ဖေဖော်ဝါရီ ၁၃မှာ.. ဗိုလ်ချုပ်မွေးနေ့ပါ…အစချီပြီး…
မျက်ရည်သွန်လို့ ဘ၀င်ငြိုး..ဂျူလိုင် တစ်ဆယ့်ကိုး….တဲ့….

ဒီကဗျာလေးကို စထိတွေ့ခဲ့တဲ့ ကလေးအရွယ်ကတည်းက ဗိုလ်ချူပ်ကို လေးစားအားကျခဲ့ရပြီး ငယ်သေးတော့နားမလည်နိုင် မသိခဲ့နိုင်တာက ဘယ်သူတွေက သတ်သွားရက်တာလဲ၊ ဘာတွေများလိုချင်လို့လဲ ဆိုတဲ့အတွေးနဲ့ ဂျူလိုင် ၁၉ ဥသြသံတွေကြားတိုင်း ခေါင်းကိုငုံ့ ငြိမ်သက်စွာနဲ့ အလေးပြုရင် မျက်ရည်ဝဲခဲ့၇ဖူးပါတယ်..။ နောက်ဂဠုန်ဦးစော နဲ့ အပေါင်းအပါတွေ အားဏာရူးတွေသတ်တာသိလာ၇တော့ ကလေးစိတ်နဲ့ ရွံလွန်းလို့ ၇ပ်ကွက်ထဲက အဖေ့ သူငယ်ချင်း ဦးစောကိုတောင် ခပ်ငယ်ငယ်က စကားကိုမပြာတာ။ ဗိုလ်ချူပ်နဲ့ပတ်သက်တာတွေ လက်လှမ်းမှီသလောက်လေ့လာကြည့်တော့ ဒီလူ ဦးစောအကြောင်းလဲ ပါလာပြန်ရော..။ သူ့မှာတော်တဲ့ အချို့အချက်တွေရှိပြီး လူတော်တစ်ယောက် လို့ယေဘူယျပြောလို့ရပေမယ့် လူကောင်းတစ်ယောက်မဖြစ်ခဲ့တာတော့ သေချာတယ်..။သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေက ဟိုးအရင်ကဖတ်ခဲ့တာဆိုတော့ တော်တော်တော့မေ့နေပါပြီ။ ဖြစ်နိုင်ရင်ရှေမှီနောက်မှီများနဲ့ သိတဲ့သူများပြောပြစေချင်ပါတယ်.။ သူ့ရဲ့ ယုတ်မာအောက်တန်းကျတဲ့ လုပ်ရပ်ကို လုပ်ရခြင်းရဲ့ တွန်းအား၊ ရည်ရွယ်ချက်ကဘာလဲဆိုတာပေါ့။ သေချာတာကတော့ ကျနော်တို့ တစ်တိုင်းပြည်လုံးက မုန်းတယ်..ရွံ၇ှာစရာတစ်ခုလိုမျိုးကို မုန်းကြတယ်..။ တစ်တိုင်းပြည်လုံးကို စစ်ကျွန်ဖြစ်အောင်၊ ခုလိုအခြေအနေမျိုးတွေ ကျနော်တို့ နိုင်ငံနိမ့်ကျသွားခဲ့ရတဲ့ လက်သည်တရားခံဟာသူပဲလို့ ကျနော်မြင်မိတယ်။ ခုလက်ရှိတိုင်ပြည်အခြေအနေ ဒီလိုဖြစ်နေရတာဟာ သူတိုက်ရိုက် လုပ်တာမဟုတ်ခဲ့ဘူး လို့ ငြင်းခဲ့ရင်တာင် ဒီလိုဖြစ်ဖို့ သူလုပ်ရပ်ဆီက မြစ်ဖျားခံလာတယ်ဆိုတာ အသေအချာပဲ။ တကယ်လို့များ ဗိုလ်ချူပ်သာ ဒီလိုမဖြစ်ပဲ သက်တမ်းစေ့ နိုင်ငံတာဝန်ကို ထမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်ဗျာ..။ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ကျနော်တို့ ခံစားနေရပါပြီ…တကယ်လို့များ……တကယ်လို့များ

PS: အာဇာနည်နေ့မှာ ဗိုလ်ချူပ်တို့ပုံတွေ မတင်ပဲနဲ့ ဂဠုန်ဦးစော ပုံတင်လို့ တစ်မျိုးတော့ မထင်နဲ့။ သူ့ပုံကိုတစိမ့်စိမ့်ကြည့်ုပြိးတော့ကို….
အဟက် အဟက်..အာဇာနည်နေ့မှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကို….ခုတောင် ဒါ့ပုံကို …ပရင့်ထုတ်ပြီးတော့ကို …….:)

About ရာဇ၀င်လူဆိုး

yar za win lu soe has written 16 post in this Website..

ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အသဲနုတယ်၊ လက်သီးပြင်းတယ်၊ အပျင်းပြေ လူသတ်တယ်….