မိုနာလီဇာအပြုံးနောက်ကွယ်

CASPERJuly 18, 20121min18914

မိုနာလီဇာအကြောင်းပြောရင် သူမကို ဖန်တီးခဲ့တဲ့
လီယိုနာဒိုဒါဗန်ချီအကြောင်း ပြောရင်မပြီးဘူးလို့ ထင်ပါတယ်။ လီယိုနာဒိုကို
ဧပြီလ ၁၅ရက် ၁၄၅၂ခုနစ် အီတလီမှာ မွေးဖွားခဲ့တယ်။ လီယိုနာဒိုက
ငယ်ငယ်ကတည်းက ပန်းချီဆွဲတာ ဝါသနာပါခဲ့ပြီး နောက်ပိုင်း
ပန်းချီပညာဘက်တွင်သာမက ပန်းပု၊ ဗိသုကာ ဆေးပညာရပ်များမှာပါ
ထွန်းကားခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူး သူ့ကဲု သိပံလောကရဲ့
ဘိုးအေကြီးလို့လဲ သမုတ်ကြသေးတယ်။ သူဖန်တီးခဲ့တဲ့ အရာတွေများမှာတော့
မိုနာလီဇာက အကျော်ကြားဆုံးပင်။ မိုနာလီဇာ ဘာလို့ကျော်ကြားတာလဲ
မေးလိုက်လို့ ရှိရင် သူမရဲ့ အပြုံးလို့ ၁၀ဝ မှာ ၉၉ ယောက်က ဖြေကြမှာ
မလွဲပါ။
မိုနာလီဇာရဲ့ အပြုံးက ဘာလို့ကျော်ကြားတာလဲ။ လီယိုနာဒိုကပဲ
တော်လို့လား။ ပန်းချီကားထဲက အမျိုးသမီးကပဲ ချောလွန်းလို့လား။
သေချာတာကတော့ လီယိုနာဒိုရဲ့ ပန်းချီပညာက တော်လွန်းလို့ ဖြစ်နိုင်ပါတယ်။
ပန်းချီထဲက အမျိုးသမီးက လှလွန်လွန်းလို့တော့ မဖြစ်နိုင်ပါ။
မျက်ခုံးမွေးမပါ။ ခနာကိုယ်ကလည်း သိပ်ပြီးမလှ။ ခေတ်ပြိုင်
မိုက်ကယ်အိန်ဂျယ်လိုနှင့် ရဖေးလ်ပန်းချီကားတွေထဲက
မိန်းမတွေနဲ့ယှဉ်လိုက်ရင်တော့ တော်တော်အကျဉ်းတန်တာအမှန်ပင်။
ဒါဆိုမိုနာလီဇာ ဘာလို့နာမည်ကြီးရတာလဲ စမ်းစစ်ကြည့်ရအောင်။ လွန်ခဲ့တဲ့
နှစ်ပေါင်း ၅၀ဝဆီ ပြန်မသွားသေးပဲ ၂ဝရာစု အစောပိုင်းကို ပြန်ကြည့်ရအောင်။

မိုနာလီဇာကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Lourve Museumမှာ ၁၉၁၁ထိ
ဘယ်သူမှ ရှိတယ်လို့တောင် မထင်ခဲ့ပါဘူး။ ဒါပေမယ့် ၁၉၁၁ ဩဂုတ်လ
၂၁ရက်နေ့မှာ မိုနာလီဇာပန်းချီကားက ပျောက်ချင်းမလှ ပျောက်သွားတယ်။
အားလုံးက မိုနာလီဇာကို လုံးဝပြန်မရနိုင်တော့ဘူးလို့ ထင်ခဲ့တယ်။
အဲဒီအချိန်မှာ မိုနာလီဇာက ပိုပိုပြီင်္းနာမည်ကြီးလာသတဲ့။ ဒီလို့နဲ့ပဲ
နှစ်နှစ်ကြာပြီးတဲ့နောက် အီတလီရဲ့ တစ်နေရာမှာ မိုနာလီဇာက ပြန်ပေါ်လာပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ Lourve က အီတလီလူမျိုး မျိုးချစ်စိတ်ဓါတ်အပြည့်ရှိတဲ့
Vincenzo Peruggia ဆိုတဲ့ Lourve ရဲ့ ဝန်ထမ်းတစ်ယောက်က အီတလီလူမျိုး
လီယိုနာဒို ဆွဲခဲ့တဲ့ မိုနာလီဇာကို အီတလီလူမျိုးတွေ လက်ထဲမှာပဲ
ရှိရမယ်လို့ ယူဆပြီး ခိုးယူခဲ့တာပါ။ နှစ်နှစ်လောက်ကြာပြီး အီတလီမှာရှိတဲ့
ပြတိုက်တစ်ခုကို ရောင်းလိုက်ရာကနေ ဒီခိုးမှုကြီး ပေါ်ပေါက်ခဲ့ရတာပါ။
နောက်တော့လည်း ပိုင်ရှင်တွေ ဖြစ်တဲ့ ပြင်သစ်တွေလက်ထဲကို
ပြန်အပ်ခဲ့ရပါတယ်။ ခိုးတဲ့သူကတော့ မျိုးချစ်စိတ်နဲ့ခိုးခဲ့တာမို့

လို့
လအနည်းငယ်ပဲ ထောင်ကျခဲ့တယ်။ ဒါက နာမည်ကြီးရခြင်း ၁ တစ်ချက်ပေါ့။

နောက်ထပ်နာမည်ကြီးရခြင်း အကြောင်းကတော့ မိုနာလီဇာရဲ့ ကိုယ်နေဟန်ထားပါပဲ။
လီယိုနာဒိုက တြိဂံအခြေခံကို ယူပြီး မိုနာလီဇာရဲ့ ကိုယ်နေဟန်ထားကို
တီထွင်ရေးဆွဲခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပန်းချီဆရာတွေ
တော်တော်များများက မိုနာလီဇာရဲ့ ဟန်ကို အတုယူခဲ့ကြတာပါ။ ဘယ်ဘက်လက်ပေါ်
ညာဘက်လက်တင်ထားတဲ့ နေရာက တြိဂံရဲ့ အောက်ခြေဖြစ်ပြီး ရင်သား၊ လည်တိုင်၊
မျက်နှာတွေက အပေါ်ကို အဖျားရှူးတက်သွားပါတယ်။ နောက်ပြီး မိုနာလီဇာက
အပျိုစင်မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက အိမ်ထောင်သည်ဆိုရင်
ညာဘက်လက်သူကြွယ်မှာ လက်စွပ်ဝတ်ပြီးရေးဆွဲလေ့ရှိတတ်ပါတယ်။
မိုနာလီဇာမှာတော့ မရှိပါဘူး။ ဒါပေမယ့် ပုံဆွဲသူက သူမရဲ့ ညာဘက်လက်ကို
ဘယ်ဘက်ပေါ်မှာ တင်တဲ့ သင်္ကေတသုံးပြီး မိုနာလီဇာက အိမ်ထောင်ရှိတဲ့သူ
ဖြစ်ပြီး၊ သစ္စာရှိတဲ့ အမျိုးသမီးလို့ ရေးဆွဲခဲ့ပါတယ်။ နောက်ထပ်ထူးခြားတဲ့
အချက်ကတော့ မျက်နှာပေါ်မှာ အမွှေးအမျှင်တွေ ကင်းနေခြင်းပါပဲ။ မျက်ခုံးမွှေး၊
မျက်တောင်မွှေး၊ ဘာဆိုဘာမှ မရှှိတာပါပဲ။ မိုနာလီဇာတို့ ခေတ်ကတည်းက
မျက်ခုံးမွှေးရိတ်တဲ့ခေတ် ထွန်းကားနေပါပြီ။

မိုနာလီဇာရဲ့ အကျော်ကြားဆုံးအရာကတော့ သူမရဲ့ ဘာမှန်းမသိတဲ့ အပြုံးပေါ့။
ကလေးဘဝတုန်းက ကျွန်တော်က လူကြီးတွေကို လိုက်မေးဖူးတယ်။ မိုနာလီဇာက ဘာလို့
အကြာကြီးပြုံးရတာလဲလို့ပေါ့။ တကယ်တော့ မိုနာလီဇာရဲ့ အပြုံးလှရခြင်း
အကြောင်းရင်းက လီယိုနာဒိုကြောင့်ပါ။ လီယိုနာက မိုနာလီဇာကို အချိန်ပေးပြီး
ရေးဆွဲခဲ့တယ်။ မိုနာလီဇာရဲ့ နှုတ်ခမ်းထောင့်လေးတွေကို ခပ်ရေးရေး
အရိပ်တွေထည့်ပေးခဲ့တယ်။ အဲဒါ့ကြောင့်မို့လားမသိ မိုနာလီဇာကို
တိုက်ရိုက်မကြည့်ဘဲ အမှတ်တမဲ့ကြည့်လိုက်ရင် သူမရဲ့ အပြုံးက ပိုပိုပြီး
အသက်ဝင်လာပါတယ်။ သူမကို ကြည့်မိတဲ့သူတိုင်းကို ကြည်နူးသွားစေတယ်။
အကျည်းတန်တဲ့ မိုနာလီဇာက သူမရဲ့ အပြုံးတစ်ချက်နဲ့ပဲ လူတွေကို သွက်သွက်ခါ
ရူးသွားစေနိုင်တယ်။ အဲဒီလောက်တောင်ပဲ မိုနာလီဇာက စွမ်းခဲ့တာပါ။

နောက်ပြီး မိုနာလီဇာရဲ့ ပန်းချီကားမှာ လျှို့ဝှက်ချက်တွေ ရှိနေပါသေးတယ်။
အဲဒီလျှို့ဝှက်ချက်က ပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲဆိုတာပါပဲ။
မိုနာလီဇာကို ဘယ်သူဘယ်ဝါဆိုပြီး သမိုင်းပညာရှင်တွေက ခန့်မှန်းကြပေမယ့်
သေသေချာချာတော့ လက်ဆုပ်လက်ကိုင်မပြနိ်ုင်ကြပါဘူး။ အဲဒီအချိန်တုန်းက
ပုံတူဆွဲပေးပြီးရင် ပုံတူပန်းချီအဆွဲခံရတဲ့ သူတွေကို
ပန်းချီကားအပ်ရပါတယ်။ လီယိုနာဒိုကတော့ အပ်လည်းမအပ်ခဲ့ဘူး။ အီတလီကနေ
ပြင်သစ်ကို ပြောင်းသွားတာတောင် ကိုယ်နဲ့တပါတည်း ယူသွားပါတယ်။ နောက်ပြီး
မိုနာလီဇာကို ဆွဲတာ ၁၅၀၃ခုနှစ်ကနေစဆွဲတာ သုံးလေးငါးနှစ်လောက်
အချိန်ယူရပါတယ်။ ၁၅၁၉မှာ လီယိုနာဒိုသေသွားမှသာ သူ့အခန်းထဲမှာ
ပန်းချီကားကို ပြန်ရှာတွေ့လိုက်ရပါတယ်။
လီယိုနာဒို (၁၄၅၂- ၁၅၁၉)
မိုနာလီဇာနဲ့ လီယိုနာဒို

ပန်းချီကားထဲက အမျိုးသမီးက မသိလိုက် မသိဖာသာနဲ့ မပြီးသွားသေးပါဘူး။
နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ မိုနာလီဇာကို လေဆာတွေသုံးပြီး
အမျိုးမျိုးလေ့လာခဲ့ကြတယ်။ အဲဒီတော့မှပဲ မိုနာလီဇာ
ဘယ်သူမှန်းသိကြတော့တယ်။ ပန်းချီကားထဲက မိုနာလီဇာက ပန်းချီကား
ကိုယ်တိုင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုပဲလေ။ လီယိုနာဒိုက
အမျိုးသားအချင်းချင်း စိတ်ဝင်စားတဲ့သူပါ။ အဲဒီတော့ သူ့ရဲ့ပုံတူကို
သူ့ကိုယ်သူမြင်တဲ့ အမြင်တွေနဲ့ ရေးဖွဲ့ခဲ့ခြင်းသာ ဖြစ်ပါတယ်။
လီယိုနာဒိုမှာ ကိုယ်ပိုင်မှတ်စု စာအုပ်တွေရှိပါတယ်။ သူ့အမြင်တွေ၊
သူ့ဖန်တီးမှုတွေ၊ သူ့တွေ့ရှိမှုတော်တော်များများကို
သာမန်လူတွေဖတ်လို့မရအောင် လက်ရေးတွေ ပြောင်းပြန်ရေးခဲ့ပါတယ်။ သူ့စာကို
ဖတ်ချင်ရင် မှန်ထောင်ပြီး ဖတ်ရသတဲ့။ ကျွန်တော့် စိတ်အထင်တော့ လီယိုနာဒိုက
မိုနာလီဇာကို အဲဒီလိုဖန်တီးခဲ့တာလို့ထင်တယ်။ ဘာလို့လဲဆိုတော့
ကိုယ်တိုင်ရေး ခဲခြစ်ပုံတူပန်းချီနဲ့ မိနာလီဇာတို့ရဲ့ မျက်နှာအနေအထားတွေက
ပြောင်းပြန်ဖြစ်နေလို့ပါပဲ။ မိုနာလီဇာကို မှန်ထောင်ပြီးတော့ကြည့်။
မှန်ထဲမှာ ထင်နေတဲ့ မိုနာလီဇာနဲ့ လီယိုနာဒိုရဲ့ ပုံတူတွေကို တိုက်ကြည့်။
မျက်နှာအကျ၊ နှာခေါင်း မေးရိုး စတာတွေတူနေတာ တွေ့ရပါလိမ့်မယ်ခင်ဗျာ။      ။

14 comments

  • aye.kk

    July 18, 2012 at 12:06 pm

    စိတ်ဝင်စားခဲ့တာက…
    ကျမငယ်ငယ်ထဲကပါဘဲ…
    သိထားတာတွေကအခုရေးထားတာတွေနဲ ့
    ကွဲလွဲလို ့နေပါတယ်…။
    ဒါပေမဲ့ကျမရဲ ့အမြင်မှာအခုရေးသားထားတဲ့အကြောင်းအရာတွေကို
    ယေဘူယျကျတယ်လို ့ပဲထင်မြင်မိပါတယ်..။
    အခုလိုပြည့်ပြည့်စုံစုံဖော်ပြပေးသွားခဲ့တာကျေးဇူးတင်မိရပါတယ်ရှင်…။။။

  • manawphyulay

    July 18, 2012 at 12:24 pm

    ထင်တော့ ထင်သားပဲ…. အစ်မ မဟုတ်တာတော့ သေချာတယ်…. အဟိ…. ထင်ကြေးအမျိုးမျိုးနဲ့ပေါ့လေ…. ခုတော့လည်း သေချာသိသွားရတာပေါ့။ ကျေးကျေးပါ။

  • mamanoyar

    July 18, 2012 at 12:56 pm

    လာဖတ်သွားပါတယ်ရှင်
    အခုလို ရှင်းရှင်းလင်းလင်းဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

  • pooch

    July 18, 2012 at 1:09 pm

    အဲ့ဒီ ပန်းချီကားက Lisa Del Giocondo ရဲ့ပုံဆိုပြီး အတည်အခန့် ဆိုထားကြသလို

    နောက်ကောလဟာလတခုက သူ့ကိုယ်သူပြန်ဆွဲတယ် လို့ ပြောတဲ့သူက ပြောတယ်။
    နောက်တခုက သူတပည့် လက်တိုလက်တောင်းခိုင်းတဲ့ ကောင်လေးရဲ့ ပုံလို့ ပြောကြပြန်တယ်။
    နောက်ပြီး သူက အဲ့ဒီကောင်လေးကို ကြိုက်နေတဲ့ လိင်တူချစ်သူတယောက်လို့လဲ သမုတ်ကျပြန်တယ်။

    ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော မိုနာလီဇာကတော့ မိုနာလီဇာပါပဲ။ ကာလကြာလေ တန်ဖိုးမြင့်လေပါပဲလို့။

  • မောင်ပေ

    July 18, 2012 at 1:41 pm

    မန်းတူမန်းဂျီးပေါ့လေ
    အဲဒါမျိုးကို ကိုအောင်ပု နဲ ့ပေးတွေ ့ချင်တာကလား
    🙂

  • စိန်ဗိုက်ဗိုက်

    July 18, 2012 at 2:09 pm

    အတော်မျက်ခွက်ပြောင်တဲ့လူ..
    ဆွဲစရာရှားလို ့ဗျာ….

    မိုနာလီဇာဗိုက် ရှိုပြီး ကျုပ်ကို လာဆွဲပေးစမ်းဘာ..
    မိုနာလီဇာထက်..ကဘာ ကြော်သွားမယ်..
    အဲအဲ..

    ကျုပ်ကိုဆွဲရင်လဲ ပြုံးယုံပဲ ပြုံးခိုင်းလို ့ရမယ်နော်..
    ရီခိုင်းဖို ့မကြံနဲ ့..
    သွားပိုးရှားနေလို ့ ဘဒေါ့မှ ရီဘူး..
    ဟီး.ဟီး..အဲလေ….ပါးစပ်ပြန်စိမှ
    🙂

    • htoosan

      July 18, 2012 at 2:17 pm

      ပြောတတ်ပါပေ့ စိန်ဗိုက်ရယ် .. စိန်ဗိုက် ကော့မန်း တွေးမိရင် သွားပြန်စိဖို့ မလွယ်ဘူး .. :mrgreen:

  • Phaung Phaung

    July 18, 2012 at 2:37 pm

    နောက်ဆုံးတော့ မိုနာလီဇာဆိုတာ ယောက်ျားကြီးပေါ့…. ဒါပေမယ့်လို့ ကမ္ဘာကျော်ပန်းချီကားပါပဲလေ
    ဒါလဲတစ်မျိုးထူးတာပဲ… ပန်းချီကားရဲ့ လျှို့ဝှက်ချက်ပေါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 18, 2012 at 3:19 pm

    တစ်ခါတစ်လေကျတော့လည်း လူသားတွေ တော်တော်ဘရုတ်သုက္ခနိုင်ဂျဒယ်
    ဘဂျီစွဲဒဲ့လူဂ သူ့ဖါသာ ခပ်မူးမူးနဲ့ အူကြောင်ကြောင်ရေးထားတာကို
    ဘာဖြစ်တယ်ညာဖြစ်တယ် လှတယ်ပတယ်
    သေခြာလည်းကြည့်အုန်း အဲ့သည်ဘွားဒေါ်ရုပ်ကြီးက
    ပါးဖေါင်းဖေါင်းနဲ့ အစားပုပ်မဲ့ရုပ်ကြီး
    ရှေးဟောင်းပစ္စည်းဘာညာဆိုနေသာပါသေးတယ်
    ကျုပ်များ အဲ့သည်ပုံကြီးနဲ့ BE ဒဘလင်း ဘယ်ဟာယူမဒုံးလာမမေးနဲ့
    ထိုင်တောင်ရှိခိုးလိုက်အုန်းမယ် BE ဒဘလင်းအတွက်
    ဇဂါးမစပ် မတရားပြောဆိုစွတ်စွဲလိုက်အုန်းမယ်
    ကိုယ်တိုင်ရေးဖြစ်ပုံမရဘူး
    ဘာ်ဂနေခိုးချထားသဒုံး 👿

    • မောင်ပေ

      July 18, 2012 at 3:30 pm

      ကိုအောင်ပုကတော့ ကွက်ရှင်ထုတ်ပြီး လစ်သွားပြီ
      answer စောင့်ရုံပဲ

  • snow white

    July 18, 2012 at 4:29 pm

    ဖတ်ရှုသွားပါတယ်ရှင့် စိတ်ဝင်တစားနဲ့ကို ဖတ်ရှုသွားပါတယ်

  • ဖိုးထောင်

    July 18, 2012 at 11:49 pm

    ဟယ် လီယိုနာဒို ဒါဗင်ချီက အခြော်တကောက်ကြီးတဲ့တော့ လှလိုက်တဲ့ အကိတ်ကြီး စင်လိုက်တာဟယ်…

  • nature

    July 19, 2012 at 10:18 am

    ငယ်ငယ်တုန်းက နာမည်ကြီတဲ့ ကမာ္ဘကျော်မိုနာလီဇာပန်းချီကားကို တွေ့လိုက်ရတော့ စောက်ကျိုးနဲအံ့ဩသွားတယ်။ ဟုတ်မှဟုတ်ရဲ့လား အတုကြီးများလားလို့ထင်မိတယ်။
    ကိုယ်ပဲအနုပညာအမြင်ပဲအားနဲလို့လားတော့မသိဘူး။ ဘယ်နေရာကလှလို့ ဘာ့ကြောင့်နာမည်ကြီးပါလိမ့်လို့စဉ်းစားလို့မရဘူး။

Leave a Reply