” အပျင်းပြေလေး ဟားဟား….ရအောင်”

Ko out of...July 18, 20121min16319

အာကာဟိန်း ရေးထာတဲ့…ဘဝအမောလေးပါ…

စားသောက်ဆိုင် တစ်ဆိုင်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည်စားပွဲ တလုံးတွင် ထိုင်ကာ စားသောက်လျှက်ရှိကြစဉ်..ရုတ်တရက် အမျိုးသားက စားပွဲအောက်သို့
ဝင်သွားရာ..စားပွဲထိုးက အောက်ပါအတိုင်းမေးမြန်း လေသည်…

စားပွဲထိုး ။ အစ်မ ဘယ်လို ဖြစ်တာလဲ?…

အမျိုးသမီး ။ ဘာဖြစ်လို့လဲ?..

စားပွဲထိုး ။ ဒီမှာထိုင်တဲ့ အမျိုးသားက ဘယ်ရောက်သွားလဲ ကြည့်ပါဦး။

အမျိုးသမီး ။ မကြည့်နိုင်ဘူး။

စားပွဲထိုး ။ မဟုတ်သေးဘူး..အမရဲ့ စာပွဲအောက်ကို ငုံ့ကြည့်ပါဦး။

အမျိုးသမီး ။ မကြည့်ပါဘူးဆို…အသာနေစမ်း။

စားပွဲထိုး ။ အစ်မက တော်တော် ကိုယ်ချင်းစာစိတ်နည်းပါးတဲ့ သူဘဲ။

အမျိုးသမီး ။ ကိုယ့်ဘာသာကိုယ်နေစမ်းပါ။

စားပွဲထိုး ။ အစ်မကလည်းဗျာ…ကိုယ့်ယောင်္ကျားကို စားပွဲအောက် ဝင်ခိုင်းရတယ်
လို့…လူမြင် မကောင်းပါဘူး။

အမျိုးသမီး ။ အသာနေစမ်း…. ငါ့ယောင်္ကျားက အခုမှ ဆိုင်ပေါက်ဝက ဝင်လာ
နေတာ။

စားပွဲထိုး ။ “ဟိုက် ” ….

ဒီဟာသလေးကို ဖတ်ပြီး သာသင်းခန်စာ..တွေရလဲဆိုတော့..

– လူတွေကို ကိုယ့်ဘာသာကိုယ် အသာနေစမ်းပါလို့ ပြောရုံနဲ့ ပြီးနိုင်မယ်ထင် သလား?..

– ဒီအမျိုးသမီးဟာ သူ့အငယ်လေးနဲ့ ဘယ်သူမှ မသိဘဲ တသက်လုံး နေသွား
တာလည်း…လောကမှာ မရှိနိုင်ဘူးလား?

– သူတပါးအရေးကိစ္စကို စွပ်ဖက်သင့် သလား မသင့်ဘူးလား?…

– ဒီလို အလိုက်မသိတဲ့ စားပွဲထိုးကလေး လိုလူစားမျိုး လိုအပ် မလိုအပ်..ရှိရင် လောကအတွက် အကျိုးရှိမရှိ?..

– ဒီစားပွဲ ထိုးလေးဟာ အဲဒီအမျိုး သမီးကို သူယောင်္ကျား သိပါစေ ဆိုတဲ့ သူတစ်ပါး
ကို ပျက်စီးစေလိုတဲ့ စိတ်ကြောင့် လုပ်တာ မဟုတ်ပေမဲ့ ..သူ့အမျိုးသား အတွက် အကျိုး
ရှိစေတယ်…ဒါဟာ လုပ်သင့် သလား?

– သို့မဟုတ် ဒီလို အမှုတခု ဖြစ်လာအောင် ကိုယ်ကမသိသလို ပါဝင် သရုပ်ဆောင်ပေးရတာ လဲ မဖြစ်နိုင်ဘူးလား?

– ဒီလိုမျိုးဖြစ်အောင် သူ့အမျိုးသားက အကွက်ဆင်တာ လည်း မဖြစ်နိုင်ဘူးလား?

– လောကမှာ …. လိမ်တာဘဲ ဖြစ်ဖြစ်၊ မဟုတ်တာ လုပ်ရင်ဘဲ ဖြစ်ဖြစ် ဒီလိုဘဲ စိတ်သွေးရူးသွေသန်း ဖြစ်ပြီး ဒီလိုလုပ်တတ်တယ် ဆိုတာသိလား?

ကျန်တာတွေကိုတော့ ကြိုက်သလို တွေးယူကြပေတော့ဗျာ…ရယ်လည်းရယ်ရ အကျိုးလည်း ရှိတဲ့ အရာ တခုခု ကျန်ခဲ့တာမျိုး ဖြစ်စေချင်လို့..အခုလိုရှည် လိုက်ရတာ ဖြစ်ပါကြောင်း?…..

19 comments

  • ko khin kha

    July 18, 2012 at 1:15 pm

    လားမေးခွန်တွေတော့မဖြေတော့ဘူးနော်၊ ဖတ်ပြီးပြုံးမိပါတယ်။

  • mamanoyar

    July 18, 2012 at 1:49 pm

    ဟီးးးးးးးးးးးးးး မေးခွန်းတွေများလိုက်တာ
    စာမေးပွဲဖြေရမှာကြောက်လို့ စာမေးပွဲဖြေရမယ့်အလုပ်ဆို
    ဘာမှလုပ်တော့ဘူးလိို့ ဆုံးဖြတ်ထားခါမှ
    မေးခွန်းတွေနဲ့ တန်းတိုးနေတယ် ဟီးးးးးးးးး [:-((]

  • နွေဦး

    July 18, 2012 at 2:24 pm

    မြွေတကောင်က ဖါးတကောင်ကို စားဖို့ရန် ဖမ်းပြီးကိုက်ထားတယ်
    ဖါးကမသေသေးပါဘူး
    ဒီအချိန်မှာ ဖါးလေးရဲ့ အသက်ကို ကယ်ဖို့ မြွေ ကို ရိုက်သတ်မလား..
    ဖါးဆိုတာမြွေရဲ့ အစာဘဲ ဆိုပြီး လစ်လျှူ ရှု သွားမလား..
    မြွေမသေ ဒုတ်မကျိုး ဆိုသလိုများလုပ်သွားမလား..
    သင် ဘယ်လို ဆုံးဖြတ်မလဲ ။
    သင်၏ဆုံးဖြတ်ချက် အတိုင်းသင် လုပ်ဆောင်ပြီးနောက် သင် နောင်တ ရစရာ အကြောင်းရှိ လာမလား ။
    သင်ရတဲ့နောင်တ ဘယ်အချိန်ထိ သင့်ကို စိတ်ထိခိုက်နေစေမလဲ ။
    တကယ် ကော သင် ဘာမှ မခံစားရဘဲနေမလား ။
    ကိစ္စအားလုံးဟာ သင့်အပေါ်သာ မူတည်ပါတယ် ။
    ကျွန်တော်တို့ဆုံးဖြတ် ခံစားပေး၍ မရပါ..။

    • Victory

      July 18, 2012 at 4:29 pm

      ကိုနွေဦးခင်ဗျာ
      ကျနော်က ဘာသာရေးဆိုင်ရာ ပို့စ်တွေ ကိုဝင်ပြောလေ့မရှိပါဘူး။
      ဒီ ဂေဇက်မှာ ရဟန်းပညာရှိ လူပညာရှိတွေက ကျနော်ထက် ပိုတော်ကြရယ်လို့ခံယူထားသူပါခင်ဗျာ။
      ဒါပေမဲ့ ခု ကေ့စ်လေးကတော့ ဆရာတော်ကြီး ဦးဝိစိတ္တ္တသက်တော်ထင်ရှားရှိစဉ် တက္ကသိုလ်များ ဓမ္မာရုံမှာ
      အလားတူ မေးခွန်းမျိုး ကျောင်းသားတယောက်က မေးဘူးပါတယ်။
      ခုပြောတဲ့ ဖားနဲ့မြေ ွလိုဟာမျိုးပါဘဲ။
      ကျောင်းသားက
      တောထဲမှာ ကျားတကောင်က လူတယောက်ကိုကိုက်တော့မယ်။၊။
      တပည့်တော် လက်ထဲလဲ ချောက်လှန့်စရာ သေနတ်စသဖြင့် ရှိတယ်ဆိုပါတော့။
      ကယ် သင့်သလား။
      သူ့အစာ နှောင့်ယှက်ရင် ငရဲကြီး တယ်ဆိုပြီး ရှောင်သွားမလား၊
      ခြောက်လှန့်ရမလားဘုရားလို့လျှောက်ပါတယ်။
      ဆရာတော်ကြီးကတခွန်းထဲ ပြန်မေးပါတယ်။
      “အဲဒီလူဟာ ဒကားလေးရဲ့အမေ ဆိုရင်ဘာလုပ်မလဲ” တဲ့ ပါ။
      ပြီးတော့ ဆရာတော်ကခုလိုဆက်ဟောပါတယ်။
      ကျားကိုဟန့်လို့ ငရဲမကြီးပါဘူး ပါဏာတိပါတ ကံ မကျူးလွန်စေအောင်တားလိုက်လို့
      ကုသိုလ်တောင်ရပါတယ်။
      လူ့အသက်ကိုကယ်လို့ ဇီဝိတဒါန လဲ ဖြစ်ပြန်ပါတယ်။
      ဆိုတော့ ကုသိုလ် ၂ မျိုး ရလို့ ကယ်သင့်ပါတယ်တဲ့။ ခင်ဗျာ။
      ~~~~~~
      လေးစားစွာဖြင့်

      • Ko out of...

        July 18, 2012 at 6:30 pm

        ဖားနဲ့မြွေ ဟာ တိရစာ္ဆန် အချင်းချင်း…

        ကျုားနဲ့ လူတစ်ယောက် ကလည်း တိရိစာ္ဆန်နဲ့ လူ…

        လူနဲ့ လူ အချင်းချင်း ….အဲဒါရော… ပိုပြီး ပိုပြီး စဉ်းစားဖို့လိုမယ် ထင်တယ်?…

        စိတ်ဝင်စားရင်ပေါ့.. ဒီမှာ ဖတ်ကြည့်ပါလား?…

        http://myanmargazette.net/104987/creative-writing/my-thinking-different

    • Ko out of...

      July 18, 2012 at 5:14 pm

      ဖါးလေးရဲ့ အသက်ကို ကယ်ဖို့ မြွေ ကို ရိုက်သတ်မလား..
      ဖါးဆိုတာမြွေရဲ့ အစာဘဲ ဆိုပြီး လစ်လျှူ ရှု သွားမလား..
      မြွေမသေ ဒုတ်မကျိုး ဆိုသလိုများလုပ်သွားမလား.. ဆိုတာကတော့…

      အောက်ပါအတိုုင်း မေးခွန်းပြန်ထုတ်ပါရစေ…

      – ဥပမာ…သင်သည် ဟိုတယ်လုပ်ငန်းဋ္ဌာန တခုဖြစ်သည့် အိ်ပ်ခန်းဆောင် ထိန်းသိမ်းရေး

      တာဝန်ခံ အကြီးတွင် ထမ်းဆောင်ရမည် ဆိုပါတော့..

      ဟိုတယ်တွင် ကြွက် ပြဿနာ complain သည်နေ့စဉ်နဲ့ အမျှ ဖေါက်သည်ထံမှ ကြားနေရပါသည်…

      ဖေါက်သည်များ မဆုံးရှုံးရအောင်..လုပ်ငန်းအဆင်ပြေအောင် ထိုကြွက်ကို သင်နှိမ်နှင်း

      ရန်..အောက်ခြေဝန်ထမ်းကို ဘာမှ မပြောဘဲ နေမည်လား?..

      – အောက်ခြေဝန် ထမ်းကရော အလိုက်သိသိနှင့် လုပ်ပေးမည်ဟုထင်ပါ သလား?

      – ကြွက်ပြဿနာ လည်း တခါနှစ်ခါ မဟုတ် အကြိမ်ရေလည်းများ complain ကများ..

      ထိုအခါ လုပ်ငန်းကျရှုံးမှာကို သင်မစိုးရိမ်ဘူးလား?..

      – သင်၏သူဋ္ဌေးသည် သင်တာဝန် မယူနိုင်ဘူးလား လို့မေးလာရင် သင်ဘယ်လို ဖြေမလဲ?…

      – သင်သည် မိမိရော၊ မိသားစုပါ ဒီဟိုတယ်၏ဝင်ငွေနှင့် ရပ်တည်နေရပါသည်..ထိုအခါသင်သည်
      သင်နှင့် သင်မိသားစုကို ထမင်းအငတ်ရန် ဆုံးဖြတ်ရဲပါ သလား?..

      ဒီလို အချိန်မျိုးမှာ သင်ဘယ်လိုဆုံးဖြတ်မည်နည်း?..

      – သင်လုပ်သင့် လုပ်ထိုက်သည့် အရာကို ဆုံးဖြတ်ပြီး လုပ်မည်လား?…

    • super man

      July 18, 2012 at 5:34 pm

      နွေဦးပြောတာမှန်တယ်လို့ ပြောချင်ပါတယ်။
      အမှားပါရင်ခွင့်လွှတ်ပါ…

  • lazy boy

    July 18, 2012 at 4:13 pm

    လူမှူရေးအရကြည့်ရင် မေးတဲ့လူမှာ
    မပြစ် မရှိပါဘူး…ထင်တာကိုပြောတာပါ

  • etone

    July 18, 2012 at 4:44 pm

    မေးခွန်းတွေတွေးရတာနဲ့ … အပေါ်က ရယ်စရာလေးတောင် …. လွင့်စင်ထွက်ပြေးသွားပြီ ……. ဟီး 😀
    စားပွဲထိုးနေရာမှာဆိုလျှင် ….. သူ့ဆားဗစ်ပေးရတာကလွဲလို့ ကျန်တာ ဝင်စွပ်ဖက်ပိုင်ခွင့်မရှိပါဘူး ။ ခုံအောက်ကလူကိုလည်း မဖော်သင့်သလို ၊ အကာကွယ်လည်းမပေးသင့်ပါဘူး …….. သူ့အလုပ်က စားပွဲထိုးပါ ။ သူလုပ်စရာရှိတာ လုပ်ပြီး ၊ ပြန်လှည့်ထွက်သွားရမှာက သူ့တာဝန်ပါ …. ။

  • ဝရမ်းပြေးဘခက်

    July 18, 2012 at 5:46 pm

    ဒီရွာမှာ ရေးတင်ပြီးသား ဖြစ်ပါလိမ့်မယ် ၊ ရင်ခုန်ရတဲ့ ရီစရာလေးမို့ ပြန်လည်တင်ဆက်ပါရစေ၊

    ကောင်မလေးတစ်ယောက်ရဲ့ပထမဆုံးအတွေ့အကြုံ…………. 😀

    ယခုကိစ္စသည် သူမဘဝအတွက်
    ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။
    သူမသည်
    ကျောခင်းကာလှဲအိပ်ရင်း
    ကြွက်သားများကိုတောင့်ထားမိလေသည်။
    သူ့ကိုငြင်းဆန်ရန်
    အကြောင်းပြချက်မျိုးစုံကို
    စဉ်းစားရင်း
    တတ်နိုင်သလောက်အချိန်ဆွဲနေမိသည်။

    သို့သော် သူကတော့
    လုံးဝလက်လျော့ဟန်မပြပဲ
    သူမအနားသို့ တိုးကပ်လာလေသည်။
    ကြောက်နေသလားဟု
    မေးသောအခါတွင်
    သူမကရဲဝံ့စွာခေါင်းခါပြမိသည်။
    သူသည် ယခုလိုကိစ္စများတွင်
    အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။
    သူ၏လက်ချောင်းများသည်

    နေရာမှန်ကို
    ရှာဖွေတွေ့ရှိသွားကြသည်။
    အထဲထိနိုက်စမ်းလိုက်သောအခါ
    သူမ
    နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး
    အကြောအခြင်များတောင့်တင်းသွားသည်။
    သူသည် ပြောထားသလိုပင်
    ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။
    သူက

    သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း
    စိတ်မပူရန်၊ သူ့အနေနှင့်
    အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။
    သူပြုံးပြသောအခါ သူမ
    စိတ်ကိုလျော့ချလိုက်ပြီး
    သူအတွက်လွယ်ကူစေရန်
    တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။
    သူ့ကိုမြန်မြန်ကိစ္စပြီးအောင်

    ပြုလုပ်ရန်
    အကြိမ်ကြိမ်တောင်းပန်မိလေသည်။
    သို့သော်သူကတော့
    ဖြည်းဖြည်းမှန်မှန်သာ
    ဆက်လုပ်ပါသည်။
    နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီး
    တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။
    သွေးအနည်းငယ်ထွက်လာသည်
    ကိုလည်း သူမသိရှိလိုက်သည်။

    အရမ်းနာသလားဟု
    သူကထပ်မေးနေပြန်သည်။

    မျက်ရည်များပြည့်လျှံနေသော်လည်း
    မနာသယောင်ခေါင်းခါက
    ဆက်လုပ်ရန်
    ခေါင်းညိမ့်ပြလိုက်မိသည်။
    သူက ကျွမ်းကျင်စွာ
    ဆက်လုပ်နေသော်လည်း
    သူဘာလုပ်နေမှန်းမသိအောင်
    သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။

    အတန်ကြာသော် သူမမှအရည်အချို့
    တာကျိုးသလိုပေါက်ထွက်သွားသည်ကို
    ခံစားရပြီး သူသည်
    အရာတစ်ခုကိုအောင်မြင်စွာ
    အပြင်သို့ထုတ်လိုက်လေသည်။
    သူမ သက်ပြင်းမောများ
    ရှိုက်ထုတ်နေရင်း
    ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို
    ဝမ်းသာပျော်ရွှင်နေမိသည်။

    သူကနွေးနွေးထွေးထွေး
    ပြုံးပြရင်း
    တော်တော် ကိုင်ရတွယ်ရခက်တဲ့
    ခလေးမဟု
    ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။

    ထို့နောက်
    ကျေးဇူးတင်စကားကို
    သွားဆရာဝန်အားဆိုလိုက်လေသည်။
    အထက်ပါအဖြစ်အပျက်မှာ

    သူမ၏
    ပထမဆုံးသွားနှုတ်သည့်နေ့က
    အတွေ့အကြုံပင်ဖြစ်လေသည်။

    ဟဲဟဲ စိတ်ဝင်တစားနဲ့ဖတ်နေတာ နောက်ဆုံးကျမှ သက်ပြင်းချလိုက်ရတယ်မို့လား …

    ပျော်ရွှင်နိုင်ကြပါစေလို့……

    • Ko out of...

      July 18, 2012 at 6:36 pm

      ကျွန်တော်နဲ့တော့ ပြောင်းပြန် အချိုးကျပါသည်…ဟား…ဟား..ဟား…

    • ဘီလူးလေး

      July 21, 2012 at 5:24 pm

      တော်သေးတာပေါ့ သွားနှုတ်တဲ့အခန်းဖြစ်နေလို့ ကျွန်တော် ထင်တာတစ်မျိုး

  • ဖိုးထောင်

    July 18, 2012 at 11:42 pm

    အနော် ဘာမှ မသိလိုက်ပါ အဲဒီတုန်းက ဘီယာသောက်နေသည် သဗေ`ဗ သတ္တာ ကမ္မသကာ

  • မောင်ပေ

    July 19, 2012 at 9:58 am

    ကျုပ်သာ စားပွဲထိုး နေရာမှာဆိုရင်
    အဲဒီအမျိုးသမီး ကို ကောင်းကောင်းဝင်ရောမယ်
    သူ့လိုဟာမျိုးက အိမ်ထောင်လဲမြဲမှာ မဟုတ်တာ၉၀%ပဲ
    ကာမဒါနပေးနေတာကိုး….
    ပရိုတွေထက်စာရင်
    အဲဒီလိုမျိုးဟာ single ပြန်ဖြစ်တဲ့အချိန်
    အားပေးတာဟာ
    ၂ဦး၂ဘက် ကျေနပ်ကြမယ့် ကိတ်စပါ

  • ဘီလူးလေး

    July 21, 2012 at 5:26 pm

    လိုအပ်ပါတယ် ဒီဘက်ခတ် ဝန်ကြီးဌာနတွေမှာ တစ်ယောက်စီထားဖို့ပေါ့

  • manawphyulay

    July 21, 2012 at 7:03 pm

    ဒါက အတော်သတ္တိရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံရိပ်ဖြစ်မှာပါ။ အမျိုးသမီးတွေက လာမယ့်ဘေး ပြေးတွေ့ကြတယ်ဆိုတာ ဒီစာဖတ်ရုံနဲ့သိသာပါတယ်။ အမျိုးသားတွေလည်း ဒီလိုပုံစံတွေ အများကြီးရှိနေမှာပါ။ ဒါပေမယ့် သူတို့ကျတော့ ဒီလိုတွေ့ရဲမှာမဟုတ်ဘူး။ မြင်တာနဲ့ ထွက်ပြေးမယ်လို့ မြင်ယောင်နေမိတယ်။

  • Gipsy

    July 22, 2012 at 8:24 pm

    အပျင်းပြေ ပေါ့ဗျာ ….
    …………
    ကောင်မလေး ……။ အား…. နာတယ်ဟ … ဖြေးဖြေးလုပ်ပါဆို.. နင်ကလဲ

    ကောင်လေး …….။ အစကတည်းက ငါပြောခဲ့သားပဲ .. နဲနဲတော့ နာလိမ့်မယ်လို့

    ကောင်မလေး……။ အေးပါ .. ဒါဆိုလဲ ဆက်လုပ်

    ကောင်လေး …….။ ဟ ဟ ဟ ဒီမှာ ထွက်တော့မယ် ဟ

    ကောင်မလေး……။ အ … အ… မထွက်သေးဘူးလား ဒီမှာ နာလှပြီ

    ……………………… ( ဖောက် ) ………………..

    ကောင်လေး ……။ ကဲ ပြီးသွားပြီ .. အဆင်ပြေတယ် မဟုတ်လား …
    …………………….. သွေးတွေ ထွက်လာတာ သုတ်လိုက်ဦး …

    ကောင်မလေး….။ တော်ပြီ ..တော်ပြီ… နောက်တခါ နင့်ကို ဝက်ခြံ မညှစ်ခိုင်းတော့ဘူး..
    ………………… ဝက်ခြံညှစ်တာကလဲ လူသတ်တာကျနေတာပဲ …
    ………………….ငါ့ပါးလေးတောင် ယောင်သွားပြီလားမသိဘူး….
    …………………သွား..သေနာ ဒီနေ့ ငါ့အနား မကပ်နဲ့တော့…

    ကောင်လေး…….။ … တိန်….။

  • သန်းထွဋ်ဦး

    July 22, 2012 at 8:50 pm

    အမလေးးးးးးးးးလေးးးးးးဦးဂျစ်ပစီ ဘာတွေလျှောက်ရေးနေတာလဲ။
    ရှက်စရာကြီးတွေဗျာ။တော်သေးတယ် ဆားဝက်ခြံလားဗျာ။

  • Gipsy

    July 22, 2012 at 9:03 pm

    ဟီး….
    အိပ်ချင်ပြေအောင်လို့ပါ…
    ဟိုဟာ ဒီဟာတွေ လိုက်ဖတ်မိလို့ ခေါင်းမူးသွားလို့လေ…
    လူလေးသန်းဥ လန်းသွားတယ်မို့လား….။ :mrgreen:

Leave a Reply