မားကတ္တင်း အကြောင်း မရေးဖြစ်တာကြာလို့ နည်းနည်း ရေးကြည့်တာပါ…ဘာမှမဟုတ်ပါဘူး

သဂျီးက အတင်းမပြောရဘူး ဆိုကာမှ အတင်းပြောချင်စိတ်တွေ ..သိပ်သိပ် ကို များပြားလာပါဘိတောင်း..

 

သည်တခါပြောမယ့် အတင်းက မိထူး အကြောင်း …ဟုတ်ပါ့.. Me Too Strategy တဲ့ ..

စာသိပ် မလေးအောင် ..အလွယ်ပဲ ရေးတော့မယ်ဗျာ ..အဆိုပါ မိထူး အကြောင်း ..

 

မိထူး ဘယ်ကစ ..

ဘယ်က စ သလဲပြောရရင် ဘယ်သူက စ သလဲ ပြောမှ ဖြစ်လိမ့်မယ်..။

ဘယ်တော့မှ Market leader တွေ .. Entrepreneur တွေ မိထူး စလုပ်လေ့မရှိဘူး ..။

ဘယ်လိုလူတွေ လုပ်လေ့ရှိသလဲဆို .. leader တွေ နောက်မှာ ရှိတဲ့ သူတွေ …

(အတိုက်အခံ ဆန်ဆန်) တဆင့်နိမ့် ပြိုင်ဘက်တွေ လုပ်လေ့ ရှိသတဲ့ ….။

အဲ..Me Too ရဲ့ ရည်ရွယ်ချက်က ၂ခု ရှိတတ်သတဲ့ …ပထမ ၁ခုက

ဂုဏ်သိက္ခာပိုင်းအရ … ဟုတ်ကဲ့ .. leader ဖြစ်တဲ့လူက ဒါလုပ်ရင် ..

ကိုယ်ကလည်းပဲ ဒါမျိုး ပုံစံတူ လိုက်လုပ်ပြတယ်.. (မကွာပါဘူးကွာ ..ငါလည်း

သိပါတယ် တတ်ပါတယ် ဆိုပီး appeal လုပ်ပြတာမျိုး..)

အဲ … အဲ့လိုမဟုတ်တဲ့ ..ဒုတိယမြောက် ရည်ရွယ်ချက် ကတော့ market leader

ဖောက်ထားတဲ့လမ်းကြောင်းကို ကိုယ်လည်း ၀င်ပြီး လျောက်မယ် ..(ငါလည်း စားမယ်)

ဆိုတဲ့အစား ဖြစ်ပါတယ်။ ပြောရရင် Ansoff’s Martrix ကို ပြန်သွားရမယ်..ဗျ…

 

Igor Ansoff

 

 

 

အဲ့သည်မှာ

1. Market Penetration

2. Product Development

3. Market Development

4. Diversification

ဆိုပြီး ၄ဆင့်ရှိပါသတဲ့ …(သိပြီးဖြစ်လည်း သည်းခံနားထောင်ပေးကြပါဗျား..)

 

 

 

1. Market Penetration

ကတော့ .. ရှိပြီးသား ဈေးကွက်ထဲကို ထိုးဖောက်တာ ဖြစ်သတဲ့ …။

ဥပမာပြောပါဆိုရင် …ဆပ်ပြာ လိုပစ္စည်းမျိုး ပေါ့ ..။ လူသားအားလုံး ရေချိုးကြပြီး

ရေချိုးတိုင်း ဆပ်ပြာ တိုက်ကြတဲ့ ခေတ်ကြီးမှာ ဆပ်ပြာ နာမည် အသစ် ထုတ်ပြီး …

ရှိပြီးသား ဈေးကွက် ကို ဒါလေး သုံးကြည့်ပါလား ဆိုပြီး ထိုးဖောက်တာ….။

(သိပ်တော့ ရင်ခုန်စရာမကောင်း… ခက်လည်း သိပ်မခက် – ကျန်၃မျိုးနဲ့ နှိုင်းယှဉ်ရင်..)

 

2. Product Development

ဒါက ပိုမို နက်နဲတဲ့ ကိစ္စ ဖြစ်လာပါပြီ …။ ရှိပြီးသား ဈေးကွက် ကို ထုတ်ကုန်အမျိုးအစား သစ်

ထုတ်လုပ် ထိုးဖောက်တာ ဖြစ်ပါတယ်.. ။ ဆပ်ပြာ ဥပမာ ကို ပြန်သွားရင်… (ကိုယ်တိုက်)ဆပ်ပြာ

သပ်သပ် .. ခေါင်းလျှော်(ရှမ်ပူ) သပ်သပ် ရှိနေရာကနေ … အသစ် ထုတ်တဲ့ ထုတ်ကုန်ဟာ ..

ကိုယ်လည်းတိုက်နိုင်သလို ..ခေါင်းလည်းလျှော်နိုင်တာမျိုး ဆိုပါတော့ …

သည်နေရာမှာ Entrepreneurship က စကားပြောလာပြီ ဖြစ်ပါတယ် …

လွန်ခဲ့တဲ့ ၄နှစ်က တွေ့ခဲ့ဖူးတဲ့ .. product တခု ကို ဥပမာပေးချင်ပါတယ်.. (ဘယ်လောက်

အောင်မြင်သလဲ ဆိုတာတော့ လိုက်တိုင်းမကြည့်ဖူးလို့ မသိပါ)

 

 

 

ဟုတ်ကဲ့ hair dryer ဖြစ်ပါတယ်..။ တသက်လုံးက hair dryer ဆိုရင် လက်တဖက်နဲ့

ကိုင်ပြီး မှုတ် ကျန်တဖက်နဲ့ ဆံပင်ကို ပွတ် .. ဆိုတဲ့ အယူအဆ ဟောင်းကနေ ..လက်၂ဖက်လုံး

အလွတ်ထားပြီး ဆံပင်ကို စိတ်ကြိုက်ပွတ်လို့ ရမယ့် ..ထောင်ထားလို့ …(၀ါ) ချိတ်ထားလို့ရမယ့်

 

 

hair dryer အမျိုးအစား ကို ဖန်တီးကြတာပါပဲ …။ ပြောရရင် ..ရှိပြီးသား ဈေးကွက်ထဲကိုပဲ

အသွင်မတူတဲ့ ထုတ်ကုန်အမျိုးအစားသစ် ဖန်တီးရတာမို့ …1. ထက်တော့ ပိုမို ပညာပါ ..

နက်နဲတာ အမှန်ပါ …။ (Mirrorless Camera တွေဟာ ဒါမျိုး လို့ ပြောနိုင်ပါတယ်… ဓာတ်ပုံ

ဝါသနာကြီးသူတွေကို compact တွေ ရဲ့ ကျစ်လစ်မှု ဂုဏ် နဲ့ ..DSLR တွေရဲ့ interchangable

lens ဆိုတဲ့ features ကို ပေါင်းစပ် ထုတ်လုပ်ထားတာပါ..)

 

 

 

 

ဆက်ပါဦးမယ်..

 

3. Market Development

ဒါကတော့ ဈေးကွက် အသစ် ရှာတာ ဖြစ်ပါတယ်..ပစ္စည်းဟောင်းနဲ့ဆိုပါတော့ …

ဒါကို ပိုမို ခက်ခဲတယ် လို့ ပြောရတာ အကြောင်း တွေရှိပါတယ်…။ DIY တွေဟာ

သည်ဘက်မှာ အကျုံးဝင်တယ် ဆိုနိုင်ပါတယ်…။ စာအုပ် ထဲက ဥပမာ အတိုင်းပြောရရင်တော့…

အနောက်တိုင်းမှာ ဟိုး ရှေးရှေးက အိမ်ရှင်မတွေဟာ ဂျုံတွေဝယ်ပြီး အိမ်တွင်းဖြစ် ကွတ်ကီးတွေ

ဖုတ် ပါသတဲ့ ..။ ခေတ်တွေပြောင်းလာတဲ့နောက် .. မုန့်ဖုတ် ကန်ပနီတွေဟာ ကွတ်ကီးတွေ ပေါများစွာ

ထုတ်လုပ်ရောင်းချလာခဲ့ပါတယ်..ပြောင်းလဲလာတဲ့ လူမှု ပုံစံအရ …convenience store တွေ super market

တွေက နေ အလွယ်တကူ ၀ယ်ယူရရှိလာလို့ အိမ်ရှင်မတွေဟာ အချိန်ကုန်တဲ့ အိမ်တွင်းမုန့်ဖုတ်တဲ့

အလုပ်ကို ဆက်မလုပ်ကြတော့တာမို့ ဂျုံထုတ်လုပ်သူတွေဟာ …မုန့်ဖုတ်တဲ့ ကန်ပနီတွေ

ကလွဲရင် end user တွေထိ တိုက်ရိုက် ထိတွေ့ဆက်ဆံ ဖို့ မရှိတော့ သလောက်ဖြစ်လာပါတယ်..

သည်အချိန်မှာ ဂျုံထုပ်လုပ်သူတွေဟာ .. market development တခု လုပ်ခဲ့ပါတယ်…

အဲ့ဒါကတော့ အဆိုပါဂျုံစိမ်းတွေဟာ ..ရေခဲသေတ္တာ သန့်ရှင်းရေး အတွက် အလွန်အသုံးကျတယ်

ဆိုတာပါပဲ …ပြောရရင် ရှိပြီးသား ကုန်ပစ္စည်း တခုရဲ့ new usage ကို ရှာတွေ့ တာပါ …new usage of

old product ဖြစ်ပါတယ်..။ သည်လိုနဲ့ အိမ်တွေရဲ့ မီးဖိုချောင်မှာ ဂျုံမှုန့်တွေ တဖန်ပြန်လည် နေရာယူလာခဲ့တယ်

 

 

 

 

ဆိုနိုင်ပါတယ်… (မူလဘူတ ရည်ရွယ်ရင်း မုန့်ဖုတ်ဖို့ မဟုတ်ပါ) .. ဒါဟာ အထူးပြုလုပ်ထားတဲ့ ..ရေခဲသေတ္တာဆေး

ဆပ်ပြာရည် အမျိုးအစား တွေ ပေါ်မလာခင်ထိ အလုပ်ဖြစ်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ် ဖြစ်ပါတယ်..။ အလားတူ

ဖြစ်ရပ် တခု ဆွဲထုတ်ရရင်တော့ .. ကြက်သွန်နီနဲ့ ပေါင်မုန့်ကြမ်း ကို ဖုန်အလိပ်လိပ်တက်နေတဲ့

ဆီဆေးပန်းချီကားတွေ သန့်စင်ဖို့ သုံးလို့ ရတာပါပဲ … အဲ. ..ခင်လို့ လက်တို့ရရင် microwave မီးဖို အတွင်းပိုင်း

ကို ဆေးချင်ရင်တော့ ..ဘီယာ နဲ့ ရေမြှုပ်ဖော့ ဟာ အလွန် အသုံးဝင်ပါကြောင်း …

 

အချုပ်ပြောရရင် 1 & 2. ထက် ပိုမို ပညာပါ လက်ဝင်ပြီး နက်နဲတဲ့ သဘောတရားတွေ ပါဝင်လို့ပါ…

အခက်ဆုံးတော့ မဟုတ်သေးပါ …. အခက်ဆုံးက အောက်မှာ စပြောပါမယ်..

 

 

4. Diversification

ဖြစ်ပါတယ်… ဒါကတော့ …ပစ္စည်းသစ် ကို ဈေးကွက်သစ် ဆီ တင်ပို့ရောင်းချတဲ့ ကိစ္စရပ် လို့

ဆိုချင်ပါတယ်… ။ ဈေးကွက် ဆိုလို့ …မျက်စိထဲ ဘာပြေးမြင်မလဲ ..မေးချင်မိပါရဲ့ …။

ဈေးကွက် market ဆိုတာ ..cluster of customer ဖြစ်ပါတယ်… စားသုံးသူ အစုအဝေးပါ..

ရုပ်သဘောအရ ဈေး တခု လို့ မြင်မယ်ဆိုရင် ..နည်းနည်း lost in translation ဖြစ်မယ် ထင်ပါကြောင်း..

(ဟုတ်ကဲ့ ကျနော်တို့ lost in translation ဖြစ်ခဲ့တာခပ်များများပါ…သည်နေရာမှာ သုံးတဲ့ market

ဆိုတာ .. market <> ဈေး ..ဆိုတာလေး ပြောချင်လို့ပါ..)

 

သူတို့ သုံးတဲ့ ..မိထူး

ဆက်ရရင် ဈေးကွက် အသစ် ကို ပစ္စည်းအသစ် ချပြတာမျိုး… အနီးဆုံး ဥပမာ ကတော့

iPad ပါပဲ …။ အရင်က ကွန်ပျူတာ ဆိုရင် desktop သုံးတယ် ..နောက် portable ဖြစ်တဲ့ laptop

အဲ.. ဖုန်းမှာလည်း အရင် က mobile phone သုံးရာကနေ .. smart phone ပြောင်းသုံးတယ်..

သည်တော့ .. smart phone နဲ့ laptop ကြားက gap ကို ကျကျနန define လုပ်သွားပြီး

tablet PC ဆိုတဲ့ ခေတ်ကို ဖော်ဆောင်နိုင်ခဲ့လို့… ဒါကို diversification အဖြစ် သတ်မှတ်မိပါတယ်

(ကွဲလွဲနိုင်ပါတယ်) ကိုယ်ပိုင် အယူအဆ အရ ဆိုရင် အခု သိပ် ဟော့နေတဲ့ ultrabook ကို

Product Development လို့ပဲမြင်ပါတယ်… revolusionary သိပ် မဖြစ်လှပါ…။သည်တော့

ပစ္စည်းအသစ် ကို ဈေးကွက်အသစ်ကို debut လုပ်ရတာ သိပ်ခက်ကြောင်း ပြောချင်ပါတယ်..

အဆိုပါ 1.2.3.4 ၄ခုမှာ ခက်ခဲမှု ..မရေရာမှု အဆဟာ 4x ရှိတယ် လို့ ပြောစမှတ်ရှိပါတယ်..။

 

1. Market Penetration 1x

2. Product Development 4x

3. Market Development 8x

4. Diversification 16x

ဖြစ်ပါတယ် ..

1. Market Penetration ဟာ အဆ အားဖြင့် ၁ဆ လောက်ခက်တယ် ဆိုရင်

4. Diversification ဟာ သူ့ ၁၆ဆ ခက်တယ် လို့ ပြောစမှတ်ရှိတာပါ…။

 

ခေါင်းစဉ်ပါ အကြောင်းအရာ ကို ပြန်ကောက်ရရင်တော့ …အဲ့သည့်မှာ မိထူး Me Too တွေ

နေရာယူတော့သကိုးဗျာ.. ငါလည်း လုပ်မယ် ဆိုတဲ့ ၀ါဒ ဗျ…

 

မှန်သလား မှားသလား ဆိုတာထက် .. သူများ စားရရင် ကိုယ်လည်း လိုက်စားရချင်တဲ့

လူ့သဘော လူ့ မနော ကို အခြေခံတယ် လို့ ပြောနိုင်ပါတယ်…။

 

 

ဘာ့ကြောင့် မိထူး ???

သိပ်မခက်ခဲတဲ့ …1. Market Penetration ထက်စာရင်…

2. Product Development 4x

3. Market Development 8x

မှာ အတွေ့ရများတယ် လို့ ဆိုချင်ပါတယ်…

 

သည် ကန်ပနီတွေ…ဟာ 4. Diversification ကိုတော့ သိပ် လုပ်လေ့မရှိကြပါ…

(စလုပ်ရမှာ ..သိပ်ခက်ခဲသလို .. market leader တွေ ဖောက်တဲ့လမ်း လိုက်လျောက်လေ့ရှိတယ်လို့

အပေါ်မှာ ပြောခဲ့ပြီးသားဖြစ်ပါတယ်)

 

4. Diversification အကြောင်းကိုတော့ နောက် ကြုံမှ ပဲ အသေးစိတ်ရေးပါတော့မယ်..

(follower တွေ ဘက် က လုပ်လေ့ ရှိတဲ့ flank attack တွေ guerrilla marketing တွေဘက်

ရောက်တော့မှာမို့လို့ပါ..)

 

မိထူး ဥပမာ..

 

ဆိုတော့ ..ဆက်ရရင် … သည်လို လိုက်လုပ်လေ့ရှိတဲ့အထဲ ထင်ရှားတဲ့ ကန်ပနီရှိရင် ပြပါ ဆို

 

 

 

Samsung ကို ပြရမှာ ဖြစ်ပါတယ်..။ Sharp က 3D TV ထုတ်တယ်.. လိုက်ထုတ်တယ်..

Sony က Bluray ဆိုပြီး လုပ်တယ် ..လိုက်လုပ်တယ် .. Toshiba က standard ချပြတဲ့ HD(Media format

အနေနဲ့မှာ Bluray ကိုရှုံးခဲ့ပြီး resolution standard အနေနဲ့ ရပ်တည်ခဲ့သူ) အတိုင်း လိုက်လုပ်တယ်..

အခုနောက်ဆုံး ..Apple ရဲ့ iPhone & iPad ကို လိုက်လံ တုပပြီးထုတ်တယ်…

တုပ ရုံတင် မကဘဲ ..၀ါးမျိုဖို့အတွက် ..အရွယ်အစား အမျိုးအစား တွေ ခွဲပြီး

( ဈေးကွက်နဲ့ ထုတ်ကုန် ကို diversify မလုပ်နိုင်(ရ) တော့ …features ကို diversify လုပ်ပြီး

ဈေးကွက်ကို segment ခွဲ ကာ positioning လုပ်တာ တွေ့ရမှာဖြစ်ပါတယ်..)

 

 

 

 

မိထူး သုံးသပ်ချက်

 

မိထူး ဟာ နောက်ဆုံးမှာတော့ ရှုံးတတ်တဲ့ မဟာဗျူဟာ အဖြစ်

အတော်များများက ကျယ်ကျယ်ပျံ့ပျံ့ လက်ခံထားကြပါတယ်…

သည်လိုပြောလို့ .. လက်တလော Samsung ရဲ့ performance ကိုကြည့်ပြီး

ဟုတ်မှလည်း လုပ်ပါ ကွာ ..လို့ အပြော မစောစေချင်ပါ …စောင့်ကြည့်ပါဦးလို့

ဖြေပါရစေ …။ အဲ့ဒါတွေက စာအုပ်တွေထဲမှာပဲ ရှိတာပါ ..ဆိုတဲ့ လူတချို့အတွက်တော့..

အဲ့သည့် စာအုပ်တွေက အင်္ဂါ ဂြိုလ် ပေါ်မှာ ဖြစ်နေတာတွေကို ရေးထားတာ မဟုတ်သလို

အဲ့သလောက် လွဲမှတော့ …ဘယ်သူမှ ရှာဖတ် စောင့်ဖတ် သင်ယူ နေမှာ မဟုတ်တာလေး

လက်တို့ချင်ပါတယ်..။ မိထူး ..မဟာဗျူဟာ အမြဲ ရှုံးတယ် ဆိုတာဟာ branding issues

နဲ့ နက်နက်ရှိုင်း ရှိုင်း ..ပါတ်သတ်နေပါတယ်.. . Chasm ကို ဖြတ်ပြီးသား model

မို့ အရှုံးမရှိဘူး လို့ ..ပြောသူတွေလည်း မရှားပါ …။ သည်နေ့ခေတ် ဘောလုံး စကားနဲ့ပြောရရင်

ကောင်းရှုံး ဆိုတာ မရှိပါဘူး.. ရှုံးတယ် ဆိုကတည်းက တခုခု လိုလို့ (မကောင်းလို့) ပါပဲ …

result – point of view ဖြစ်နေရင်တယ် လို့တော့ မဝေဖန်ချင်ပါ …။ Business မှာ ဒါဟာ

အမှန်တရား ဖြစ်ပါတယ်… Samsung ရဲ့ ခြေ အနှုတ်အသိမ်း ကို စောင့်ကြည့်ပါဦးမယ်..

 

 

 

Creative Destruction ကို တွန်းအားပေးတဲ့

Driving Forces တွေထဲမှာ Me Too လည်း ပါကြောင်း …

သုံးသပ်မိရင်း …အဆင်ပြေတဲ့အခါ …အဲ့သည့်ဘက် အကြောင်း

ရေးပါဦးမယ်ဗျာ …

တော်သေးဘီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011