မြန်မာနိုင်ငံသည် ပွင့်လင်းလာ၍ ကောင်းမွန်သော တိုးတက်မှုများဆီသို့ ဦးတည်နေပြီဖြစ်ရာ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာတွင်လည်း တိုးတက်လျက်ရှိပါသည်။ ခိုင်သစ္စာကုမ္ပဏီသည် Mobile Phone Industry တွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်အတွက် အမှီအခိုကင်းသည့် အကျိုးဆောင်ကိုယ်စားလှယ်များအဖြစ် ရပ်တည်နိုင်ရန် လိုအပ်သော အရည်အချင်းများဖြည့်ပေးမည့် သင်တန်းတစ်ခုကို အခမဲ့ပေးလိုပါသည်။

သင်တန်းစတင်မည့်ရက် = ၂၃၊ ၇၊ ၂၀၁၂
သင်တန်းကာလ = ၁၀ ရက်

အတွေ့အကြုံရှိ၍ ကျွမ်းကျင်သော နိုင်ငံခြားပညာရှင်များမှ ပို့ချပေးပါမည်။
သင်တန်းနေရာ = Myanmar Engineering Society

သင်တန်းတက်ရန် လိုအပ်သည့် အရည်အချင်းများ
– လူမှုဆက်ဆံရေး ကောင်းမွန်ပြေပြစ်သူ
– စိတ်အား ထက်သန်၍ သင်ယူလိုစိတ်ရှိသူ
– အင်္ဂလိပ်စကားပြောဆိုမှု ကျွမ်းကျင်ပါက ဦးစားပေး စဉ်းစားပါမည်။
– အသက် ကန့်သတ်မထားပါ။

သက်တန်းတက်ရန် စိတ်ဝင်စားသူများသည် ၁၇၊ ၇၊ ၂၀၁၂ နှင့် ၁၈၊ ၇၊ ၂၀၁၂ ရက်နေ့များတွင်လည်း နေ့လည် ၁ နာရီမှ ၆ နာရီအတွင်း အောက်ပါလိပ်စာသို့ လာရောက်၍ သင်တန်းလျှောက်လွှာများ ဖြည့်ပြီး လူတွေ့ဖြေဆိုနိုင်ပါသည်။

လူဦးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံးလျှောက်လွှာဖြည့်ကြပါရန်

အခန်း ၅၀၃၊ ခိုင်သစ္စာကုမ္ပဏီလီမီတက်၊ ၅ လွှာ၊ Sakura Tower, ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဖုန်း ၂၅၅၄၅၈၊ ၀၉၇၃၁၉၁၁၅၀၊ ၂၅၅၄၅၉

manawphyulay

About manawphyulay

manawphyu lay has written 939 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။