ဂျပန်နိုင်ငံလို့ ပြောရင် ..ကျနော်တို့ မျက်စိထဲမှာ ကီမိုနို ချယ်ရီပန်း မော်တော်ကား နဲ့ စက်ရုပ်တွေ ကို အရင်ဆုံး

မြင်ယောင်မိမှာ ဖြစ်ပါတယ်.. ဒါတွေဟာ ..ဂျပန်ရဲ့.. brand elements တွေ …. (ဒေါက် … စိတ်ထိန်းဟဲ့…

ဒါ …မားကတ္တင်း ပိုစ့် မဟုတ်ဘူး … ဟတ်ကဲ့ ဟတ်ကဲ့ ..)
:P

အဲလေ.. ဆက်ရရင် …

ဆိုလာ အာအိုးအိ ၊ လိကို ကာဝါဂူချိ ၊ အိုဇာဝါ မာရီယာ .. တို့ကို ပြေးမြင်သူလည်း ရှိမှာပါ … ( ဖြန်း .. ညှီပြန်ဘီ…

ဒါ ဂဇက်ဟဲ့ ..ချက်ကြီး မဟုတ်ဝူး… ဟတ်ကဲ့ ဟတ်ကဲ့ ..)

:oops:

 

ကဲ ပါ တခြားဘက်ကပြောပါ့မယ်..

ကီရင်း ..အဆာဟိ .. အဲဘိစု ဆက်ပိုရိုနဲ့ ..ဆန်တိုရီ …( ခွပ် …မိုးမှမလင်းသေးဘူး ..

သောက်ချင်ပြန်ဘီလား … ဘယ့်နှယ့် …လေပြိုအောင် ….. ဟတ်ကဲ့ ..ဟတ်ကဲ့ ..)

 

တဖက်ကကြည့်ပြန်တော့လည်း တိုယိုတာ ၊ ဟွန်ဒါ ၊ နစ်ဆန်း ၊ ဒိုင်ဟဆု၊ ဖူဆို

(ဒုတ်… မည်သို့လုပ်လိုက်သည်မသိ …. ကားရောဂါ ထပြန်ပလား … လမ်းပြောင်းပြန်တွေ

မောင်းပီး .. ဒဏ်ငွေ ကျွန်ခံ ဆောင်ချင်လို့လား …. ဟတ်ကဲ့ ဟတ်ကဲ့ ..)

 

သည်လိုမှ မဟုတ်ရင်တော့ဖြင့် … ဆိုနီ ၊ တိုရှီဘာ၊ ရှပ် ၊ ပန်နာဆိုးနစ် ၊ဂျေဗီစီ

(ဖြောင် … အဲဒါတွေ နောက် လိုက်လို့ မပီးသေးဘူးလား .. ချဉ်ဇယာ … စုမယ် ဆောင်းမယ်

တော့မရှိဘူး … မိန်းမကျ ယူချင်တယ် အော်နေ…. ဟတ်ကဲ့ ..ဟတ်ကဲ့ ..)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

အကောင်းပြောပါ့မယ် ..

ဂျပန်နိုင်ငံ ဆိုတာ အာရှအရှေ့ဖျားက သီးသန့်ဆန်တဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ..

ဧရိယာ အကျယ်အ၀န်းအရ ..မြန်မာပြည် တ၀က်လောက်သာ ရှိသော်ငြား ..လူဦးရေမှာ ..

မြန်မာပြည်လူဦးရေ ၂ဆ ရှိလို့ ..အကြမ်းဖျင်း လူဦးရေ သိပ်သည်းဆ ၄ဆရှိတဲ့ နေရာ တခု

လို့ ဆိုနိုင်ပါတယ်…

 

အဆိုပါ ကျွန်းက လူတွေရဲ့ ..နိုင်ငံခြားသားတွေကို ထိတွေ့ ဆက်ဆံမှု အကြောင်း နည်းနည်း တူးဆွချင်လို့ပါ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

မြောက်များလှစွာသော ဂျပန်လူမျိုးတွေဟာ ..နိုင်ငံခြားသားတွေနဲ့ ပြောဆို ဆက်ဆံဖို့ အခွင့်အရေး မရကြပါဘူး..

ဒါကြောင့် လားတော့ မသိ ..သူတို့ဟာ နိုင်ငံခြားသားတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ သူတို့ရဲ့ ..အမူအကျင့်ကို

အတန်ငယ် အပြောင်းအလဲပြုပြီး ပြောဆိုဆက်ဆံလေ့ရှိပါတယ်…

သည်ကိစ္စ အကြောင်းကို မတူညီတဲ့ နိုင်ငံအသီးသီး က နိုင်ငံခြားသားများဟာ မတူညီတဲ့ အမြင်နဲ့ MADAME RiRi

ဆိုတဲ့ website မှာ အခုလို ဖြေဆိုထားကြပါတယ်…။

 

ထိုအထဲမှ အချို့ ဖြစ်ပါတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကျနော်ဟာ ဂျပန်ပြည်မှာ ၃နှစ်ခွဲ နေထိုင်ခဲ့ပြီး ပုံမှန် ဂျပန်စကားပြော ကို တတ်ကျွမ်းခဲ့ပါတယ်။

ဂျပန်လိုမျိုးတွေဟာ လူတဖက်သား ( ဂျပန်လူမျိုးပုံမပေါက်တဲ့ လူတွေကို) ဘယ်လို ပြုမူ ဆက်ဆံမယ်ဆိုတာ

တင်ကြို ဆုံးဖြတ် သတ်မှတ် ထားလေ့ ရှိကြပါတယ်.. သူတို့ဟာ နိုင်ငံခြားသားတယောက်ဟာ ဂျပန်လို

မပြောတတ်ဘူး …လို့ ယူဆထားလေ့ ရှိကြသူတွေ ပါ …။ ထမင်းဗူး အရောင်းဆိုင် က စာရေးတစ်ယောက်ဟာ

၃နှစ်ခွဲလုံးထိတွေ့ဆက်ဆံ နေရတာတောင် ကျနော်ဟာ လုံးဝ ဂျပန်လို မတတ်သလို ပြောဆို ဆက်ဆံခဲ့ပါတယ်.

 

သည်လိုပြောခဲ့တာကတော့ ဘယ်လ်ဂျီယမ် လူမျိုး အမျိုးသားတယောက် ဖြစ်ပါတယ်…ဆက်ပါဦးမယ်

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဂျပန်နိုင်ငံရဲ့ ပညာရေး စနစ်ဟာ အဓိကအားဖြင့် ဂျပန်ဘာသာ အခြေပြု ဖြစ်တာကြောင့်မို့လို့ …

ဂျပန်လူမျိုးတွေဟာ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံ တဲ့အခါ ပင်ကိုယ် သဘောသဘာဝ အတိုင်း

ပကတိ မဖြစ်တာ ကို တွေ့ရပါတယ်.. သူတို့ဟာ အခြား နိုင်ငံ အခြား လူမျိုးတွေအကြောင်း လေ့လာ သင်ယူမှု

နည်းပါးတယ် မဟုတ်လား …။

ဒါကတော့ အမေရိကန်လူမျိုး အမျိုးသမီး တယောက်ရဲ့ မှတ်ချက်စကားပါ..။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အစ တုန်းကပေါ့ ..ဂျပန်လူမျိုးတွေ ကျနော့်ကို တူ ကိုင်တွယ်တာ ..ကျွမ်းကျင်ကြောင်း .. ဂျပန်စကားပြော

ပိုင်နိုင်ကြောင်း ချီးကျူး ကြတာ ကျနော် အလွန်နှစ်သက် ခုံမင်ခဲ့ဖူးပါတယ်.. ။ ဒါပေမယ့် ကြာလာတဲ့အခါ

ဒါဟာ ခွဲခြား နှိမ့်ချ ဆက်ဆံတာ တစ်မျိုးပါလား လို့ ..ခံစားလာမိပါတယ်…။

 

ဒါကတော့ သြဇီ အမျိုးသားတယောက်ရဲ့ ရင်ဖွင့်သံပါ..။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ပြင်သစ်နိုင်ငံသူ တရုတ်မ တယောက်ကတော့ အခုလို ပြောသွားပါတယ်.. ။

 

ဂျပန်လူမျိုးတွေဟာ ..ဂျပန်နဲ့ မတူသူ လူတယောက် ကိုတွေ့ရေ ..နိုင်ငံခြားသား တစ်ယောက် အဖြစ်

ဆက်ဆံလေ့ရှိပါတယ် ..ကျမ ကိုတောင် တရုတ် ထက် ပြင်သစ် ပိုဆန်သူ အဖြစ် ဆက်ဆံတတ်ကြပါတယ်။

ဂျပန်စကားလုံး နိုင်ငံခြားသား ဆိုတာဟာ ..လူဖြူ ..ဒါမှမဟုတ် လူမည်း အဖြစ် ပိုမို ညွှန်းဆိုသယောင်ပါပဲ။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဒတ်ခ်ျ အမျိုးသားတယောက်ကတော့ အခုလို မတူတဲ့ အမြင်ရှိပါတယ်။

 

စားသောက်ဆိုင်တွေက ဆိုင်ဝန်ထမ်းတွေဟာ နိုင်ငံခြားသား တွေကို ဂျပန်လူမျိုး အချင်းချင်းထက်

ပိုပြီး ကောင်းမွန်စွာ ပြုမူ ဆက်ဆံပါတယ် .. ဒါပေမယ့် တခါတလေတော့လည်း ..ဘောလုံးအသင်းတွေက

လာဘ်ကောင် အရုပ်လို ပုံစံမျိုး အရေးပေးဆက်ဆံခံရသလိုပါလား လို့ ခံစားရပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

တကယ်တမ်း ပြောရရင် .. တခါတခါ စိတ်ဆိုး စိတ်ပျက်စရာပါပဲ …ဂျပန်တွေ ထုတ်ကုန်ပစ္စည်း တခုခုကို ပြလာပြီး

ဒါမျိုး အမေရိကားမှာရော ရှိလား ဟင် လို့ မေးတတ်တဲ့အခါမျိုးပါ … ကျနော့်မှာ.. တတ်နိုင်တာဆိုလို့

ကျနော် အမေရိကန် မဟုတ်ဘူးဗျ လို့ ဖြေစရာပဲရှိပါတယ် လို့

 

ဒိန်းမတ် နိုင်ငံသား က ပြောပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

ကျနော့်ကို နိုင်ငံခြားသားတစ်ဦး အဖြစ် ပြောဆို ဆက်ဆံတာကို ကျနော် နှစ်သက် ပျော်ရွှင်မိပါတယ်။

နိုင်ငံခြားသားတွေဟာ ဂျပန်စာ လေ့ကျင့် ပြောဆို ရာမှာ ဘာဖိအားမှ မရှိဘဲ သက်တောင့်သက်သာရှိမှု

ကို ခံစားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ဂျပန်လူမျိုးတွေ က နိုင်ငံခြားသားတယောက် သူတို့ ဘာသာစကား

ကိုလေ့ကျင့်သင်ယူမယ်လို့ သိပ် မမျှော်လင့်ထားကြဘူး မဟုတ်လား …

 

သည်လိုဆိုခဲ့တာကတော့ .. ဘရာဇီးလ် အမျိုးသားတယောက်ဖြစ်ပါတယ်။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

တကယ်လို့များ ခင်ဗျားဟာ ဂျပန်လူမျိုး တိုင်းဟာ ချိုသာယဉ်ကျေးမယ် လို့ မျှော်လင့်ထားခဲ့မိရင် …

ထိတ်လန့်အံ့သြမှုကို ကြုံတွေ့ရမှာ အမှန် ဖြစ်ပါတယ် … ကျနော့် အမြင်ကတော့ ဘယ်တိုင်းပြည်မှာမှ

ရှိသမျှ လူတိုင်း ဟာ ချိုသာယဉ်ကျေးတာ ကို ရှာဖွေ တွေ့ရှိမယ်မဟုတ်ပါဘူး ..

ဒါဟာ အီတာလျှံ အမျိုးသား တယောက်ရဲ့ မှတ်ချက် စကားဖြစ်ပါတယ်…

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သင် အခက်အခဲတွေ့တဲ့အခါ အများစုသော ဂျပန်လူမျိုးတွေဟာ အကူအညီ ပေးနိုင်မယ် မဟုတ်ပါဘူး..

ဘာကြောင့်လဲဆို နိုင်ငံခြားသား ဆိုတာ ဂျပန်မှာ လူနည်းစု မဟုတ်လား .. ( နိုင်ငံခြား ဘာသာ တတ်ကျွမ်းသူ

ဂျပန်လူမျိုးဟာ လူနည်းစုမဟုတ်ပါလား)

 

သည်လိုမျိုး စကော့အမျိုးသား တယောက်က ဆိုထားပါတယ်…။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အမေရိကန် အမျိုးသားတယောက်က တော့ သည်လိုမြင်ပါသတဲ့..

 

တခါတလေ ကျနော် ဂျပန် ရုပ်ရှင်တွေ နဲ့ ကာတွန်းတွေကြည့်ဖြစ်တဲ့အခါ …နိုင်ငံခြားသား ဇာတ်ရုပ်တွေကို

အများအားဖြင့် လူညံ့တွေ အဖြစ် သရုပ်ဖော်လေ့ ရှိကြပါတယ်… ။ ဒါဟာ ကျနော့်အတွက် မနှစ်မြို့စရာဖြစ်ပြီး

ဂျပန်တွေ အများစုဟာ နိုင်ငံခြားသားတွေကို သည်လို မြင်တတ်ကြပါလားလို့ ..တွေးတောစရာဖြစ်စေပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဂျပန်နိုင်ငံဟာ .. အမေရိကားနဲ့ ဥရောပ လိုမျိုး ပြောင်းရွှေ့ အခြေချသူတွေ များပြားတဲ့ တိုင်းပြည်တခု မဟုတ်ပါဘူး

သည်တော့ …ဂျပန်လူမျိုးတွေဟာ နိုင်ငံခြားသားနဲ့ သာမကဘဲ ..အတွင်းစည်းအပြင်စည်း ..ခွဲခြားစဉ်းစားပုံအရ

သူစိမ်း လူ ဖြစ်တဲ့ ဂျပန်လူမျိုးအချင်းချင်းတောင် ဆက်ဆံရာမှာ အခက်အခဲ တွေ့ရလေ့ ရှိပါတယ်။

 

ဒါကတော့ နောက်ထပ် အမေရိကန် အမျိုးသား တယောက်ရဲ့ မှတ်ချက်ပါ။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

ဂျပန်လူမျိုးတွေဟာ နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်ဆံရာမှာ သူတို့ ပင်ကိုယ် အမူအကျင့် ကို ပြုပြင် ပြောင်းလဲ

တတ်တာဟာ သူတို့ဟာ နိုင်ငံခြား တိုင်းပြည်တွေနဲ့ ယဉ်ကျေးမှုတွေအကြောင်း စိတ်ပါဝင်စားလို့

ဖြစ်နိုင်တယ်

 

လို့  အင်္ဂလိပ် အမျိုးသား တယောက်ကတော့ မှတ်ချက်ချသွားလေရဲ့..။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဂျပန်လူမျိုးတိုင်းတော့ ..သူတို့ရဲ့ ပင်ကိုယ် သဘော သဘာဝ ကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံခြားသားတယောက်ကို

ထိတွေ့ဆက်ဆံလေ့မရှိပါဘူး .. ဥပမာ အားဖြင့် နိုင်ငံရပ်ခြားမှာ ကျောင်းတက်ခဲ့ဖူးတဲ့ ဂျပန်လူမျိုး တွေ ဆိုပါတော့

သူတို့ ဆိုရင် ဂျပန်အချင်းချင်း ပြောဆို ဆက်ဆံသလိုကို နိုင်ငံခြား သား တယောက်ကို ပုံမှန်အတိုင်း

ဆက်ဆံနိုင်ကြပါတယ်. .. ပြောရရင် ဒါဟာ ..နိုင်ငံခြားသားနဲ့ ထိတွေ့ဆက်ဆံမယ့် ဂျပန်တယောက်ရဲ့

နိုင်ငံရပ်ခြား ..( နိုင်ငံခြားသား ထိတွေ့ဆက်ဆံမှု) အတွေ့အကြုံ အဆင့် ပေါ်မူတည်မယ် လို့ ပြောချင်ပါတယ်..

 

ဒါကတော့ မျှတတယ်လို့ ယူဆရတဲ့ အမေရိကန် အမျိုးသား တယောက်ရဲ့ မှတ်ချက် ဖြစ်ပါတယ်…

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

ကျနော့် ကိုယ်ပိုင်အမြင်ကတော့ …

တကဖက်လူ နေရာကနေ ၀င်ပြီး စဉ်းစားပေး ခံစားပေးတတ်တဲ့ အကျင့် ကို တွေ့ရလို့ ..

ကျနော်တို့ လူမျိုးနဲ့ တူရန်ကော ဆိုပြီး နှစ်သက် သဘောကျပါတယ်..

တပြိုင်တည်းမှာ .. စည်းကမ်း သေ၀ပ်တာ ပရော်ဖက်ရှင်နယ် နဲ့ ပါဆင်နယ်ကွဲပြား တာကို တွေ့ရပြန်တော့

ကျနော်တို့ လူမျိုးနဲ့ မတူရန်ကော ဆိုပြီး လေးစားမိပြန်ပါတယ်..

 

နောက် .. ဘာသာစကား S(ubject) + O(bject) + V(erb) ကို စီတဲ့ အစီအစဉ်

မြန်မာစာ သဒ္ဒါ နဲ့ အတူတူပဲ မို့ …စကားလုံးတွေသာ အလွတ်မှတ်မိနေပါစေ ..

ပြောဆို ဆက်ဆံဖို့ ..ဂရမ်မာ စည်းကမ်းတွေ အသစ် ထပ်မမှတ်ရလို့ …နှစ်သက်မိပြန်ပါတယ်..

 

တပြိုင်ထဲမှာ ..ရှေးရှေးက တရုတ်ပြည်က သွားသင်လာတဲ့ ခန်းဂျိ ဆိုတဲ့ စာလုံးတွေ တပုံတခေါင်းကို

စာရေးဖို့အတွက် စာလုံးတလုံးထဲကိုပဲ စုတ်ချက် အရေအတွက် ၊ ဂျပန်အသံထွက် ၊ တီလုပ် အသံထွက်

ဒါတွေမှတ်ရပြန်တော့ စိတ်ထိခိယက်ရပြန်ရော …

 

ချစ်တာမုန်းတာ ကျောသား ရင်သား ဒါတွေ မပါဘဲ အလုပ်ကြိုးစားကြတာတွေ့တော့ ..

အားကျနှစ်သက် ပေမယ့် ..

 

စားလည်းအလုပ် သွားလည်းအလုပ် အိပ်တောင် အလုပ်စိတ်စွဲပြီး ..အလုပ်ရူးကြီး ရူးကြသတည်း

ဆိုတဲ့ထိ ဘ၀ = အလုပ် ဆိုတာမျိုးလောက် မြှပ်နှံတတ်တာတွေ့တော့လည်း ..စိတ်ကုန်ပြန်ရော

 

ဆိုပါတော့ဗျာ…
ဒါတွေရေးဖြစ်တာ အကြောင်း ၂ခု ရှိပါတယ်။

ပထမ တခုက ခုတလော ရွာထဲကို ဂျပန်တွေ တဖွဲဖွဲ ၀င်နေပါတယ်။

Manufacturing, Mining, Energy, IT, Banking, Telecommunication, Automobil, Retails,

Transportation ကဏ္ဍ အစုံပါ… ။ သည်လူတွေ နဲ့ ဆက်ဆံရတဲ့အခါ သည်လူတွေ ဘယ်လို

သဘော သဘာဝ ရှိတယ် ဆိုတာ ခံစားနားလည်ဖို့ပါ။

ဒုတိယတချက်က ကျနော်တို့လည်း သန်းချီပြီး နိုင်ငံရပ်ခြားထွက် အလုပ်လုပ်ကြပါတယ်။

ကျနော်တို့ ဆီလည်း ခုကနေစလို့ နိုင်ငံခြားသား သန်းချီ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြဖို့

ရှိနေပါတယ်။

 

ဟုတ်ကဲ့ ။ ဒါဆို ကျနော်တို့ လူမျိုးရဲ့ နိုင်ငံခြားသား ကို ဆက်ဆံတဲ့ ကာလချာဟာရော..

ဘယ်လို ရှိပါသလဲ .. အပေါ်က ကေစ့်တွေမျိုး ဆာဗေး လုပ်ကြည့်ချင်သားဗျာ..။

မိတ်ဆွေရော ..နိုင်ငံခြားသားတယောက်နဲ့ ဆက်ဆံတဲ့အခါ .. ဘယ်လို ဆက်ဆံလိမ့်မလဲ

ဆိုတာကိုပေါ့…။
တော်သေးဘီ။

ခင်တဲ့

ဒဿ ဖွတ်ကျား

ခေတ္တ အရှေ့ကျွန်း။

 

 

Ref:

http://www.japantoday.com/category/lifestyle/view/why-do-japanese-change-their-attitude-when-they-communicate-with-foreigners

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011