ဝါဏိဇ္ဇဘွဲ့ရအသင်း (မြန်မာနိုင်ငံ)မှ ဟောပြောဆွေးနွေးပွဲ (Panel Discussion) ကျင်းပပြုလုပ်မည်

manawphyulayJuly 16, 20121min842

ဝါဏိဇ္ဇဘွဲ့ရအသင်း(မြန်မာနိုင်ငံ)မှ ဝါဏိဇ္ဇဘွဲ့ရများနှင့် အများပြည်သူတို့ စီးပွားရေးပညာရပ်နှင့် အခြားလူမှုရေး၊ ပညာရေးဆွေးနွေးပွဲများ၊ စာပေယဉ်ကျေးမှုအထွေထွေ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပညာရပ်ဆိုင်ရာနှင့် ဟောပြောပွဲများသာမက အထွေထွေ ဗဟုသုတရေးရာ ဟောပြောပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပပြုလုပ်လျက်ရှိရာ လာမည့် ဇူလိုင်လ (၂၂) ရက် တနင်္ဂနွေနေ့ နံနက် (၉းဝ၀) နာရီတွင် စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်း၊ စာရေးဆရာ မောင်ဝံသနှင့် ဦးကိုကိုကြီး(၈၈) မျိုးဆက်တို့က
“နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံသားများ၏ အခန်းကဏ္ဍ” (The Role of The Citizen In State Building)

ခေါင်းစဉ်ဖြင့် ရွှေဂုံတိုင် တော်ဝင်နှင်းဆီ၊ သီရိခန်းမ၌ ဟောပြောဆွေးနွေးပွဲ (Panel Discussion) ပြုလုပ်မည်ဖြစ်ရာ အသင်းသားများသာမက ပြင်ပမှ စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နားထောင်နိုင်ကြောင်း သတင်းရရှိသည်။ အသေးစိတ်မေးမြန်းစုံစမ်းလိုပါက အသင်းတိုက် ဖုန်း ၂၉၁၆၆၇၊ ဝ၉၄၂၁၁၀၂၂၈၂ နှင့် ပြန်ကြားရေးမှူး ဦးကျော်အောင် ဖုန်း ၂၀၀၂၇၆၊ ဝ၉၇၃၁၂၄၂၂၂ တို့ထံ မေးမြန်းစုံစမ်းနိုင်ကြောင်း သိရှိရသည်။

2 comments

  • shwe kyi

    July 17, 2012 at 11:30 am

    သူငယ်ချင်းတွေကို ပြန်လည်မျှဝေလိုက်ပါမယ် မမနောရေ။

  • နှင်းဆီ ငုံ

    July 17, 2012 at 12:27 pm

    ကျေးဇူးတင်ပါတယ် မနောရေ …

Leave a Reply