မြန်မာနိုင်ငံသား မှန်ရင် အလေးပြုပါ။

manawphyulayJuly 18, 20122min50241
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု

( ဗမာ့လွတ်လပ်ရေးအတွက် x x x တပ်မတော်ဖွဲ့ဖို့ x x x ဂျပန်ပြည်မှာကွယ် x x x တကယ်ပဲ အသက်နဲ့လဲလို့ x x x ဆင်းရဲဒုက္ခခံကာ x x x ကြံစည်တယ် x x x သူရဲကောင်းတဲ့ x x x ဗိုလ်အောင်ဆန်းနဲ့ x x x အာဇာနည်တွေရယ် x x x )

ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကကွယ် x x x ဗိုလ်အောင်ဆန်းလို x x x သူရဲကောင်းတွေ မွေးရမယ် x x x ၊ ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကရယ် x x x အာဇာနည်အစစ်တွေကို x x x ရှိဖို့မွေးရမယ် x x x ၊ ဪ x x x ဘုရင့်နောင်နဲ့ x x x ရာဇဓိရာဇ်တို့လို x x x မင်းရဲကျော်စွာ x x x ပမာပုံနှယ် x x x အလောင်းဘုရားတို့လိုကွယ် x x x ဗမာတိုင်း x x x ဗမာမျိုး x x x အားကိုးလောက်ပေရဲ့ x x x မကြောက်တမ်း x x x မရွံ့တမ်း x x x ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ် x x x ၊

(သံပြိုင်) { ရာဇဝင် x x x အထုပ္ပတ္တိလည်း x x x ရှိရမယ် x x x ၊ မော်ကွန်းလည်း x x x ထိုးလောက်တယ် x x x မြင့်မြတ်တဲ့ x x x ဗိုလ်အောင်ဆန်းရယ် x x x } (၂-ခေါက်)

တိုင်းပြည်ကျိုး x x x စွန့်ခဲ့တယ် x x x များဇာနည်နွယ် x x x လွတ်လပ်ဖို့ x x x တို့များကို x x x ကျွန်တွင်းမှကယ် x x x ၊ တို့ဗမာ x x x စိုးမိုးဖို့ x x x မျှော်ကြရှာလို့ ပေါ်လာတယ် x x x ၊

အာရှနိုင်ငံထူထောင်ရန်အတွက် x x x မျိုးရိုးမတိမ်အောင် x x x ကြံဆောင်လေတယ် x x x နေမျိုးသာကီ ဗမာပြည်လက်ရုံး x x x ကမ္ဘာ့နိုင်ငံလုံး x x x ထင်ပေါ်စေတယ် x x x ၊ စိတ်အားသန်သန် x x x မာန်ကိုမလျော့တယ် x x x ငါတို့လူမျိုး x x x တန်ခိုးရှိဖို့ x x x သူရဲကောင်းတွေ x x x ဂုဏ်ရည်ပြောင်တယ် x x x တကယ်ပင် x x x သတိုးမဟာဗန္ဓုလရဲ့ x x x အစွမ်းသတ္တိ x x x ရာဇဝင်ပြောင်တယ် x x x သားကောင်းများလို့ x x x ခေါ်ရလောက်ပေမယ် x x x ဥဒါန်းတွင်စေမယ် x x x ဗမာသူရဲကောင်း x x x အပေါင်းတွေရယ် x x x ၊

ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ကြိုတင်၍

လေးစားစွာ ဂါရဝဖြင့် ဦးညွတ်အလေးပြုအပ်ပါသည် ။

၁ ။ ဗိုလ်ချုပ်အောင်ဆန်း

၂ ။ ဦးဘဝင်း

၃ ။ မန်းဘခိုင်

၄ ။ စပ်စံထွန်း

၅ ။ ဦးရာဇာတ်

၆ ။ ဒီးဒုတ်ဦးဘချို

ရ ။ သခင်မြ

၈ ။ ဦးအုန်းမောင်

၉ ။ ရဲဘော်ကိုထွေး

(၁၉ ဇူလိုင် မမေ့နိုင်)

အို… မိတ်ဆွေအပေါင်းတို့
နှစ်တွေကြာညောင်း
ဘဝတွေ ဘယ်လိုပြောင်းပြောင်း
ဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျ
လောကပိန်းမှောင်၊ အလင်းရောင်ပျောက်
မိုးအောက်လေရင်၊ ဆူပွက်လတ်သော်
လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြ
တဒင်္ဂလျှင်
ငါတို့အားလုံး
ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။
အို… သင်္ခါရ၊ အနိစ္စတည်း
ဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့်
အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရ
ဤဘဝ
သောကတောင်ထုရှိချေပြီတကား….
ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ
ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီ
အောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ
နောက်ဆုံးတော့
ဘဝ တွေ့ကြုံဆုံကွဲတည်း….

ကျွန်မတို့တွေ ဒီလိုဘဝ ဒီလိုအခြေအနေ ဒီလိုမိသားစုနဲ့ နေနိုင်တာ အာဇာနည်ခေါင်းဆောင်တွေရဲ့ အသက်သွေးကြောင့်လို့ဆိုရင် မှားမယ်မထင်ပါဘူးရှင်။

တင်ပြီးသား ပိုစ့်များလည်း ညွှန်းလိုက်ပါသည်။ ဒီမှာရေးထားသလို

ဒီလိုမမေ့သင့်သော နေ့လေးတစ်နေ့ကို အားလုံးအမြဲရင်ထဲစွဲနေစေချင်ပါသည်။

41 comments

  • snow white

    July 18, 2012 at 12:46 pm

    အလေးပြုပါတယ် မနက်ဖြန်အတွက် ဒီနေ့ထဲ ကကြိုတင်အလေးပြုပါတယ် ။။။မနက်ဖြန်ကတော့ တို့ မြန်မာတွေအတွက် လွမ်းဆွေးရမယ့် နေ့လေးပါဘဲ မိုးကလည်းမနက်ဖြန်မှာရွာအုံးမယ်ဆိုရင် မိုးနဲ့အတူ ကျဆုံးလေးပြီသောဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်အပေါင်းကိုလေးစားစွာ အလေးပြုလျှက်ပါ ။။။

  • ချင့် ယုံလိဖန်

    July 18, 2012 at 12:49 pm

    အလေးပြု ဦးညွတ်သွားပါသည်ခင်ဗျာ

  • ဘရားသား

    July 18, 2012 at 12:54 pm

    ကျဆုံးလေပြီးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများအား
    အလေးပြုပါသည် ။

  • mamanoyar

    July 18, 2012 at 12:58 pm

    သတိရလွမ်းဆွတ်ခြင်းများနဲ့အတူ အလေးပြုအပ်ပါသည်။

  • ဘုဂလန့်

    July 18, 2012 at 1:02 pm

    ဝမ်းနည်းခြင်းများစွာနဲ့ အလေးပြုပါတယ်

  • ko khin kha

    July 18, 2012 at 1:08 pm

    မနက်ဖြန် မနက် ၁ဝ နာရီ ၃ရ မိနစ်မှာနော်။

  • lynn lynn

    July 18, 2012 at 1:09 pm

    မ မနောရေ လင်းလင်းလည်း ဝင်ပြီး အလေးပြုသွားပါတယ်။

  • myanmarcitizen

    July 18, 2012 at 2:18 pm

    ကျဆုံးလေပြီးသော နိုင်ငံကောင်းဆောင်ကြီးများကို အလေးပြုသွားပါတယ်။

  • Khaing Khaing

    July 18, 2012 at 3:01 pm

    အလေးပြုပါတယ်ချင့် ……… မနက်ဖြန်ခရီးထွက်မှာမို့ ဒီနေ့မှာကြိုတင်အလေးပြုလိုက်ပါတယ် ……

  • ဖွတ်ငပျင်း

    July 18, 2012 at 3:13 pm

    အသွေးထဲ အသားထဲက အသိစိတ်နဲ့အတူ
    အလေးပြု ပါ၏ ။

  • laypai

    July 18, 2012 at 3:19 pm

    တို့ .. ဗိုလ်ချုပ်. ဗိုလ်ချုပ်အောင်ဆန်းသည်…
    တို့တိုင်းပြည်.တို့လူမျိုးအတွက်..မီးရှူးတန်ဆောင်ဖြစ်သည်။
    အာဇာနည် ဟေ့ အာဇာနည်.. မွန်မြတ်ပါလှသည်။
    အစ ချီ တဲ့ သီချင်းလေး လဲ နာထဲ မှာစွဲ နေ သလို

    နှစ်လနာရီ… ခါရာသီရွေ့ပေမဲ့…. အာဇာနည်နေ့ ကိုတော့ မမေ့သင့်ပါသလေ…
    နဲ့ အစချီ တဲ့ မေလှမြိုင် ရဲ့ အလေးပြုပါတယ် သီချင်းဟာ လဲ ကြားရတိုင်း မျက်ရည်ဝိုင်းတဲ့ အထိပါ။

    ဗိုလ်ချုပ်ရဲ့ တိုင်းပြည် နဲ့ ပြည်သူ၊ပြည်သားတွေ အပေါ် ထားရှိတဲ့ လုပ်ရပ် နဲ့ စေတနာ မှန်ကန်မှု ကြောင့်
    အားလုံးရင် ထဲကို ခု လို နေရာဝင်ယူတိုင်တာ လို့ ထင်တယ်။

    ဟိုအရင်က ကို မမြင်ဖူးတဲ့ မြင်ကွင်း
    အာဇာနည်နေ့ ကျဆုံးချိန် ရောက်တာနဲ့ ယာဉ်ရထား၊ သင်္ဘောတွေပါ အားလုံး ရောက်တဲ့ နေရာမှာ ရပ်ပြီး ဟွန်းတီး၊ ဥဩ ဆွဲ ကြတာ ကို တွေ့ ချင် တယ်။
    အဲဒီလို ပြန်အသက် သွင်းနိုင်ရင် ကောင်းမယ် နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 18, 2012 at 3:25 pm

    ( ဗိုလ်ချုပ်တို့ကို ပစ်ခက်ပြီးထွက်လာသော လူသတ်သမားများအနက်မှ တစ်ဦးက
    ပစ်ခက်သံကြား၍ရောက်လာသော ဝန်ကြီးဆရာကြီးဦးရာဇာတ်၏
    သက်တော်စောင့် ကိုထွေးကို ပစ်ခက်သွားခဲ့သည်၊ )
    http://myanmargazette.net/138676/politics-news-issues
    ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ကြိုတင်၍

    လေးစားစွာ ဂါရဝဖြင့် ဦးညွတ်အလေးပြုအပ်ပါသည် ။

    ၁ ။ ဗိုလ်ချုပ်အောင်ဆန်း

    ၂ ။ ဦးဘဝင်း

    ၃ ။ မန်းဘခိုင်

    ၄ ။ စပ်စံထွန်း

    ၅ ။ ဦးရာဇာတ်

    ၆ ။ ဒီးဒုတ်ဦးဘချို

    ရ ။ သခင်မြ

    ၈ ။ ဦးအုန်းမောင်

    ၉ ။ ရဲဘော်ကိုထွေး

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 18, 2012 at 3:54 pm

    ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံလိုက်တာဗျာ …. ဂုဏ်ယူစွာ ဦးညွှတ် အလေးပြုပါ၏ …

  • etone

    July 18, 2012 at 4:03 pm

    နိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လပ်ရေးဖခင်ကြီး ကျဆုံးသွားတဲ့နေ့ကို ….. နောင်လာ နောက်သားတွေ အမှတ်ရစေဖို့ စာတွေရေးချန်ပေးတာ …. ချီးကျူးမိပါတယ် ။ လုပ်လည်း လုပ်ထိုက်တဲ့ အပြုမူပါ … ။

    ဒါနဲ့ အစ်မ မနောရေ .. မြန်မာမှန်လျှင် အလေးပြုဆိုတာထက် ….. မြန်မာ နိုင်ငံသားမှန်လျှင် အလေးပြုဆိုတာလေးက ပိုသင့်တော်မလားဟင် …။
    လူမျိုးစုကို ကိုယ်စားပြုလား ၊ နိုင်ငံကို ကိုယ်စားပြုလား …….. ကွဲပြားစေချင်လို့ပါ ………. ။ 🙂

    • manawphyulay

      July 18, 2012 at 4:08 pm

      ညီမလေးရေ… ပြန်ပြင်လိုက်ပြီနော်။မြန်မာနိုင်ငံသားအားလုံးကို ကိုယ်စားပြုတာပေါ့ရှင်….

      • etone

        July 18, 2012 at 4:14 pm

        အကြံပြုချက်ကို လက်ခံပေးလို့ ဝမ်းသာပါတယ် အစ်မရေ …ကျေးဇူးလည်း တင်ပါတယ် …. ။

  • elle smile

    July 18, 2012 at 4:12 pm

    ဒိလိုနေ့ရောက်ရင် အသွေးထဲအသားထဲကကို လှိုက်လှိုက်လှဲလှဲနဲ့အရမ်းလည်းဝမ်းနည်းသလိုအရမ်းလည်းဂုဏ်ယူမိပါတယ်။အစဉ်သဖြင့်ဦးညွှတ်အလေးပြုပါ၏။

  • မဟာရာဇာ အံစာတုံး

    July 18, 2012 at 4:27 pm

    ဗိုလ်ချုပ်နဲ့တကွ
    အာဇာနည် ခေါင်းဆောင်ကြီးများကို
    ကျနော်လည်း ကြိုတင် အလေးပြုအပ်ပါတယ် ခင်ဗျာ …

  • CASPER

    July 18, 2012 at 4:28 pm

    မနက်ဖြန် မနက် ၁ဝ နာရီ ၃ရ မိနစ်မှာ ဥဩဆွဲသံလေးများ ကြားရလေမလားနော်…….

  • shwe kyi

    July 18, 2012 at 4:43 pm

    ဟုတ်တယ် casper ရေ အစ်မလည်းမျှော်လင့်မိပါတယ်။ ဥဩသံကြားရင်သတိစွဲပြီးငြိမ်သက်ခြင်းနဲ့အလေးပြုဖို့ကိုယ့်ပတ်ဝန်းကျင်ကိုယ့်ညီ၊ ညီမလေးတွေကိုလည်းသင်ကြားပေးကြပါဦး..။ အစ်မလည်းမကြုံဖူးသေးလို့ တပြိုင်တည်းတူညီအလေးပြုနိုင်မယ့် ဥဩသံကိုနားစွင့်ထားမယ်..။

    • ဂန္ဓာရီ ဆြာအုပ်

      July 19, 2012 at 9:38 am

      ပြည်သူတွေ အထိတ်တလန့် ဖြစ်မှာ စိုးလို့မဆွဲ ပါတဲ့ ခင်ဗျား

  • same kyaw

    July 18, 2012 at 5:10 pm

    ကြည်ညိုလေးစား စွာဖြင့်အလေးပြုသွားပါတယ်။

  • pooch

    July 18, 2012 at 5:33 pm

    မနက်ဖြန်လွမ်းဥဩသံလေးများ ကြားရမလား မျှော်လင့်မိတယ်။
    တခဏလောက် သတိတရနဲ့ လေးလေးစားစား အလေးပြုပေးချင်လို့ပါ။

  • R Ga

    July 18, 2012 at 5:42 pm

    အခုဒီမှာ တစ်ခါပြုမယ်။ ရင်ထဲမှာ အကြိမ်ကြိမ်အလေးပြုမယ်။ မနက် အာဇာနည်နေ့ကျရင်လည်း ကိုယ်တိုင် ကိုကျ သွားရောက် အလေးပြုမယ်။

  • minn zaw

    July 18, 2012 at 7:02 pm

    အလေးပြုပါတယ်ဗျာ။ နောက်ပြီး ကတော့လဲ ကတော့ပါတယ်။
    မနက်ဖြန်မှာ ကျုပ်တို့ရွာသူားအပေါင်းတို့ရေ ကုသိုလ်ကောင်းမှုတွေ
    လုပ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေ ကို အမျှအတန်းဝေကြရအောင်ဗျာ။

  • အရီးခင်လတ်

    July 18, 2012 at 9:10 pm

    အရီးလဲ ရင်ထဲ က ကို လှိုက်လှိုက်လှဲလှဲ အလေးပြုသွားပါတယ်။
    ဗို်လ်ချုပ်အောင်ဆန်းကို တကယ်ဘဲ ချစ်ကြရင်ဖြင့် သူပြောခဲ့တာတွေ ကို တတ်နိုင်သ၍ လိုက်နာကြဖို့ပါဘဲ။

  • ဖိုးထောင်

    July 18, 2012 at 10:44 pm

    သုံးမိနစ်ခန့်ငြိမ်ပေးပါ ဝမ်းနည်းခြင်းအထိမ်းအမှတ်

  • ကိုရင်မောင်

    July 19, 2012 at 9:32 am

    ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် အပေါင်းတို့အား
    ရည်မှန်း၍အလေးပြုလိုက်ပါတယ်……
    ဘယ်လိုမှမေ့မရတဲ့၁၉ဇူလိုင်ပါ….
    ကမာ္ဘတည်သရွေ့ရှိနေမဲ့၁၉ဇူလိုင်ပါ….
    ဘယ်သူတွေမှေးမှိန်အောင်လုပ်ပေမဲ့ဖျောက်ဖျက်မရတဲ့၁၉ဇူလိုင်ပါ….
    နောင်လာနောင်သားတွေ သင်ခန်းစာယူရမဲ့၁၉ဇူလိုင်ပါ…..
    ကိုယ်ကိုယ်တိုင် တိုင်းပြည်ချဉ်ဖတ်ဦးစောလိုလူမျိုးမဖြစ်ဘို့သတိရစေတဲ့ ၁၉ဇူလိုင်ပါ…..
    ၁၉ဇူလိုင်ကိုအမှတ်ရစေတဲ့ ပို့စ် တင်ပေးတဲ့ မနောဖြူလေးကို အထူးကျေးဇူးတင်ပါတယ်…..
    ဗိုလ်ချုပ်နှင်အာဇာနည်ခေါင်းဆောင်များအား အထူးလွမ်းဆွတ်သတိရစေတဲ့နေ့လေးတနေ့ပါ……

  • အဂျစ်

    July 19, 2012 at 9:53 am

    ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် အပေါင်းတို့အားရည်မှန်း၍
    ပါဝင်သွားပါကြောင်း..

  • ကြောင်ကြီး

    July 19, 2012 at 10:07 am

    မြန်မာနိုင်ငံအား ဆန်ပြုတ်အိုးထဲသို့ အီကြာကွေးညှပ်ထည့်သလို ကြံစည်နေသော တရုတ်ကူမြူနစ်ပါတီကေဒါ မြစ်ဆုံရေကာတာ ဝါဒဖြန့်ချီရေးမှူး ကြေးမုံဂျီးအား အာလေးပြု….

  • ashin wizaya

    July 19, 2012 at 1:17 pm

    ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်ခေါင်းဆောင်ကြီးတို့၏ အာဇာနည်နေ့ ကို ဂုဏ်ပြုပါတယ်

  • ပိုင်လေး

    July 19, 2012 at 1:23 pm

    ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်ခေါင်းဆောင်ကြီးတို့ ကို
    အသွေးထဲ အသားထဲက အလေးပြုလိုက်ပါတယ်…….

  • Nga Ba

    July 19, 2012 at 2:09 pm

    ဘယ်လိုမှ မမေ့အပ်တဲ့ ကျေးဇူးရှင်စစ်စစ်..
    ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ဂုဏ်ကျေးဇူးကို မမေ့မလျော့ဆင်ခြင်အောင့်မေ့ရင်း..
    မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ အသွေး.. အသားထဲမှ လှိုက်လှဲစွာ.. အလွန်လှိုက်လှဲစွာ..
    အလေးပြုအပ်ပါတယ်…
    ၁၉ ဇူလိုင်ဟာ..
    ကျေးဇူးတရား သိတတ်နားလည်တဲ့..
    ယဉ်ကျေးတဲ့ မြန်မာနိုင်ငံသားတိုင်းအတွက်..
    ဘယ်တော့မှ မမေ့သင့်တဲ့၊ မမေ့အပ်တဲ့ နေ့တစ်နေ့ပါ..

  • King of Secrets (Bo Min)

    July 19, 2012 at 6:37 pm

    ငိုကြွေးခြင်းနဲ. အချိန်မကုန်ရာ၊ အပြုံးနှင့်ဖြတ်သန်းကြပါစို.

  • ahnyartamar

    July 20, 2012 at 8:34 am

    သား၊ သမီးတွေပါ အလေးပြု တတ်အောင်၊ လေးစားအားကျလာအောင် ကျင့်ပေးထားတယ်။

  • manawphyulay

    July 20, 2012 at 3:36 pm

    လူတွေက လမ်းနဲ့အပြည့် ရေတွက်လို့ရမယ်ဆိုရင် သိန်းဂဏန်းလောက်ရှိမယ် နေပူပူ မိုးရွာရွာ ဘာတွေပဲဖြစ်ဖြစ် အာဇာနည်ကုန်းမှာ ခြေချရရင် သေပျော်ပါပြီတဲ့ စကာသံတွေ သူတို့ရင်ထဲက စကားသံတွေလေ ခွပ်ဒေါင်းအလံတွေ ပင်နီအင်္ကျ ီတွေ အဖြူအစိမ်းတွေ လူငယ်တွေ လူကြီးတွေ စုံလို့ ပျော်လို့။ ကျောင်းသားတွေ ပြည်သူတွေဟာ တက်ညီလက်ညီနဲ့ အလေးပြုကြလို့ ၊
    ဒီနေ့ဟာ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ မသမာသူ လူတစ်စုကြောင့် ကျဆုံးတဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့
    ဒီနေ့ကို ပြည်သူတစ်ရပ်လုံးက အလေးအနက်ထားပြီး အလေးပြုတဲ့နေ့ ဒါဟာ ပြည်သူ့အောင်ပွဲပါပဲ၊
    နှစ်ပေါင်းခြောက်ဆယ်ကျော် အပိတ်ခံ အာဏာသုံးပြီး ဖိနှိပ်ခံရာကနေ ဒီကနေ့တော့ ပြည်သူတွေဟာ
    ကြွေးကြော်သံတွေနဲ့ ..အာဇာနည်မျိုး သေရိုးမရှိ။ ၁၉ ဂျူလှိုင် မမေ့နိုင်။ သမိုင်းပေးတာဝန် ။ အများကြီးမှ
    အများကြီးပဲ အဖွဲ့ပေါင်းစုံ လူပေါင်းစုံဟာ ချွေးတဒီးဒီးနဲ့ မိုးတွေကလည်း ရွာလိုက်သေးတယ် ရင်ပြင်ပေါ်မရောက်သေးခင် လှေခါးထစ်တွေမှာဆို အပူတွေကလည်းပြင်း ရင်ပြင်ပေါ်ရောက်မှ လေကလေးတိုက်လို့ အေးသွားတယ်၊ အခက်ခဲတွေကြားထဲက အချိန်တွေ အများကြီးလမ်းပေါ်မှာ ရပ်နေရတဲ့ပြည်သူတွေဟာ ဇွဲမလျော့ပဲ ကြိုးစားပမ်းစား စောင့်စားပြီး အလေးပြုကြတယ်။
    တစ်နိုင်ငံလုံး နေရာအနှံ့ အပြားမှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုကြတယ် ဝမ်းသာစရာကောင်းလိုက်တာ ကြည်နူးစရာပါပဲ၊ ဒီလိုနေ့ရက်မှာ အလေးပြုနိုင်ဘို့
    အာဇာနည်သီချင်းတွေဖွင့်နိုင်ဘို့ အာဇာနည်နေ့ရယ်လို့ အသိအမှတ်ပြုနိုင်ဘို့ဟာ နှစ်ပေါင်းများစွာ ပြည်သူတွေစောင့်စားခဲ့ကြရတာလေ။
    ဒီနေ့မှာတော့ ခံစားခဲ့ရသမျှ ဖွင့်ပြလိုက်တာ တစ်ကမ္ဘာလုံးသိကုန်ကြပါပြီ၊
    ဒီနေ့မှာ အားလုံးအာဇာနည်နေ့ အကြောင်းပဲ ပြောကြတယ် တီဗွီဖွင့်ပြီး အာဇာနည်နေ့ အခမ်းနားပွဲကြည့်တယ်။
    ပြည်သူတစ်ရပ်လုံးဟာ အားနဲ့အင်နဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို သတိဆွဲပြီး အလေးပြုကြတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာလည်း မှန်းဆပြီး တမ်းတ မျှော်မှန်းပြီး အလေးပြုနေကြတယ်။
    ဒါတွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဝမ်းသာစရာ ဂုဏ်ပြုစရာ ဂုဏ်ယူစရာ ပြည်သူ့အောင်ပွဲပါ၊ ဒီလိုနေ့ကို အများပြည်သူဖြစ်စေချင်နေတာ အတော်ကြာခဲ့ပါပြီလေ….

    သတိရလွမ်းအောင်းမေ့တမ်းတဖွယ်ရာ နေ့လေးတစ်နေ့… နှစ်တိုင်း အမှတ်ရနေမှာပါရှင်။

  • may flowers

    July 20, 2012 at 4:29 pm

    တကယ်ပဲ အလေးပြုခဲ့ပါတယ်…မနောရေ။

Leave a Reply