ရွာသူားအပေါင်းအား ပန်ကြားခြင်း

သို့ /
ဂေဇက် ရွာသူ၊ သားအပေါင်း

ရက်စွဲ၊ လစွဲ၊ နှစ်စွဲ၊ အကုန်စွဲ .. ဗျဲ .. ။    ။ ၁၈-၇-၂၀၁၂ ။
အကြောင်းအရာ ။    ။ ပန်ကြားခြင်း …။

ဂေဇက်ဟူသော ရွာကြီးအတွင်းမှ ကျွန်ုပ်၏ ချစ်လှစွာသော ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ကိုကို မမ ချောချော လှလှတို့ ခင်ဗျား …..
ကျွန်ုပ်သည် ဝါသနာအရ တိုးလို့တန်းလန်း စာများ ရေးသားတတ်သည်ကို အများသိကြပြီး ဖြစ်ပါ၏ .. 😀
သို့ရာတွင် ကျွန်ုပ်သည် ဒီတစ်ခါ ဆုံးအောင် ရေးမယ်ကွာ ဆိုသည့် စိတ်ဖြင့် “ရတနာသိုက် ရှာပုံတော်” ဟူသော ဝတ္ထုကြီးအား ရေးသားရန် စိတ်ယားလျက် ရှိပါ၏ ..
ကျွန်ုပ် ပန်ကြားလိုသည့် အကြောင်းအရာမှာကား ယင်းဝတ္ထုအတွင်း ထည့်သွင်းရေးသားမည့် ဇာတ်ကောင်များ၏ အမည်များကို ကျွန်ုပ်၏ ချစ်လှစွာသော ရွာသူ၊ သား အပေါင်းတို့၏ နစ်ခ်နိမ်းများအား အသုံးပြုသွားရန် စဉ်းစားမိပါ၏ …
ယင်းသို့ စဉ်းစားမိသော်လည်း ကာယကံရှင်တို့၏ ခွင့်ပြုချက်ပါမှသာ လွတ်လွတ်လပ်လပ် ရေးသားနိုင်မည်ဟု ထင်မိသည့်အလျောက် ယခုပို့စ်ဖြင့် ခွင့်တောင်းခြင်း ဖြစ်ပါကြောင်း …
အကယ်၍ မိမိတို့၏ အမည်နာမများအား သုံးခွင့်မပြုစေချင်ပါက ပြောကြားနိုင်ပါကြောင်း …
သုံးပြီးမှ ဘာညာကွိကွလုပ်ရင်တော့ တတ်နိုင်ဘူး .. 😀
ဒါကြောင့် ခုကတည်းက ကြိုတင်ပြောကြား ခွင့်တောင်းထားခြင်းပင် ဖြစ်ပါကြောင်း ….

ဤတွင် ပြောချင်ရာ ပြောလို့ ပြီးသွားပါ၏ …
အရပ်ရှစ်မျက်နှာ၌ နေထိုင်ကြပါကုန်သော ရွာသူ၊ သားအပေါင်းတို့ ဝမ်းသာ လန်းဖြာ ကျန်းမာ ချမ်းသာ နိုင်ကြပါစေသောဝ် …..

ခင်မင်၊ လေးစားစွာဖြင့်
မဟာရာဇာ အံစာတုံး

57 comments

  • Shwe Ei

    July 20, 2012 at 5:31 pm

    သများဆီကခွင့်ပြုချက်ရောလိုလားဟင်၊ လိုတယ်ဆို ခွင့်ပြုချက်ကို ပါဆယ်ထုပ်ပြီး အီးမေးနဲ့ပို့လိုက်မယ်နော် 😛

  • ကြောင်ကြီး

    July 30, 2012 at 9:12 am

    ရတနာသိုက်
    လှန်ကာနှိုက်
    ကြံတာငဗိုက်
    ညဏ်ထွာမိုက်၊
    ကန်ပါအရှိုက်
    တန်ရာဆိုက်
    နန္ဒာမကြိုက်
    မှန်စာတိုက်..။

  • သူကလေး

    April 30, 2013 at 12:33 pm

    မင်းသမီးဖြစ်ရမယ်ဆို ပေးသုံးမယ်လေ .. ခိခိ

  • Myo Thant

    April 30, 2013 at 1:02 pm

    သားသားကို ပင်လယ်ဓါးမြ နေရာမထားရင်ပြီးရော

    😛

  • kai

    April 30, 2013 at 2:31 pm

    Jul 18, 2013 ရောက်မှ.. ပြောကြပါလားကွယ်..
    တနှစ်ပြည့်အမှတ်တရပေါ့.. :harr:

  • အမငီးး
    ဒီလူဒွေ တစ်ရေးနိုး ထလာပေါနေဂျဒယ် …
    ရတနာသိုက် က ရေးပီးဒါ ကြာလှပေါ့ …

    နို့ … နေအုံးဂျ …
    ခုလို ဆိုဒေါ့ .. နောက်တစ်ပုဒ်လောက် ရေးရအောင် ကြံလိုက်ဦးမယ် …
    ကြံပီးရင် ထပ်ပြီး ပန်ကြားမယ် .. ဟီးဟီး … :mrgreen:

  • အလင်းဆက်

    May 1, 2013 at 9:19 pm

    ကျနော့် နာမည်ကို သုံး..လိုက သုံးနိုင်ပါကြောင်းးး
    သို့သော်… ချစ်သုဝေ..တိ်ု ့လို.မင်းသမီးချောလေးများနှင့်… တွဲဖက် ညီသော.မင်းသားချောလေး..အလင်းဆက် အဖြစ်…သုံးပါက… ပို၍ ဝမ်းသာကျေနပ်ပါကြောင်းးး
    🙂
    🙂

  • နေဝန်းနီ

    May 1, 2013 at 9:51 pm

    အော်…… နောက်ကျ ကွန့်မန့်ဒွေနဲ့ အံဆာ တို့ စန်းပွင့်နေဒါ မနာလိုစရာကောင်းနေပါပေါ့လား

Leave a Reply