အာဇာနည်နေ့ အမှတ်တရ

lynn lynnJuly 18, 20121min14611

ဗိုလ်ချုပ်အောင်ဆန်းသီချင်း
(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)²။
ငါတို့မြန်မာပြည်မယ်၊ မိဘတိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်။ ငါတို့မြန်မာပြည်မယ်၊ မိဘတိုင်းကရယ်၊ အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်။ ဪ…ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ်၊ အလောင်းဘုရားတို့လိုကွယ်၊ မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေးရဲ့ မကြောက်တမ်း၊ မရွံ့တမ်း မြန်မာတွေအောင်ပန်းဆွတ်ကြရှာလေတယ်။
သံပြိုင်။ (ရာဇဝင် အတ္ထုပ္ပတ္တိလဲရှိရမယ်၊ မော်ကွန်းလဲထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)²။ တိုင်းပြည်အကျိုးစွန့်ခဲ့တယ် များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ်၊ တို့မြန်မာ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။
အာရှနိုင်ငံထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ မြန်မာပြည်လက်ရုံး၊ ကမ္ဘာ့နိုင်ငံလုံး ထင်ပေါ်စေတယ်၊ စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊ ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ ဂုဏ်ရည်ပြောင်တယ်။ တကယ်ပင် သတိုးမဟာဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇဝင်ပြောင်တယ်။ သားကောင်းများလို့ ခေါ်လောက်ရပေမယ်၊ ဥဒါန်းတွင်စေမယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ်။
သံပြိုင်။ (ရာဇဝင် အတ္ထုပ္ပတ္တိလဲရှိရမယ်၊ မော်ကွန်းလဲထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)²။ တိုင်းပြည်အကျိုးစွန့်ခဲ့တယ် များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ်၊ တို့မြန်မာ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

11 comments

  • lynn lynn

    July 18, 2012 at 10:40 am

    စိတ်ညစ်တယ်။ ဘာလို့ entertainment ရွေးတာ copy/paste ဖြစ်သွားတာလဲ။ ပြီးတော့ စာပုဒ်ကို ပြင်ထားတာလဲ ပြင်တဲ့အတိုင်းမတက်လာဘူး။

  • ko khin kha

    July 18, 2012 at 11:12 am

    မညစ်ပါနဲ့ လင်းလင်း နောက်ပိုစ့်တွေကျအဆင်ပြေသွားမှာပါ၊ ကျွန်တော်လည်း လင်းလင်း ပိုစ့်တင်ပြီးပြန်ဖတ်ရင် ကိုယ့်ပိုစ့်ကိုကြည့်ပြီး စိတ်ညစ်ခဲ့ဖူးလို့ အားပေးတာပါ။
    ဒါကြောင့် ကျွန်တော့်ပိုစ့်အဆုံးမှာ ဖတ်တဲ့သူအပေါင်းကို ကျေးဇူးတင်နေတာပါ။ ရွာသူားတွေသဘောကောင်းကြပါတယ် သီးခံပြီးဖတ်ပေးကြလို့လေ။

    • lynn lynn

      July 18, 2012 at 11:15 am

      ကျေးဇူးပါပဲ ကိုခင်ခရေ။ အားပေးတဲ့အတွက်ကော၊ သည်းခံပြီးဖတ်ပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။ နောက်တော့ အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။

      • snow white

        July 18, 2012 at 12:31 pm

        လင်းလင်းရေအားမငယ် နဲ့နော်ပို့စ်များများတင်လေ အမှားများများတွေ့လေ ဘဲ နောက်ပိုင်းတင်တာများလာတော့ အမှန်လေးတွေဖြစ်လာလိ်မ့်မယ် ရွာထဲက အစ်ကိုအစ်မတွေသဘောကောင်းကျပါတယ် အမှားတွေကိုလည်းအမှန် ပြင်ပေးကျပါတယ်
        တစ်ခေါက်မှားရင်နောက်တစ်ခေါက်မှန်မယ် ဟုတ်ပြီလားကြိုးစားထား ။။

      • snow white

        July 18, 2012 at 12:34 pm

        လင်းလင်းရေအားမငယ် နဲ့နော်ပို့စ်များများတင်လေ အမှားများများတွေ့လေ ဘဲ နောက်ပိုင်းတင်တာများလာတော့ အမှန်လေးတွေဖြစ်လာလိ်မ့်မယ် ရွာထဲက အစ်ကိုအစ်မတွေသဘောကောင်းကျပါတယ် အမှားတွေကိုလည်းအမှန် ပြင်ပေးကျပါတယ်
        တစ်ခေါက်မှားရင်နောက်တစ်ခေါက်မှန်မယ် ဟုတ်ပြီလားကြိုးစားထား ။။ရွာသူရွာသားအပေါင်းကိုခင်မင်လျှက် စနိုး ..

  • pan pan

    July 18, 2012 at 11:30 am

    အင်း…ဒီသီချင်းလေးဖတ်ပြီး မနှစ်က အာဇာနည်ကုန်းမှာ အလေးသွားပြုတာ သတိရမိသေးတော့
    မာန်သွင်းပြီး ဈ ာန်လေးနဲ့ မုဒ်အပြည့်ဝင်ပြီး အလေးပြုကန်တော့ခဲ့တာ
    အဲ့…အလံကြီးမှာ ဖီးလ်ငုပ်တာပဲ 😕

  • shwe kyi

    July 18, 2012 at 12:13 pm

    ဝမ်းနည်းစွာနဲ့ ဆိုညည်းသွားပါတယ်။

  • manawphyulay

    July 18, 2012 at 12:38 pm

    နောင်လာနောင်သားတွေလည်း သိစေချင်ပါတယ်။ အာဇာနည်နေ့ဟာ အာကြီး ဝမ်းမန်းရှိုးလို့ပဲ သိတဲ့ကလေးတွေအတွက် မိဘတွေက ပြောပြသင့်ပါတယ်လို့ မြင်မိတယ်။

  • mamanoyar

    July 18, 2012 at 12:42 pm

    (ရာဇဝင် အတ္ထုပ္ပတ္တိလဲရှိရမယ်၊ မော်ကွန်းလဲထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)²။
    ဆိုညည်းသွားပါတယ်ရှင်

Leave a Reply