ဟင်းသီးဟင်းရွက်အချို့ နှင့် ကျန်းမာရေး

ခင္ခJuly 17, 20121min13612

ဟိုတယ်နဲ့စားသောက်ဆိုင်တို့ရဲ့ စားဖိုဆောင်တွေမှ အသုံးများတဲ့ ဟင်းသီးဟင်းရွက်အချို့ကလည်းကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုတာ ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲမှာတွေ့လို့  ပြန်လည်ဝေဌလိုက်ပါတယ်။

ပန်းပွင့်စိမ်း – အသားအရေကောင်းမွန်၍ အလှတိုးစေတယ်၊ မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ အူသိမ်ဦးပိုင်းနဲ့အစာအိမ်အနာပေါက်တာ ကာကွယ်ပေး နိုင်တယ်၊ ပန်းပွင့်စိမ်းကိုများများစားရင် အအေးမိတာမဖြစ်လွယ်ပါ၊ အရောင်အရမ်းကျတယ်၊ အဆိပ်အပုပ်စင်တယ်၊တင်းတိတ်အမည်းအပြောက် ပျောက်တယ်၊ အူမကင်ဆာ၊ဆီးအိတ်ကင်ဆာ၊ရင်သားကင်ဆာတွေအတွက်ကာကွယ်မှု့စွမ်းအား မြင့်မားတယ်၊ ပန်းပွင့်အစိမ်း မှန်မှန်စားပေးခြင်းဟာ အသည်းရဲ့အဆိပ် အပုပ် ရှင်းထုတ်အားပိုကောင်းစေပြီး ကိုယ်ခံအားတက်စေတယ်၊ သွေးကြောမာ ကာကွယ်ပေးပြီး လေဖြတ်ရောဂါဖြစ်နိုင်ခြေ လျော့စေတယ်၊

ဂေါ်ဖီထုပ် – မှန်မှန်စားခြင်းဖြင့် မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ ဝမ်းချုပ်တာကာကွယ်ပေးတယ်၊ ဇီဝဖြစ်စဉ်ကို အားပေးတယ်၊ ကိုယ်တွင်းအဆိပ်အပုပ် ရှင်းထုတ်ပေးတယ်၊ အူးကိုပိုအားကောင်းစေတယ်၊ ကိုယ်ဝန်ဆောင်တွေအတွက် ဖိုးလစ်အက်ဆစ်ကြွယ်ဝလို့ အထူးသင့်လျော်ပါတယ်၊ ရောဂါခုခံမှု့အား မြင့်စေတယ်၊

သခွားသီး – ကိုယ်တွင်းပိုလျှံရေကို ရှင်းထုတ်ပေးတယ်၊ ကိုယ်တွင်းက အညစ်အပုပ်လျော့စေတယ်၊ ကိုယ်တွင်းအပူကြီးတာ နေပူလျှပ်တာ သက်သာစေတယ်၊  သခွားရည်ဟာ ဆီးရွှင်စေပြီး ကျိုသောက်ရင် ရေဖျဉ်းစွဲတာတောင်သက်သာစေတယ်၊ သွေးချိုကျစေလို့ ဆီးချိုသမားတွေစားသုံးသင့်ပြီး ကင်ဆာကိုကာကွယ် ပေးနိုင်ကြောင်းတွေ့ရပါတယ်၊

ကျောက်ဖရုံ – နေပူလျှပ်တာ ရောင်းရမ်းသာ သက်သာနိုင်တယ်၊ ကိုယ်တွင်းအပူကြီးတာကျစေတယ်၊ ဆီးကျိတ်ရောင် ကျောက်ကပ်နာ ဆီးမှာသွေးပါ အသည်းခြောက်လို့  ရေဖျဉ်းစွဲတာတွေအတွက် အာနိသင်ထူးရှိတယ် ခေါင်းမူး၊ ခေါင်ခဲတာ နဲ့ သွေးချိုရောဂါတွေ ကုရင်လည်းထိရောက်မှု ရှိတယ်၊ ကိုယ်တွင်းအဆီဓါတ် လျော့စေတယ်၊

ခရမ်းချဉ်သီး – အားပြင်းတဲ့ ဓာတ်တိုးကာကွယ်စွမ်းရည်ရှိလို့ ကိုယ်တွင်းဓာတ်စုလွတ်ကို ရှင်းထုတ်နိုင်ပြီး သွေးဖြူဥကို အကာအကွယ်ရစေတယ်၊ ကိုလက်စထရော ပျော်ဝင်နှုန်း လျော့စေတယ် ဒါကြောင့် နှလုံး သွေးကြောရောဂါ မဖြစ်အောင်ကာကွယ်ပေးတယ်၊ ကင်ဆာခုခံစွမ်းအားတွေ ကောင်းစွာပါဝင်လို့ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယာကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အာခေါင်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ စတဲ့ကင်ဆာများ ဖြစ်ပွားနိုင်ခြေ လျော့စေတယ်။

မုန်လာဥနီ – မှန်မှန်စားရင် အအေးမိတာကာကွယ်ပေးပြီး မျက်စိ ညောင်းညာတာ၊ ကြက်မျက်သင့်(ညမမြင်)ရောဂါ၊မျက်ဆက်မြှေးရောဂါ ကာကွယ်ပေးတယ်၊ အရည်ပြားကြမ်းတာ ခြောက့်တာ ရင့်ထော်တာတွေ သက်သာပျောက်ကင်း ကောင်းမွန်စေတယ်၊ မျက်နှာအရစ်အကြောင်းများ ဖြစ်ပေါ်ခြင်းသက်သာ စေတယ်၊ သွေးလွှတ်ကြောမာတာ ကာကွယ်ပေးပြီး သွေးချို ကိုလက်စထရော နဲ့ သွေးတိုးတွေကို ကျစေတယ်၊ ခေါင်းဗောက်ထခြင်း သက်သာစေပြီး ဆံပင်သန်စွမ်း ပြောက်လက်စေတယ်၊ ရောဂါခုခံအားတိုးစေတယ် သွေးအားကောင်းစေပါတယ်။

ကြက်သွန်နီ – အစာခြေရည်ထုတ်မှု့ကိုအားပေးတယ်၊ ရောဂါပိုးသတ်ခြင်း ရောဂါကာကွယ်ခုခံစွမ်းအားပွားစေခြင်း၊ ကင်ဆာတားနှိမ်ခြင်း၊ သွေးတွင်းအဆီ ဓာတ်ထိန်းပေးခြင်း စတဲ့အစွမ်းတွေရှိပါတယ်၊ အိပ်မပျော်တာ အားအင်လျော့နည်းတာ နုံးချည့်တာ အစားမမြိန်တာတွေကိုလည်း သက်သာစေတယ်၊ ဆီးချိုရောဂါကာကွယ်မှု့၊ အိုမင်းရင့်ရော်တာတုံနှေးစေမှု့ ကိုလက်စထရောကျစေမှု့ အရိုးပွတားဆီးမှု့ စတဲ့သတ္တိထူးတွေလည်းရှိတယ်၊ ကြက်သွန်နီရဲ့ အဆီဓာတ်မှာ ပိုးသတ်စွမ်းအားနဲ့ အစာခြေရည်ပိုမိုစိမ့်ထွက် စေနိုင်စွမ်းရှိလို့ အစာခြေညက်မှု့အားကောင်းစေပါတယ်။(အစာအိမ် အစာခြေ အက်ဆစ်ဓာတ်ပိုထွက်တဲ့ အစာအိမ်အချဉ်ပေါက်ရောဂါရှိသူတွေ ကြက်သွန်နီများများမစားသင့်ပါ)၊ အဆီကျစေပြီး သွေးပလာစမာများ မခဲအောင် တားဆီးပေးပါတယ်။

ကြက်သွန်ဖြူ – အစိမ်းစားသုံးခြင်းသည် နှလုံးရောဂါဖြစ်ပွားမှု့ကိုကာကွယ်နိုင်စွမ်းရှိတယ်၊ ကြက်သွန်ဖြူအစိမ်းစားမည်ဆိုလျှင် ကြက်သွန်ဖြူဥအား ခွဲစိတ်ပြီး ခေတ္တလေသလပ်စေခြင်းဖြင့် ဟိုက်ဒရိုဂျင် ဆာလဖိုဒ်ထုတ်ပေးကြောင်းနှင့် ထိုသို့ခေတ္တလေသလပ်စေပြီးသော ကြက်သွန်ဖြူစားခြင်းက နှလုံးရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူ အလွန့်အကျွံစားပါကလည်း ထိုဒြပ်ကဘေးဖြစ်စေလို့ သင့်သင့်စွာစားသင့်ပါတယ်၊ အူတွင်းရှိရောဂါပိုးများသေစေတယ်၊ အဆစ်ရောင်ကိုက်ရောဂါ သက်သာစေတယ်၊ ဌက်ဖျားရောဂါ သက်သာစေတယ်၊ အစာကြေစေတယ်၊ သွေးတိုးကျစေတယ်၊ လေသက်စေတယ်၊ ကိုလက်စထရောကို ကျဆင်းစေပါတယ်။

မုန်လာဥ – အစာအိမ်နဲ့ အဆုတ်တွေအပူကြီးတာကို ကျစေတယ်၊ ကိုယ်တွင်းအဆိပ်အပုပ်ရှင်းထုတ်ပေးတယ်၊ သွေးတိုးသမားတွေ နေ့စဉ် မုန်လာဥ အရည်တခွက်ကို ရက်သတ္တတစ်ပတ်ကြာ ဆက်သောက်ရင် သွေးတိုးသက်သာစေတယ်၊ အစာခြေညက်မှု့ကို အားပေးတယ်၊ ဒါကြောင့် ကျို့ထိုးခြင်း ဗိုက်ကယ်ခြင်း၊ အရက်နာကျခြင်း၊ အစာအိမ် အချဉ်တက်ခြင်းတို့ကို သက်သာစေပါတယ်။

ကြက်ဟင်းခါးသီး – အပူကြီးတာ နေပူလျှပ်တာ သက်သာစေတယ်၊မျက်စိ ကြည်လင်နိုင်တယ်၊ ကိုယ်တွင်းအဆိပ်အပုပ်ရှင်းထုတ်ပေးတယ်၊ လူကိုလန်းဆန်း စေပြီး ဦးနှောက်ရွှင်စေတယ် ဒါကြောင့်ရုံးဝန်ထမ်းတွေ စိတ်ဖိစီးမှု့ဖြစ်ရင် စားပေးသင့်တယ်၊ မျက်စိနီရဲ နာကျင်တာ အပူကန်သူနဲ့ ဝမ်းချုပ်သူများ စားပေးခြင်းဖြင့် သက်သာစေတယ်၊ အအေးမိတာ သွေးအားနည်းတာကာကွယ်ပေးတယ်၊ အစာအိမ်ကိုအားပေးတယ်၊ ဆေးလိပ်သောက်သူနဲ့ ဆေးအမြဲမှီဝဲသူများ ကိုယ်တွင်းမှာဗီတာမင်စီကုန်ဆုံးမှု့အထူးများတာမို့ ကြက်ဟင်းခါးသီးများများ စားပေးသင့်ပါတယ်။ သွေးတိုးမြှင့်သူများ အလွန်အကျွံမစားသင့်ပါ။

ကညွတ် – သွေးကြောကိုသန်စွမ်းစေတဲ့သတိ္တရှိတယ်၊ သွေးပေါင်မြင့်တာကိုထိရောက်စွာကာကွယ်ပေးတယ်၊ သွေးအားနည်းတာကာကွယ်ပေးပြီး အမျိုးသမီးများသွေးအားနည်းမှုကိုမြှင့်တင်ပေးတဲ့ အစွမ်းရှိပါတယ်။ သူမှာဖေလစ်အက်ဆစ်နဲ့ သံဓာတ်ပါဝင်မှု့များလို့ပါ။ ကညွတ်မှာ အဖြူနဲ့ အစိမ်း ဆိုပြီးနှစ်မျိုးရှိရာ အစိမ်းက ဗီတာမင်ဓာတ်တွေပါဝင်မှု့ပိုများကြောင်း တွေ့ရှိရပါတယ်။

ဖတ်ရှု့သူအပေါင်း ကျေးဇူးပါ။

 

12 comments

  • Gipsy

    July 17, 2012 at 3:15 pm

    ဒူးနဲ့ပါတ်သက်လို့ နဲနဲ ဖြည့်စွက်ပါရစေ….။
    ပဲမှရရှိသော ရရိုတင်းဓာတ်ကို နေ့စဉ်ပုံမှန် ၃ လတိုင်တိုင် စားခြင်းဖြင့် ဒူးနာခြင်း သက်သာစေရန် သောက်ရသည့် . . . ဆေးပမာဏ လျော့ကျကြောင်း တွေ့ရသည်. . . ပဲတွင် (Isoflavones) ဓာတ်ပါပြီး ဒူးဆစ်ရောင်ခြင်းကို သက်သာစေသော ဂုဏ်သတ္တိရှိသည်. . တစ်နေ့ ပဲမှုန့် ၄ဝ ဂရမ် သို့မဟုတ် ပဲနို့နှင့် ပဲဘာဂါစားခြင်းဖြင့် ဒူးနာခြင်း ကိုသက်သာစေသည်. . . . .

    ကီဝီသီး ၊သရက်သီး၊ ဂရိတ်ဖရု နှင့် သင်္ဘောသီး ကဲ့သို့သေသာ ဗီတာမင် C ကြွယ်ဝသော အရည်ရွွှမ်းသည့် အသီးများ စားသုံးခြင်းကလည်း ဒူးဆက်ရောင်ခြင်းမှ သက်သာမှု ရရှိကြောင်း လေ့လာမှုအရ တွေ့ရသည်. . .

    ငါးနှင့် ငါးမှ ရသော အဆီစား သုံးခြင်းကလည်း ဒူးဆစ်တင်းခြင်းနှင့် ရောင်ခြင်းကို သက်သာစေသည်. . . ငါးမှရသော အဆီတွင်ပါသည့် အိုမီဂါ (၃) ဓာတ်က အဆစ်ရောင်ရမ်းစေသော ဓာတ်ပစ္စည်းကို ပိတ်ဆို့ခြင်း သာမက ဒူးဆစ်အတွင်းရှိ အရိုးနု ပျက်စီးခြင်းကို လည်း ကာကွယ်မှုပေးသည်. . .

    ငါးကွမ်းရှပ် (သို့) Salmon ငါး ကို အပတ်စဉ်စားခြင်း (သို့) နေ့စဉ် အိုမီဂါ (၃) ဂရမ် စားသုံးခြင်းကလည်း ဒူးနားခြင်းကို သက်သာစေသည် တဲ့ ခင်ဗျား….။
    ဧရာဝတီ စာကြည့်တိုက်က လိုရမယ်ရ ကူးထားတာပါ …။

  • etone

    July 17, 2012 at 3:44 pm

    အသီးအရွက်တွေရဲ ့အကျိုးကျေးဇူးကလည်း မသေးဘူးကိုး ။
    ဗီတာမင်နဲ့ သတ္တုဓါတ်တွေလည်း ပေါကြွယ်တာပဲ …. ။ အသီးအရွက်ဆို အကုန်ကြိုက်တယ် …. ။ ငယ်ငယ်ကတော့ အခါး မစားဘူး … အခုကြီးလာတော့ … အခါးလည်း အကုန်ကြိုက်တယ် … ။
    မစားတဲ့အရွက်ကတော့ တမာရွက်တမျိုးပဲ ရှိပါတယ် ကျန်တာစားလို့ရတာ အကုန်စားတယ် …. ။
    တမာရဲ့ အနံ ့ကိုက ခေါင်းကိုမူးစေသလို ခံစားရလို့ပါ … တမာပြုတ်တို့စရာဆိုလျှင် … လုံးဝကို ရှူလို့မရသလိုချည်းဖြစ်နေလို့ မကြိုက်တာ

  • CASPER

    July 17, 2012 at 3:46 pm

    ဘာပဲပြောပြော ဟင်းသီးဟင်းရွက်ကတော့ လူကို အကျိုးဖြစ်စေပါတယ်ဗျ……ဒါပေမယ့် ဟင်းသီးဟင်းရွက်ကို ဖျန်းတဲ့ ပိုးသတ်ဆေးလေးကိုလဲ သတိထားစေချင်ပါတယ်……. ဟိုတနေ့က အစာအဆိပ်သင့်ကြလို့တဲ့ဗျို့….

  • eipu

    July 17, 2012 at 3:53 pm

    မုန်လာဥနီကသုတ်စားလည်းကောင်းပါတယ်။
    ဟင်းသီးဟင်းရွက်တွေကကျန်းမာရေးနဲ့သင့်တော်ပါတယ်

  • ko khin kha

    July 17, 2012 at 4:29 pm

    Gipsy ရေ။ ဟုတ်ပါတယ် ပဲတွေကလည်း ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ ပဲ တစ်ချို့ရဲ့ တိုလီမိုလီစာပေစုထဲက ဖတ်ထားသိထားတာလေးတွေ နောက်ပိုစ့်ကျရေးပေးမယ်နော်၊

    မအိတုံရေ ။ တမာရွက်က အပူလောင်နာများပေါ်တွင်အုပ်ပေးခြင်း တမာအခေါက်ကိုကြိတ်၍လိမ်းရင် သက်သာစေပါတယ်၊ နားကိုက်ရင် တမာရွက်ပြုပ်ရည်လေးထည့်ပေးပါက သက်သာပျောက်စေတယ်၊ အရွက်များသည်အင်းဆက်ပိုးကိုသေစေနိုင်စွမ်းရှိတယ်တဲ့။ အနံ မကြိုက်တာကို သုံးစွဲဖို့ပြောတာ ဟုတ်ဘူးနော်။ သူလည်းအကျိုးရှိတာကိုကြုံလို့ သိတာပြောပြတာနော်။

    CASPER နဲ့ eipu ဖတ်ရှု့ဆွေးနွေးမှု့အတွက်ကျေးဇူးပါ။

  • mamanoyar

    July 17, 2012 at 4:40 pm

    ဟင်းသီးဟင်းရွက်ကကျန်းမာရေးကို အထောက်အကူပြုတယ်
    အသီးအရွက်တွေကိုကြိုက်တယ်
    အခုလိုတင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

  • ko khin kha

    July 17, 2012 at 4:52 pm

    မမနိုရာလည်း အခုလိုဖတ်ရှု့အားပေးခြင်းအတွက်ကျေးဇူးပါ။
    တစ်ခုတော့ရှိတယ် ဟင်းရွက်တွေကို ရေစင်အောင်ဆေးပြီးရင် မကျော်မချက်မှီ ရေမှာမိနစ်အနည်းငယ်စိမ်ပြီး ကျော်ချက်ခါနီး တစ်ခေါက်အချောဆေးပါလို့တော့ ကျန်းမာရေးဌာနတွေကသတိပေးကြတာတွေ့ဖူးတယ်၊ ပိုးသတ်ဆေးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။

  • ကြည်ဆောင်း

    July 18, 2012 at 10:49 am

    အခုနောက်ပိုင်း ဟင်းသီးဟင်းရွက်တွေက မစားခင်၊မချက်ခင် ဆားရေနဲ့ 15 -20 မိနစ်လောက် အရင်စိမ်ပြီးမှ ရေနဲ့(2) ထပ်လောက်ပြန်ဆေးသင့်ပါတယ် ….
    ဖတ်ဘူးကြားဘူးတာလေးပါ..။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 18, 2012 at 12:10 pm

    ဟင်းသီးဟင်းရွက်တွေက…
    ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူဖြစ်ပါတယ်..
    စားလို့လည်းကောင်းပါတယ်….
    လတ်လတ်ဆတ်ဆတ်ဆိုရင် ပိုကောင်းပါတယ်….
    အသီးအရွက်များများစားပေးပါ…
    အသားအရေလည်းကောင်းတယ်…။
    ကဲ….စားလိုက်ကြစို့…။

  • ko khin kha

    July 18, 2012 at 12:41 pm

    ကြည်ဆောင်းပြောတာလည်း ကြားဖူးတယ်။

  • Ma Ei

    July 18, 2012 at 1:00 pm

    တိုလီမိုလီစာပေစုလေးတွေပေမဲ့
    ကျန်းမာရေးအတွက် အကျိုးများစေတာမို့
    ရှိသေးရင်လဲ တင်ပေးပါဦးနော်…

  • ko khin kha

    July 18, 2012 at 2:18 pm

    မအိရေ အားပေးတာလဲကျေးဇူးပါ၊
    ဟုတ်ကဲ့ ကြိုးစာရှာဖွေတင်ပေးပါမယ်။

Leave a Reply