ဆရာတူ တွေဘဲမဟုတ်လား?…

Ko out of...July 17, 20121min1348

လောကမှာ

မတူညီမှုတွေဆိုတာ အများကြီးပါ…
– တခြားသော မတူညီမှုတွေကိုတော့.. များလွန်းလို့ မပြောလိုတော့ပါဘူး…

အထူးသဖြင့်ပြောလိုတဲ့ မတူညီမှုက…

– တအူတုံဆင်း ညီရင်း အကို မောင်နှမသားမြေးတွေရဲ့ မတူညီမှု
ကိုပြောလိုပါတယ်…

အဲဒီမောင်နှမတွေမှာ တူတာတွေတော့ရှိပါတယ်..

– မိဘ၊ အဖိုး အဖွါး တူပါတယ်..အမေက ဗမာ၊ အဖေက ရှမ်း စသည့်လူမျိုး
အသားအရောင်၊ဘာသာ ၊မွေးဖွါးရာဒေသ ခုနှစ် သက္ကရာဇ် စသည့် မတူညီတာတွေကို မကြည့်ဘဲ မိဘ နှစ်ဦးပေါင်းစပ်လို့ ကိုယ်ကလူ ဖြစ်လာရတယ် ဆိုတဲ့ တူညီမှု တခုကိုယ်သာကြည့်ရန်…

အထက်ပါ တူညီမှုတွေကိုတော့ ဒီမောင်နှမတွေ အားလုံး
လက်ခံကြပါတယ်..ဒီတူညီမှုတွေကြောင့်လည်း သူတို့
ရန်မဖြစ်ကြပါဘူး..မငြင်းခုံကြပါဘူး…

မိဘတွေရဲ့ နာမည်၊ မွေးဖွါးရာဒေသ၊ခုနှစ်သက္ကရာဇ် တူရုံနဲ့ အတူတူနေလို့ရတယ်၊
စည်းလုံးတယ်လို့ ပြောလို့မရသေးပါဘူး..

တကယ်မြင်ရမှာက…မိဘက ဘဝမှာ ဘယ်လို ကျင့်ကြံနေထိုင်ရမယ် စသည်ဖြင့် လမ်းညွှန်မှုပေးပြီး…ကိုယ်ကလည်း နားလည်ကြမယ်ဆိုရင်.. အသိတူ၊ အမြင်တူ၊ အကျင့်တူတွေဖြစ်လာကြလို့ အတူတူနေနိုင်ကြတယ်..စည်းလုံးကြတယ် လို့မြင်ကြရမှာ…

ဒီအဆုံးအမ လမ်းညွှန်မှု အမွေကို ပထမမျိုးဆက်ဖြစ်တဲ့ မိဘတွေက အမွေ
ရနိုင်တာမှန်ပေမဲ့ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ် စသည်စသည် လက်ထက်တွေမှာ
ကျတော့ အဖိုးအဖွါးတွေ ပြောခဲ့တဲ့ စကားကို တောင်သိချင်မှ သိမယ်၊
မှတ်မိချင်မှ မှတ်မိမယ်၊ သိတယ်ထားလိုက်ဦး သူတို့ပြောတာ နားလည်မှု လွဲမှားချင်မှားဦးမှာ ဆိုတာ လူတိုင်း လက်ခံမယ်ထင်တယ်…

ကျွန်တော်တောင်မှ အဖိုးရဲ့ မိဘ နာမည်ကို သူများမေးရင် မသိတော့ဘူး..
မှတ်လို့လည်းလွယ်၊ စဉ်းစားစရာလည်းသိပ်မလိုတဲ့ နာမည်တောင်မှ မသိတော့ဘူး
ဆိုရင် ….

သူပြောဆိုခဲ့တဲ့ စကားတွေ အဆုံးအမတွေဆိုတာ မှတ်မိဖို့လွယ်ပါ့မလားပေါ့..
ဒါတွေလည်း ကျွန်တော်စဉ်းစာမိတယ်…

ဒါပေမဲ့ သမိုင်းဆိုတာရှိတယ်..သမိုင်းဆိုတာ လူတစ်ဦးတစ်ယောက်က
သူရဲ့လုပ်ဆောင်ခဲ့တဲ့…
အကောင်း၊အဆိုး စသည့် အကြောင်းအရာ အမှန်တွေကို ဖေါ်ပြတာဘဲ…ဒီအမှန်အတိုင်း
လက်ဆင့် ကမ်းသယ်ဆောင် လာနိုင်ခဲ့ရင် နောက်ကလူတွေ အတွက် ကောင်းတာဆိုရင် အတုယူ အားကျစရာတွေ ရစေတယ်..မကောင်းတဲ့အရာတွေဆိုရင်လည်း ရှောင်စရာတွေ..
သင်ခန်းစာ ယူစရာတွေ… စသည့် တန်းဖိုးတွေ မဖြတ်နိုင်ပါဘူး…

ဒါပေမဲ့ အင်မတန်မှ ရှည်လျှားတဲ့ ရာစုနှစ်တွေနဲ့ချီတဲ့ သမိုင်းတွေကျတော့
အဲဒီလူပြောခဲ့တဲ့ စကားဟုတ် မဟုတ်ဆိုတာ ယုံကြည်လက်ခံဖို့ တော်တော်ကို
စဉ်းစားရမှာဖြစ်တယ်..

ရာစုနှစ် ထောင်နဲ့ချီပြီး ပြောတဲ့လူရဲ့ စကားတောင်မပြောနဲ့ ဒီမြန်မာပြည်ရဲ့
အနှစ်လေးငါးဆယ်သမိုင်းကို အမှန်တွေရော အမှားတွေရော ကပြောင်းကပြန် ဖြစ်အောင် လုပ်နေကြသေးရင် နှစ်ထောင်ချီတဲ့ သမိုင်းကတော့ မလေ့လာလို့ မစိစစ်လို့ မဖြစ်ဘူး..

ဒီလိုဘဲ ဘဝလမ်းညွှန်အဖြစ် ခေါင်းပေါ်မှာ ဦးထိပ်ပန်ဆင်ပြီး ရှိခိုးလာတဲ့
မိရိုးဖလာတွေလက်ခံခဲ့တဲ့ ..ဘုရားရဲ့ အဆုံးအမဟာလည်း ဘုရားရဲ့ စကားတကယ်
အစစ်အမှန် ဟုတ်မဟုတ် ဆိုတာ စဉ်းစားစရာတွေ ဖြစ်လာတယ်..

ဒါကြောင့်မို့လည်း နောက်ပိုင်း ဂိုဏ်းအမျိုးမျိုးတွေဖြစ်လာတယ်
ပင်မခွဲထွက်လာတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကတော့… ထေရဝါဒနဲ့ မဟာယာနပေါ့..
အဲဒီမှာ အဓိက ငြင်းခုံတာကတော့…ဓမ္မ(ဆောင်စရာ)မဟုတ်ဘဲ.. ဝိနည်းစည်းကမ်း
( ရှောင်စရာ)တွေသာ ဖြစ်တယ်…

ထေရဝါဒကတော့… ဘုရားဟောတဲ့ ဝိနည်းစည်းကမ်းအတိုင်း မပြုမပြင်ဘဲ…မထေရ်ကြီးများကလက်ကိုင်တဲ့ ဝါဒပေါ့….

မဟာယာန ကတော့… ဘုရားက ဝိနည်း အသေးတွေကို မလိုအပ်ရင်..သံဃာတွေ
အချင်းချင်းက သဘောတူရင် ပြုပြင်နိုင်တယ် ဆိုတဲ့ ဘုရားစကားကို ထောက်ပြီး..
သူတို့ပြင်တယ်..သူတို့က ပြုပြင်တဲ့ ဝါဒပေါ့…

သူတို့က တဂိုဏ်းကို တဂိုဏ်းဘယ်လို ရန်ဖြစ်ကြလဲဆိုတော့..

– မဟာယာနကလည်း.. ထေရဝါဒကို.. သူတို့က ဘာသိလို့လည်း..ဘုရားကိုယ်တိုင်
ပြုပြင်နိုင်တယ် လို့ပြောနေတာဘဲ?..

– ထေရဝါဒကလည်း..မဟာယာနကို..သူတို့များ ဘုရားထက်ပိုသိတာမှတ်လို့?..
စသည်ဖြင့် ငြင်း ခုံကြတယ်…
မဟာယာနကို ဘုရားလောင်းဝါဒလို့ ပြောပေမဲ့ ကိုယ်ဘက်ကျတော့ ဆုကြီးပန်..နေတာ
တွေကလည်းရှိတော့…ဒါလည်း ဘာထူးလို့လဲ? စကားလုံးသာကွဲတာ အတူတူဘဲ..

ကိုယ်က သာဝက ဆုပန်ရင် သူတို့က ဘုရားလောင်းဝါဒ ဆိုတော့..သူတို့ရဲ့နောက်
လိုက်တပည့် ရဟန်းဖြစ်မယ် စသည်ဖြင့်..ဒီလိုဘဲ စကားများကြမလား?..
သူတို့က အတူတူနေလို့ရတယ်လို့တာ ပြောနေတာ…သူတို့ တတွေဟာ စစ်အေး
တိုက်ပွဲတွေ ဖြစ်နေတယ်…

တကယ်တော့ ဂိုဏ်းဆိုတာ ဘုန်းကြီးတွေနဲ့ဘဲ ဆိုင်တယ် လို့ပြောချင်တယ်..
ကျွန်တော်တို့က ဂိုဏ်းကိုလေ့လာတာ မဟုတ်တဲ့ အတွက်.. ဘုန်းကြီးဆိုတဲ့ ဂိုဏ်းအမျိုးမျိုးရဲ့ အဝတ်ကိုမကြည့်ဘဲ…. ဓမ္မကိုလေ့လာရမှာ…
အခုက ဂိုဏ်းကြောင့်လူတွေစကားများ ရန်ဖြစ်နေကြရတာ “ဘုန်းကြီးအမှု ရွှာပတ်”
ဆိုတဲ့ စကားဟာ ဒီနေရာမှာ..သိပ်မှန်သွားပြီလို့ ပြောရမလိုဘဲ…

တကယ်တော့ ဘုရားမဟောတဲ့ အဗျာကတ တရားကို ဘယ်သူကမှ ဖေါက်ထွက်ပြီး
မမြင်ကြဘူး…မြင်ပြပေးတဲ့ ဆရာတော်တွေ ရှိပြန်တော့လည်း ..စဉ်းစဉ်းစားစား
မလုပ်ဘဲ..သူတို့နဲ့ မတူရလား ဆိုပြီး မတရားပုဒ်မတွေ တပ်ပြီး အကျည်းချ?…

သူတို့တတွေဟာ…ဘုရားလမ်းညွှန်သွားခဲ့တဲ့ ဓမ္မလမ်းကြောင်း ဟုတ်မဟုတ်
ဆိုတာကို ဆွေးနွေးသုံးသပ်ခြင်းမျိုး သိပ်မလုပ်ကြဘဲ…
ဝိနည်းစည်းကမ်းပေါ်မှာ ပြုပြင်ချင်တဲ့လူနဲ့ မပြုပြင်ချင်တဲ့လူဆိုပြီး ဖြစ်ကြတာ…

တကယ်တော့ ဒီစည်းကမ်းတွေကို ငြင်းခုံတာက အကျိုး
သိပ်မများဘူး..
တကယ်ဆွေးနွေးသုံးသပ် ရမှာက ဓမ္မဗျာ ..ဒီဓမ္မ လမ်းကြောင်း အပေါ်ဆွေးနွေးကြပါမှ
အမှန်လမ်းကြောင်းပေါ်ရောက်မှာ..

ဥပမာ..ဘာနဲ့တူလည်းဆိုတော့…ကျောင်းနှစ်ကျောင်း ဖြစ်တဲ့ အ.ထ.က(၁) နဲ့ အ.ထ.က(၂) ဆိုပါတော့..
– အ.ထ.က (၁)က ကျောင်းသူကျောင်းသားကို ထမီအပြာ၊အင်္ကျီအဝါ ၊ဘိနပ်က အနက်၊
..ကျောင်းတက်ချိန်က ၈းဝဝနာရီ..ဆိုပါတော့..
– အ.ထ.က (၂)က ကျောင်းသူကျောင်းသားကို ထမီအစိမ်း၊အင်္ကျီအဖြူ..ဘိနပ်က အဖြူ၊
ကျောင်းတက်ချိန်က ၈း၃ဝ နာရီ ဆိုပါတော့…

ဒီအပေါ်မှာ စည်းကမ်းမတူညီတာကို ဆရာတွေက ငြင်းခုံဖို့ မဟုတ်ပါဘူး…

– ရှင်းရှင်းပြောရရင် စာသင်ကျောင်း တကျောင်းဟာ ကျောင်းရဲ့စည်းကမ်းနဲ့
ပတ်သက်ပြီးတကျောင်းနဲ့ တကျောင်း ဆရာတွေက ငြင်းခုံနေကြဖို့ မဟုတ်ဘဲ…

တကယ် ဆွေးနွေးအဖြေရှာရမှာက ဒီကျောင်းရဲ့ သင်ရိုးညွှန်းတမ်းမှာပါတဲ့ စာတွေဟာ
တကယ်ပညာရှိက ဆိုလိုတဲ့ စကားနက်နဲ့ သူ
ပြောတဲ့ စကား ဟုတ်မဟုတ်..သူ့စကားကို သင်ပေးလိုက်လို့ လူသားတွေ အတွက်
ငြိမ်းချမ်းမှု တကယ်ရမရ(စာတွေ့နဲ့ လက်တွေ့ တစ်ထပ်တည်း ကျမကျ)၊ အဲဒီစာရဲ့
တန်ဖိုးရှိမှု မရှိမှု၊ အသုံးဝင်မှု ရှိမရှိ ဆိုတဲ့ တန်ဖိုးကို ကြည့်ရမှာ
ဖြစ်တယ်…

ယနေ့နိုင်ငံတော် အစိုးရမှာ ပညာရေးစနှစ်ကို ကောင်းသထက် ကောင်းအောင်
လူပုဂိ္ဂုလ်တွေတောင်မှဘဲ…
တယောက်ကို တယောက် အပြစ်မမြင်ကြဘဲ.အာဃာတ တရားတွေလည်း မထားကြဘဲ
နိုင်ငံတော်ရဲ့ အကျိုးကိုရည်မျှော်ပြီး.လောကလူသားတွေရဲ့ ကောင်းကျိုးကို ဦးတည်ပြီး ဆွေးနွေးနိုင်ကြသေးတယ် ဆိုရင်..

ဆရာတစ်ဆူတည်းက မွေးထုတ်ပေးတဲ့ ရဟန်းသာမဏ လို့ခံယူထားတဲ့ ဘုရားသားတော် အချင်းချင်းတွေဟာ ပိုပြီးတွေ့ဆုံ ဆွေးနွေးနိုင်ရပါ့မယ်..တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေ
ရှာကြပါမှ ငြိမ်းချမ်းမှုရကြမှာပါ…

– ဒို့တတွေဟာ တအူတုံဆင်းညီရင်း အကိုမောင်နှမတွေပါ…နေ့စဉ်နဲ့ အမျှ တွေ့နေကြ
မြင်နေကြရမည့် လူတွေပါ..တချိန်တုံးက မှားခဲ့တာတွေကိုသင်ခန်းစာယူကြပြီး..မြန်မာရော
ကမ္ဘာပါ..လူသားတွေငြိမ်းချမ်းရေး အတွက် ရှေ့ခရီးလမ်းမှာ အတူလှမ်းကြပါစို့လား?…

8 comments

  • Passing By

    July 17, 2012 at 10:06 am

    အဲ့လိုတွေ့ဆုံ အဖြေရှာလိုက်လို့ ငါကမှားနေပါပြီတဲ့ .. ဒါဆို ငါ့ ဂုဏ်သိက္ခာတွေ၊ စည်းစိမ်တွေ၊ ဥစ္စာတွေ၊ ဒကာတွေ ဒကာမတွေ နည်းသွားမှာပေါ့ ..
    ခုလိုအကျဉ်းကျ၊ ထောင်ချ တော့ ငါ့အတွက် လွယ်လည်းလွယ်တယ်။ ငါ့ရဲ့မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းနိုင်သိမ်းနိုင်တယ်လေ .. အဟဲ ..
    ဘယ်တော့မှ မဆွေးနွေးပေါင်း ..

  • Ko out of...

    July 17, 2012 at 10:26 am

    မဆွေးနွေးတာ ကိုယ့်အလုပ်မဟုတ်ပါဘူး..ဒီ ရဟန်းအိုကြီးတွေ မဆွေးနွေးလည်း နောက်မျိုးဆက်သစ် အတွက် လမ်းကြောင်းကတော့ပေးရမှာပါဘဲ..
    လူတွေ အလုပ်လုပ်လို့ ပြဿနာဖြစ်တာ..ဟုတ်သေးတယ်..အလုပ်မလုပ်တဲ့ လူတွေရဲ့ ပြဿနာတွေများနေတယ်..
    ပြဿနာတွေများပြီး သူတို့အလုပ်မလုပ်လို့ ဝင်လုပ်ပေးရတာဖြစ်ကြောင်းပါခင်ဗျား…

  • me dain

    July 17, 2012 at 11:40 am

    ကျွန်တော်ထင်တာက..

    မစကတည်းက မဆွေးနွေးကြလို ဒီလိုမျိုးပြဿနာမျိုးတွေ ဖြစ်လာတာ လို့မြင်ပါတယ်..

    မတွေ့ရုံနဲ့ ဒီကိစ္စက ဒီလိုပြီးမှာ မဟုတ်ဘူးဗျာ…

    ဆရာတော်တရားက ပြန့်နေပြီ..ကိုယ်ကအောက်ခြေ အထိ မဆင်းကြည့်နိုင်ဘူး…

    ကိုယ့်လူတွေကို ဒီစာကိုမဖတ်နဲ့ မလေ့လာနဲ့ပြောရုံနဲ့ မပြီးပါဘူး..ဆရာတော်ကို ထောင်ကို ထောင်ချရုံနဲ့ လည်း မပြီးပါဘူး…
    ခေတ်က အရင်လို မဟုတ်တော့ဘူးဗျာ..
    အောက်ခြေ ကလူတွေက သဘောပေါက်ပြီး ဒီတရားကို မငြော်ငြာဘဲ တိုးတိုး တိတ်တိတ် သုံးစွဲနေတဲ့ လူတွေလည်းများနေပြီ….

    နာမည်ကျော် ထေရဝါဒဆရာတော်ကြီးတပါးကတော့ အတင်းအကျပ် လုပ်တာကို သဘောမကျဘဲ..တွေ့ဆုံဆွေးနွေးဖို့တော့ဟောပြောနေတာဘဲ…

    နောက် ဓမ္မကထိကဆရာတော်တွေကိုလည်း ရှေ့ဘဝ..နောက်ဘဝ အကြောင်းတွေ သိပ်မဟောကြဖို့ ဩဝါဒပေးတယ်လို့ လည်းကြားရတယ်..

  • နွေဦး

    July 17, 2012 at 2:02 pm

    ဆယ်တန်းစာမေးပွဲဖြေကြတဲ့ခလေးတွေကို နမူနာ ယူကြပါ..။
    ဟိုကျောင်း ဒီကျောင်း ကွဲပေမဲ့..
    သင်တဲ့စာ ဖြေရမဲ့စာ တွေက သင်ရိုးတမျိုးထဲပါ..။
    ကျောင်းက သင်တာကို ကျက်ပြီးအောင်တဲ့လူလဲရှိတယ်..။
    ကျောင်းကသင်တာကို လိုက်မမှီလို့ ကျူရှင်ယူ ပြီး ဖြေကြရတဲ့သူလဲရှိတယ်..။
    တချို့ကြတော့လဲ ဘာတွေသင်ပြီး ဘာတွေဖြေရမှန်းမသိတဲ့သူတွေလဲရှိတယ်..။
    ဆရာမှား စာမှားပြီးကြိုးစားပေမဲ့ စာမေးပွဲကျတဲ့ သူတွေလဲ အများကြီးပါ..။
    ကိုယ်က ဆယ်တန်းဖြေမဲ့သူဆို ဆယ်တန်းစာ သင်ရိုးညွှန်းတမ်း ကို တော့ သိရမယ်..။
    ဆရာကပြောပြ သင်ပြတာတွေဟာ ကိုယ်ဖြေမဲ့ စာမေးပွဲနဲ့ ကိုက်ရဲ့လားဆိုတာလဲ နဲနဲလောက်တော့ သိမှ..။
    ပြီးရင် ကိုယ်တိုင်က စာကြိုးစားရ ကျက်မှတ်ရသေးတာဗျ ။
    ဒီလိုဘဲ..
    ခင်ဗျားတို့ ဘာလုပ်မလဲ..နိဗ္ဗာန် သွားချင်တယ်..နိဗ္ဗာန်ရောက်ဖို့ လမ်းညွှန်ရှိတယ်..။
    ကိုယ်တိုင်တော့ နဲနဲပါးပါး သိအောင်လုပ်ကြပါ..။
    ကိုယ်ယူတဲ့ ကျူရှင်က ဆရာ တကယ်တတ်အောင်သင်ပေးနိုင်လား စိစစ်ပါ..။
    နိဗ္ဗာန်ရောက်နိုင်တဲ့ သင်ရိုးညွှန်းတမ်းက ရှိပြီးသား..။
    ကိုယ့်ဖာသာ စာမကျက်ရင်တော့ ဆရာဘယ်လောက်တော်တော် မအောင်နိုင်သလို
    သင်ရိုးကြေအောင် မသင်နိုင်တဲ့ဆရာ အဖြေလွဲအောင်တွက် တတ်တဲ့ ဆရာ မျိုးတွေကို အားကိုးမိရင်လဲ..
    စာမေးပွဲ တဘုံးဘုံး ကျသလို…
    သံသရာမှာ တပါတ်ပြီးတပါတ် ရဟတ်လို လည်နေကြမှာ..။
    သေချာတာတခုက ကိုယ်တိုင်မကြိုးစားဘဲနဲ့တော့ ဘယ်ဆရာမှ အောင် အောင်မသင်ပေးနိုင်ကြပါဘူးဗျား..။

    • Ko out of...

      July 17, 2012 at 3:31 pm

      ကိုနွေးဦးပြောတာ နည်းနည်းတော့ စိစစ်ဖို့ လိုဦးမယ်ထင်တယ်…

      ဘာဖြစ်လည်းဆိုတော့ မြန်မာပြည်ရဲ့ ပညာရေးစနှစ်က တော်တော်နောက်ကျနေပြီ…
      စာမေးပွဲအောင်၊ ဘွဲ့ ရလို့သာပြောတာ..မေးလိုက်ရင် ဘာမှ မသိ…ဘာမှ မဆွေးနွေး
      နိုင်တာ အများကြီးတွေ့နေရပါတယ်….

      သင်ရိုးညွှန်တမ်းတွေလည်း ပြင်ဖို့ လိုအပ်သလို…ကလေးတွေက ဘိုင်ဟတ် အလွတ်ကျက်
      မှတ်တာတွေက အခုထိဘဲရှိနေသေးတယ်…
      ဘိုင်ဟတ်ကျက်ပြီးဖြေလို့အောင်တဲ့လူတွေရှိသလို..ငွေပေးပြီး အအောင်ပေးတာရှိတယ်..
      လူအားလုံးကို မဆိုပါ… ပညာတတ် အနည်းငယ်သာ ပေါ်ထွက်လာသည်မှာ..တခုခု လိုအပ်
      နေလို့ဘဲ…..

      သင်ရိုးညွှန်းတမ်းတွေမှာ… စိတ္တဇ ဆန်သောစာ များကြောင့် လူငယ်တွေ မေးသည့်မေးခွန်း
      အချို့ကို ဆရာ/မ တွေမဖြေနိုင်ဘဲ ဖြစ်နေကြပါသည်..
      ထို့ကြောင့် နိုင်ငံ တကာ ကလေးတွေနဲ့ယှဉ်ရင် ဒို့ကလေး မျက်နှာသူငယ်ဖြစ်နေရပါသည်..
      ထို့ကြောင့် ခရီးမတွင်ဘဲ ဖြစ်နေပါတယ်…

      စာသင်ကျောင်းမှာ ပြဋ္ဌာန်း လိုက်သည့် ပညာရေး သင်ရိုးညွှန်းတမ်းသည်
      ဒီဘဝမှာ အသုံးချဖို့ ဖြစ်နေသည်မှာ မှန်ကန် သဘောကျ သော်လည်း..အိမ်ပြန်လာသော
      အခါ ဖေဖေနှင့်မေမေသည်..အဲဒါ မဟုတ်ဘူး လို့ပြောပါသည်..
      ရွှာဦးကျောင်းက သင်တဲ့ သင်ရိုးညွှန်းတမ်းသည် နောက်ဘဝအတွက် ..သင်တဲ့ ပညာရေး
      စနှစ်ဖြစ်နေပါသည်… …ထို့ကြောင့် ကျွန်တော်တို့သည် ဘယ်ဆရာ၏ စကားကို ယူရမည်
      မသိသလို…..မေမေဖေဖေနှင့် ရန်မဖြစ်ချင်သောကြောင့် ကျွန်တော်သည် ” ကမာ္ဘကြီးသည်
      ကျောင်းတွင် လုံးပြီး အိမ်တွင် ပြားသည် ” ဟုဘဲကျက်လိုက်ရပါသည်..

  • realman

    July 17, 2012 at 7:43 pm

    ဗုဒ္ဓက ဝိနည်းကို သံဃာသဘောတူရင် ပြုပြင်ဖို့ ခွင့်ပြုခဲ့ပါတယ်။
    ဒါ အကြောင်းမဲ့တော့မဟုတ်ပါ။

    အဲဒါ သံဃာဆန္ဒခံယူပြီး ပြင်လည်း မပြင်ဘူး။ လိုက်လည်း မလိုက်နာကြတဲ့ ရဟန်းတွေနဲ့
    သံဃာဆန္ဒခံယူပြီး ပြင်သင့်တာတွေကို ပြင်တယ်။ အဲဒီ သံဃာသဘောတူပြင်ထားတဲ့ ဝိနည်းကို လိုက်နာကျင့်သုံးကြတဲ့ ရဟန်းတွေမှာ
    ဘယ်ရဟန်းတွေက ဘုရားစကားနားထောင်ကြသလဲလို့ စဉ်းကြစေလိုပါတယ်။

  • Oo Lwin

    July 17, 2012 at 8:41 pm

    တွေ့ဆုံဆွေးနွေးနိုင်ဖို့ဘယ်နည်းလမ်းရှိပါသလဲ။

  • ဇောက် ထိုး

    July 18, 2012 at 7:43 am

    ဥပဒေ စိုးမိုးပြီး.. လွတ်လပ်စွာရေးသားတင်ပြဖို့ ဒီမိုကရေစီ အမှန်ရလာရင်ဖြင့်…………………

Leave a Reply