အာကာဟိန်း ရေးထာတဲ့…ဘ၀အမောလေးပါ…

စားသောက်ဆိုင် တစ်ဆိုင်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည်စားပွဲ တလုံးတွင် ထိုင်ကာ စားသောက်လျှက်ရှိကြစဉ်..ရုတ်တရက် အမျိုးသားက စားပွဲအောက်သို့
ဝင်သွားရာ..စားပွဲထိုးက အောက်ပါအတိုင်းမေးမြန်း လေသည်…

စားပွဲထိုး ။ အစ်မ ဘယ်လို ဖြစ်တာလဲ?…

အမျိုးသမီး ။ ဘာဖြစ်လို့လဲ?..

စားပွဲထိုး ။ ဒီမှာထိုင်တဲ့ အမျိုးသားက ဘယ်ရောက်သွားလဲ ကြည့်ပါဦး။

အမျိုးသမီး ။ မကြည့်နိုင်ဘူး။

စားပွဲထိုး ။ မဟုတ်သေးဘူး..အမရဲ့ စာပွဲအောက်ကို ငုံ့ကြည့်ပါဦး။

အမျိုးသမီး ။ မကြည့်ပါဘူးဆို…အသာနေစမ်း။

စားပွဲထိုး ။ အစ်မက တော်တော် ကိုယ်ချင်းစာစိတ်နည်းပါးတဲ့ သူဘဲ။

အမျိုးသမီး ။ ကိုယ့်ဘာသာကိုယ်နေစမ်းပါ။

စားပွဲထိုး ။ အစ်မကလည်းဗျာ…ကိုယ့်ယောင်္ကျားကို စားပွဲအောက် ၀င်ခိုင်းရတယ်
လို့…လူမြင် မကောင်းပါဘူး။

အမျိုးသမီး ။ အသာနေစမ်း…. ငါ့ယောင်္ကျားက အခုမှ ဆိုင်ပေါက်ဝက ၀င်လာ
နေတာ။

စားပွဲထိုး ။ “ဟိုက် ” ….

ဒီဟာသလေးကို ဖတ်ပြီး သာသင်းခန်စာ..တွေရလဲဆိုတော့..

– လူတွေကို ကိုယ့်ဘာသာကိုယ် အသာနေစမ်းပါလို့ ပြောရုံနဲ့ ပြီးနိုင်မယ်ထင် သလား?..

– ဒီအမျိုးသမီးဟာ သူ့အငယ်လေးနဲ့ ဘယ်သူမှ မသိဘဲ တသက်လုံး နေသွား
တာလည်း…လောကမှာ မရှိနိုင်ဘူးလား?

– သူတပါးအရေးကိစ္စကို စွပ်ဖက်သင့် သလား မသင့်ဘူးလား?…

– ဒီလို အလိုက်မသိတဲ့ စားပွဲထိုးကလေး လိုလူစားမျိုး လိုအပ် မလိုအပ်..ရှိရင် လောကအတွက် အကျိုးရှိမရှိ?..

– ဒီစားပွဲ ထိုးလေးဟာ အဲဒီအမျိုး သမီးကို သူယောင်္ကျား သိပါစေ ဆိုတဲ့ သူတစ်ပါး
ကို ပျက်စီးစေလိုတဲ့ စိတ်ကြောင့် လုပ်တာ မဟုတ်ပေမဲ့ ..သူ့အမျိုးသား အတွက် အကျိုး
ရှိစေတယ်…ဒါဟာ လုပ်သင့် သလား?

– သို့မဟုတ် ဒီလို အမှုတခု ဖြစ်လာအောင် ကိုယ်ကမသိသလို ပါဝင် သရုပ်ဆောင်ပေးရတာ လဲ မဖြစ်နိုင်ဘူးလား?

– ဒီလိုမျိုးဖြစ်အောင် သူ့အမျိုးသားက အကွက်ဆင်တာ လည်း မဖြစ်နိုင်ဘူးလား?

– လောကမှာ …. လိမ်တာဘဲ ဖြစ်ဖြစ်၊ မဟုတ်တာ လုပ်ရင်ဘဲ ဖြစ်ဖြစ် ဒီလိုဘဲ စိတ်သွေးရူးသွေသန်း ဖြစ်ပြီး ဒီလိုလုပ်တတ်တယ် ဆိုတာသိလား?

ကျန်တာတွေကိုတော့ ကြိုက်သလို တွေးယူကြပေတော့ဗျာ…ရယ်လည်းရယ်ရ အကျိုးလည်း ရှိတဲ့ အရာ တခုခု ကျန်ခဲ့တာမျိုး ဖြစ်စေချင်လို့..အခုလိုရှည် လိုက်ရတာ ဖြစ်ပါကြောင်း?…..

About Ko out of...

Ko out of... has written 91 post in this Website..