ဇူလိုင် ဆယ့်ကိုးတဲ့လား..

ဂ်စ္စူJuly 19, 20122min28334
အာဇည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း

 

ဇူလိုင် ဆယ်ကိုးတဲ့လား..

♦   လူယုတ် တစ်စုရဲ့ ကောက်ကျစ်မှုအောက်
စက်သေနတ်သံတွေ အထက်ဘဝဂ် ညံပြီးတဲ့နောက်
မနက် ဆယ်နာရီခွဲပြီးတဲ့နောက်…..
အဲဒီနောက်မှာ..
ကမ္ဘာရှား စွန် ့လွှတ်အနစ်နာခံမှုတွေ
ကမ္ဘာရှား ကြိုးစားမှုနဲ ့ရိုးသားမှုတွေ
ကမ္ဘာရှား သွေးသားနဲ ့ ဦးနှောက်တွေ
ကမ္ဘာရှား တွေးခေါ်မျှော်မြင်မှုတွေ
ကမ္ဘာရှား ရွှေရောင်လွှမ်းတဲ့ အနာဂတ်တွေ
ကမ္ဘရှား ဇမ္ဗူရှား အာဇာနည်တွေ
အတုံးအရုံး ပြိုလဲကြေကွဲလို ့ ကျဆုံးခဲ့ရတဲ့ နေ ့ပေါ့….။

♦     အရုဏ်တက်မှာ
မျက်စိအစုံ
စုံထိုးသွင်းခံလိုက်ရသလို
တောက်ပြောင်လိုတဲ့ အနာဂတ်မြင်ကွင်းတွေ
ထိန်လင်းခွင့်နဲ ့ ကွေကွင်းစေခဲ့တဲ့နေပေါ့….။

♦     ကောင်းကင်ထက်က
မိုးရိပ် မိုးစက်တွေ
ပူးဝင် ဖြစ်တည်လာပြီး
ဆို ့နင့်ကြေကွဲ မျက်ရည်မိုးဖွဲတွေ
မိုးမင်းကြီးကိုယ်စား
အငှားကိုယ်စီ ရွာခဲ့ကြသလိုနေ ့ပေါ့…။

♦     မြေဆွပေါင်းပျိုး ပန်မျိုးမျိုး
ပိုးမထိုးအောင် သူပျိုးခဲ့သမျှ
လှပဝေဆာ ဖူးပွင့်ခွင့်လဲကြုံကော
ဗြုံးဆို မုန်တိုင်းနှောက်လို ့
ပန်းပျိုးသူ ပျောက်ခဲ့တဲ့ နေ ့ပေါ့…..။

♦     ပန်းဝင်ခါနီးမှ ခြေထိုးခံလိုက်ရသလို
ကြိုးစားရုန်းကန် ပြေးလွှားခဲ့သမျှ
ငမိုက်သားတို ့ရဲ့ တဒင်္ဂ စဉ်းလဲမှုအောက်မှာ
လဲပြိုသွားခဲ့ရတဲ့ ဗိုလ်အောင်ဆန်းနဲ ့ ဇာနည်တစ်တွေရဲ့
တုနှိုင်းမမီတဲ့ ကိုယ်ကျိုးမစွက် ပေးဆပ်ခြင်းတွေ
သက်သေတည်နေတဲ့ နေ ့ပေါ့….။

ဇူလိုင် ဆယ့်ကိုးတဲ့လား….

♦     စုပေါင်းညီညာ သွေးစည်းစွာနဲ ့
ရိုင်းပင်းကူညီ တူညီယှဉ်တွဲကြလို ့
အောင်ဆန်းဇာနည့် မူနှင့် နှလုံး
ဆုံးရှုံးခဲ့သမျှ စိတ်ဝယ်မှန်းဆ
နည်းနာစံယူ ကျင့်ကြံယူမှ
ကျေးဇူးဆပ်ရာ ကျပေတဲ့
မမေ့အပ်တဲ့ နေ ့တစ်ရက်ပေါ့…..။

__________________________________________________________
28.June.2012 နေ ့ က ဆရာထက်ကို ပေးဖို ့ ရေးခဲမိတာလေးပါ..။
Post ကို Schedule နဲ ့မတင်ဖူးလို ့ စမ်းတင်ရင်း၊ အာဇာနည်နေ ့မှာ ပို ့စ်တစ်ခုနဲ ့ သီးသန် ့ ဂုဏ်ပြုချင်တာလေးနဲ ့ပေါင်းပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ယခုလို

တတ်သလောက်လေးနဲ ့ လေးစားစွာ  ဂုဏ်ပြုလိုက်ခြင်းလဲဖြစ်ပါတယ်ခင်ဗျာ..။

Jul 19, 10:37 နာရီမှာ အလိုအလျောက် ပေါ်လာမဲ့ ပို ့စ်ဖြစ်ပါတယ်။

 

_________________________________________________________

 

လေးစားလျက်…..

အူးဗိုက်

 

 

34 comments

  • ဦးဦးပါလေရာ

    July 19, 2012 at 10:44 am

    အော…
    ဒါမျိုးလဲဖြစ်တယ်လား…
    ဗိုက်ဗိုက်လက်ရာက ကောင်းလှချည့်လား….
    လေးစားလျှက်
    (ရှေးလူကြီး၊ရှေးအဖိုးကြီး) ဦးပါ

    • စိန်ဗိုက်ဗိုက်

      July 19, 2012 at 10:59 am

      မောင်ရင့်ကို ကနဦး စာဖတ်သူအဖြစ် ကျေးဇူးတင်ကြောင်း ပြောပါရစေကွယ်..
      🙂

      အာဇာနည်များအား လေးစားစွာ အလေးပြု ဂုဏ်ပြုလျက်

  • Solid_Sn@ke

    July 19, 2012 at 10:58 am

    Bravo ဆြာဗိုက် …
    ဂုဏ်ပြုပြီး လေးလေးစားစား ခေါ်လိုက်တာပါဗျာ ..

    ဟုတ်ပါတယ်ဗျို့…
    သွေးစည်းရမယ်.. မူနဲ့ နှလုံး ကို
    နည်းနာယူ ကျင့်ကြံကြရပါမယ်ဗျို့ …

    သတိတရ ဖြစ်နေ လွမ်းနေရုံ .. အလေးပြု ရုံ အမျှဝေရုံ လောက်နဲ့…
    မပြီးဘူးမဟုတ်လား ဗျာ ..

    သူ့ကို တကယ်လေးစားမြတ်နိုးရင် သူမှာတဲ့ စကားတွေ မမေ့ဖို့
    သူ့လမ်းစဉ်အတိုင်း ရိုးသားဖြောင်မတ်ကြိုးစားဖို့ …
    ကျနော်တို့ အများကြီးမှ အများကြီးလိုသေးကြောင်း …

  • Moe Z

    July 19, 2012 at 10:59 am

    ၄စားပါတယ် အူးဗိုက်ခလေး
    တိုက်ရိုက်လွှင့်တဲ့အစီအစဉ်မှာ အမေစုကန်တော့နေတာကြည့်ပြီး ငိုချင်လာတယ်ဗျာ.. 🙁

  • surmi

    July 19, 2012 at 11:03 am

    လုပ်စမ်းပါစိန်ဗိုက်ရယ်
    ဒါမျိုးတွေမခံစားရတာကြာပြီ
    ငယ်ငယ်ကဆို ကြေကွဲမှုနဲ ့အတူ မျိုးချစ်သွေးတွေဆူပွက်လို ့
    ဒီနေ ့ဒီအချိန်မှာလဲ
    ဒီကဗျာကြောင် ့မျိုးချစ်သွေးတွေဆူပွက်ခဲ ့ပြန်ပေါ ့

  • စိန်ဗိုက်ဗိုက်

    July 19, 2012 at 11:09 am

    ကိုဂီ
    ကိုမိုးဂုတ်
    ကိုစာမိ တို ့အား ကျေးဇူးအထူး တင်ပါတယ်ခင်ဗျား..
    လေးစားလျက်..

  • aye.kk

    July 19, 2012 at 11:59 am

    တို ့တွေ ဘ ဝ
    အ နာ ဂတ် လှ လှ….
    ပျောက် ကွယ် လို ့ရုပ် ဆိုး ကျည်း တန် ရ တဲ့ နေ ့…။
    ဒို ့တွေ မေ့ နိုင် ပါ့ မ လား လေ…..
    ဆယ့် ကိုး ဇူ လိုင် ၊ မ မေ့ နိုင် ပါ ဘူး။
    အ ထူး ပြော ချင် ၊ တွင်…..နှ လုံး သား ။
    သွေး များ စီး နေ သ ရွေ ့တော့…..
    က မ္ဘာ ကြေ တောင် ဥ ဒါန်း မ ကျေ နိုင် ဘူး လေ..။။

  • ကိုရင်မောင်

    July 19, 2012 at 12:04 pm

    ခုလိုဆန်းသစ်မှု့ နဲ့ ၁၉ဇူလိုင် ကိုအလေးပြုခဲ့တဲ့
    စိန်ဗိုက်ဗိုက်ကို ဂုဏ်ယူပါတယ်…
    ဗိုလ်ချုပ်ကျေးဇူးကတော့ အံမခန်းပါ…
    အင်မတန်ထက်မြက်တဲ့ ဗိုလ်ချုပ်ရဲ့ချစ်သမီးငယ်
    ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်အတွက်
    လက်ဆောင်ပေးခဲ့တယ်မဟုတ်လား…..

  • မောင်ပေ

    July 19, 2012 at 12:31 pm

    လေးစားသွားဘီ ငါ့လူ ပေါက်ဂျီးရေ
    ဆြာထက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို ့ဆန္ဒရှိခဲ့ပေမယ့်
    အကောင်အထည်မဖော်ဖြစ်ခဲ့ရုံတင်မက
    ဘာတစ်လုံးမှကို မရေးဖြစ်ခဲ့ပါဘူး
    ပေါက်ဂျီးကဗျာကိုဘဲ ဝင်ခံစားရင်း
    ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ ့တစ်ကွ
    သူရဲကောင်းအားလုံးကို
    လေးစားစွာဖြင့် အလေးပြု
    မေတ္တာပို ့ဆုတောင်းမိပါတယ်..။
    sbb ဆိုတာ စိန်ဗိုက်ဗိုက်ပေါ့
    ဒီတစ်ခါ ရန်ကုန်ရောက်ရင် ၂ဂျန်တဲမန်း၄လေဒီရှိုး လုပ်မယ်နော

  • မိုးတိမ်

    July 19, 2012 at 1:05 pm

    ခံစားသွားတယ် ဆြာဗိုက်…
    ငယ်ငယ်ကလို ဥဩဆွဲသံမကြားရတော့ တစ်ခုခုကို ပိုဝမ်းနည်းနေသလိုပါပဲ။

  • myanmarcitizen

    July 19, 2012 at 1:30 pm

    အား … ကောင်းလိုက်တဲ့ကဗျာလေးဗျာ။ ဒီလိုအနုအလှ လေးတွေလဲရမှန်းခုမှသိရတော့တယ်။

  • ကိုရင်စည်သူ

    July 19, 2012 at 2:16 pm

    Hey, Ko Bite. How r u doing?
    Your thinking & creation r really good of this poem.
    Ur be good one of Myanmar!
    Congratulation! Our Hero… 🙂

    Yours,
    Koyin Sithu

  • aye.kk

    July 19, 2012 at 3:10 pm

    အာ ဇာ နည် တွေ ရဲ ့
    အ သွေး….
    အ သား….
    ပေး ဆပ် ခဲ့ တာ…
    ပြည် သူ အား လုံး ကောင်း စား ဘို ့အ တွက် ပါ။
    ယုတ် မာ တဲ့ နေ ဝင်း ဆို တဲ့
    အာ ဏာ ရှင် တစု..
    လူ ထု ကို ပိန်း ပိတ် အ မှောင်…ချ ထား ခဲ့။
    အ မျိုး သား ရေး အ တွက်..
    ပေး ဆပ် သွား တဲ့ အာ ဇာ နည် တွေ အ တွက်..
    လူ ထု ကို အ လင်း ရောင် ဆောင်..
    အောင် ဆန်း ရဲ ့သ္မီး..
    ဘာ မ ထီ ဇာ နည် ငှက် ရယ် က…
    ပြည် သူ အ တွက် ပြန် လာ သည်..။
    အား လုံး ပင် ဝိုင်း ကူ ကြ..
    အ မျိုး သား ရေး အ သိ စိတ် ဓတ် နဲ ့..
    အာ ဏာ ရှင် စ နစ်…..
    လက် သစ် အ မွေ ဆိုး ကို…
    တွန်း လှန် ခါ ဖြို ချ ယင်း…..
    အ ရိုး ကြေ ကြေ အ ရေ ခမ်း ခမ်း….
    တ ဝမ်း တ စိတ် တည်း ညီ…
    ဒီ မို က ရေ စီ ဆို တဲ့ ပန်း ခင်း လမ်း ကို
    ဆယ့် ကိုး ဇူ လိုင် ဆို တဲ့..
    မျက် ရည် မိုး တွေ နဲ ့ ဖြန်း ပက် ကာ ရှင် သန် အောင် ပြု ကြ တော့ လေး။။

  • အရီးခင်လတ်

    July 19, 2012 at 5:32 pm

    “ ကိုယ့်ကိုယ်ကိုမယုံတဲ့သူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။
    ကိုယ့်တိုင်းသူပြည်သားကိုလဲ မယုံဘူး။
    ကျွန်တော့အဖို့ ကျွန်တော့ကို ကျွန်တော်ယုံတယ်။
    ခင်ဗျားတို့ကိုလဲ ယုံကြည်တယ်။
    ဗမာ့လွတ်လပ်ရေးလဲ ယုံကြည်တယ်။
    ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ် မှန်တယ် ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်။

    ဗိုလ်ချုပ်အောင်ဆန်း
    ၁၉၄ရ ခု၊ ဖေဖဝါရီလ ၂၈ရက်၊ မြို့မိမြို့ဖ များမှဂုဏ်ပြုသည့် ဧည့်ခံပွဲ၌ ပြောကြားခဲ့သော မိန့်ခွန်းမှ”

    ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုတော့ ရာဇဝင် က ဆုံးဖြတ် ပေးပြီး ခဲ့ပါပြီ။

    ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း လို ကိုယ့်တိုင်းသူပြည်သားကို ယုံကြည် တတ်တဲ့ ခေါင်းဆောင်စစ် ရဲ့ လက်ထဲကို ကျွန်မတို့ တိုင်းပြည် မရောက်သေး တာ ဝမ်းနည်း စရာ ပါ။

    ဒါထက်
    {Jul 19, 10:37 နာရီမှာ အလိုအလျောက် ပေါ်လာမဲ့ ပို ့စ်ဖြစ်ပါတယ်}
    သူ့ဟာသူ Post တက် သွားတာ တကယ်ကြီး အမှန် လား။ အဟတ်။ 😉

  • snow white

    July 19, 2012 at 6:03 pm

    လွတ်လပ်ရေးရလို့ ခုလိုအေးဆေးစွာနေထိုင်နေရတယ် အဖဗိုလ်ချုပ်မိန့်ခွန်းချွေတဲ့စကားသံလည်းမကြားဖူးဘူး ဒါပေမယ့် ရှေးမီနောက်မီတဲ့ကိုကိုမမတွေက ဗိုလ်ချုပ် မိန့်ခွန်းချွေခဲ့တဲ့စကားလေးတွေကို ပြန်လည်ဝေမျှပေးလို့ကျေးဇူးတင်မိပါတယ်ရှင့် အရီးခင်လတ်ရေတကယ်ကိုကျေးဇူးတင်မိပါတယ် တကယ်ကိုကျေးဇူးတင်မိပါတယ်။။။ လေးလေးဗိုက်လည်းသိပ်တော်တာဘဲနော် ကဗျာလေးနဲ့ကျဆုံးလေးပြီးသောခေါင်းဆောင်ကြီးများကို ကဗျာလေးနဲ့ ဂုဏ်ပြုတာတကယ့် ကောင်းမွန်တဲ့စိတ်ထားလေးပါ ။။

  • အလင်းဆက်

    July 19, 2012 at 6:05 pm

    ဗိုက်ဗိုက်ရေ..
    သိပ်ကောင်းတဲ ့က၊ဗျာပါ…ပဲ.။

    ကျွန်တော်..လည်း.အဲဒီလိုမျိုး..ရေးချင်တယ်..ဒါပေမဲ ့မရေးတတ်တော့….
    ဗိုက်ဗိုက်ရဲ ့ကဗျာထဲကိုပဲ..
    စီးမျော ခံစားသွားပါပြီ..နော်..။

    ကျေးဇူးပါ ။

    ခင်တဲ ့..ဆက်ဆက်

  • မဟာရာဇာ အံစာတုံး

    July 19, 2012 at 7:22 pm

    ကိုပေါက်ဖော်ရေ …
    ကဗျာအတွက် လေးစားပါတယ်လို့ ပြောပါရစေဗျာ …
    ဒီနေ့လို နေ့မျိုးမှာ
    ဒီလို ကဗျာမျိုးကို ဖတ်လိုက်ရတာ အရသာရှိလှပါတယ် ..
    ပြီးတော့လည်း ငါးချောင်းမြောက် လက်မဟာ ကျနော့် လက်မကြီးပါလို့ … 😀

  • pooch

    July 19, 2012 at 7:55 pm

    ဗိုက်ဗိုက် ဘရာဗိုပါ ။

    ဒါနဲ့ အောက်ဆုံးပိုဒ်က ပန်းဝန်ခါနီးလား ပန်းဝင်ခါနီးလား စာလုံးပေါင်းများ လွဲနေသလား သေချာရေးထားတာလားလို့ ?????

  • same kyaw

    July 19, 2012 at 8:56 pm

    ခံစားပြီး အားပေးသွားပါတယ်။

  • Gipsy

    July 19, 2012 at 8:58 pm

    ” ဗိုလ်ချုပ်ဦးအောင်ဆန်း ”

    အရုဏ်ဦးက ကြယ်နီဖြာ
    ဗိုလ်ချုပ်အောင်ဆန်းပါ
    တို့ဗမာပြည် အမှောင်ခွင်း
    သူခေါင်းဆောင်လို့လင်း

    စိတ်ရင်းမှန်လို့ သစ္စာတည်
    ဗိုလ်ချုပ်အာဇာနည်
    တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
    သူဂုဏ်ဘယ်မညှိုး

    ရိုးသားဖြောင့်မတ်သူမူရာ
    ငယ်ငယ်ထဲကပါ
    ဗမာပြည်သူ့ အချစ်ပန်း
    ဗိုလ်ချုပ်ဦးအောင်ဆန်း

    ဆရာတင်မိုး

  • ဇောက် ထိုး

    July 20, 2012 at 7:44 am

    အောင်ဆန်းဇာနည့် မူနှင့် နှလုံး
    ဆုံးရှုံးခဲ့သမျှ စိတ်ဝယ်မှန်းဆ
    နည်းနာစံယူ ကျင့်ကြံယူမှ
    ကျေးဇူးဆပ်ရာ ကျပေတဲ့
    မမေ့အပ်တဲ့ နေ ့တစ်ရက်ပေါ့…..။

    ကောင်းလိုက်တဲ့စာသား….
    ဦးညွှတ်ရုံ…. ပန်းခွေချရုံ…. အလေးပြုရုံ…. အမျှဝေရုံ….ပြုလုပ်ကြမှာလား….
    သူ့စိတ်ဓာတ်…သူ့စည်းကမ်း… သူ့လမ်းစဉ်….သူ့နှလုံး…. သူ့အနစ်နာခံမှု….သူ့…သူ့…သူ့….သူ့……. သူ့လိုဖြစ်အောင် ကျိုးစားကြရမှာ မဟုတ်လား….

    ဒီစာကိုဖတ်ပြီးတော့ လက်ထဲက အရက်ပုလင်း…. ယိမ်းထိုးနေတဲ့ ချေထောက် ဖြတ်တောက်သာပစ်လိုက်ချင်ရဲ့…….

  • maung khinmin

    July 20, 2012 at 10:13 am

    စိန်ဗိုက်၂ ရေ…….

    ခုလိုကဗျာလေးနဲ ့အမှတ်တရ ဂုဏ်ပြုပေးတဲ့အတွက်….

    ကျေးဇူးအထူးတင်ပါတယ်ဗျာ

  • ဘဲဥ

    July 20, 2012 at 10:38 am

    ဇဂါးမစပ် …………..
    ဘိုက်ဘိုက်ရေ့ ကသန်းရွှေကြီးအကြောင်းလည်း ကဗျာစပ်ပေးပါ့လား :mrgreen:

  • ကြည်ဆောင်း

    July 20, 2012 at 4:20 pm

    အရင်တုန်းက ဇူလိုင်(19) ရောက်ရင် ဗိုလ်ချုပ်မိန့်ခွန်းကို ရေဒီယိုက အမြဲလွှင့်ပေးတာနားထောင်ဖူးတယ်
    ငယ်တော့ သိပ်မမှတ်မိခဲ့ဘူး …
    အခုလဲပြန်လွှင့်ပေးရင်ကောင်းမယ် ရေဒီယိုကတော့ မဟုတ်ဘူးပေါ့ …
    ကိုယ်တိုင်လဲ နားထောင်ချင်တယ် ၊ နားမထောင်ဖူးသေးတဲ့သူတွေကိုလဲ နားထောင်စေချင်တယ် ၊
    ကဗျာရော ..
    ဗိုလ်ချုပ်ပုံကိုရော …သဘောကျမိတယ်

  • မဟာရာဇာ အံစာတုံး

    July 21, 2012 at 8:35 pm

    ဟေ့ .. ငစိန်ဗိုက်
    ဘယ်ချောင်ကို နှိုက်နေတုံး
    ရွာထဲလည်း လာဦး ..
    ဒါပဲနော် ..
    မလာရင် အသေသတ်ပစ်မှာ ..
    ဒါဗြဲ … 😀

  • Swal Taw Ywet

    July 21, 2012 at 10:11 pm

    Dear Brother, Sein Bite Bite????????????????,
    Bravo and one big thumb UP.
    I do admire you for your creativity.
    Let’s try our best for our mother Land.
    With respect,
    Swal Taw Ywet.

  • ma ma01306

    July 22, 2012 at 3:07 pm

    ♦ မြေဆွပေါင်းပျိုး ပန်မျိုးမျိုး
    ပိုးမထိုးအောင် သူပျိုးခဲ့သမျှ
    လှပဝေဆာ ဖူးပွင့်ခွင့်လဲကြုံကော
    ဗြုံးဆို မုန်တိုင်းနှောက်လို ့
    ပန်းပျိုးသူ ပျောက်ခဲ့တဲ့ နေ ့ပေါ့…..။

    ♦ ပန်းဝင်ခါနီးမှ ခြေထိုးခံလိုက်ရသလို
    ကြိုးစားရုန်းကန် ပြေးလွှားခဲ့သမျှ
    ငမိုက်သားတို ့ရဲ့ တဒင်္ဂ စဉ်းလဲမှုအောက်မှာ
    လဲပြိုသွားခဲ့ရတဲ့ ဗိုလ်အောင်ဆန်းနဲ ့ ဇာနည်တစ်တွေရဲ့
    တုနှိုင်းမမီတဲ့ ကိုယ်ကျိုးမစွက်ပေးဆပ်ခြင်းတွေ
    သက်သေတည်နေတဲ့ နေ ့ပေါ့….။

    ရေးသားမှုလေးစား၏

  • စိန်ဗိုက်ဗိုက်

    July 22, 2012 at 3:21 pm

    ကျနော့်ရဲ့ ဇူလိုင်ဆယ့်ကိုး အား လာရောက် အားပေးကြပါကုန်သော-
    ဦးလေး ပါလေရာ
    အကို ဆောလစ်စနိတ်
    ကိုမိုးဇက်
    ကိုဆာမိ
    အန်တီအေးကေကေ
    ကိုရင်ပြောင်
    အဘပေ
    ကိုမိုးတိမ်
    ကို မြန်မာစီတီဇန်
    ဦးဘဇင်း စည်သူ
    အန်တီအေးကေကေ..(ကျနော့်ကို စပ်ပေးတဲ့ ကဗျာလေး ကောင်းတယ်ဗျာ)
    အရီးခင်လတ်
    စနိုးဝှိုက်
    ကိုသန်းထွဋ်ဦး
    ကိုအလင်းဆက်
    ကိုမဟာ ရာဇာ အံဇာ တုံး
    ဒေါ်ပူးချ် ( သတ်ပုံပြင်ပီးပါကြောင်း)
    ကို အစိမ်းကြော်
    ကိုဂျစ်ပစီ
    အူးဘဇင်းဇောက်ထိုး
    ကိုမောင်ခင်မင်း
    ဘဲဥမ
    ကိုကြည်ဆောင်း
    အကိုစွယ်တော်ရွက် (သင်တန်းလေး အဆင်ပြေပါစေခင်ဗျာ ) နှင့်
    မမ 01306 (01306 ဆိုတာ အပြီးပေါက်လားမသိဘူး) တို ့အား အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျား.။

    ဆိုက်ကား အော်ဒါကျနေသဖြင့် စာမရေးဖြစ်၊ ရွာထဲ မရောက်ဖြစ်တာ နားလည်ခွင့်လွတ်ပေးကြပါကုန် ။

    • Moe Z

      July 22, 2012 at 3:32 pm

      ဟေ့လူ .. ဆိုက်ကားအားလားဗျ ကန်ဘောင်ကိုသွားချင်လို့ 😀

      • စိန်ဗိုက်ဗိုက်

        July 22, 2012 at 3:39 pm

        ဆိုက်ကားနဲ ့ ပြည်လမ်းကို တက်ရဲဘူး
        စည်ပင်ကို ကျောက်ကျောက်
        🙂

  • Victory

    July 22, 2012 at 4:22 pm

    အာဇာနည်တယောက်

    ပြတ်တောက်ဝိဉာဉ်

    သက်မရှင်လည်း

    သူ့နှလုံးသား

    သူ့ကိုယ်ပွါးက

    ဇာနည်မှမွေး

    ဘာမထီသွေးနဲ့

    နိုင်ငံ့အရေး

    တို့အရေးတွက်

    အသက် ဘဝ

    တချက် အမှုမထား

    သူ့အားရှိသရွေ့ပေးဆပ်

    ဇာနည်သမီးမြတ်

    မတ်မတ်ရပ်ပေး

    ဪ ..အဖေ့သွေး ပေမို့။

    ~~~~~~~^^^~~~~~~~~
    ဂေဇက်မှာ မှတ်တမ်းလေးရှိနေအောင်ရယ်……

    ကိုစိန်ဗိုက်လေးအတွက်ရယ်…..

    ရည်ရွယ်ပြီး ဦးစော အကြောင်းစာတပုဒ်တင်ထားပါတယ်။

    ဖတ်ရှုကြည့်ပါလို့။
    (http://myanmargazette.net/138860/arts-humanities)

    • စိန်ဗိုက်ဗိုက်

      July 22, 2012 at 6:48 pm

      ကဗျာလေးနဲ ့ ကွန်းမန် ့ချီးမြင့်ပေးတာ ကျေးဇူးပါ ကိုဗစ်ထရီခင်ဗျား..
      အကို ့ကဗျာလေးနဲ ့ စုစည်းတင်ပြထားတဲ့လင့်ခ် တို ့ဟာ မှတ်တမ်းကျန်ခဲ့ပါပြီခင်ဗျား…

  • ကြောင်ဝတုတ်

    July 22, 2012 at 7:03 pm

    အမှတ်တရပြောပါရစေ…

    အာဇာနည်နေ့ကို မမေ့သင့်သလို… အာဇာနည်တွေဖောက်တဲ့လမ်းနဲ့ အာဇာနည်တွေရဲ့ရည်မှန်းချက်ကိုလဲ မမေ့စေချင်ပါဘူးဗျာ…

    ရင်နှင့်ရေးသည်…
    ကြောင်ဝတုတ်

Leave a Reply