အာ … ဟိ ။။

ဒုသမ္မတ ရွေးကောက်ပွဲ ရွှေ့လိုက်တယ်တဲ့ ။ သတိပြုမိသူလည်း ရှိ ။ မပြုမိသူလည်း ရှိမှာပေါ့နော် ။။

အမည် တင်သွင်းခံရသူ သား က သြစတြေးလျ နိုင်ငံသား ဖြစ်နေလို့တဲ့ ။ ချွေးမ ကလည်း သြစတြေးလျ သူ ဆိုတော့ ..

သြစတြေးလျ စီတီဇင် များ ပြန် အပ်ကြပြီး ဟုတ် တော့ ဘူး လုပ်ကြဦးမလား မသိ …..

အာ..ဟိ။။။

xxxxxxxxxxxxxxxxxxxxxxxxxxxxx

ဘယ်နှယ့် ဘယ်နှယ့် ကျုပ်တို့ ပြည်သူ့ရဲ တွေကို အလုပ်မလုပ်ကြဘူး ပြောကြသတုံး …

May I help you ကို Pay I help you လို့ ဖတ် ကြ သတုန်း …

သေးသေးဘဲ ဖမ်း ကြီးကြီး ဆို မဖမ်းဘူး ပြောကြ သတုန်း …

သြော် … ဒါကြောင့်ကိုး ….

၁၆-၇-၂၀၁၂ စာမျက်နှာ ၁၀ ။ ကြေးမုံ သတင်းစာ

ကလေးမြို့ တွင် တစ်နေ့တည်း ချဲထီလောင်းကစားမှု လေးမှုဖမ်းဆီး

(၁) ဒုရဲအုပ် စိုးနောင် ဦးစီး အဖွဲ့ က ချဲဂဏန်းတွက်ထားသော စာရွက်တစ်ရွက် ၊ ချဲဂဏန်းရေးထားသော စာရွက်တစ်ရွက်နှင့် ငွေ စက္ကူမျိုးစုံ ၂၀၀၀ မနန်းယဉ်မွှေး ၏ နေအိမ် အိပ်ခန်းအတွင်း မှ မိ တာ က တစ်မှု ။။။။။

(၂) ဒုတိယ ရဲအုပ် လှနိုင်ဦး ဦးစီး အဖွဲ့ က ချဲဂဏန်း နှင့် ငွေတန်ဘိုးရေးထားသော စာအုပ် နှစ်အုပ် ၊ ချဲဂဏန်းနှင့် ငွေသား တန်ဘိုးရေးထားသော စာရွက် ၁၆ ရွက်နှင့် ငွေ စက္ကူမျိုးစုံ ၁၀၀၀၀ မမိတူး ၏ နေအိမ် အိပ်ရာခေါင်းရင်း ဗီရို အတွင်း မှ မိ တာ က တစ်မှု ။။။။။။။။။။။

(၃) ဒုတိယ ရဲအုပ် ၀င်းထွဋ္ဋ်ရှိန် ဦးစီး အဖွဲ့ က ချဲဂဏန်း နှင့် ငွေတန်ဘိုးရေးထားသော စာအုပ် တစ်အုပ် ၊ ချဲဂဏန်းနှင့် ငွေသား တန်ဘိုးရေးထားသော စာရွက် ၇ ရွက်နှင့် ငွေ စက္ကူမျိုးစုံ ၁၆၅၀ မကေသီဦး ၏ နေအိမ် အိပ်ခန်း သေတ္တာ အတွင်း မှ မိ တာ က တစ်မှု ။။။။။။။။။။။။။။။။။

(၄) ဒုတိယ ရဲအုပ် လှသိန်းဦး ဦးစီး အဖွဲ့ က ချဲဂဏန်းနှင့် ငွေသား တန်ဘိုးရေးထားသော စာရွက် ၃ ရွက်နှင့် ငွေ စက္ကူမျိုးစုံ ၁၁၄၀၀ မချစ်သဲ ၏ နေအိမ် ၄င်းကိုင်ဆောင်ထားသော ပိုက်ဆံအိတ် အတွင်း မှ မိ တာ က တစ်မှု ။။။။။။။။။။။။။။။။။။။။။

အာ…ဟိ ။

P.S /ရွာသူ ရွာသား များ ၀ါသနာ ပါရင် သတိထားကြဦးနော် …

xxxxxxxxx

ပုဂံက ဟိုတယ်ကြီး တစ်ခုမှာ အိပ်ခန်းထဲကို သူခိုး ဖောက်ထွင်း ၀င်ရောက်လို့ ယိုးဒယား ဧည့်သည် နဲ့ မြန်မာ ဧည့်သည် စုစုပေါင်း အခန်း ငါးခန်း က ပစ္စည်းတွေ မ သွားပါတယ်လို့ သတင်းထွက်နေပါတယ် ။

ဖောက်ထွင်းစဉ်မှာ မနိုးအောင် ဓာတု ဆေးငွေ့ ပစ္စည်း သုံး သွားတယ်လို့ လဲ ထင်ကြေးပေးနေပါတယ်တဲ့။

ဟိုတယ် က ဧည့်သည်တွေ သတင်း မဖွအောင်လို့ လျော်ကြေး ပေးလိုက်ရတယ်လို့ ပြောပါတယ် ။

တကယ်တော့ ဒီလို သတင်းမျိုး ဆိုတာ အများသိအောင် ပြောပြ ရမှာ ပါ ။ ရှက်စရာ မလိုပါဘူး ။ ဒါမှ နောင် ကာကွယ်နိုင်မှာပါ ။

ဒါကြောင့် ဒီသတင်း ကြားမီတဲ့ ကထူးဆန်း က မနေနိုင် မထိုင် နိုင် အများ သိအောင် ဖွ လိုက်ပါကြောင်း ။

အာ..ဟိ

(ဗဟုသုတ ပြည့်စုံကြတဲ့ သူကြီး (သို့) ရွာသူား များဆီက ဘယ်လို ဓာတု ဆေးငွေ့ ဖြန်းသွားလဲ သိချင်စမ်းပါဘိ)

About ကထူးဆန်း

has written 107 post in this Website..