– ငယ်စဉ်ခါက မိဘများကကျွေးမွေးပြုစု မြေတောင်မြှောက်ခဲ့
အရွယ်ရောက်လာ ကြင်ယာစုံတော့ သားသမီးတွေရလာပြန်ခဲ့
မိဘများက ကိုယ့်သားသမီး မြေးမြစ်များပေါ် သံယောဇဉ်
ပူပင်ထားလျက်ရှိနေတုန်း

– အိုမင်းလာပြန် မရှာဖွေနိုင်
ကိုယ့်မှာလုပ်ကျွေး ကျေးဇူးဆပ်ဖို့လိုလာ
မေ့လျော့ကာ ကိုယ့်သိုက်မြုံတွင်းကျင်လည်နေလျက်

– ဘ၀ဆုံးလေပြီးမှ ကိုယ့်အလှည့်ကြုံလာ
အော်-မိဘကျေးဇူး နေ့ခြားသိလာ
“ရေစီးသာရှိ ရေဆန်မရှိပါ” ပြောစကား နောင်မှသိလာ
ချိန်ခါမှီစောင့်ရှောက်ကြပါ။

မင်းသုတ
10:25 AM
13.2.2012

About zaw win

zaw win has written 78 post in this Website..