ဘယ်တော့မှ…………………

alinsettJuly 17, 20121min19317

________

” ခင်ခင်သေပြီ….။ သီတာက မသေမချင်း..ဓါးနဲ ့ထိုး သတ်လိုက်တာ….တဲ ့”

အဲင်္ဒိ သတင်းကို ကြာရစဉ်ကတည်းက…တစ်ခုခုတော ့ ပုံဆိုးပန်းဆိုး မှားယွင်းနေခဲ့ပြီ…ဟု ကျွန်တော် သိလိုက်ပါသည် ။

ခင်ခင် နှင့်ကျွန်တော်…လက် ထပ် ရန် တစ်လ..သာ လိုတော့သော…ဤ အချိန်မျိုးမှာ…..မှ…. သီတာ ..ဘာကြောင့် ဒီလို လုပ်ရသလဲ..။

ခင်ခင့် မှာ..ဘာ အပြစ်ရှိသလဲ…။

ခင်ခင့်ကို လက်ထပ်ဖြစ်ဖို ့ တွန်းအားပေးခဲ့သူများထဲမှာ…သီတာက ထိပ်ဆုံးမှ ပါဝင်နေခဲ့သည်..ပဲ..။

ကျွန်တော့် ဖေဖေနှင့် မေမေက ကျွန်တော်..” ကြိုက်တဲ ့ မိန်းကလေးကို ရွေး..” ဟု ဆိုကာ….

ဓါတ်ပုံများကို ကြည့်ရှု စေခဲ့သည် ။

ကျွန်တော်က သူငယ်ချင်းမလေး..သီတာ ့ကို ” ငါ နဲ ့လက်ထပ်ရမယ့် မိန်းမ ကို နင်ပဲ..ရွေးပေးကြည့်စမ်းပါ…”

ဟု… ပြောပြီး..ရွေး ခိုင်းမိ ခဲ့သည် ။

ကံတရား ၏ ဆန်းကြယ်မှု ဖြင့်… ထိုဓါတ်ပုံများထဲတွင်…

သီတာ နှင့် အလွန် ရင်းနှီး ခင်မင်ခဲ့သော..ခင်ခင်လည်း…ပါဝင်နေခဲ့သည်..။

သီတာက

” ခင်ခင် နဲ ့ လက်ထပ် သင့်တယ်..”

ဟုပြောပြီး… ရွေးပေးခဲ့ပါသည် ။ ကျွန်တော် ကိုယ်တိုင်…. လေ့လာ အကဲ..ခတ်ကြည့်..သော အခါမှာလည်း..ခင်ခင့်ကို

လက်တွဲ သင့်သော မိန်းမ တစ်ယောက် ဟု..သတ်မှတ် ခဲ့ရပါသည် ။

ခုတော့…… သီတာ ..ရယ်… ။ နင်ကိုယ်တိုင် ရွေးပေးခဲ့တဲ ့ ခင်ခင့်ကို နင်ကိုယ်တိုင်ပဲ……… သတ် ပစ်တယ်…။

ဘာတွေ ဖြစ်ကုန်ပြီလဲ…။

ကျွန်တော် ..သီတာ နှင့်..ပွင့်ပွင့် လင်းလင်း..စကားပြော ဖို ့..လိုနေပြီ…။

____________________________

အချုပ်ခန်း ၏ သံ တိုင် တွေ..အနောက်မှာ…

ငြိမ် သက်စွာ..ထိုင်နေသော သီတာ့ကို မြင်တော့..ကျွန်တော်..ရင်ထဲက စူးနင့် နာကျင်သွားးပါသည် ။

ကြည့်စမ်း…. ဒီလောက် နုနယ် သိမ်မွေ့ ့တဲ ့မိန်းကလေးက….. လူတစ်ယောက်ကို ရက်ရက် စက်စက် သတ်ပစ်လိုက်တယ်..တဲ ့ ။

အဲဒီ ..အပြစ် ဒဏ်ကို ..သူ…နှစ်ပေါင်း များ..စွာ…ခံ ရတော့မည်..။

သီတာ ရယ်……

နင်ဟာ…ငါ့ သူငယ်ချင်း.သီတာ မှ…ဟုတ်သေးရဲ ့လား..။ ဘာကြောင့်များ..ဒီလောက် ကြီးမားတဲ ့ပြစ်မှုကြီးကို

ကျူးလွန်ရတာလဲ… ။

ကျွန်တော် နှင့် သီတာကို စကားပြောခွင့်ပြုသောအခါ….

ကျွန်တော်..သိချင် လွန်းသော…မေးခွန်းကို… မေးလိုက်ပါသည် ။

” သီတာ…နင်… ဘာလို ့..ခင်ခင့်ကို……”

” နေဦး…ကိုလင်း….။ နင် မမေးနဲ ့ဦး..။ ငါ..အရင် မေးပါရစေဦး..။

နင်…ခင်ခင့်ကို ချစ်သလား….”

ရုတ်တရက် ..သီတာက ဖြတ်မေးလိုက်တော့….။ ကိစ္စ မရှိပါ .။ ထိုမေးခွန်း ကို ဖြေဖို ့ ကျွန်တော့်မှာ..အဖြေ

အဆင်သင့် ရှိပါသည် ။

‘ ဟေ ့အေး…မချစ် ဘူး ။ လက်ထပ် ဖို ့ သင့်တော်တယ်..ထင်လို ့သာ…။ ပြီးတော့…နင် ..ရွေးပေးတာလေ..။”

” ဟုတ်ပြီ….။ ဒါဆို…နင် ..ခင်ခင်သေသွားလို ့လည်း…ကြေကြေကွဲကွဲ ခံစားမနေရဘူးပေါ့နော် ။

ငါက…နင်..အရမ်း ခံစားနေရမှာ..စိုးလို ့ပါ..ကိုလင်းရယ်…”

” ထားပါတော့…။ နင်..ခင်ခင့်ကို..ဘာလို ့ သတ်တာလဲ…သီတာ..”

ကျွန်တော့် မေးခွန် း … အဆုံးတွင်…

သီတာ..ခေါင်းငုံ ့ ငြိမ် သက်…၊ သီတာ ့ မျက်ရည်များက…. တစ်စက်ချင်း..လိမ့်…ဆင်း…၊ တစ်လောက လုံး..မုန်းစရာကောင်းလောက်အောင်…

တိတ်ဆိတ်…….သွား၏ ။

ထို ့နောက်…….

သီတာက အေးစက် မာကျောသော……လေသံဖြင့်….ပြန်..ဖြေခဲ့သည် ။

” … ငါ…. မပြောဘူး … ”

ကျွန်တော် .. ဘယ်လိုမေးမေး… သီတာက ခေါင်းခါ နေခဲ့သည်။

” ငါ..ပြောလိုက်လို ့လည်း…. ဘယ်သူမှ အကျိုးမရှိပါဘူး…ကိုလင်း.ရယ်..”

တဲ ့ ။

နားမလည်နိုင်ခြင်းများစွာကို ပွေ ့ပိုက်ပြီး…. လာရာ လမ်းကို လှည့် ပြန်ခဲ့ရ သည့်…ညနေခင်း ဖြစ်သည် ။

___________________________

နောက်တစ်နေ့မှာတော့ နည်းဗျူဟာ ပြောင်းပြီး..မေးရပါသည် ။

သီတာက..မည်သည့် ခြိမ်းခြောက်မှု မျိုးကို မဆို..ကြောက်ရွံ ့တတ်သူလေး.ဖြစ်သည်..ပဲ.။

” သီတာ … နင်… ခင်ခင့်ကို ဘာလို ့ သတ်တာလဲ…။ နင် မဖြေရင်..ငါ့ ကိုယ် ..ငါ….သတ်.သေ လိုက်မှာနော်..။”

သီတာက..မဖြုံသေးပါ ။ကျွန်တော်..ဆိုသည့်ကောင်က…. ကိုယ့်ကိုယ် ကို သတ်သေ လိုက်ဖို ့အထိ စိတ်ဓါတ် မပျော့ ့ညံ ့ကြောင်း…သီတာ သိထားသည် ။

ဒါဖြင့်လည်း..ယုံလောက်အောင်..ပြောရုံပေါ့ .။

” ငါ့နေရာကနေ…နင်တွေးကြည့်စမ်းပါ..သီတာ..။ လက်ထပ်ပွဲ က တစ်လ ပဲ..လိုတော့တဲ ့အချိန်မှာ..ငါ လက်ထပ်မယ့်..သူတို့ ့သမီးလောင်းက..အသတ်ခံရတယ် ။

ပြီးတော့……ငါ့ရဲ ့ငယ်သူငယ်ချင်းက…သတ်တာ ။ သူငယ်ချင်းကလည်း…လူသတ်မှု နဲ ့ထောင်ကျတော့မယ်..။

ဒီလောက မှာ…ငါ…ဘယ်လို နေရတော့မလဲ..။ ငါ .. သေချင်လောက်အောင်..စိတ် ညစ်နေပြီ…သီတာရဲ ့ ။”

သီတာ….ကျွန်တော့်ကို ခေါင်း မေ့ာကြည့်သည် ။

” ငါ့ကို..ရှင်း ပြပါ သီတာ…။ ငါ… စိတ်တွေ..ရှင်းလင်းသွားချင်လို ့ပါ ။ ပြီးတော့ နင့်ကို လည်း..ငါ

အားပေးစကားတွေ ပြောချင်ပါတယ် ။

ငါ့ကိုလည်း..နင်..အားပေးစကားပြောပါ..။ နင့်ကို လည်း..ငါ…. စိတ်ရှင်းရှင်းနဲ ့….ခွင့်လွှတ်

နားလည်…ချင်တယ်..သီတာရယ်..။ ”

အမှန်တကယ်ပင်…ကျွန်တော့် စိတ်တွေ..လေးလံ…ရှုပ်ထွေးနေပါသည် ။

သီတာ.. သက်ပြင်း ချသည် ။ ထို ့နောက်..ခေါင်း ခါသည် ။ ထို ့နောက်..ကျွန်တော့်ကို စိုက်ကြည့်သည်။ ပြိီး..မှ…

စ ..ပြောပါသည် ။

” အေးလေ….။ ငါ…..ပြောမယ်…။ ”

ထို ့နောက်..မှာတော့…

ကျွန်တော် …လုံးဝ မမျှော်လင့်ခဲ့သော…စကားများကို…

သီတာ..ပြောပြပါတော့သည် ။
________________________________

ငါ….ခင်ခင့်ကို မုန်းလို ့ သတ်တာ မဟုတ်ပါဘူး….ကိုလင်းရယ်..။

ခင်ခင်ဟာ..ငါ သိပ် ခင်မင်ရတဲ ့ သူပါ ။ သူနဲ ့ ငါက..စာဖတ် ဝါသနာ ပါတာချင်းတောင်…တူနေသေးတယ် ။

ငါတို ့… စာအုပ်တွေ အကြောင်း.ပြောကြရင်း ….နဲ ့ ပိုပြီး… ရင်းနှီး သါားကြတာ..ဟ ။ သူနဲ ့ငါ. အကြာကြီ; .ခင်မင်ခဲ့တယ် ။

နောက်တော့…ငါတို ့…. မထင်မှတ်ပဲ..အကြာကြိီး…ဝေးကွားသွားတြာလေ….

ငါတို ့ ပြန်တွေ ့ကြတာဟာ…

နင်က ငါ့ကို ဓါတ်ပုံတွေ.ပြပြီး… ရွေးချယ် ခိုင်းတော့မှ….ပါ ။

ဒီတော့…ငါက အကြောင်း သိ ဖြစ်နေတဲ ့..ခင်ခင့်ကို ပဲ..ရွေးပေးခဲ့တယ်..လေ ။

နင့်ကို ခင်ခင်နဲ ့ပဲ..ငါ စိတ်ချတယ် ။ ပြီးတော့ ခင်ခင့်ကို လည်း..နင်နဲ ့ပဲ..စိတ်ချတယ် ။

ဒါပေမယ့်………………………………….
__________________

ဒါပေမယ့်…ဘာဖြစ်သလဲ…။ မျက်ရည်တွေ တ ..စက် စက်..ကျရင်း…. ပြောပြနေသော..သီတာ ့ကို ….

ကျွန်တော်..သနာေးနသလား..ပဲ..။

____________________

ဒါပေမယ့်..ခင်ခင်က ပြောင်းလဲသွားပြီလေ..။ တခြား အရာတွေ မပြောင်းလဲ.ပေမယ့်…

ခင်ခင့်ရဲ ့သွေး.တွေ..ကတော့….ပြောင်းလဲ.သွားခဲ့ပြိ..ဟ ။

အဲဒီ သွေးတွေ..ပြောင်းလဲ.သွားတာကိုလည်း…

ခင်ခင်နဲ ့ငါ…ဆေးရုံမှာ..သွေး.သွားးလှူကြပြီး…မှ.. သိလိုက်ရတာ..။

ခင်ခင် နဲ ့ငါ တွေ ့ပြီး.နောက်မှာ… စိတ်တူကိုယ်တုူ ပဲ…သွေး လှူ.ဖို ့ သွားခဲ့ကြတယ် .၊

ဆေးရုံမျာ… ငါတို ့သွေးတွေ..လှုူ ခဲ့တယ် ။

ဒါပေမယ့်..နောက်တစ်နေ့မှာပဲ…

ငါ့ကို ဆေးရုံက ဖုန်း ဆက် ခေါ်..လို ့.. ငါ သွားရတယ် ။

ဆေးရုံရောက်တော့…. ဆရာဝန်ကြီးက…. ငါ့ကို ပြောပြတာ..ဟ ။

ခင်ခင့်မှာ..HIV ရှီနေတယ်..တဲ ့ ။

____________

အလို….. ဘုရား..ရေ….

ခင်ခင့်မှာ..HIV ရှ်ိတယ်…။

_____________

အေး… ငါလည်း..မယုံနိုင်ဘူး။ သေချာ ရဲ ့လား..ဆရာရယ်..လို ့တောင် အထပ်ထပ် မေးခဲ ့မိတယ် ။

ဆရာဝန်ကြိးက..လုံးဝ သေချာတယ်..တဲ ့ ။ ခင်ခင့်ကို အသိပေးဖို ့….

ဘယ်လို နည်းလမ်း သုံးရင် ကောင်းမလဲ..။ ခင်ခင့် ဘက်က…ဘယ်သူ ့ကို အရင် အသိပေးသင့်သလဲ..ငါ့ကို..ခေါ် တိုင်ပင်ကြည့်တာ..တဲ ့ ။

ငါက…. ကျွန်မ ပဲ.. ပြန်ပြောပြလိုက်ပါ့မယ်….လို ့ပြောခဲ့လိုက်တယ်..လေ ။

” အဲင်္ဒီတော့..နင်…ခင်ခင့်ကို ပြောပြလိုက်လား…သီတာ ..”

” မပြောပါဘူး .။ သူ ့မှာ..HIV ရှိနေတာ..ကို..သူ သိ ၊ မသိ တော့ စကား အစ်ကြည့်မိတယ် ။

သူ…မသိဘူး..။ ဒါပေမယ့်….ငါ..မပြော လိုက်ပါဘူး ။

ငါ..သတ်လို ့…သေရတော့မယ့်..သူ ့ကို…ပိုပြီး..မနာကျင် စေချင်ပါဘူးလေ..။

ငါ..သူ ့ကို သတ်လိုက်တယ် ။

ဓါး နဲ ့ကို…မသေမချင်း ထိုးပြီး..သတ်လိုက်တာ..။ ”

သီတာ ငို ချလိုက်သည် ။

ကျွန်တော့်ရင်ထဲမှာလည်း..ဗလောင်ဆူ….သွား၏ ။

” နင် မသတ်လည်း… HIV နဲ ့ သေရတော့မယ့် ခင်ခင့်ကို..

ဘာလို ့…ဓါးနဲ ့ထိုး သတ်တာလဲ…။ သီတာ..နင်……ရူးနေလား…..ဟမ်… ဘာလို ့…”

က။ွန်တော်..စိတ်လှုပ်ရှားစွာ…အော် ပစ်လိုက်ဆဲမှာပဲ… တစ်စုံတစ်ရာကို.. ..ရ ိပ်မိသွားသည် ။

ဘုရား..ဘုရား….

” သီတာ….နင်.. ။ နင်….ငါ့ အတွက်…..”

” ဟုတ်တယ်…..။ ဟုတ်တယ်…ကိုလင်းရဲ ့..။ ငါ.ရူးနေပြီ..။

နင့်ကို အဲဒီ ရောဂါ ပိုး…ကူမှာ စိုးလို ့ပါ..။

နင်..ခင်ခင် နဲ ့ ယူပြိးတာနဲ ့….HIV ကူးသွားမှာ..စိုးလို ့ပါ…

ငါ…နင့်ကို အဆုံးရှုး မခံနိုင်လို ့ပါ…..ကိုလင်းရဲ ့…။

ငါက..ငါက..နင့်ကို ….ချစ်နေရတဲ ့သူလေ…..

နင့်ကို ခင်ခင့် လက်ထဲ ထည့်ပေးလိုက်ရတာတောင်..ငါ အရမ်း နာကျင်ခဲ့ရတာ..။

နင်…သေသွားတဲ ့အထိတော့..ငါ အဆုံးရှုံး မခံနိုင်လု့ိ ပါ….ဟာ….. ”

ငိုရင်.း…ပေါက်ကွဲ….အော်ဟစ်နေသော…. သီတာ ့ကို ကြည့်ကာ….

ကျွန်တော် ထိတ်လန် ့ အံဩ….နေမ်ိသည် ။

သီတာရယ်…..ငါ…ဘာပြောရမလဲ..။ ငါ..အခု ပြောရမလား…..။………..ငါလေ….ငါ…။

ထို ့နောက်မှာတော့…

သီတာက သူ ့ကိုယ် သူ ပြန် ထိန်းယူရင်း……

” ဆောရီး..ကိုလင်း .ရယ်…. ငါ…ဘာတွေ…ပြောမိ သွားပါလိမ် ့…”

” သီတာ….နင်…. .နင် ဟာ…….။

ငါ့ အတွက်နဲ ့ အဲဒီလောက်ထိ…လုပ်ရသလား….။ ငါ…

ရင်နာလိုက်တာ…ကွာ…. ”

သီတာက… မဲ ့ပြုံး.တစ်ချက်ပြုံးရင်း…..

“.. ကိစ္စ မရှိပါဘူး..ကိုလင်း….။ ငါက နင့်အတွက်…အသက်ရှင်နေတဲ ့သူ ပါ ။

နင့် အသက် အတွက်… ငါ့အသက်ကိုတောင် ကြား ဝင် စတေး ရဲပါတယ် ။

အဲဒီ အတွက် ခွန်အားတွေကို…. အချစ်က ပေးတယ်လေ..။

ကဲ.. နင် ငါ့ကို အချစ်ရူးမ….လို ့ ပြောဥိးီမလား… ”

” သီတာ…ရာ…. ငါ…. ငါ..နင့်ကို….”

” မပြောနဲ ့… ။ မပြောပါနဲ ့ ကိုလင်း…ရယ်..။

နင်..ငါ့ကို…. ခင်..သလား… ။ ချစ်သလား…။

သံယောဇဉ်ရှိသလား… ။ ဒါမှ မဟုတ်..မုန်းသလား..။ နားကျည်းသလား……ငါ့ကို…. ဘာမှ မပြောပါနဲ ့ ။

ငါ…မကြား ရဲ လို့ ့ပါ ဟယ်….။ ငါလေ…

ငါ့ အထင်နဲ ့ပဲ..ငါနေပါရစေ..။

ငါ့ အထင်ထဲမှာတော့လေ…..နင်က ငါ့ကို သိပ်….ချစ်တာ…. ဟ…။

ငါ..အဲဒီ အထင်လေးနဲ ့ပဲ..နေပါရစေ.နော် ။

နင်..တစ်ခုခု သတ်မှတ်..လိုက်မှာကို..ငါ….မကြား ရဲ ဘူးလေ..ဟာ…။

တစ်ခု ပဲ..။ တစ်ခု ပဲ..ငါ တောင်းဆိုပါရစေ… ကိုလင်း…

နင်…ငါ့ကို မမုန်းလိုက်ပါနဲ ့…..နော် ..။

နင်..ငါ့ကို မုန်းလိုက်တာနဲ ့…. ငါ..သေသွားမလား.. တကယ် ရူးသွားမလား..ပဲ….

ကဲ..ပါလေ… နင်…ပြန်တော့ ..ဟာ…။။။။ ”

သီတာ…ရာ…….။ ကျွန်တော်…. ဟိုတုန်းကတည်းက..ပြောချင်ခဲ့ပြီး…

ပြောခွင့် မရခဲ့သော..( အကြောင်းကြောင်း..တို ့ကြောင် ့..ပြောခွင့် လွဲချော်ခဲ့ရသော ) စကားတစ်ခွန်း….

ဒီ တစ်ကြိမ်လည်း…… လွဲချော်ခဲ့ရပြန်ပါပြီ…။

ကျွန်တော့် ရင်ထဲမှာ….. ပြောမပြ တတ်အောင် နာကျင်လွန်းသည့် ဒဏ်ရာ တစ်ခု….ရှိနေဆဲ….။

သီတာ ့ ဆီမှာရော….

သေချာပါသည်…..။ သီတာ ့ရင်ထဲ မှာလည်း……

ဒဏ်ရာတစ်ခု…..ရှိလိမ့်မည်…။

__________________________________________

ကျွန်တော့် ဘဝထဲကို..အချစ် ဆိုသော အရာက

လှပ သိမ်မွေ ့စွာ….ဝင်မလာခဲ့ပါ ။

ဒဏ်ရာ တစ်ခု အဖြစ်သာ …နာကျင်စွာ… နင်း … ဖြတ် ဝင်ရောက် လာခဲ့သည် ။

ဘယ်အရာ..၊ ဘယ် သူ ့ ကို နာကျည်းရမှန်း….မသိဘဲ…

ခါးသီးစွာ….နာကျည်းလျက်…ရှိပြီ။

ထိုသို ့ဖြင့်…..

အချစ် ဆိုသော အရာသည်……ကျွန်တော့်ကို တစ်သက်တာလုံး….နာကျင်စေတော့မည်..။

သီတာရေ…..

အချစ်ဆိုတာ… လက်သည်းချွန်တွေ သိပ်များတဲ ့…..စုန်းတစ်ကောင် လိုပါပဲ..လား။

ပြီးတော့…အချစ်ဆိုတာ.. ဒဏ်ရာ တစ်ခု…ပဲ..။

ဘယ်တော့မှ..ကျက်မသွားတဲ ့..ဒဏ်ရာ…

ဘယ်တော့မှ…..နာကျင်မှုတွေ ရပ်တန် ့မသွားတဲ ့…ဒဏ်ရာ….

တစ်ရက်ထက် တစ်ရက်.ပို..ပို….ပြီး…နာကျင်လာမယ့် ..ဒဏ်ရာ…..

အဲဒီ ဒဏ်ရာ က…. နင့်ဆီမှာ…. ရနေပြီ..။

ပြီးတော့..ငါ့ဆီမှာလည်း…..ရ နေပါပြီ.. ကွာ…။

_____________________

ကျွန်တော်သည်…. တစ်စုံတစ်ယောက် ကို..ချစ်မိဖို ့..အလွန် ကြောက်သွားပါတော့သည် ။

ထို ့အပြင်…..

တစ်စုံတစ်ယောက်၏ အချစ်ကို…ခံယူ ဖို ့ကို….

ပို၍ ပို၍ ကြောက်ရွံ ့…လာပါတော့သည်…။

_____________

______________________

လေးစားစွာဖြင့်…

အလင်းဆက်

alinsett.art@gmail.com

17 comments

  • ရာဇဝင်လူဆိုး

    July 17, 2012 at 7:26 pm

    စိတ်ကူးစိတ်သန်း နဲ့ ရသဝတ္ထုတို အဖြစ်ကျစ်လစ်စွာရေးဖွဲ့တင်ပြပုံကို ခံစားမိပါ၏။

  • MaMa

    July 17, 2012 at 9:39 pm

    အချစ်ဝတ္ထုကို အမြင်ဆန်းဆန်းလေးနဲ့ ရေးဖွဲ့သွားလိုက်တာ ကောင်းပါ၏။ [:)]

  • TTNU

    July 17, 2012 at 11:22 pm

    ကိုအလင်းဆက်ရေ..
    (ကျွန်တော်သည် တစ်စုံတစ်ယောက် ကိုချစ်မိဖို ့အလွန် ကြောက်သွားပါတော့သည် ။
    ထို ့အပြင်တစ်စုံတစ်ယောက်၏ အချစ်ကိုခံယူ ဖို ့ကိုပို၍ ပို၍ ကြောက်ရွံ ့လာပါတော့သည်။)
    အတော်ထိခိုက်ခံစားသွားရတာပဲ။
    ဒါကြောင့် ပြောကြတာလေ ..
    အချစ်တွေများလာရင်လည်းသတိသတိ၊
    အမုန်းတွေများလာရင်လည်း သတိသတိ။

  • ဇောက် ထိုး

    July 18, 2012 at 7:22 am

    စာ ဖတ်ရတာလဲ ရှင်းတယ်။ ဖတ်သူကို တခါထဲ ဆွဲခေါ်သွားနိုင်တယ်။ လူသတ်မှုအကြောင်းလေးကို စာဖတ်သူက တဝက်လောက်တော့မှန်အောင်မှန်းဆနိုင်တယ်။ တဝက်ကတော့ ဘာပါလိမ့်ပေါ့။
    ဘယ်လိုဖြစ်ဖြစ်… ဆွဲဆောင်မှုတော့ ရှိပါတယ်။ ကျေးဇူးပါ

  • htoosan

    July 18, 2012 at 7:46 am

    လက်မထောင်သွားပါသည် ကိုအလင်းဆက်ရေ..

  • mamanoyar

    July 18, 2012 at 10:14 am

    အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေးပါရှင်
    သီတာကို အရမ်းသနားမိပါတယ်
    သူအကြိမ်ကြိမ်နာကျင်ရမှာပဲနော်

  • etone

    July 18, 2012 at 10:32 am

    သူငယ်ချင်းအပေါ် ထားတဲ့ သံယောဇဉ်လေးကို ဖတ်မိပြီး တုန်လှုပ်သွားမိတော့တယ် …. ။
    ကိုယ်တိုင်လည်း အဲ့ဒီလိုသူငယ်ချင်းမျိုး မဖြစ်ခဲ့သလို … အဲ့ဒီလို သဘောထားတဲ့သူငယ်ချင်းမျိုးလည်း ..အနားမှာ မရှိခဲ့ဖူးဘူး …….. ကိုယ်ပေါင်း စိတ်ခွာတွေကများ တယ် … ဘဝကြီး ပွန်းပဲ့ခံပြီး သူငယ်ချင်းကို ကယ်တင်တာ … အားကျစရာကောင်းပေမယ့် …. နည်းလမ်းမှန်မဟုတ်ဘူးလို့ ကျွန်မသုံးသပ်ချင်ပါတယ် …. ။

    ဒီအထဲမှာ .. မဖြစ်သင့်ဆုံး အချက်တစ်ခုလို့ မြင်တဲ့ … အကြောင်းရာတစ်ခု ကျွန်မတွေ့ခဲ့ပါတယ် …… ။ ဒါကတော့ ……. သွေး အဖြေကို ဆရာဝန်ကြီးက …ကာယကံရှင်ရဲ့ သူငယ်ချင်းကို ခေါ်တိုင်ပင်တာပါ … ။
    သွေးအဖြေမပြောနဲ့ တခြားသော ကျန်းမာရေး ကိစ္စတွေဟာ ကွန်ဖီဒန်ရှယ်လ်မို့လို့ ….. တခြားသူကို ပေးသိခွင့်မရှိပါဘူး … ။ အခုလို HIV + ကူးခံရတာမျိုးဆို ပိုလို့တောင်ဆိုးပါသေးတယ် …. ။ ဆရာဝန်ကျင့်ဝတ်အရ …လူနာခွင့်ပြုချက်မရပဲ ၊ လူနာကလွဲလို့ တခြား လူကိုပြောခွင့်မရှိပါဘူး …. ။ မိဘ ၊ လင်ယောကျာ်း ၊ ဇနီးမယားနဲ့ သားသမီးတွေကြားမှာတောင် …. စည်းခြားထားရမယ့် အပိုင်းတစ်ခုပါ … ။ ဒါကြောင့်လည်း …. သွေးစစ်တဲ့နေရာတွေမှာ နှစ်သိမ့်ဆွေးနွေးအားပေးတာတွေ လုပ်နေကြတာပါ … ကာယကံရှင်က ကိုယ့်သွေးအဖြေနဲ့ ပတ်သတ်လို့ … ခံနိုင်ရယ်ရှိအောင် …. နှစ်သိမ့်တာတွေ အရင်လုပ်ကြတာပါ … ။ အတူသွားတဲ့ သူငယ်ချင်းမို့လို့ …. ဒီကိစ္စခေါ်တိုင်ပင်တယ်ဆိုတာကတော့ ….. လုံးဝကို မဖြစ်သင့်တဲ့ အပြူမူမျိုးပါ ။

    HIV+ ဖြစ်နေလျှင်တောင်မှ … သူငယ်ချင်းကို တခြားသော နည်းနဲ့ … တားလို့ ရပါတယ် …. ။ ရောဂါသည်ရဲ့ ဘဝကို စာနာပြီးနွေးထွေးစွာဆက်ဆံမယ် ….. တဘက်က သူငယ်ချင်းကိုလည်း နားလည်အောင်ပြောပြမယ်ဆိုလျှင် … ကိုယ်လည်းထောင်ထဲမရောက်သလို …သူငယ်ချင်းနှစ်ယောက်နဲ့လည်း သေကွဲ ၊ရှင်ကွဲ မခွဲရတော့ပါဘူး … ။ မသေမချင်း ထိုးသတ်တယ်ဆိုတဲ့ ကိစ္စရဲ့နောက်ကွယ်မှာ သူမလည်း သွေ းပြန်စစ်သင့်နေပါပြီ …။ လွင့်စင်လာမယ့်သွေးတွေ … သူမမှာ ပွန်းပဲ့ဒဏ်ရာရှိလျှင် ကူူးစက်နိုင်တာကြောင့်ပါ … ချက်ချင်းကြီးပြန်စစ်လျှင်တော့ အဖြေမပြသေးပေမယ့် .. .အချိန်ပိုင်းခြား တစ်ခုထိစောင့်တာပဲဖြစ်ဖြစ်လုပ်ပြီးမှ .. ပြန်စစ်လျှင် သူမမှာလည်း ကူးစက်နိုင်ခြေရှိနေပါလိမ့်မယ် …. ။

    အလင်းဆက်ရေ ..စိတ်ကူးဆန်းဆန်းလေးနဲ့ ရေးသွားတဲ့ … ဝတ္တုတိုလေးမို့ နှစ်သက်မိပါတယ် … ။
    ဇာတ်သိမ်းပိုင်းမှာ … ဇာတ်ပေါင်းခန်း မဖြစ်တော့ စာဖတ်သူ ဟက်ထိသွားတော့တယ် …. ။ 🙄

  • ခပ်မိုက်မိုက် ကောင်မလေး

    July 18, 2012 at 10:51 am

    အရမ်းကောင်းတယ်ဗျာ…
    မျက်ရည်တောင် ဝဲသွားတယ်…
    ရေးထားတာတော်တယ်….
    ဒီပို့(စ်) လေးထဲမှာ ကိုလင်းအတွက်…
    သူငယ်ချင်းဆိုတဲ့ စည်းလေးများခြားနေသလားလို့နော်….
    အကြောင်းတစ်ခုက ဘာပါလိမ့်….
    အော်….(အချစ်) တဲ့………
    ကြောက်ဖို့ကောင်းလိုက်တာဗျာ….
    အားပေးသွားပါတယ်နော်…။။။

  • မမ အညာသူ

    July 18, 2012 at 11:12 am

    ကွင်းကွင်းကွက်ကွက်မြင်သာစေပါတယ်
    အရမ်းကောင်းပြီးဆွဲဆောင်မှု.အပြည့်ရှိတဲ့အချစ်ဝတ္ထုလေးပါ
    အားပေးသွားပါတယ်ရှင်

  • snow white

    July 18, 2012 at 1:21 pm

    ဒီလိုပို့စ်တွေ ဖတ်ပြီးရင် အရမ်းခံစားရတယ် ကိုယ်အလင်းဆက်ရယ် နောက်ပို့စ်တစ်ခုတင်ရင် ချစ်သူတွေ ပေါင်းစည်းတာ တစ်ယောက်နဲ့တစ်ယောက်နားလည်ပြီးချစ်တဲ့ အချစ်ဇာတ်လမ်းလေး ရေးပါအုံးနော် ခုတော့ မျက်ရည်စလေးတွေ ကျသွားလို့ သုတ်လိုက်အုံးမယ် ။။။

  • shwe kyi

    July 18, 2012 at 4:11 pm

    ကိုအလင်းဆက်ရေ ၁၈ နှစ်သားတုန်းကရေးတာတောင်ဒီလောက်ကောင်းနေတယ်နော်။
    ရွေးချယ်စရာတွေရှိနေသေးတယ်လို့ထင်မိတဲ့အတွက် အကြောင်းပြချက်ကိုအားမရဖြစ်မိပေမယ့်
    ဖတ်လို့ကောင်းတာတော့အမှန်ပါ။ အတွေးလေးကဆန်းသစ်ပါရဲ့။
    အားကျမိပါတယ်။

  • ငမိုက်မလေး

    July 18, 2012 at 4:30 pm

    အရမ်းကောင်းပါတယ်
    ကိုအလင်းဆက်ရယ်…..ဒါပေမယ့်းဒီလိုအဖြစ်မျိုးတော့ဘယ်တော့မှအဖြစ်မခံနဲ့နော်
    အားပေးရင်း….ဘယ်လိုတွေဆက်ဖစ်မလည်းတွေးရင်း…..

  • အလင်းဆက်

    July 18, 2012 at 6:36 pm

    ဟုတ်ကဲ ့..မမတုန်..ရေ..ကျွန်တော်..ဒီအချက်ကို….သတိ ထားမိပါတယ် ။
    ကျွန်တော် က…. 18 နှစ်သားတုန်းက ရေး ထားတဲ ့စာမူလေးမို ့… ြပြန်လည် ပြင်ဆင် တာ ဘာမှ မလုပ်ပဲ..
    ဒီအတိုင်း..ပဲ တင်လိုက်တာပါ ။

    တကယ် တမ်းမှာ.. ဒီ ဝတ္ထုရဲ ့ ဇာတ်လမ်း.. ၊ ဝါကျ တည်ဆောက်ပုံ နဲ ့ တင်ပြပုံ..ဟန် ..
    ဘာကိုမှ မပြင်ဆင်ခဲ့ပါဘူး။ ဇာတ်ကောင် ပြောစကားတွေကိုလည်း…ဖြည့်စွက် ပြင်ဆင်ခြင်း မရှိပဲ..
    မူလ ရေးထားတဲ ့အတိုင်း တင်ပြ လိုက်တာပါ ။

    မမတုန်..ထောက်ပြ သွားတာ မှန်ကန်ပါတယ် ။ အဲဒီ အချက်က လွဲ..နေတာ ပဲ..လေ.။ အမှန်ဆို..ကျွန်တော်..စကားလုံး..နောက်ထပ် ထပ် ထည့်ရမှာပါ ။ ဒါပေမယ့်.. ထပ်ပြီး.ပြင်ဆင်တာ တွေ
    မလုပ်ပဲ.. 18 နှစ်သား… စာ မရေးတတ်ရေးတတ်လေးနဲ ့ခံစားရေးထားတာလေးကို…ပဲ. ဒီအတိုင်း တင်ပြလိုက်တာလေ..။

    မမတုန်..ရေ..ကျေးကျေးပါနော် ။
    _____________
    ငမိုက်မလေ;
    shwe kyi
    snow white
    မမ အညာသူ
    ခပ်မိုက်မိုက် ကောင်မလေး
    mamanoyar
    htoosan
    ဇောက် ထိုး
    TTNU
    MaMa
    ရာဇဝင်လူဆိုး..

    အားလုံးကို ခင်မင်လေးစားစွာ..ကျေးဇုူးတင်ပါတယ်..ဗျာ..။

    အလင်းဆက်

  • J@ckal

    July 18, 2012 at 8:07 pm

    ဟုတ်..
    အရမ်းမဟုတ်တောင် တော်တော်ကောင်းပါတယ်လို့ ပြောပါရစေ
    အစ်ကို ၁၈နှစ်တုန်းက ရေးတဲ့ ဝတ္ထုကို ခုကျနော် ၂ဝအရွယ်မျာ ဖတ်ရတော့ ထပ်တူမဟုတ်တောင် အတော်လေး ထိမိစွာ ခံစားရပါတယ် ကျေးဇူးပါ အစ်ကို

    ပြေပြစ်ပြစ်နဲ့ ရှင်းရှင်းလင်း ရှိလို့ ဖတ်ရတာ ဆွဲဆောင်မှုကောင်းနေပါတယ်။
    တိမ်ယံသစ္စာကိုလဲ အမြဲအားပေးနေပါတယ်

    ခင်မင်စွာဖြင့်

  • မောင်ပေ

    July 18, 2012 at 8:17 pm

    ဒီပို ့စ်ကို ဖတ်အပြီး
    မျက်ရည်တွေ လည်
    မျက်ရည်တွေ တောက်တောက်ကျတော့မယ် ဖြစ်ချိန်မှာ
    မန်းဂေဇက်မှာ ဒီနေ ့ဂျစ်ပစီ ရေးတင်တဲ့ ပိုစ့်တစ်ခု ကို ပြေးသတိရမိလို ့
    http://myanmargazette.net/138742/economic-news-international-news-news-industry-people-in-the-news-us-news-news
    ဂျစ်ပစီ အတွက် ကြေငြာဝင်ပေးခဲ့ပါတယ်
    ညီငယ် အလင်းစက် အနေနဲ ့လဲ
    မနက်ဖန်ကစလို ့
    လူ ့ဘဝကြီးထဲမှာ တကြော့ပြန် ဍကျပ်ဏ္ဍ/ဋဍဏ္ဍ(ဍဍxဍ ရပြီဆိုတာလေး
    ဟီဟိ

  • အလင်းဆက်

    July 19, 2012 at 6:10 pm

    J@ckal…ရေ
    တိမ်ယံကို ဖတ်ရှု.နေတယ်.ဆိုလို ့..ဝမ်းသာရပါတယ် ။ကျေးဇူးလည်း.တင်ပါတယ်..ဗျာ.
    တိမ်ယံကို ဖတ်တဲ ့သူ..နည်းတယ်..ထင်နေတာ ။ Hits တွေကလည်း…မပေါ်တော့…လေ..။

    ကိုပေ..ရေ.. ဂျစ်ပစိ..ရဲ ့ ပိုစ် နဲ ့ တွဲ ဆက်ပြီး..ဖတ်ကြည့်မိပါပြီ..။ အညွှန်းလေးအတွက်..ကျေးကျေးပါ။

    ကျွန်တော့်ရဲ ့…ဘယ်တော့မှ ကို ဖတ်ပြီး..မျက်ရည် လည်..သွားတယ်..တဲ့လား.ကိုပေ..ရယ် ။
    ခံစားမျု..လေးအတွက်..လည်း.ကျေးကျေးပါ ။

    အားလုံးကို ခင်မင်လေးစားလျက်

  • Maung Thura

    January 7, 2015 at 3:16 pm

    ဘယ်တော့မှ မရေးတော့ဘူးလို့..ဟိုတလောက… ဆုံးဖြတ်မိတဲ့ အချစ်ဝတ္တုတွေ… ထဲ..
    ဒါမျိုးလည်း ပါတယ်.. ။

    :k:

Leave a Reply