ဆြာအုပ် နှင့် စကီလေးများ

လာပါပြီဗျို့ စကီလေးတွေ..စောင့်နေရတဲ့ သူတွေ အားလုံးကို တောင်းပန်ပါတယ်.. အမြန်တင်ချင်ပေမယ့် ဒီမော်ဒယ်လေးတွေက  ရှုတင်ရှိတာနဲ့..  နယ်ရောက် နေကြတာနဲ့ သူတို့အနုပညာ အလုပ်တွေနဲ့ မအားကြလို့ပါ။ ခွင့်ပြုချက်လဲတောင်းရသေးတယ်ဗျ.. တော်ကြာ သူတို့ပုံတွေကို လျောက်တင်တယ်ဆိုပြီး ပြသနာရှာမှာ စိုးလို့ဗျ.. အဲတစ်ခုသတိထားပေးကြပါဗျာ ဒီမော်ဒယ်ပုံတွေကို သူတို့ခွင့်ပြုချက်မရှိဘဲ ကုူးယူခွင့်မရှိဘူးဗျို့..

ပထမဆုံးစကီလေးကတော့ အသစ်လေးဗျ.

.ရေးကူးဝတ်စုံနဲ့ မော်ဒယ်လေး နှစ်ယောက်လဲပါတယ်ဗျို့.. ပြီးတော့ နောက်ဆုံးမှာ nude တစ်ပုံပါတယ်.. မော်ဒယ်နာမည်မေးခြင်း သည်းခံပါဗျာ..

မော်ဒယ် အသစ်လေးဗျ လူ့ပြည်ရောက်တာ ၃ ရက်ပဲရှိသေးတယ်
သူငယ်ချင်းရဲ့ သမီးလေးပါ. (ညောင်ရွှေ)
ဘူးဘုရားအဆင်း (ပုဂံ)
မယ်ဇယ်စေ့ ဆိုင်ရှင်လေး

ညောင်ဦး ထန်းတော (ပုဂံ)
ရွှေတိဂုံ ပေါ်က တိုးရစ်ကလေး


မန်းသူလေးပါ

 

 

ပိတ်ချင်းမြှောင် က ဆိုင်ရှင် မမ
ဟင်းရွက်ခူး

 

အီးဟီးဟီး.. မုန့်ဖိုးပေး
နန်းမတော် မယ်ရအု စတိုင်

 

ကျိုက်ထီးရိုး က မွန်မလေး

 

 

 

32 comments

  • water-melon

    July 23, 2012 at 7:22 am

    အမရေး
    ဆာဘုတ်ရဲ့
    စကီလေးတွေတင်မယ်ဆိုလို့
    အားတင်းပြီး စောင့်ကြည့်ပါတယ်
    အီး ဟီး ဟီး (ငိုနေတာပါ)
    ရက်စက်လိုက်တာ
    နောက်ဆို ၂ဝ ကျော်လေးတွေတင်ပေးနော်
    အဟီး :mrgreen:
    အဲပုံတွေထဲမှာ ရွာထဲက ရွာသူတွေငယ်ငယ်တုန်းကပုံတွေပါတယ်တဲ့
    ဘယ်သူတွေလဲဟင်….

  • htoosan

    July 23, 2012 at 8:08 am

    ” ယနေ့ အိမ်စာ ” မှာ ရေငတ်လာတာ ဒီစကီလေးတွေ တွေ့မှဘဲ အမော ပြေတော့တယ်… 😀 ဘူးဘုရား အဆင်း ပုဂံ ပုံ အကြိုက်ဆုံးဘဲ ဗျိုူ့ .. လုံးဝ မိတ်အင်မြန်မာ ဘဲ…
    ခရီးသွား နဲ့သက်ဆိုင်တဲ့ နေရာ သုံးသင့်တဲ့ ပုံတွေပါဘဲ ..
    ဆြာအုပ်လည်း အဲ့ဒီ့ အသို်င်းအဝိုင်းက ထင်ပါ့..

  • water-melon

    July 23, 2012 at 8:12 am

    ရေးကူးဝတ်စုံနဲ့ မော်ဒယ်လေး နှစ်ယောက်ပုံရဲ့ဒုတိယပုံ
    ရေကူးကန် ပန်းအိုးဘေးနားက စကီးလေးလား စကီကြီးလားဟင်
    အဟီ 😀

    • ဘဲဥ

      July 23, 2012 at 9:27 am

      အဲ့ဒါ စကီလတ် ဟိဟိ အနေတော် ဖစ်ဆိုဒ်လေးပေါ့ 😀

    • ဂန္ဓာရီ ဆြာအုပ်

      July 23, 2012 at 12:18 pm

      မြင်မှမြင်တတ်ပလေ water-melon အော်ရီဂျင်နယ်ကို ချဲ့ ကြည့် အုံးမဗျို့

  • Solid_Sn@ke

    July 23, 2012 at 8:25 am

    ဝဋ်လိုက်တယ်ဆိုတာ ဒါမိုး ပေါ့ ..
    ဟင့် …
    အဲ့သလောက် ငယ်ပြန်ဒေ့ါလည်း ..စိတ်ကျေနပ်ဖွယ် မကောင်း ဆိုသလို….
    အော်… ၁၆နဲ့ ၂၅ အတွင်းပဲ ကောင်းပါတယ်အေ….

    (ပြန်လာခဲ့ပါမည် …)
    ခင်တဲ့
    ဂီ

  • ahnyartamar

    July 23, 2012 at 8:31 am

    မိုက်တယ်ဗျို့၊ ခြောက်ပြစ်ကင်း၊ သဲလဲစင်ပဲ။

  • P chogyi

    July 23, 2012 at 8:57 am

    စိတ်ချ မကူးနဲ့ဆိုမကူးဘူး
    လုံးဝမကူးဘူး

  • မောင်ပေ

    July 23, 2012 at 8:58 am

    ဒီစကီလေးတွေအားလုံးလန်းပါရဲ့
    သို့သော်
    ကြည့်ချင်တဲ့ဟာကိုဒဲ့မပြပဲ
    တွတ်ပဲပေးလို့
    ဆြာအုပ် အား ဝီစကီဖြင့် ပူဆော်မယ့်
    အစီအစဉ်ကို
    ရက်အကန့်အသတ်မရှိ
    ရွှေ့လိုက်ပါသီ

    • ဂန္ဓာရီ ဆြာအုပ်

      July 23, 2012 at 11:21 am

      ဂိန်
      ငတ်ပဟ သေစမ်း
      ချောချောက မှမကျောတာ

    • ဂန္ဓာရီ ဆြာအုပ်

      July 23, 2012 at 11:15 am

      ကိုပေါက်ကတော့ ဆော်မယ်ဆိုတာချည်းပဲ

  • amatmin

    July 23, 2012 at 9:18 am

    ဆြာအုပ်ကို လျှာထုုတ်ပြနေတဲ့ ၃ ရက်သမီးကတော့..
    ကြီးလာရင် ခေသူမဟုတ်နိုင်ပါကြောင်း.. 🙂
    (သူ့အဖေမမြင်ပါစေနဲ့) 😛

    ဟက်ဟက်ပက်ပက်ရယ်မောနေတဲ့
    ကလေးမ ပုံလေးကိုလည်း နှစ်သက်ပါကြောင်း

    • ဂန္ဓာရီ ဆြာအုပ်

      July 23, 2012 at 11:16 am

      သူ့အဖေလဲ အဲဒါကို တော်တော် စိုးရိမ်နေပါတယ်

  • ဘရားသား

    July 23, 2012 at 9:29 am

    ကူးမယ်ဟ ဆိုပီး ဒေါနဲ့မောနဲ့ ဝင်လိုက်မိပါတယ် ၊
    ဟိုဒင်း ဒီဒင်းတွေ ပျောက် သားသမီးလေးတွေဆီရောက် ။

  • ဘုဂလန့်

    July 23, 2012 at 9:38 am

    စကီလေးများဆိုလို့ အားရပါးရဝင်ပီး အားပေးလိုက်ပါတယ်
    ရင်ဝကို ဖနောင့်နဲ့ပေါက်လွှတ်တယ် ဘဲဂျီး မကျေနပ်ဘူး ….. ပြန်လျော်ပေး…

  • Moe Z

    July 23, 2012 at 9:42 am

    ဟင်းရွက်ခူးတဲ့မော်ဒယ်လေးကမိုက်တယ် 😀

    • ဂန္ဓာရီ ဆြာအုပ်

      July 23, 2012 at 11:19 am

      ကို Moe Z တို့ကတော့ မရျိ ရျိတာ ကြံဖန်ပီး ရှာတတ်ပါ့

  • Ma Ei

    July 23, 2012 at 9:43 am

    ဆြာအုပ်နှင့် စကီလေးများဆိုတော့
    ကြည့်သင့် မကြည့်သင့် ချင့်ချိန်လို့
    ဒါပေမဲ့လဲ ကြည့်လိုက်ပါဦးမယ်လေ ဆိုပြီးကြည့်မိလို့သာပေါ့…
    မကြည့်ဖြစ်ရင် ဒီလို အလှလေးတွေ မြင်ခွင့်ရမှာမဟုတ်…
    ရိုးရိုးသားသား အမည်ပေးပါအေ…
    4..မယ်ဇယ်စေ့ ဆိုင်ရှင်လေး နဲ့
    13..ပိတ်ချင်းမြှောင် က ဆိုင်ရှင် မမ အလှဆုံးပါ…

  • etone

    July 23, 2012 at 9:46 am

    ဒါ အရွယ်မရောက်သေးတဲ့သူလေးတွေကို … ဖျားယောင်းသွေးဆောင် ခိုင်းစေမှုပဲ …… ရာဇဝတ်မှုနော် … ဟဲဟဲ 😛

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 11:42 am

    စကီလေးဒွေဆိုလို့ ..
    မရဲတရဲနဲ့ ခြေစုံပစ်ပြီး ဝင်ကြည့်လိုက်ဘာဒ်ယ ..
    သူ့စကီလေးဒွေက ဟိုလိုလေးဒွေမှ ဟုတ်ဘဲနဲ့ ..
    တလေး စကီလေးဒွေ … 😀

  • we R one

    July 23, 2012 at 12:42 pm

    ရွာသားတွေ မှန်းချက်နဲ နှမ်းထွက် မကိုက်ဘူး ဖြစ်သွားတယ်ထင်ပါ့… 😀

  • ကိုရင်စည်သူ

    July 23, 2012 at 12:44 pm

    Hi Saya Oat,
    All pictures are nice, cute and good shot. 🙂
    I think ur a old villager. it right? 😉
    Bravo… Bravo..

    Best,
    Koyin Sithu

  • ဘဲဥ

    July 23, 2012 at 2:04 pm

    မှတ်ပလားကွ ဖြောင်းးးးးးးး(ကိုယ့် နရင်းကိုယ်ရိုက်သံ) :mrgreen:

  • ငပွကြီး

    July 23, 2012 at 4:23 pm

    စကီလေး ခေါင်းစဉ်နဲ့ ပုံတွေ အကုန်လုံးကောင်းတယ်ဗျာ..ဓာတ်ပုံပညာကိုလည်းလေးစားပါတယ်
    ဖြစ်နှိင်ရင် ဒုတိယပိုင်း တတိယပိုင်းတွေပါဆက်တင်ပေးပါဦး စောင့်ပြီးအားပေးပါ့မယ်။
    စကီလေး ပြီးတော့ စကီလတ် စကီကြီး အစရှိသ၍ ပေါ့ဗျာ…:D

  • pooch

    July 23, 2012 at 4:29 pm

    မယ်ဇယ်စေ့ ဆိုင်ပိုင်ရှင်လေးဆိုတော့ ကလေးက ဈေးရောင်းနေရရှာတာပေါ့။

    စာသင်ခန်းတွေ ကစားကွင်းတွေ မှာရှိနေရမဲ့ ကလေးအရွယ်လေးတွေ မြင်ကွင်းတချို့နဲ့ တွေ့ရ မြင်ရတဲ့ အခါ … ဝမ်းနည်းမိတယ်။

  • ညလေး

    July 23, 2012 at 6:56 pm

    ဒါကမှတကယ့် ….စကီလေးတွေ………
    အဖြူစင်ဆုံးအရွှယ်……..
    အသန်.စင်ဆုံးအတွေးလေးတွေပိုင်ဆိုင်ကြတဲ.အရွှယ်…..
    မုသားကင်းကြတဲ.အရွှယ်……..
    ဒီတစ်သက်ပြန်မရနိုင်တော့တဲ့အရွှယ်..
    ပုံတွေအားလုံးကိုနှစ်သက်မိပါတယ်…..ဆြာရယ်….

    • ဂန္ဓာရီ ဆြာအုပ်

      July 23, 2012 at 9:36 pm

      ဒီတသက်ဘာလို့ မရနိုင်တော့တာတုန်း
      ရနိုင်သမှ သိပ်ရနိုင်
      အိမ်ထောင်သာပြုလိုက် ဟိ

  • ဖိုးထောင်

    July 24, 2012 at 12:18 am

    အို…….အသင်လောက ဤကမ္ဘာမြေပေါ်၌ အလွန်အင်မတန်မှ အမြင်စူးရှ(ကြိုက်တတ်သည့်နေရာ)လှသည့် ဖရဲသီးဆိုသည့် အလုံးတစ်လုံး(တစ်လုံးက ပုပ်နေတယ်) လည်း ရှိသေးသည်ဆိုတာကို ကျွန်ုပ်ကောင်းကောင်းကြီးသိပါပြီ အသင်လောက……….

  • ကြောင်ဝတုတ်

    July 24, 2012 at 11:02 am

    ကျုပ်ကတော့ နန်းမတောင်စတိုင်လေးကို ခိုက်ခဗျ….
    နောက်တစ်ခုက ဘီကနီနဲ့အပေါ်ကကောင်မလေး… အဲဒီလိုနေရာမှာ သူ့လို အပူအပင်ကင်းကင်းမအိပ်ရတာကြာပြီ….

    ခံစားလျက်-
    ကြောင်ဝတုတ်

  • Shwe Ei

    July 24, 2012 at 11:24 am

    ကလေးဘဝကို အမှတ်ရစေတဲ့ ပုံလေးတွေပါဘဲ။ သဘောကျပါတယ်။ လျှပ်တပြက်အမူအရာလေးတွေကို ပညာရှင်ဆန်ဆန် အမိအရ ရိုက်ယူနိုင်တာလေးစားပါတယ်ဗျာ။

  • Khaing Khaing

    July 26, 2012 at 10:55 am

    တင်ထားတာကြာပေမယ့် အခုမှ ဝင်ကြည့်ဖြစ်တယ် ကလေးပုံလေးတွေ အရမ်းသဘာဝကျတယ် …..

Leave a Reply