သို့ /
ဂေဇက် ရွာသူ၊ သားအပေါင်း

ရက်စွဲ၊ လစွဲ၊ နှစ်စွဲ၊ အကုန်စွဲ .. ဗျဲ .. ။    ။ ၁၈-၇-၂၀၁၂ ။
အကြောင်းအရာ ။    ။ ပန်ကြားခြင်း …။

ဂေဇက်ဟူသော ရွာကြီးအတွင်းမှ ကျွန်ုပ်၏ ချစ်လှစွာသော ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ကိုကို မမ ချောချော လှလှတို့ ခင်ဗျား …..
ကျွန်ုပ်သည် ဝါသနာအရ တိုးလို့တန်းလန်း စာများ ရေးသားတတ်သည်ကို အများသိကြပြီး ဖြစ်ပါ၏ .. :D
သို့ရာတွင် ကျွန်ုပ်သည် ဒီတစ်ခါ ဆုံးအောင် ရေးမယ်ကွာ ဆိုသည့် စိတ်ဖြင့် “ရတနာသိုက် ရှာပုံတော်” ဟူသော ဝတ္ထုကြီးအား ရေးသားရန် စိတ်ယားလျက် ရှိပါ၏ ..
ကျွန်ုပ် ပန်ကြားလိုသည့် အကြောင်းအရာမှာကား ယင်းဝတ္ထုအတွင်း ထည့်သွင်းရေးသားမည့် ဇာတ်ကောင်များ၏ အမည်များကို ကျွန်ုပ်၏ ချစ်လှစွာသော ရွာသူ၊ သား အပေါင်းတို့၏ နစ်ခ်နိမ်းများအား အသုံးပြုသွားရန် စဉ်းစားမိပါ၏ …
ယင်းသို့ စဉ်းစားမိသော်လည်း ကာယကံရှင်တို့၏ ခွင့်ပြုချက်ပါမှသာ လွတ်လွတ်လပ်လပ် ရေးသားနိုင်မည်ဟု ထင်မိသည့်အလျောက် ယခုပို့စ်ဖြင့် ခွင့်တောင်းခြင်း ဖြစ်ပါကြောင်း …
အကယ်၍ မိမိတို့၏ အမည်နာမများအား သုံးခွင့်မပြုစေချင်ပါက ပြောကြားနိုင်ပါကြောင်း …
သုံးပြီးမှ ဘာညာကွိကွလုပ်ရင်တော့ တတ်နိုင်ဘူး .. :D
ဒါကြောင့် ခုကတည်းက ကြိုတင်ပြောကြား ခွင့်တောင်းထားခြင်းပင် ဖြစ်ပါကြောင်း ….

ဤတွင် ပြောချင်ရာ ပြောလို့ ပြီးသွားပါ၏ …
အရပ်ရှစ်မျက်နှာ၌ နေထိုင်ကြပါကုန်သော ရွာသူ၊ သားအပေါင်းတို့ ဝမ်းသာ လန်းဖြာ ကျန်းမာ ချမ်းသာ နိုင်ကြပါစေသောဝ် …..

ခင်မင်၊ လေးစားစွာဖြင့်
မဟာရာဇာ အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။