အခွင့်အရေးတွေ တပိုက်ကြီး

panpanJuly 18, 20121min15318

အခွင့်အရေးတွေ တပိုက်ကြီး

အခွင့်အရေး…အခွင့်အရေးနဲ့၊ အခွင့်အရေးဆိုတဲ့အသံတွေ တစာစာကြားနေရသည်။ ဘယ်ကလို့ထင်ပါသလဲ။ ကျိပေါက်တို့ပတ်ဝန်းကျင် ဘယ်နေရာကဖြစ်ဖြစ်ကြားရသည်မဟုတ်လား။ ကျိပေါက်ဆီကိုလည်း

အဲ့လိုပဲပတ်ဝန်းကျင်က အခွင့်အရေးဆိုတဲ့အသံတွေ နားမဆံ့အောင်ကြားနေရပါသည်။ တီဗွီကြည့်လျှင်အကြားရဆုံး။လူကြည့်များတဲ့နေရာကိုး။ “ကော်ဖီသောက်ရင်း ကံစမ်းနိုင်ပြီ၊ ၅သိန်းတန်ဂျီအက်အမ်ဖုန်းကဒ်

ရရှိနိုင်မည့်အခွင့်အရေး”၊ “သက်တမ်း၆လနှင့်အထက်တိုးလျှင် တစ်လအပိုရမည့်အခွင့်အရေး”၊
“၃လစာပေးချေရုံဖြင့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်း အပိုင်ရမည့်အခွင့်အရေး” စသည်ဖြင့်အစုံ။ တီဗွီတင်ပဲလားဆိုတော့ မဟုတ်သေး၊ ဂျာနယ် မဂ်ဂဇင်းတွေမှာလည်း ထို့နည်း၎င်း (မဂ်ဂဇင်းလို့ပဲ ရေးလိုက်ပါတယ်၊

အောက်ကဂငယ်အသေးကိုရိုက်ဖို့ရာ ကီးဘုတ်မှာပြဿနာနည်းနည်းရှိလို့ပါ)။ “ကံထူးပါက သရုပ်ဆောင်မယ်ဒေါ်လ် ပန်ပန်ချစ်လေးနှင့် ထိုင်းနိုင်ငံဘန်ကောက်သို့ အလည်သွားနိုင်မည့်အခွင့်အရေး”၊ “ပြည်တွင်းမှာပဲ

နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ကြီးကိုရယူနိုင်မယ့် အခွင့်အရေး”။ ပြောရင်ပြီးမှာမဟုတ်။ လက်ကမ်းကြော်ငြာမှာတောင် အခွင့်အရေးတွေတပုံတပင်နဲ့။ “ဆံပင်ဖြောင့်လျှင် အခမဲ့တစ်ကြိမ်ပေါင်းတင်နိုင်မည့် အခွင့်အရေး”၊

“သင်တန်းပြီးဆုံးပါက အလုပ်ပါရမည့်အခွင့်အရေး”။ အလို၊ အခွင့်အရေးတွေတပုံတပင်နှင့် ကျိပေါက်တို့ပတ်ဝန်းကျင်လောကကြီးပေပဲ။ ကျိပေါက်တို့မှာ ဘာအခွင့်အရေးမှမရှိဘူးမထင်နှင့်၊

အခွင့်အရေးချို့တဲ့သူများမဟုတ်ကြ။ အခွင့်အရေးတွေတောင်ပုံရာပုံနဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် လူတန်းစားမရွေး အခွင့်အရေးဆိုတာကြီးကို စားသုံးနိုင်လေ၏။ ဒါ့ကြောင့်

ကျိပေါက်ရဲ့မိတ်ဆွေအပေါင်းအဖော် သင်္ဂဟအပေါင်း သူတော်ကောင်းတို့လည်း မိမိတို့ဘေးနားလေး နားစွင့်ကြည့်လိုက်ပါ။ ဒါတွေအားလုံးလူတိုင်းကြားနိုင်ပြီ။ လူတိုင်းကြားနိုင်ပြီ။ ကျိပေါက်ကြားသလို အခွင့်အရေးအသံတွေကြားရပြီး

စားသုံးနိုင်ကြပါစေလို့သာ။

18 comments

  • Solid_Sn@ke

    July 18, 2012 at 7:14 am

    အဲ့သည့်အခွင့်အရေး ဆိုတာတွေအားလုံး ကို ကျုပ်တို့ ..စားသုံးသူကပဲ ပေးရတာဗျ…
    စကားစပ်လို့ ပြောရရင်
    အင်ဒိုနီးရှားမှာ ထုတ်တဲ့ ဖိနပ် တရံ အစိမ်း ၃ဝ အောက် တဲ့ … (ထုတ်လုပ်မှု ကုန်ကျစရိတ်)
    အဲ …အဲ့ဒါကိုဈေးကွက်တင်တော့ .. ၁၀ဝအောက် လုံးဝ မရောင်းနိုင်ဘူး …
    ဈေး ၃ဆလောက် ကွာတာနော…

    ကွာမယ်လေ. . ၃ဝနဲ့ ထုတ် ၄ဝ နဲ့ ရောင်းလို့ ..အလွယ် ပြောနိုင်ပေမယ့် လက်တွေ့မှာ..
    ဘယ်ရောင်းနိုင်ပါ့မလဲ ..အနှီ ဖိနပ် ကို ဟောဒလို ကွာလတီ ဟောဒလို
    ဖီချာ နဲ့ ထုတ်နိုင်ဖို့ ..R & D ရင်းနှီးမြှပ်နှံထားရတာ နည်းမှ မနည်းပဲ ကိုး …
    အဲ …သည် စားရိတ် တခုတည်းလား ဆိုတော့လည်း မဟုတ်ပြန်ဘူးလေ…
    အမှန်ခြစ်(ချစ် မဟုတ်ပါ) လေး ခြစ်ပြ လိုက်တာနဲ့ ..
    ဒါ ဟာ ဘာတံဆိပ် ဆိုတာ ကလေးကအစ သိအောင်လည်း … မားကတ္တင်း
    လုပ်ထားရတဲ့ စားရိတ်တွေ ပါ ပါသေး သပေါ့…
    ဒါ့ကြောင့် သိသူတွေက …မားကတ္တင်း ဆို .. ရိချင် ဆဲချင် ကြတာမနည်း …
    😳

    အင်း …သည်တော့ ..မားကတ္တင်း ကို ဖြုတ်သိမ်း ထားလိုက် ..အဲ့ဒါမပါဘဲ ရှေ့ဆက်မယ်
    လို့ … စောဒက တက်ကောင်း တက်ဖွယ်ရှိတယ် …
    ဟုတ်ကဲ့ ..အဲ့ဒါကြီး ဖြုတ်သိမ်း လိုက်လို့ကတော့ … သစ်ပင်အောက်မှာ
    ကိုယ်တုံးလုံးနဲ့ ဗိုက်ဆာတဲ့ ဘဝရောက်သွားကြမယ် လို့တော့ …ပြောစမှတ်ရှိသဗျား ..
    😛

    သည်ကြားထဲ အရောင်း (Sales) ကလည်း .. ပုခုံး တိုက်လား တိုက်ရဲ့
    ဘောဒီ စားလား စားရဲ့ ခြေထိုးလား ထိုးရဲ့ … ဖိုင်နန့်စ် ဆိုတာကလည်း လူကျွံဘောဖမ်း
    ကစားတာ သိပ် ထူးချွန်တဲ့ နောက်တန်း သမားတွေ ကလား …
    ဘွ ကို စိတ်နာလာဘီ ..ပြောဇမ်းပါအေ … ဘီကနီ ကန်ပနီ တခုခုက
    ပါမန်းနန့် ဒါ့ပုံဆြာ လိုတယ် ဆိုရင်. … မားကတ္တင်း …ဆို ရင်ထဲမှာ ကျလိကျလိ ဖြစ်လွန်းလို့ရယ်…..
    :mrgreen:

    • pan pan

      July 18, 2012 at 10:00 am

      မားကတ်တင်းသမားဆို ရိချင်ဆဲချင်မပေ့ါ
      သူပဲပြောပြီးတော့၊ အဲ့ဒီပါမန့်က အကုန်အကျအများဆုံးဆို
      ခံရတာတောင်နည်းသေး
      တစ်ခုခုဆို ပွဲကပါလာတယ်မို့လား
      ခိခိ :mrgreen:
      နောက်ဆုံးတော့လည်း အနှီကုန်ကျစရိတ်၊ (ဘာအတွက်စရိတ် ညာအတွက်စရိတ်)တွေက စားတဲ့လူကိုဈေးတင်ရော
      တခါတလေတော့ စားသုံးသူဖက်ကနေ ပစ္စည်းတစ်ခုဝယ်တော့မယ်ဆို တကယ်လို့ဒီပစ္စည်းသာ ဒီလောက်မားကတ်မတင်းဘူးဆိုရင် ဈေးများပိုသက်သာမလားလို့ ခိခိ 😛

      • Solid_Sn@ke

        July 18, 2012 at 10:44 am

        မားကတ္တင်း မကောင်းတဲ့ ပစ္စည်းဆို စမတ် ဘိုင်ယာတွေ
        မဝယ်ကြ ကြောင်း လက်တို့ လိုက်ရပါတယ်…

        အိုဘယ့်
        လောင်းလစ်ဗ် သည် မားကတ္တင်း
        😀

  • etone

    July 18, 2012 at 8:45 am

    ပန်ပန်ရေ … လူဆိုတဲ့အမျိုးကလည်း အလကားပဲဖြစ်ဖြစ် ၊ အသာစီးပဲဖြစ်ဖြစ်ရမယ်ဆိုလျှင် အခွင့်ထူးခံဖို့ စိတ်ဝင်စားတတ်ကြတယ်မဟုတ်လား ဒီတော့ စီးပွားရေးသမားတွေက အခွင့်ရေးဆိုတဲ့စကားကို ပရိယာရ်ကြွယ်ဝစွာသုံးပြီး …. လူတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်တာပါ။ အဲ့ဒီအချိန်မှာ လူတွေက …ငါးစာပဲမြင်ပြီး ငါးမျှားချိတ်မမြင်တော့တဲ့ ငါးလိုပဲဖြစ်သွားတတ်ပါတယ် … ။ ကိုယ်တိုင်လည်း အဲ့ဒီအခွင့်ရေးတွေကို မက်လို့ .. ခဏခဏ လက်တလုံးခြား အလှည့်ခံရတယ် …. ။တော်ပါပြီ မမက်မောတော့ဘူးလို့ စိတ်ပိုင်းဖြတ်လည်း … ခဏပေါ့ …. မေ့သလောက်ရှိလျှင် ထပ်ခံရတယ် …. ။ 😛

    • pan pan

      July 18, 2012 at 10:06 am

      အခွင့်အရေးကတော့ တကယ်ကိုအခွင့်နည်းလို့ အဲ့လာနဲ့မျှားနေတာနေမပေ့ါ
      သိသိရက်နဲ့ လောဘလေးနဲ့မက်မောမိတယ်ဆိုတာကလည်း အဲ့အခွင့်အရေးလေးက လွယ်မှမလွယ်ပဲကိုးးး
      အဲ့တော့လည်း သိတော့သိပါတယ်၊ ကြားကြားနေရလို့ တကယ်များရမလား ကြိုးစားကြည့်တာရယ်ပါလို့ 😆 ခိခိ

      • etone

        July 18, 2012 at 11:21 am

        ဟုတ်ဧ။် .. မှန်ဧ။ ်… ဟိဟိ 😛

  • မောင်ပေ

    July 18, 2012 at 9:30 am

    တစ်ကယ်ဆိုရင်
    အာလကေ ပဲလိုတယ်
    ဘာကြောင့် မန်းနီးမရှိသလဲကွယ်….

  • mamanoyar

    July 18, 2012 at 9:42 am

    ကိုယ်လိုချင်သောအခွင့်အရေးတစ်ခုသာရမည်ဆိုလျှင်……………….
    မည်မျှဝမ်းသာလိုက်မည်နည်းးးးးးးးးးးးးးးး

  • ကြည်ဆောင်း

    July 18, 2012 at 10:54 am

    ဘယ်လောက်ပဲ မက်မောစရာ အခွင့်အရေးတွေပေးပေး ပစ္စည်းတစ်ခုရောင်းပြီဆိုရင် ပစ္စည်းတန်ဘိုး+အခြားကုန်ကျစရိတ်ကို နောက်ဆုံးစားသုံးသူ End User တွေကသာခံရတာပါ…

  • ကြောင်ဝတုတ်

    July 18, 2012 at 11:09 am

    အနှီကိစ္စမှာ အမြင်တမျိုးနဲ့ မန့်မယ်ဆိုပါတော့ဗျာ…
    အပေါ်မှာ ဂီဂီပြောသလို… ထုတ်လုပ်မှုကုန်ကျစရိတ်တို့အပြင် ရင်နှီးမြှုပ်နှံမှုအတွက်ဖယ်ရသလို… Operation Running Cost တွေလဲ ဖယ်ရသေးသကိုး… အဲဒီတော့ အစမ်း(၃၀)တန်ကို (၁၀၀) အောက်နဲ့မရောင်းနိုင်ဘူးလို့ပြောချင်းကို သဘောတူပါတယ်…
    တစ်နည်းပြန်စဉ်းစားကြည့်ရင် (၃၀)တန်ဖိနပ်တစ်ရံကို ကိုယ့်ဟာကိုယ်လုပ်ရင် (၃၀၀)မကကုန်ကျမှာမို့ (၁၀၀)နဲ့ရောင်းတာကိုတန်တယ်လို့ပြောရမှာပေါ့…

    အဲဒီမှာ Price ကိုတန်မတန်ဆုံးဖြတ်ဖို့လိုလာပါတယ်…
    ၁၀ဝ တန်ဖိနပ်တစ်ရံကို တစ်လလောက်ပဲစီးရတယ်ဆိုရင်တော့ မတန်ဘူးလို့ပြောရသကိုး…
    ၁၀ဝ တန်ဖိနပ်တစ်ရံကို သုံးနှစ်လောက် ပစ်စလက်ခပ်စီးလို့ရတယ်ဆိုရင်ဖြင့် သူလဲနောက်တစ်ရံရောင်းဖို့ (၃)နှစ်လောက်စောင့်ရဦးမကိုး…

    Production ကြောင့် End User ခံရတာမဟုတ်ပါဘူးဗျာ… End User ရဲ့လောဘတွေကြောင့်ခံရတာချည်းပါ…
    အဲဒါကြောင့် အခွင့်အရေးများမက်သော End User များကို အခွင့်အရေးများနှင့်ဆွဲဆောင်ခြင်းအား အပြစ်မပြောလိုပါဘူး…
    တကယ်လို့များ Production ကနေ ကွာလတီမမီတဲ့ပစ္စည်းကို မတန်တဆဈေးတင်ရောင်းတာမျိုးဆိုရင်ဖြင့် Production ကိုအပြစ်တင်ရမှာပါ…

    အဲဒီတော့ ဈေးကြီးတိုင်း Brand ကိုအပြစ်မတင်စေလိုပါဘူးဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • pan pan

      July 18, 2012 at 11:35 am

      ဘရန်းကို အပြစ်မတင်ပါဘူး
      အသုံးခံရင် ကွာလတီကောင်းရင် တန်ပါတယ် ဈေ းကြီးသလောက်
      နို့ပေသည့် တချို့ဟာတွေက ဈေ းကြီးတော့ပေးရပြီး အသုံးတော့မခံဘူး
      ဥပမာ-ပန်ပန်ဖိနပ်တစ်ရံဝယ်တယ်၊ ယိုးဒယားမိတ်လို့စာကပ်ထားတာပဲ
      ၇၅၀ဝပေ့ါ
      အဲ့ဒါဘယ်လောက်မှလည်းမစီးရဘူး
      ဟိုကကော်ကွာ၊ ဒီကကော်ကွာနဲ့ (မမတုံရဲ့ ရွှေရောင်အရေခွံကျွတ်တဲ့ဖိနပ်လေး ပြေးမြင်မိသေး အဟေးဟေး 😛 )
      အဲ့ဒါနဲ့ပဲ ခုတော့ ၁၃၀ဝတန်ကြက်ပေါင်ဖိနပ်လေးနဲ့ ခုတော်တော်လေး တာသွားသဗျ 😛

  • ခပ်မိုက်မိုက် ကောင်မလေး

    July 18, 2012 at 12:07 pm

    အခွင့်အရေးတွေရတိုင်း…
    တပွေ့တပိုက်ကြီးယူနေရင်…
    ဘာသုံးစားရတော့မှာလဲနော်…
    ဘရိန်းတွေ ချာတူးလန်ကုန်မှာပေါ့…
    ဒါဆိုရင်တော့ တိုးတက်လိုက်မယ့်ဖြစ်ခြင်းတွေ…။

  • pooch

    July 18, 2012 at 1:01 pm

    “long live the marketing”

    But the Big But is……….
    Evil marketers have to die. :mrgreen:

  • Ma Ei

    July 18, 2012 at 1:18 pm

    အခွင့်အရေးလို့ ဆိုလဲ ဆိုပါစေတော့ ပန်ပန်ရယ်…
    ကော်ဖီဆိုလဲ ဝယ်သောက်ရမှာချင်းတူတူ …
    ဖုန်းကဒ်ရရှိနိုင်မည်…ဆိုတော့လဲ အခွင့်အရေး ပေါ့…
    သက်တမ်းတိုးရမဲ့ တူတူ ၆လအထက်တိုးလျှင်
    တစ်လအပိုရမည် ..ဆိုတော့လဲ အခွင့်အရေး ပေါ့… နော်
    မပေးလဲသူတို့ဘဲ သုံးနေရတာဆိုတော့….
    အခွင့်အရေးလို့ ဆိုလဲ ဆိုပါစေတော့ ပန်ပန်ရယ်…

  • pan pan

    July 18, 2012 at 1:24 pm

    ဝင်မန့်သွားတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်
    အင်း…တကယ်တော့ ကျမပြောချင်တာက မားကတ်တင်းတို့၊ ကြော်ငြာတို့အကြောင်းမဟုတ်ပါဘူး
    အရေးမတတ်တော့လည်း ဘာပြောချင်လဲဆိုတာ မသိသာတော့ဘူးနဲ့တူပါတယ်
    ဘာပဲပြောပြော…““အခွင့်အရေး””ဆိုတဲ့ အသံတစာစာကြားရင်
    တခါတလေတော့ “ဟတ်ထိတယ်ဟေ့…ဟတ်ထိတယ်” (လေးပေါက်ကို ခလက်ဒစ်) 😀

  • နေဝန်းနီ

    July 18, 2012 at 7:51 pm

    အဲဒိလို အခွင့် အရေးမျိုးတော့ မလိုချင်ပါဘူး ပန်ပန်ရယ်….။ ကိုယ်ကရမှာ ဘယ်ဆီနေမှန်းမသိ…။ လက်တွေ့မှာ ကိုယ်က အရင် ပေးပေးနေရတာ ဟန်မကျပါဘူး….။ ဒါကြောင့် တီဗွီ ဆိုမကြည့် ဂျာနယ် မဂ္ဂဇင်း တွေလည်း သိပ်မဖတ်ဖြစ်တော့ပါဘူး…။ ဂဇက်တက်ထဲမှာပဲ အချိန်ကုန်တယ်…။ ဟုတ်တယ်လေဟယ်…။ ဂဇက်တက်ထဲမှာ အဲဒိလိုလှိမ့်လုံးတွေနဲ့ အစွန်ထုတ် မကြော်ငြာဖူးမဟုတ်လား….။ သယ်ရင်း တစ်ယောက်ကတော့ ပြောပါတယ်…။ MRTV ကို ကိုရီးယားကားစောင့်၏။ ဂျာနယ်ကို ကျော်ညာစောင့်၏ တဲ့ …။

  • အရီးခင်လတ်

    July 19, 2012 at 4:46 am

    ပန်ပန် ရေ

    အဲဒါတွေကို တကယ်တော့ အခွင့်အရေး လို့ မခေါ်သင့်ဘူး။
    “မက်လုံး” လို့ ခေါ်ရမှာ။
    လူတွေ ကို ဖျားယောင်းပြီး သူတို့ အကျိုးအမြတ် အတွက် လုပ်နေလို့။

    ရောင်းတဲ့ ပစ္စည်းမှာ အပိုထပ်ဆောင်းပြီး အလကား ပေးတာ တွေ က သူတို့ လုပ်ငန်း ကို ပိုပြီး နာမည်ကြီးအောင် လုပ်တာပါ။
    အများ အတွက် အကျိုးဆောင်ပေးတာ မဟုတ်တာ သေချာတယ်။
    လူတွေ အတွက် အခွင့်အရေး ပေးသလိုလို နဲ့ သူတို့ က လူတွေဆီက အခွင့်အရေးတွေ ယူသွားတာ။
    နဂို ၁ဝတန် ပစ္စည်း က အဲဒီ အခွင့်အရေး အတွက် ၁၅ကျပ် ပေးလိုက်ရတာပေါ့။
    ဒါကို မောင်စနိတ် က ဦးအောင် ပြောပြီးသား ဖြစ်နေပြီ ဆိုတော့ လျှာဆက်မရှည်တော့ပါဘူး။

    ဒီလို Post လေးအတွက် လက်မ အမြင့်ကြီး ထောင်သွားပါတယ်။ 🙂

  • pan pan

    July 19, 2012 at 9:45 am

    အဘနီရေ
    လှိမ့်လုံးမသုံးလို့မရတဲ့အခြေဖြစ်နေသလိုပါပဲ
    ဥပမာပြောရရင် လူ့သဘာဝကိုက ဈေးပိုတင်ပြီးလျှော့တာမှ သက်သာတယ်ထင်ကြတာကိုး
    ပုံမှန်အနည်းဆုံးဈေးကိုပြောရင် မလျှော့ပေးရင် ဈေးကြီးသလိုလို 🙄
    ________________________________
    အရီးရေ
    အခွင့်အရေးဆိုတာကတော့ စကားလှအောင်သုံးသလိုပါပဲ
    တကယ်တော့ အရီးပြောသလို မက်လုံးပေးဆွဲဆောင်တာပါပဲ
    မက်လုံးဆိုတော့ မက်လုံးပဲပေ့ါ
    ကတိပေးတာမှမဟုတ်တာ 😆 ဟိဟိ
    လက်မအတွက်လည်း ကျေးဇူးအကြီးကြီးပါရှင့် 🙂

Leave a Reply