို နည်းနည်းတော့ သတိထား သင့်တဲ့ အပိုင်းပေါ့
    ဒါပေမဲ့ အရင်ရေးခဲ့တဲ့ စာတွေထက်စာရင် နည်းနည်းများ ပေါ့နေသလားလို့
    ဟို…စိတ်တော့ မဆိုးပါနဲ့
    သိတဲ့ သူတွေပြောတာတော့ ဒီလိုပစ္စည်းမျိုးတွေကို tracking လုပ်လို့ရတယ်တဲ့
    အကျယ်လေး ရှင်းပေးပါအုံး ဇာတ်ရှိန် မြင့်သွားတာပေါ့ :mrgreen:

    • Inz@ghi

      July 17, 2012 at 12:01 am

      ကျနော် မပိုင်လို့ ချန်ခဲ့တဲ့အပိုင်း ကို ကိုယ့်ဆြာ တန်းကနဲ မြင်သွားတယ်ကိုး…
      ဟုတ်တယ်ဗျာ .. ကျနော် မသိလို့ အပိုင်းတခု …တမင်ချန်ထားခဲ့ရတယ်…
      သည်လိုဗျာ … ကင်မလာတွေ ရိုက်တဲ့အခါတိုင်း …ချပ် ကနဲမြည်တဲ့ ကိစ္စရယ်…

      အဲ့ဒါက .. DSLR တွေမှာ ဆိုရင် sensor ရှေ့က မှန် ချပ် ကနဲ ထောင့်ကိုပြေးကပ်တဲ့အသံဗျ..
      ပြောရရင် ချောင်းကြည့်ပေါက် viewfinder ကနေ ချောင်းကြည့်ရင် မြင်အောင် အဆိုပါ
      မှန် ကလုပ်ပေးတာ ဗျ ..ရိုက်တဲ့အခါ … aperture ကနေ sensor ကို အလင်းကျရောက်ဖို့အတွက်
      အနှီမှန်ကလေး ကို ခေါက်သိမ်းပေးရတယ်… အဲ့သည့်အခါ အနှီ ချပ်စ် ဆိုတဲ့အသံ ထွက်တယ်ပေါ့…

      အဲ အိမ်သုံး compact camera တွေ နောက်ပီး မှန်မပါတဲ့ mirrorless camera (four-thirds)တွေမှာ
      (ကုန်ကုန်ပြောရင် ..ဖုန်းကင်မရာ တွေမှာပါ)လုံးဝ မှန်မပါပါဘဲ …. အနှီ ချပ်စ် ဆိုတဲ့အသံ
      ထည့်သွင်းထားတာ က … တကယ်က ကင်မလာခလုပ်နှိပ်လိုက်တဲ့အခါ ….
      လူသိအောင်.. (ရိုက်လိုက်မှန်း အနီးပတ်ဝန်းကျင်ကလူ မသိသူမရှိရလေအောင် …)
      ချပ်စ် ..ဆိုတဲ့ sound file လေး ကို run ပေးရုံဗျာ ….

      ကြီးကြီးကျယ်ကျယ် ပြောရရင် ဒါဟာ industry standard အနေနဲ့ up-skirts လို့ ခေါ်တဲ့…
      စကတ်အတိုနဲ့ စကီလေးဒွေ လှေကားတက်တာကို နှာဗူးကျပြီး လိုက်မရိုက်နိုင်အောင်
      (ရိုက်ရင် လည်း လူသိအောင် ဖမ်းမိအောင်) တမင် ထည့်ထားတဲ့ feature ဖြစ်တော့သကိုးဗျ…
      သို့သော် အချို့သော အိမ်သုံး ကင်မရာတွေ နဲ့ ဖုန်းတွေမှာ သည်အချက်ကို စည်းကမ်းတခု
      အနေနဲ့ မလိုက်နာဘူးဗျ …

      silence သဘောတရားနဲ့ ..အသံမထွက်အောင် ပိတ်လို့ရရဲ့ … ( ဒါဟာ security သဘောအရ..
      သည်လို မှုခင်းမျိုး ကျူးလွန်လို့ ရသဖွယ် ..အားပေးသယောင် ဖြစ်နေတာတော့ အမှန်)

      သို့သော်… သည်လို အသံပိတ်ခွင့် ပေးတာကို …feature တခုသဖွယ် ..ကြော်ငြာတယ်ဆိုတာက ..
      စည်းကမ်းပိုင်းကို လူ (အသိတရား) (ကိုယ်ကျင့်သိက္ခာ)နဲ့ ထိန်း …မဟုတ်တာ လုပ်ရင် (ဥပဒေနဲ့ညိရင်)
      တော့ ကိုယ်ဖြစ်ကိုယ်ခံ ..အဲ …နည်းပညာအရကတော့ …ဖွင့်လိုဖွင့်ပိတ်လို ပိတ် …ကြိုက်တာ လုပ်ခွင့်ရှိရဲ့
      ဆိုတာမျိုး ..ပြဌာန်းရုံ သက်သက် လို့ ခံစား နားလည်မိပါရဲ့ …။

      ကိုယ်ကျင့်တရား …နဲ့ တရား ဥပဒေ မစိုးမိုးတဲ့ ဆီ အဆိုပါ အသံပိတ်လို့ရတဲ့ ကင်မလာတွေ ရောက်လာတော့…
      ပေါက်ပန်း၄ဝတွေ ထွက်လာတာတော့ မဆန်းဘူး ဆိုရမလို ဖြစ်နေရဲ့ဗျာ ….(သူကအားပေးသလို ဖြစ်နေတာကိုး)

      သည်ထဲမှာ အဆိုပါ အသံကိစ္စ ထည့်မရေးခဲ့ဘူးဆိုတာ ကျနော် စာထဲမှာပြောသလို အနှီ ထုတ်ကုန်တွေကို
      တခုမှ မပိုင်သလို ..ဂဂနနလည်း မသိလို့ ပါလို့ ဆင်ခြေပေးပါရစေဗျာ….
      သာမန် အိမ်သုံးတွေမှာတောင် အသံ ပိတ်လို့ရနေမှတော့ …သူတို့လည်း တီ ကနဲ ..ချပ်စ် ကနဲ ..
      အသံထွက်စရာမလိုဘဲ .. ရိုက်လို့ရမှာ အမှန်ပါ … သို့သော် ကျနော် မသိလို့ ကျနော် ထည့်မရေးခဲ့တာ ဖြစ်ပါကြောင်း…

      ကြုံလို့ တခါတည်း ပြောရရင် …ပန်းသီးထုတ်ကုန်တွေမှာ … အနှီအသံ ကို ပိတ်လို့ မရစကောင်းဘူးဗျ …
      အသံပြောင်းလို့ ရကောင်းရတယ်.. အဲ …ပိတ်လို့ ..တိုးလို့… မရဘူးခည ….
      သူ သတ်မှတ်လိုက်နာတဲ့ အနေအထားပါ ..(ထောင်ဖောက်ပြီး သကာလ အပြင်က software တမျိုးမျိုးသုံးပြီး ..
      ပိတ်ရင်တော့ မသိပါ..) android အချို့နဲ့ …ပြတင်းပေါက် ဖုန်း တချို့မှာ အသံပိတ်လို့ရတယ်ဗျ …
      ဒါဟာ အပြစ်ဆိုတာ မဟုတ်ပါဘူး …သူတို့က အထက်ကပြောသလို ..ကိုယ်ဖြစ်ကိုယ်ခံ … ဖုန်းရဲ့ feature
      ကိုတော့ … စိတ်ကြိုက် customize လုပ်ခွင့်ပေးပါသည် ဆိုပြီး ရပ်တည် တွေးခေါ်ကြသူတွေမို့ပါဗျာ …

      ကျုပ်တို့ဆီမတော့ … special forces တွေရှိရဲ့ဗျ … ပူပြင်းလာတဲ့ နွေနဲ့အတူ … တိုသထက်တိုလာတဲ့
      မီနီစကတ် .. စကီလေးတွေရဲ့ … မပေါ့တပေါ် …ဒါမှမဟုတ်လည်း အလွန် ပေါ်ပေါ်လွင်လွင် အနေအထားတွေကို ..
      အနှီ ကင်မလာပေါက်စလေးတွေ နဲ့ ရိုက်တဲ့ကိစ္စတွေကို … စုံစမ်းဖော်ထုတ် တဲ့ ရဲတွေပေါ့ …..
      သူတို့ဟာ သာမန်ပြည်သူတွေလိုပဲ ရထားလျောက်စီးပြီး တနေကုန် လျောက်သွားနေတယ်.. သူတို့ကွန်ယက်
      အုပ်စု ဖွဲ့ပြီး …အချင်းချင်း လက်တို့ပြီး … ဒါမျိုးတွေ ရန်က ကာကွယ်ပေးနေတယ်…
      သူတို့ဘယ်သူဘယ်ဝါတွေလည်း ဘယ်သူမှ မသိ …အဲ … မသိလို့ ..မရှိဝူးထင်ပြီး …
      ရှူးဖိနပ် ခြေဦးမှာ အနှီ ကင်မလာ ပိစိ တပ် …စကတ်တို မမတွေ လျောက်ရိုက် ..အဖမ်းခံထိတဲ့
      ငတိတွေ နည်းမှ မနည်းပဲဗျာ …ပြောရရင် ..နာမည်ကြီး လေကြောင်းလိုင်းက လေယာဉ်မှူးတွေတောင်
      ပါသေးရဲ့ ….. (ဆင်ခြေကတော့ သင်းပါတယ် ..ဘာမဟုတ်တဲ့ ချာတိတ် (ငတိ) တွေတောင် up-skirt ရိုက်နိုင်မှတော့
      ငါလည်း ရိုက်နိုင်တယ်ကွ ဆိုပီး blog မှာ တင်ဖို့တဲ့ … )
      ဘယ်လိုပြောပြော ပါ … ဥပဒေ သည် ဥပဒေပါ …
      ကိုယ်ကျင့်တရားသည် ကိုယ်ကျင့်တရားပါ …
      နည်းပညာ ဖွံ့ဖြိုးမှုဟာ .. ကိုယ်ခံစွမ်းအား မကောင်းခဲ့သူတွေအတွက် ..အမှုအပေါက် ဖြစ်ဖို့
      ပိုမို အခွင့်အလမ်းပေးနေသလို ..ကောင်းမွန်စွာ …လေ့လာအသုံးချ သူတွေအတွက်တော့ …
      အရင်က အိပ်မက်မမက်ဖူးခဲ့တဲ့ …အခွင့်အရေးတွေကို လက်တွေ့ အသုံးချခွင့်ပေးနေတာ အမှန်မို့ …
      playing with fire လို့ပြောရင် နည်းနည်းကြမ်း မလား မသိပေမယ့် …
      အသားကင်စားမယ့်လူ ..မီးဒုတ်ရှို့မယ့်လူ .. (ကိုယ့်အိမ်ကိုယ်ရှို့တာ ကိစ္စမရှိပေမယ့်
      သူများဆီ မီးကူးတဲ့အခါ ..ကွိုင်တက်မယ့်လူ …) အမျိုးစုံကြား ..ရေးရတာ အလွန် စိတ်ပူမိပါကြောင်း…..

      အချုပ်ပြောရရင်ဖြင့် ..ကျနော် ကိုယ်တိုင်လည်း ဝယ်မထားသလို …ဝယ်ဖို့လည်း မတိုက်တွန်းပါဘူးဗျာ ..
      အစိမ်း ၁၀ဝလောက်နဲ့ သက်ဆိုင်ရာ ဖန်ရှင် (နာရီဆိုနာရီအလုပ် လုပ်ပေးတဲ့အပြင်) သည်လို …
      စပိုင်ဆန်ဆန် ကိစ္စတွေ တတ်နိုင်နေတာကိုတော့ မနှစ်မြို့ပါကြောင်း …

      ဘယ့်နှယ့်ဗျာ … သူမပြောချင်တဲ့အချက် ..ကိုယ်မပြောချင်တဲ့အချက် ..
      (success factor) ကိုယ်စီကိုယ်ငှ ရှိကြမယ့် အနေအထားမှာ …
      နည်းပညာကို ခုတုံးလုပ် …ဂုဏ်သိက္ခာ နဲ့ ကိုယ်ကျင့်တရားကို ချနင်းပြီး …
      သူတပါး မသိစေချင်တာ ကို အောက်လမ်းနည်းနဲ့ တူးဆွ ကြတော့မှာလား ..လို့
      စိတ်မကောင်းဖြစ်စွာ မေးချင်မိတော့ပါတယ် ….

      SWOT analysis မှာ …Strength ဟာ … absolute value ပါ
      Weakness ကတော့ နှိုင်းရ တန်ဖိုး derivative ဆန်ရဲ့ … Oနဲ့ T လည်း
      အတူတူပေါ့ဗျာ … S မခိုင်တဲ့ တနေ့ … W ရော .. O နဲ့ T ကိုပါ …
      ကိုယ်အသာရဖို့ ..ကျင့်ဝတ်တွေဖောက်ဖျက်ကြမလား တွေးရင်း …
      စိတ်မောရတဲ့ (မမြင်ချင်လှတဲ့) ကိစ္စတွေပါလားလို့ ..

      တော်သေးပြီ
      ခင်တဲ့
      ဂီ …

      P.S ကျနော် ဘရားသားကို စာပို့ပါဦးမယ်. ..
      ဘရားသားမေးထားတဲ့ mirrorless ကိစ္စလေး ….
      ရှာတွေ့ထားတာရှိပေမယ့် သုံးနေတဲ့ ပီစီမတူတော့ ..
      ကျနော်.. ရှာတွေ့ထားတဲ့ပီစီပေါ်ရောက်တဲ့အခါ … လှမ်းပို့ပါဦးမယ်ဗျာ..

  • htoosan

    July 16, 2012 at 10:24 pm

    နာရီရယ် နေကာမျက်မှန်ရယ်က လွန်ခဲ့သော ၂ နှစ်လောက် က အင်လျားလမ်းထောင့် ဆိုင်းဘုတ်မှာ ကြော်ငြာနေတာ တွေ့မိခဲ့ပါသည်။
    ရွာသားတွေလက်ထဲ မရှိဘဲ ရွာသူတွေလက်ထဲရှိတယ် ဆိုတာတော့ အဆန်းသား .. 😀

  • အရီးခင်လတ်

    July 17, 2012 at 3:17 am

    ကောင်းပါလေ့။
    ကောင်းပါလေ့။
    အရင်တုန်း က ဘွန်း တစ်ယောက်ဘဲ ဒါမျိုးတွေ ကိုင်နိုင်တာ ကလား။

    အခုတော့ ဒီလိုဟာ တွေ များများ ပေါ်လာလေ ဟုတ်ဟုတ် မဟုတ်ဟုတ် သံသယ တွေ နဲ့ ကျီးကြည့်ကြောင်ကြည့် တွေ ဖြစ်လာမှာပေါ့။
    လုံခြုံရေး နဲ့ လုပ်စားတဲ့ ကုမ္ပဏီ တွေ သူဌေးဖြစ်ကိန်း ပါ။

    ကျုပ်မှာလဲ အဲဒီ ဘလက်မန်းဒေး နောက်ပိုင်း ဟက်ကာတွေ များလာတယ် သတင်းထွက်ပြီး ကထဲ က မအားတော့တာဘဲ။
    Network Traffic ကို တစ်ချိန်လုံး ထိုင်ကြည့် နေရတယ်။
    ပြောလဲ ပြောချင်စရာ။
    အခုရက်မှာ
    ဘီဘီစီ website လဲ ခဏ ဒေါင်းတယ်။
    ဘဏ်တစ်ခု လဲ Network ဒေါင်းတယ်။
    အိုတူး ဆိုတဲ့ ဖုန်း Network လဲ ဒေါင်းတယ်။

    ဒါကြောင့် ဒီရက် မှာ သိပ်ပြီး ဝင် မမန့် နိုင်တာ ကို ခွင့်လွှတ်ကြပါ ကွယ်တို့။
    သံသယ ဆိုတာ အတော် အလုပ်ရှုပ် စေတာ မှန်း အခုတော့ သိပါပြီ။ 🙄

    ဒါထက် ဂျပန်မှာ (ကျိုတို လို့ သိတာဘဲ) ရေကြီး နေတာ မင်း နဲ့ ဝေးတယ် လို့ ထင်ပါတယ်။
    အားလုံး အန္တရာယ်ကင်းပါစေ ဆုတောင်းပါတယ်။
    (မင်း တရွှဲရွှဲ တဗြဲဗြဲ ငို လွန်းလို့ များ ရေကြီး သွားလေရော့သလား 😀 )
    နောက်တာပါ။ ဒီမှာ လဲ မိုး အရမ်းများ နေတယ်။
    ဘုရားစူး နွေပါဘဲ။

    • Inz@ghi

      July 17, 2012 at 6:21 am

      ကယောတို ရေကြီးသွားသကိုး …
      သိပါဝူးဗျာ …. များနဲ့လည်း မဆိုင်ပါဝူး..
      များက နှလုံးသားရှိတဲ့အရပ် ကို အာဂန္ထု ကြွနေတာ …
      ပြန်ရောက်ကြောင်း ..ရေးတင်လိုက်တဲ့ပိုစ့်ပါခည …
      ခုတလော ..မဖတ်နိုင်မရေးနိုင် ….
      ခန်းတိုး ခန်းဆိုင်း နဲ့ ချူးဘု ကို ရမယ် ရှာပီးနောက်ပိုင်း …
      ရှိကိုခု ဖြစ်မလား …တိုးဟိုကု ဖြစ်မလားပဲဗျို့ ….
      အိုဘယ့် နွေ …
      :mrgreen:

  • kai

    July 17, 2012 at 3:26 am

    အဲဒီPen Camera ကို ရွာသူားတွေလက်ဆောင်မဲဖေါက်မယ်ဆိုပြီး.. ဝယ်ထားဖူးတယ်..
    ၂နှစ်လောက်တောင်ရှိနေပြီ.. အခုထိရှိနေတုံး..

    တခါမှကို ဖွင့်မသုံးကြည့်ဖူးပါ..
    အခုဆို.. ဓါတ်ခဲတောင်ကုန်နေပြီလားမသိ.. 😕

    • Inz@ghi

      July 17, 2012 at 6:13 am

      Mkt မှာ တော့ အဲ့လာကို PR လို့ ခေါ်သဗျ…
      သည့်ထက် မြင့်သွားရင်တော့ brand resonance နဲ့ ကပ်သွားဘီ …
      အန်းနီးဝေး …
      သည်၂နှစ်အတွင်း… အလွန်အင်မတန် ခြေငြိမ်ကြောင်း …
      (အကွက်ဝင်တာနဲ့) သက်သေပြတော့သကိုး …
      :mrgreen:

  • Foreign Resident

    July 17, 2012 at 4:20 am

    အဘ ကဲ စဉ် / မိုက်မဲ စဉ် ကာလက ပေါ်ခဲ့တဲ့ ၊
    Casio Exilim EX-M2 ဆိုတဲ့ Camera လေးဟာလေ ၊
    —http://www.dpreview.com/news/2002/8/29/casioexilim2—

    VDO လဲ ရိုက်လို့ရတယ် ။
    ရိုက်တဲ့အခါမှာ Len ကလဲ ရှည် ( Protruding ) ထွက်မလာဘူး ။
    ရိုက်တဲ့အခါမှာ ချတ်ကနဲ အသံလည်း ထွက်မလာဘူး ။
    ကင်မရာပေါက်ကလဲ အပ်ပေါက် 1 mm လောက်ပဲလိုတယ် ။

    အကောင်းဆုံး အချက်ကတော့လေ ၊
    Marlboro စီးကရက် Hard Pack ဗူးခွံထဲ အံဝင်ခွင်ကျပဲ ။
    အဲတော့ ၊ စီးကရက်သောက်ပြီး ဗူးခွံ စားပွဲပေါ်တင်ထားရုံပဲ ။

    ဟီဟိ ၊ တစ်ခါပဲ ဒုက္ခ ရောက်ဘူးတယ် ။
    အလုံပိတ် အခန်းကျဉ်း ရေချိုးခန်းထဲအထိ ၊
    ဆေးလိပ် လာသောက်လို့ဆိုပြီး ၊
    သာမီးလေး တစ်ယောက်က ညို ညင်ဘူးတယ် ။
    မိုက်ပါ့ ။ ဒီက VDO မင်းသမီးဖြစ်စေချင်လို့ ၊
    မြေတောင်မြှောက်ပေးနေတဲ့ ဟာကို ။

    ဂျပွန်မှာ စ ပေါ်ပေါ်ချင်း ဝယ်လာပြီး ၊
    မြန်မာပြည်မှာ သုံးတာဆိုတော့ ၊
    Camera ကြီး ထုတ်ပြရင်တောင် ၊
    သာမီးလေး တွေက အဲဒါ ဘာလဲဟင် လို့ မေးခဲ့ရတယ် ။

    အော် ၊ မိုက်ခဲ့စဉ်ကများ ပြောပါတယ် ။
    အခုတော့ ၊ သိပ် သိပ် လိမ္မာသွားပြီ ။
    အခုနေ ၊ လက်ညှိး လာထည့်ပေးရင်တောင် ၊
    မကိုက်ရက်တော့ဘူး ။ ဟီဟိ ။

  • kai

    July 17, 2012 at 6:13 am

    ဂီဂီ့ အထုတ်ထဲ.. ပစ္စည်းအသစ်တခု ကျန်နေသေးသလားလို့… :mrgreen:

    July 16, 2012, 8:20 a.m. EDT
    The Eye Shop Shares Their Expertise and Perspective on Coming Google Glass Phenomenon
    Eye Shop Principal Predicts Google’s Much-Anticipated “Smart Glasses” Could Greatly Increase Eyewear’s “Coolness Factor”
    http://www.marketwatch.com/story/the-eye-shop-shares-their-expertise-and-perspective-on-coming-google-glass-phenomenon-2012-07-16

  • ကြောင်လေး

    July 17, 2012 at 7:09 am

    လာဒ်စားမှုတိုက်ဖျက်ရေး
    လာဒ်စားမှုတိုက်ဖျက်ရေး၊လာဒ်စားမှုတိုက်ဖျက်ရေး
    လာဒ်စားမှုတိုက်ဖျက်ရေး၊လာဒ်စားမှုတိုက်ဖျက်ရေး၊လာဒ်စားမှုတိုက်ဖျက်ရေး၊
    လာဒ်စားမှုတိုက်ဖျက်ရေး၊လာဒ်စားမှုတိုက်ဖျက်ရေး၊လာဒ်စားမှုတိုက်ဖျက်ရေး၊လာဒ်စားမှုတိုက်ဖျက်ရေး၊

    ဘာမှမဟုတ်ပါဘူးခေါင်းထဲရောက်လာတာလေးအော်ကြည့်တာပါ။

  • snow white

    July 17, 2012 at 12:42 pm

    နည်းပညာတိုးတက်လာတာ ကောင်းပါတယ် ကဲတဲ့သူတွေ နည်းနည်းလေးများငြိ်မ်သွားမလားမသိဘူး ကားပေါ်တွေမှာဆို မြင်နေရတာ အမြင်ကပ်ဖို့ ကောင်းတဲ့အတွဲ တွေ ကိုမြင်နေရတာ တကယ့်စိတ်ညစ်စရာတွေ (pen camera )လေးတစ်ခုလောက်တော့ ဝယ်ပြီး အဲ့လိုအတွဲမျိုးတွေကို အင်တာနက်ပေါ်တင်ပြစ်လိုက်ချင်တာ အမြင်ကပ်လွန်းလို့ မမခိုင် ဆီကခဏငှားလိုက်အုံးမယ် ပြီးမှ ကားပေါ်မှာကဲတဲ့အတွဲတွေကို ရိုက်ထားပြစ်လို်က်မယ် ။။။

    • Inz@ghi

      July 17, 2012 at 12:50 pm

      အင်း …ကွိုင်ပဲ …

      ဘယ်လိုပဲ ကဲကဲ အဲ့လာ သူတို့ ..အခွင့်အရေးလေဗျာ ..
      အကဲလွန်ပီး
      တည်ဆဲ ဥပဒေ ချိုးဖောက်ရင်တော့ ..သက်ဆိုင်ရာ ကအပြစ်ပေးခံရမှာပေါ့ ..

      အဲ .. ကိုယ်က သာ အဲ့လို သွားရိုက်တင် တော့မှ …
      သူ့ပြဿနာ က ကိုယ့်ပြဿနာ ဖြစ်လာမယ်..

      သူ့ဟာသူ အသရေ ပျက်နေတာကို ရိုက်-တင် လုပ်မိလို့ အသရေဖျက်မှု
      ဖြစ်ပီး နားကားမှာ စိုးရိမ်မိပါဂျောင်း..
      :mrgreen:

  • Wow

    July 17, 2012 at 1:31 pm

    မနေ့ကလာဖတ်ပြီး ဘာမန့်ရမှန်းမသိလို့ ယောင်ပေယောင်ပေနဲ့ပြန်ထွက်သွားဒါ…. ဟီး…
    တစ်ခုမေးချင်တာက ဒီလို Spy Camera ဒွေပဲတီထွင်ပြီးတော့… အဲဒါကိုကာကွယ်မဲ့ နည်းပညာ ဥပမာ ဒုံးကျည်ကိုကာကွယ်တဲ့ ဒုံးခွင်းဒုံးလိုမျိုး၊ Spy Camera ကို ကာကွယ်မဲ့ တက်ကနစ်တစ်ခုခု တီထွင်နိုင်ရင်ကောင်းမယ်နော်….
    အင်မတန်ဉာဏ်ကြီးတဲ့ မောင်ဂီ (Xပေးပြီး) ကစဉ်းစားကြည့်ပါလား (အရောက်ပို့မှ)….
    😀

    • Inz@ghi

      July 17, 2012 at 1:41 pm

      အချွန်နဲ့တော့ မနေပြန်ပါဘီ …
      ခပ်ပြပြ အလင်းရောင် လောက် ရှိရင်ကို
      night vision camera တွေ အစွမ်းပြတတ်ကြောင်း ..
      ပါရီမြို့မှာ တညတာ ထွက်ပြီးကတည်းက
      ကောင်းကောင်းကြီး သိရှိလိုက်လို့ …
      သည်ကိစ္စဟာ မောင်ဂီ့ ဉာဏ် မမှီတဲ့ ကိစ္စဖြစ်ပါကြောင်း..
      ဝန်ခံခဲ့ပါရစေ
      :mrgreen:
      ကိုယ့်လက်ကိုယ်ထောင်ကြည့်လို့ မမြင်ရလောက်တဲ့အထိ ပိန်းပိတ်အောင်
      မှောင်နေရင်တော့ မပြောတတ် …
      (ဒါတောင် ယူအက်စ် အာမီသုံး နိုက်ဗစ်ရှင်း ဂူးဂဲလ် နဲ့ဆို ရမလား မသိ..)

      ဒါဟာ ..ဒီမိုသဂျီး တို့လို လယ်ဗယ်တန်းဆြာ့ဆြာတွေ
      ဖြေဆိုရမယ့် အဆင့် ပုစာ္ဆဖြစ်ပါကြောင်း .. ဘော်လီဘောပုတ် …အဲ့လေ …
      တိုက်တွန်း လိုက်ပါတယ် ခင်ဗျား ….။

      ပြောင်းပြန်အားဖြင့်တော့ ..
      မကြာခင် အဲဗရီးဘွိုင်းစ် ဒရင်းမ် ဖြစ်တဲ့ ပင်နီထရိတ်တက် မုဒ် ကင်မလာဒွေ
      ဈေးကွက်ဝင်တော့မလား ..မဆိုနိုင်ကြောင်း ….
      😀
      ခုခိခုခိ…

    • kai

      July 17, 2012 at 2:23 pm

      အိမ်ထဲစပိုင်ပစ္စည်းတွေ.. လာခိုးတပ်ထားတာတွေကိုတော့.. ရှာလို့ရတဲ့စက်တွေရှိတယ်..
      စပိုင်လုပ်တာတွေကို.. ပြန်ရှာတဲ့စက်ပေါ့..
      လိုက်ရှာပေးတဲ့.. ဆားဗစ်လုပ်သူတွေလည်းရှိပါတယ်..

      အောက်ကလင့်ခ်မှာတော့.. ပရိုသုံးမဟုတ်တာလေးတွေ..ရောင်းတယ်.
      http://www.brickhousesecurity.com/category/counter+surveillance/hidden+camera+detectors.do

      Stealth Camera Lens Finder
      Trusted by Experts as a Portable, Fast and Accurate Camera Detector
      Detect and locate any hidden cameras that might be recording you at home or on the go. Ensure your privacy with a camera lens finder.

      High-Quality Optical Technology – A More Powerful IR LED Light
      Less Glare from Metallic and Shiny Objects in a Room, Less False Positives
      Light Intensity Control Optimizes Short and Long Range Scanning

  • Wow

    July 17, 2012 at 2:32 pm

    ဒီလိုလေဟယ်… ဘာ Ray က ဘာ Ray ကိုကာကွယ်နိုင်တယ်ဆိုလား.. အဲ့လို ကင်မလာ Ray မဖြတ်နိုင်တဲ့ Ray ကို ဘော်ဒီလိုးရှင်းလို ဒါမှမဟုတ် အတွင်းခံအန်ဒါဝဲအနေနဲ့… ဒါပေမဲ့ အန်ဒါဝဲပါ မဝဲတော့ရင်တော့ ကင်မလာထဲပါလာနိုင်ဂျောင်းဖြင့် ထင်ရာမြင်ရာ ပွားသွားပါဂျောင်း…
    😀

    • Inz@ghi

      July 17, 2012 at 2:42 pm

      အင်း ..ဓာတ်ရောင်ခြည်သင့်ပီး အကုန်တော့
      ကိစ္စချော ရင်ချော မချောရင် ကိုမျိုးမအောင် မမျိုးမအောင် တွေဖြစ်မယ့်ကိန်းပဲ..

      :mrgreen:

      Penetrated mode သာ မြန်မြန် ကော်မာရှယ် ထုတ်ရောင်းနိုင်အောင်
      ဆုတောင်းပါဗျာ …လူတိုင်း နတ်မျက်စိ ရကုန်ပီး ..အနှီ ပစ္စည်းတွေ
      အလိုလို ပျောက်ကုန်လိမ့်မယ် ..ဟီး…

      လူတိုင်းလည်း ..သံ(ခဲ) ချပ်ကာ ဝတ်ချင်ဝတ်… ကိုယ်တီးလုံး အဲ့ကိုယ်လုံးတီးတွေ
      ဖြစ်ကုန်ချင် ဖြစ်ကုန် တော့မှာပေါ့ နော်……ခိခိ..

      စိုးတယ်.. စိုးမိတယ် …စိုးထိတ်မိတော့တယ်…
      😳

  • Shwe Ei

    July 17, 2012 at 5:30 pm

    သများတို့ကတော့ သများကလာမရိုက်ခင် ကိုယ်တိုင်ဘဲ ရိုက်တင်လိုက်တယ်။ အလှူဒါ့ပုံပြောပါဒယ် 😀

  • Inz@ghi

    September 2, 2012 at 12:57 am

    ဒါမျိုးတွေ သတိထားဖို့ ဆိုတာမျိုးထက်…
    ဒါမျိုးတွေ လုပ်ချင်ရင် … ဒါတွေ လိုပါတယ် ဆိုတာမျိုး
    shopping guide ဖြစ်သွားတော့သကိုး ….

    ကျုပ် သိလွယ် မြင်လွယ်အောင် …ပေါ်ပျူလာ အဖြစ်ဆုံး
    လူအဝယ်ဆုံး ပရောဒတ်တွေ ရွေးပြထားတာ မဟုတ်ဘူးဗျို့ …
    အဲ့ထဲကမှ ပေါက်ခဲ့ ဖူးသော်ငြာ…
    အတိုင်းအတာတခုထိ မော်ဒယ်အောက်နေတဲ့ ဟာတွေ
    တမင် ရွေးထည့်ထားတာ …

    အဝယ်များ အသုံးများတော့ သိစေချင်လို့ပါ…
    (လက်ရှိ နောက်ဆုံးပေါ်ကို လက်တို့ရင်တော့ …)
    ကျုပ်အလွန်ပေါ့ဗျာ …. ဒါမျိုးကို အားပေးအားမြှောက်ပြုသယောင်…..

    အင်း ….ခက်သေးတာတော့အမှန်ပဲ….

    တကယ်ပါ ပြောင်းပြန်တွေးမိတယ်..
    မရေးဖြစ်ခဲ့ရင် ကောင်းမယ်ဗျာ ….
    🙁

Leave a Reply