အမြန်လမ်းမှဖြတ်သန်းခြင်း…………………….(ရမည်းသင်းသို့)

1 ဇွန်လရဲ့တစ်ရက်မနက်အာရဏ်တက်မှာ တံခွန်တိုင်အဝိုင်းပါတ်အရောက်
2 အိန္ဒြေအပြည့်နဲ့ မန္တလေးမြိုက တံခွန်တိုင်အဝိုင်းပါတ်
3နေအထွက်မှာ မတ်မတ်ရပ်နေရှာတဲ့ထန်းရိပ်ညို
4 ပြာလွင်မှုိုင်းညို့နေတဲ့ ကောင်းကင်အောက်က ပင်ထန်းညိုအစုလေးပါ
5 လွမ်းတတ်ရင်လဲ လွမ်းမှာဘဲ………………………………(ခင်ဝမ်း နုတ်ဆက်ခဲ့ပါတယ်မှ)
6 မြောက်ဘက်ခြမ်းမှာ စစ်ကိုင်းတောင်မူံပြပြ
7တိမ်ပြာရောင်ကောင်းကင်ထက် လှပလို့ လွင်စို
နုပျိုလှပ လမ်းနံဘေးက ထန်းပင်ပျို
8 ပြာလွင်လှပသောကောင်းကင်အောက်မှာ ဟန်ရေးပြနေတဲ့ ထန်းပင်စုစု
9 လမ်းခွဲလေးတစ်နေရာ
10 မနက်စောစော မှာလှပသောအရောင်တွေဖြာထွက်နေတဲ့ မိတ္ထီလာကန်
11 စိမ်းမြ စိမ်းလန်း အေးမြ ငြိမ်းချမ်း

 

12 တိမ်တွေ က ကျနော်ဆီအပြေးလာနေသလို

14 တိမ်ပန်းချီ ကိုဖန်ဆင်းသူဘယ်သူပါလိမ့်နော်
16 ပြိုတော့မယောင်ယောင် တိမ်ကောင်းကင်
17 အဖြူမှာအပြာစွက်ထားတဲ့တိမ်ဂွမ်းဆိုင်တွေပါ
18 တိမ်လေးတွေက မွစိမွစိနဲ့အသဲယားစရာဗျာ
19တိမ်နောက်ခံပန်းချီနဲ့လှနေတဲ့ထန်းပင်စု
20 တန်းစီနေတဲ့ထန်းပင်လေးတွေကလဲတစ်မျိုးလှပါတယ်
21 တစ်ယောက်ထဲလှနေတဲ့ထန်းပင်
22 တိမ်ပြာမိူင်းရီ………………….(တွံတေးသိန်းတန်သီချင်း)
23 သက်ငြိမ်ပန်းချီကားလေးလိုပါဘဲ၊
 

19 comments

  • ဘဲဥ

    July 18, 2012 at 10:17 am

    တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်
    မင်ဂါဆောင်ပွဲလေး ကျင်းပနေဘာဒယ်
    သူညားဒွေ လက်ထပ်ကြဘီ အချစ်ခေးရေ့ ဘာလိုလဲပေါ 😀

  • ရာဇဝင်လူဆိုး

    July 18, 2012 at 10:18 am

    ပန်းချီဆွဲရင်လဲ တော်တော်လှမယ်ထင်တယ်..။ တိမ်တွေနဲ့ မိုးကုတ်စက်ဝိုင်းကတော့ ဘယ်လိုကြည့်ကြည့် မရိုးနိုင်သလို လူ့စိတ်ကိုပေါ့ပါးလန်းဆန်းသွားစေတယ်…။ Thanks…

  • mamanoyar

    July 18, 2012 at 10:21 am

    အိုးးးးးးးးးး လေးပေါက်ပုံလေးတွေကြည့်ပြီး
    ရွာတောင်ပြန်ချင်လာပြီ
    ထန်းပင်ထန်းတော လွမ်းမောစရာပဲနော်

  • မမ အညာသူ

    July 18, 2012 at 11:00 am

    အာလာလာ
    ပုံလေးတွေကအလန်းဇယားလေးတွေပါလား
    ကောင်းကင်ပြာပြာကြီးရယ် တိမ်တိုက်တွေရယ် ထန်းတောတွေက
    တကယ်ကိုသက်ဝင်လှပါတယ်……..

  • မောင်ပေ

    July 18, 2012 at 11:07 am

    တိမ်ပန်းချီတွေကို ကျုပ်ဖန်ဆင်းထားတာဗျ
    ဆိုတော့က
    ဓါတ်ပုံရိုက်ခ ဘီယာ၈ခွက်(လိုလိုပိုပို) နဲ့ အမြည်းစုံ တစ်ဝိုင်း ပေးစေဗျား

  • Ma Ei

    July 18, 2012 at 11:52 am

    စုတ်ချက်ကြမ်းကြမ်းနဲ့ ဆွဲထားတဲ့
    ပန်းချီကားတွေပါဘဲ…
    လှလိုက်တာ ဆိုတာထက်ကို
    ပိုလှတယ်…

  • char too lan

    July 18, 2012 at 12:25 pm

    7, 14, 18, 20, 22, 23 အားလုံးကြိုက်တယ်ဗျာ………………………
    အဲ့အပြာရောင်တွ မမြင်တာကြာပီလေ…………………..

  • snow white

    July 18, 2012 at 3:32 pm

    လေးလေးပေါက်ရိုက်ချက်တကယ်ကောင်းတယ် တကယ်ကိုကြိုက်နှစ်သက်မိပါတယ် ပုံတိုင်းလိုလို တမျိုးစီ လှနေတာ အပြာရောင်ကောင်းကင်ကြီးကလည်း တော်တော်လေးကိုလှတယ် နံပတ် ၂၃ပုံတော့တော်တော်လေးကိုကြိုက်မိပါတယ် ။။။

  • ညလေး

    July 18, 2012 at 4:42 pm

    အားလုံးကိုကြိုက်ပါတယ်ဂျင့်…….
    ပြာရီမိုင်းကာမို.မို.ညို.ညို.ညိုလွင်………ဒီသီချင်းလေး ဆိုမိသွားတယ်လေးပေါက်ရယ်……
    ကောင်းကင်ပြာကြီးက လွပ်လပ်ခြင်းရဲ.သဘောကိုဆောင်သလို…
    တိမ်တိုက်လေးတွေက ဖြူစင်ခြင်းပေါ့….

  • နှင်းဆီ ငုံ

    July 18, 2012 at 4:56 pm

    တိမ်တောင်တိမ်လိပ်တွေတော့လှပါရဲ့ ဒါပေမယ့် ထန်းပင်တွေကိုကြည့်ရတာ လွမ်းမောစရာ …
    နောက်ပြီး ဘာကိုလွမ်းလို့လွမ်းရမှန်းလည်း မသိပြန်ဘူး … ခက်နေပါပြီလေးပေါက်ရယ် …
    ပြောရင်းနဲ့ လွမ်းလာပြီ ….

  • TTNU

    July 18, 2012 at 7:01 pm

    ကိုပေါက်ရေ…
    ပုံ(၁၆) မှာ အသည်းပုံပါတယ်။
    မာမီကြိုက်တာက ပုံ(၂၁)။
    ထုံးစံအတိုင်း ကူးပါသည်။
    ကျေးဇူးနော်။
    🙂

  • စိန်ဗိုက်ဗိုက်

    July 18, 2012 at 7:21 pm

    ထန်းပင်တွေ တန်းစီနေပါကလား..
    ကောင်းကင် ပြာပြာအောက်
    ထန်းပန် အစီအရီအောက်
    တဲထိုးပြီး
    ကြွက်ကြော်နဲ ့
    တစ်မြူပြီး တစ်မြူ ဆွဲထလိုက်ရင်တော့
    …..
    အင်း..
    ချီးပန်းမယ်ထင်တယ်နော်..

  • metallic

    July 18, 2012 at 7:54 pm

    နံပတ် ၁၁ က နှမ်းခင်းများလား
    အညာကို လွမ်းတယ်
    အညာကိုပြန်ချင်တယ်

  • မဟာရာဇာ အံစာတုံး

    July 18, 2012 at 8:00 pm

    ဖေဂျီးက
    ကျုပ်အလွမ်းတွေကို လာဆွ ..
    အိုဘယ့် .. ထန်းပင်နန်းတွေရယ် ..
    ငါ့စိတ်တွေကို ရွာပြန်ရောက်စေတယ် ..

  • Mလုလင်

    July 19, 2012 at 12:10 am

    ပုံ ၂၃ အတွက် လက်မ တစ်ချောင်း။ … လှည်းလေး တစ်စီး လောက် များ ပါလိုက် လို့ကတော့ .. ရန်ကုန် မှာတော့ မိုး မှ မိုးပဲ .. စွေလွန်းတယ်ဗျို ့ ..။

  • MaMa

    July 19, 2012 at 6:32 am

    ကိုပေါက်ရေ-
    မနာလိုတောင်ဖြစ်လာပြီ။
    ကိုယ့်ဖာသာရိုက်တဲ့ပုံတွေမှာကျတော့ တိမ်တွေက မလှဘူး။
    ကိုပေါက်တို့ ရိုက်တဲ့ပုံတွေမှာကျတော့ တိမ်တွေက လှနေပြန်ရော။
    နောက်ဆို ကောင်းကင်းကို မော့ကြည့်ရမယ်။
    တိမ်လှလှလေးတွေ ရိုက်ချင်လို့။ [:)]

  • captainamerica

    July 21, 2012 at 3:32 pm

    ချီးကျုးပါတယ်ဗျာ လှလိုက်တဲ့သဘာဝပန်းချီကားလေးတွေပဲ ကိုယ်သာွးနေကျလမ်းကရှုခင်းတွေ
    ဒီလောက်လှမှန်းတစ်ခါမှ မခံစားမိဝူးအဲဒါပဲ အနုပညာသမားရဲ့အမြင်နဲ. သာမန်လူတွေနဲ.
    အမြင်ချင်းမတူဝူးဆိုတာကိုပေါက် ကဲ့ဒါ့ပုံတွေက သက်သေပြလိုက်သလိုပဲ 🙂

Leave a Reply