ဗိုလ်မှုးကြီး တစ်ဦး ကို ဖမ်းဆီး

wunnaJuly 1, 20101min1347

ထောက်လှမ်းရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သည့် ဗိုလ်မှုးကြီး တစ်ဦး ကို စရဖ က ဖမ်းဆီး

ယခင် ထောက်လှမ်းရေး အရာရှိ အဖြစ် စစ်ကြောရေး လုပ်ငန်းတွေ မှ ဦးစီး လုပ်ဆောင်ရတဲ့ ဗိုလ်မှုးကြီး ရန်နောင်စိုး ကို ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်လောက်က စရဖ အဖွဲ ့ဝင် တွေ က စစ်မေး စရာ ရှိ လို ့ဆိုပြီး ခေါ်ဆောင် သွား တာ အခုထိ ပြန်လည် မရောက်ရှိ သေးကြောင်း သူ ့ရဲ ့မိသား အသိုင်း အဝိုင်း နဲ ့ နီးစပ် သူ တစ်ဦး က Freedom News Group သို ့ပြောသည်။ သူ ့ရဲ ့မိသားစု ဝင်တွေ ကတော့ သူပြန်မလာတဲ့ အတွက် စိတ်ပူနေရကြောင်း နဲ ့ဘယ်ကိုမှ ဆက်သွယ်စုံစမ်း လို ့မရ ပဲ ခုနှစ်မိုင် ခွဲ အိမ်နား မှာ လည်း အစောင့် တွေ ချထားတယ် လို ့ သူ ့မိသား စု ဝင် တစ်ဦး နဲ ့နီးစပ် သူ တစ်ဦးက ပြောသည်။ ဗိုလ်မှုးကြီး ရန်နောင်စိုး ဟာ ဗိုလ်ကြီး နဲ ့ ဗိုလ်မှုး အဖြစ် တာဝန် ထမ်းဆောင် နေရစဉ် စစ်ထောက်လှမ်း ရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရပြီး ၁၉၉၄ ခုနှစ် မှ ၂၀၀ဝ ခုနှစ် အတွင်း နိုင်ငံရေး ပုဒ်မ၊ တရားမဝင် ငွေကြေး ကိစ္စ တွေ ကို ဖမ်း ဆီး စစ်ကြောမေးမြန်းမှု တွေ မှာ ဦးဆောင် ခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေး မှာ တာဝန် ထမ်းဆောင် နေစဉ် ၂၀၀၁ ခုနှစ် တွင် တောင်ဥက္ကလာ ဂေါက်ကွင်း အတွင်းရှိ ဘီယာ ဆိုင်တွင် အထက်အရာရှိ ထောက်လှမ်း ရေး တစ်ဦး နှင့် ပြဿနာ ဖြစ်ရာ မှာ စစ်တပ် ဘက်မှ သူ ့ဆရာ ရင်း ဗိုလ်ချုပ် တစ်ဦးက စစ်တပ်ဘက်သို ့ပြန်လည် ပြောင်းပေး ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ဒုတိယ ဗိုလ်မှုးကြီး ရာထူး အဖြစ်ရောက် ရှိပြီး နောက် စစ်ထောက်လှမ်း ရေး အုပ်စု အား ရာထူး မှ ဖယ်ရှား ချိန် တွင် ခေတ္တ စစ်ဆေး မေး မြန်း ခံရသည်။ ဗိုလ်မှုးကြီး ရန်နောင်စိုး သည် နာမည် ကျော် မင်းသမီး ညီအမ များ၏ အကိုဝမ်းကွဲ ဖြစ်ပြီး သူ၏ ဆွေ မျိုး များ မှ အချို ့မှာ မြန်မာ စာနယ်ဇင်း နယ်ပယ်တွင် ဝါသနာ အရ စာပေရေးသားမှု များ ကို ပြုလုပ်သည်။ လက်ရှိ အဖမ်းခံရချိန်တွင် ဗိုလ်မှုးကြီး ရန်နောင်စိုး မှာ ရန်ကုန် တိုင်း စစ်ဌာနချုပ်၏ စစ်ဒေသ ကော်မတီ တွင် တာဝန် ထမ်းဆောင် နေသည် ဟု သိရသည်။

သတင်းထူးလို့ တင်လိုက်တာပါ။ မူရင်းလင့်ကတော့

http://freedomnewsgroup.com/2010/07/01/%E1%80%91%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%9B%E1%80%AC%E1%80%9B%E1%80%BD%E1%80%AD-%E1%80%A1%E1%80%BB%E1%80%96%E1%80%85/#more-10666

7 comments

  • etone

    July 2, 2010 at 1:56 am

    ဘာလို့ဖမ်းတာလဲ။

  • htethtet

    July 2, 2010 at 3:57 am

    ထိုင်ခုံကြိုးမှာကြောက်လို့လေ

  • snow

    July 2, 2010 at 6:45 am

    သိချင်တယ်..ဘာလို ့လဲဆိုတာဆက်စုံစမ်းပြိးတင်ပေးပါလား
    ကျေးဇူးတင်ပါတယ်

  • zuugyi

    July 2, 2010 at 6:48 am

    သူတို့အချင်းချင်းတောင် လှည့်ပတ်ကိုက်လို့ကိုမပြီးတော့ဘူး

  • cobra

    July 21, 2010 at 3:05 pm

    သူတို့ကထိုင်ခုံလုဖို့လောက်ချောင်းနေကြတာလေ။

  • Yin Nyine Nway

    July 26, 2010 at 8:47 am

    အေး ဘာလို့ဖမ်းတာလဲဟင်

  • chittu

    July 29, 2010 at 7:53 am

    ဟ ဟား
    ကို ့မီးကိုပြန်ပက်ပြီ။။

Leave a Reply