သတ္တဝါတွေ လူစကားနည်းလည်တယ် ဆိုတာ ကြားတော့ကြားဖူးတယ် မြင်လည်းမြင်ဖူးတယ်တွေ့လည်းတွေ့ဖူးပါတယ်
ခွေးဆိုတဲ့သတ္တဝါဆို  လူဘာပြောလိုက်တယ်ဆိုတာ ခွေးတွေကတန်းသိတယ်  ခိုင်းတိုင်းလည်းရတဲ့ခွေးမျိုးတွေမြင်ဖူးတယ်
ကြောင်ဆိုရင်လည်း  သူတို့ချီးကနံတဲ့အတွက်  သူတို့ ကိုဘယ်နေရာမှာ အီးပါဆိုပြီး  ပါခိုင်းမယ့်နေရာကြောင်တွေ ကို သွားပြထားတယ် သူတို့ ဖင်
နဲ့အီးပါမယ့်နေရာကိုစောင့်ပြလိုက်ရင် သူတို့ အိမ်သာတက်ချင်ရင် အဲ့နေရာမှာဘဲသွားပါတယ်ဆိုတာ  မြင်ဖူးတယ် စနိုးတို့အိ်မ်မှာလည်း ကြောင်မွေးဖူးတော့
ကြောင်အကြောင်းတော့သိတယ်  အိမ်ပူရင်တော့ ကြောင်ဆိုတဲ့သတ္တဝါမျိုးကပြေးပြီ
ခွေးကတော့ အိမ်တစ်အိမ်နာမကျန်းဖြစ်လို့ ခွေးရှိတဲ့အိမ်မျိုး မှာသေမယ့် မသာမျိုးတောင်မသေဘဲ ခွေးကတန်စာခံသေသွားသေးတယ် ဆိုတာတောင်ကြားဖူးပါတယ်
လူနဲ့နီးစပ်ဆုးံသတ္တဝါကိုပြောပြတာပါ ။
နောက်နီးစပ်ဆုံးသတ္တဝါကတော့  ကြွက် တို့ပိုးဟပ်တို့ ခြင်တို့ယင်ကောင် တို့ များကြီးဘဲ နီးစပ်သေးတယ်ပေါ့နော်
စနိုးပြောချင်တာကတော့ ကြွက်အကြောင်းပေါ့  ကြွက်တွေက  သူတို့ တွေက လူတွေကိုရောဂါလည်းဖြစ်စေတယ်
သတ္တဝါတိုင်းတော့ နီးနီးစပ်စပ်နေပါများရင်အနည်းနဲ့အများတော့    ရောဂါရတက်ပါတယ်  ကြွက် ကြောင့်ရတဲ့ရောဂါကလည်းများပါတယ်
ကြွက်တွေ ကိုက်တက်တယ်   ပစ္စည်းတွေလည်းပျက်စီးစေတယ်   သူတို့ကိုဆဲရင်လည်းသူတို့ ကနားလည်လားမလည်လားတော့ မသိဘူး
ဆဲတဲ့သူရဲ့ပစ္စည်းတစ်ခုခုဖျက်စီးတက်တယ်တဲ့   စနိုးတို့နားကအစ်မ လက်တွေ့ဖြစ်ဖူးတယ်လေ
အဲ့အစ်မ အိပ်ယာပေါ်မှာ  ကြွက်ချီးကလည်း သူအိပ်ယာပေါ်မှာပါးသွားတယ်    ကြွက်ချီးနံ့ကလည်းတအားနံတယ်နော် မြေကြွက် တွေဆို
ပိုဆိုးတယ်  အဲ့အစ်မ ကကြွက်တွေကို ဆဲပါလေရောမသာကြွက်တွေ တအားဆိုးတယ်  ငါ့အိပ်ယာမှာလည်း ချီးပါသွားတယ် မသာကြွက်တွေဘာညာနဲ့ပြောတာပေါ့လေ
နောက်နေ့မနက်လည်းကျရောအဲ့အစ်မအကြိုက်ဆုံးအကျီင်္ကိုမှ ကိုက်သွားတာနော်   ကျန်တဲ့အကျီင်္များကြီးဘဲ တစ်ထည်မှ ဘာမှမဖြစ်ဘူး အဲ့အစ်မ
တော်တော်လေးစိတ်ဆိုးတယ်တဲ့လေ
သူအကြိုက်ဆုံးအကျီင်္ကိုကိုက်သွားတာဆိုတော့လေ စနိုးအမေကပြောတယ် အဲ့အစ်မကို ကြွက်တွေကိုမဆဲရဘူးသူတို့ကိုဆဲရင် သူတို့ကပိုဆိုးတယ်တဲ့လေ။။
ခုစနိုးအဖြစ်လေးပြောပြမယ်   စနိုးအလုပ်မှာက ကြွက်တော်တော်လေးပေါတယ်   ကြွက်သတ်ဆေးနဲ့ ရုံးကအစ်ကိုတွေက သတ်ပေးလည်း ပိုတောင်ပေါလာ
သလိုခံစားရတယ်   စနုးိကကြွက်လည်းကြောက်တက်တယ်  ရင်ထဲမှာလည်းကြွက်သေမြင်ရင် ရင်ထဲမကောင်းဘူး ကြွက်တွေ့တာနဲ့ အော်တော့တာဘဲ
ကြောက်တက်တဲ့သူက ကြွက်နဲ့တူတူအလုုပ်လုပ်နေရသလိုပါဘဲ မနက်မိုးလင်းတာနဲ့ ကြွက်ချီးတွေက စနိုးခုံနားမှာပတ်ပတ်လည်လည်မှာမှများကြီးဘဲ
မနက်မိုးလင်းလာရင်ကိုယ့်အလုပ်ကိစ္စကနောက်မှ လုပ်ရတယ် ကြွက်ပါထားတဲ့ချီးကိုအရင်ရှင်းရတယ် တစ်ရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်
စနိုးစိတ်ကတင်းလာတာနဲ့ မဆဲတော့မဆဲဘူး စနိုးကကြွက်တွေရေ ငါ့ကိုလည်းသနားပါအုံးမနက်မိုးလင်းလာတာနဲ့ နင်တို့အလုပ်ဘဲလုပ်နေရတယ်
နင်တို့ကိုဆဲတော့မဆဲဘူး  နော် နင်တို့ကိုဖူးထားမယ်လို့ စနိုးအဲ့လိုမျိုးအော်လိုက်တယ် ပြီးတော့လည်း စနိုးအလုပ်ရုံးခန်းကမြေညီထပ်ဆိုတော့ ပိုဆိုးတယ် မြေကြွက်
ကြွင်းကြီးကနည်းတာမဟုတ်ဘူး    စနိုးစိတ်ပေါက်ပေါက်နဲ့ အဲ့ကြွင်းနားပါသွားအော်ပြစ်လိုက်တယ်   ဟုတ်သည်ရှိမဟုတ်သည်ရှိ       ဒီနေ့နဲ့ဆို အဲ့လိုမျိုးသွားအော်
လိုက် တာ  ရရက်မြောက်တဲ့နေပါ အော်ပြီးတဲ့နေကစလို့ ဒီနေ့ထိကြွက်ချီးကိုမတွေ့ရတော့ပါဘူး     ။။။။။

About snow white

snow white has written 37 post in this Website..