ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု

( ဗမာ့လွတ်လပ်ရေးအတွက် x x x တပ်မတော်ဖွဲ့ဖို့ x x x ဂျပန်ပြည်မှာကွယ် x x x တကယ်ပဲ အသက်နဲ့လဲလို့ x x x ဆင်းရဲဒုက္ခခံကာ x x x ကြံစည်တယ် x x x သူရဲကောင်းတဲ့ x x x ဗိုလ်အောင်ဆန်းနဲ့ x x x အာဇာနည်တွေရယ် x x x )

ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကကွယ် x x x ဗိုလ်အောင်ဆန်းလို x x x သူရဲကောင်းတွေ မွေးရမယ် x x x ၊ ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကရယ် x x x အာဇာနည်အစစ်တွေကို x x x ရှိဖို့မွေးရမယ် x x x ၊ ဪ x x x ဘုရင့်နောင်နဲ့ x x x ရာဇဓိရာဇ်တို့လို x x x မင်းရဲကျော်စွာ x x x ပမာပုံနှယ် x x x အလောင်းဘုရားတို့လိုကွယ် x x x ဗမာတိုင်း x x x ဗမာမျိုး x x x အားကိုးလောက်ပေရဲ့ x x x မကြောက်တမ်း x x x မရွံ့တမ်း x x x ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ် x x x ၊

(သံပြိုင်) { ရာဇဝင် x x x အထုပ္ပတ္တိလည်း x x x ရှိရမယ် x x x ၊ မော်ကွန်းလည်း x x x ထိုးလောက်တယ် x x x မြင့်မြတ်တဲ့ x x x ဗိုလ်အောင်ဆန်းရယ် x x x } (၂-ခေါက်)

တိုင်းပြည်ကျိုး x x x စွန့်ခဲ့တယ် x x x များဇာနည်နွယ် x x x လွတ်လပ်ဖို့ x x x တို့များကို x x x ကျွန်တွင်းမှကယ် x x x ၊ တို့ဗမာ x x x စိုးမိုးဖို့ x x x မျှော်ကြရှာလို့ ပေါ်လာတယ် x x x ၊

အာရှနိုင်ငံထူထောင်ရန်အတွက် x x x မျိုးရိုးမတိမ်အောင် x x x ကြံဆောင်လေတယ် x x x နေမျိုးသာကီ ဗမာပြည်လက်ရုံး x x x ကမ္ဘာ့နိုင်ငံလုံး x x x ထင်ပေါ်စေတယ် x x x ၊ စိတ်အားသန်သန် x x x မာန်ကိုမလျော့တယ် x x x ငါတို့လူမျိုး x x x တန်ခိုးရှိဖို့ x x x သူရဲကောင်းတွေ x x x ဂုဏ်ရည်ပြောင်တယ် x x x တကယ်ပင် x x x သတိုးမဟာဗန္ဓုလရဲ့ x x x အစွမ်းသတ္တိ x x x ရာဇဝင်ပြောင်တယ် x x x သားကောင်းများလို့ x x x ခေါ်ရလောက်ပေမယ် x x x ဥဒါန်းတွင်စေမယ် x x x ဗမာသူရဲကောင်း x x x အပေါင်းတွေရယ် x x x ၊

ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ကြိုတင်၍

လေးစားစွာ ဂါရဝဖြင့် ဦးညွတ်အလေးပြုအပ်ပါသည် ။

၁ ။ ဗိုလ်ချုပ်အောင်ဆန်း

၂ ။ ဦးဘဝင်း

၃ ။ မန်းဘခိုင်

၄ ။ စပ်စံထွန်း

၅ ။ ဦးရာဇာတ်

၆ ။ ဒီးဒုတ်ဦးဘချို

ရ ။ သခင်မြ

၈ ။ ဦးအုန်းမောင်

၉ ။ ရဲဘော်ကိုထွေး

(၁၉ ဇူလိုင် မမေ့နိုင်)

အို… မိတ်ဆွေအပေါင်းတို့
နှစ်တွေကြာညောင်း
ဘဝတွေ ဘယ်လိုပြောင်းပြောင်း
ဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျ
လောကပိန်းမှောင်၊ အလင်းရောင်ပျောက်
မိုးအောက်လေရင်၊ ဆူပွက်လတ်သော်
လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြ
တဒင်္ဂလျှင်
ငါတို့အားလုံး
ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။
အို… သင်္ခါရ၊ အနိစ္စတည်း
ဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့်
အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရ
ဤဘဝ
သောကတောင်ထုရှိချေပြီတကား….
ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ
ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီ
အောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ
နောက်ဆုံးတော့
ဘဝ တွေ့ကြုံဆုံကွဲတည်း….

ကျွန်မတို့တွေ ဒီလိုဘဝ ဒီလိုအခြေအနေ ဒီလိုမိသားစုနဲ့ နေနိုင်တာ အာဇာနည်ခေါင်းဆောင်တွေရဲ့ အသက်သွေးကြောင့်လို့ဆိုရင် မှားမယ်မထင်ပါဘူးရှင်။

တင်ပြီးသား ပိုစ့်များလည်း ညွှန်းလိုက်ပါသည်။ ဒီမှာရေးထားသလို

ဒီလိုမမေ့သင့်သော နေ့လေးတစ်နေ့ကို အားလုံးအမြဲရင်ထဲစွဲနေစေချင်ပါသည်။

About manawphyulay

manawphyu lay has written 943 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။