ကျေးဇူးသိပါ

zaw winJuly 17, 20121min1339

– ငယ်စဉ်ခါက မိဘများကကျွေးမွေးပြုစု မြေတောင်မြှောက်ခဲ့
အရွယ်ရောက်လာ ကြင်ယာစုံတော့ သားသမီးတွေရလာပြန်ခဲ့
မိဘများက ကိုယ့်သားသမီး မြေးမြစ်များပေါ် သံယောဇဉ်
ပူပင်ထားလျက်ရှိနေတုန်း

– အိုမင်းလာပြန် မရှာဖွေနိုင်
ကိုယ့်မှာလုပ်ကျွေး ကျေးဇူးဆပ်ဖို့လိုလာ
မေ့လျော့ကာ ကိုယ့်သိုက်မြုံတွင်းကျင်လည်နေလျက်

– ဘဝဆုံးလေပြီးမှ ကိုယ့်အလှည့်ကြုံလာ
အော်-မိဘကျေးဇူး နေ့ခြားသိလာ
“ရေစီးသာရှိ ရေဆန်မရှိပါ” ပြောစကား နောင်မှသိလာ
ချိန်ခါမှီစောင့်ရှောက်ကြပါ။

မင်းသုတ
10:25 AM
13.2.2012

9 comments

  • မမ အညာသူ

    July 17, 2012 at 1:40 pm

    ဟုတ်ပါတယ်
    မိဘတွေဟာသားသမီးဘယ်လောက်များများစားဝတ်နေရေတင်မကျပါဘူး
    ဘွဲ့ရပညာတက်ကြီးတွေဖြစ်အောင်ထားကျပါတယ်
    ဒါပေမဲ့သားသမီးတွေကကျတော့မိဘလေးနှစ်ပါးကို သူတို့တုန်းကလိုမကြောက်မကျမထားနိုင်ကျတော့ပါဘူး………..

  • mamanoyar

    July 17, 2012 at 2:54 pm

    မိဘကျေးဇူးဆပ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ်
    ကြိုးလဲကြိုးစားမှာပါ

  • နွေဦး

    July 17, 2012 at 3:31 pm

    ဗိမ္ဗိသာရ မင်းကြီးနဲ့ အဇာတသတ် မင်းသားတို့ ဇာတ်လမ်းမျိုးလားဟင်..။

  • ko khin kha

    July 17, 2012 at 4:04 pm

    ကျေးဇူးသိတတ်ရမယ့်သူတွေထဲမှာ မိဘသည်အဓိကကျတယ်ဆိုတာ သိရှိနားလည်သူ သားသမီးမျာရဲ့ မိဘတွေအတွက်တော့ ရေဆန်မရှိပေမယ် ရေပြန်တက်တဲ့ဒီရေတက်ချိန်တော့ရှိတတ်ပါတယ်။

  • etone

    July 17, 2012 at 4:45 pm

    ကိုအောက်အော့ဖ်ရေ …… ကျေးဇူးသိတတ်မှုဆိုတာ …
    လူ့ရဲ့ ပင်ကိုယ်စိတ် ၊ စရိုက်နဲ့လည်း ဆိုင်သလို …….. လေ့ကျင့်ပျိုးထောင်မှုနဲ့လည်း ဆိုင်မလားပဲ … ။
    လေ့ကျင့်ပျိုးထောင်မှုဆိုတာက …. ကျေးဇူးဆိုတာမျိုးသိအောင် ဆပ်တတ်အောင် နုနယ်စဉ်ကတည်းက ၊ ဆုံးမသင်ကြားပေးတာကိုမျိုးဆိုလိုတာပါ ။ ဆပ်ရတယ်ဆိုတာ ဝတ္တရားလိုမျိုး ၊ တာဝန်ယူမှုလိုမျိုး သိအောင်လေ့ကျင့်ပေးတာမျိုးကို ဆိုလိုပါတယ်… ။ ကိုယ့်သား သမီးကို ခိုင်းစားတာမျိုးမဟုတ်ပေမယ် ့ .. သားသမီးဆီက ဆန်ရေကို တိတ်တဆိတ် မျှော်လင့်တာ မိဘတိုင်းပါ … ။

    အခုတလော တူလေးကို .. သူ့အမေက ဆုံးမလေ့ကျင့်ပေးနေတာလေးတွေ့လို့ .. ဒီအတွေးလေးဖြစ်မိပါတယ် ….. လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်နော် … 🙄

  • ဘရားသား

    July 18, 2012 at 10:04 am

    ဆုံးမစာ ခဏခဏ ဖတ်ခြင်းဟာ မိဘရဲ့ ကျေးဇူးတရားကို မပြတ်သတိယ စေပါတယ်
    ကျနော်လဲ တခါတခါ သတိမမူ ဂူမမြင် ဖြစ်ပြီး ပေါ့လျော့ မိခဲ့လို့ပါ
    ဒါ့ကြောင့် ကိုဇော်ဝင်းကို ကျေးဇူးတင်ပါတယ်

  • ရွှေရည်နိုင်

    July 18, 2012 at 11:39 am

    မိဘ ၂ ယောက်က သားသမီး ၁ဝ ယောက်ကို ကျွေးမွေးနိုင်တယ်၊ သားသမီး ၁ဝ ယောက်က မိဘ ၂ယောက်ကို မကျွေးနိုင်ကြဘူး။ ဒီဘက်ခေတ်မှာ ပိုဆိုးလာတယ်။

  • snow white

    July 18, 2012 at 4:44 pm

    မိဘကျေးဇူးကျေနိုင်အောင် ကြိုးစားနေပါတယ် မိဘ ကျေးဇူးကဆယ်ဘဝဆပ်လည်းကျေမှာ မဟုတ်ပါဘူး မိဘတိုင်းက သားသမီးပေါ် တအားမေတ္တာကြီးမားတယ် တအားချစ်ကျတယ် လေ သားသမီးတွေကမိဘ မေတ္တာရဲ့ တဝက်တောင်မီချင်မှမီမယ် ဘာပြောပြော မိဘကျေးဇူုးကျေအောင်တော့ ဆပ်ချင်ပါတယ်။။

Leave a Reply