Guerrilla marketing

ပြောက်ကျား မားကတ္တင်း …

ဒါက နောက်ပိုင်းတော့ နည်းနည်း Street Marketing နဲ့ နွယ်လာပါတယ်…

ထားပါတော့ ..လိုရင်းပြောရရင် …Marketing Strategy တခုပါ…

ဘာကို ပေါ်လစီ ချမှတ်တဲ့ Strategy လဲ လို့မေးရင် Advertising ကိုပါ..

ဆိုတော့ … Guerrilla Advertising လို့လည်း ခေါ်ကြပါတယ်…

Guerrilla Advertising ဆိုရင် အနှီ ဖြစ်စဉ် ကိုပဲ ရည်ညွှန်းတာဖြစ်ပြီး

Guerrilla Marketing လို့ ဆိုလိုက်ရင်တော့ ..အဲ့သည့် Guerrilla Advertising

နောက်ကွယ်က Policy ပိုင်း Strategy ပိုင်း ပါ ပါဝင်နေမှာ ဖြစ်ပါတယ်..

သေချာတာတခုကတော့ Guerrilla Advertising ဟာ သင်ပေးလို့ရတဲ့

အရာ တခု မဟုတ်တာပါပဲ …ကိုယ်တိုင် ရှာဖွေ စူးစမ်း ဖော်ထုတ်ရမယ့်အရာပါ….

(အဲ့ဒါလည်း လိုက် မိထူး လို့ကတော့ .. နိုင်ငံတကာမှာ ဆိုရင်တော့

တရားစွဲ ခံရမယ် အနည်းဆုံး အဆဲ ခံရမယ် ဆိုပါတယ်..)

Guerrilla လုပ်ဖို့အတွက် Marketing & Advertising တာဝန်ရှိသူတွေ အတွက်ကတော့

ဘယ်မှာ ဘယ်လို လုပ်မယ် ဆိုတဲ့ medium နဲ့ ဘယ်သူ့ကို ဆိုတဲ့ audience ကို

ရွေးချယ်ဖို့ ပဲဖြစ်ပါတယ်…

နာမယ်ကျော် ပြောက်ကျား စစ်ဆင်ရေး ပုံတချို့ တင်ရင်းနဲ့ ..အလွယ် ရေးချ သွားကြည့်ပါ့မယ်ဗျား…

 

Kunfu Panda

 

တကယ်တော့ ရိုးရိုး ဆိုင်းပုဒ် ကို နည်းနည်း တီထွင် ဆန်းသစ်ထားတဲ့သဘောပါပဲ. …

အဲ ..ကြမ်းပြင်ပေါ် ကျဲချထားတာတွေက မှန်စ အစစ်တွေမဟုတ်ဘဲ မှုတ်ဆေး၁မျိုးမျိုး ဒါမှမဟုတ်..

ပေါ်လီမာ တခုခု လို့ ယူဆ ရပါတယ်.. (နို့မို့ စည်ပင်နဲ့ ညိမှာမို့လို့ပါ)

:D

 

2012

 

အကြီးအကျယ် ဂယက်ရိုက်ခဲ့တဲ့ ၂၀၁၂ ရုပ်ရှင်ကား ပိုစတာ ဖြစ်ပါတယ်..

ပိုစတာ ဆိုတာ နံရံတွေ ဘောင်တွေ ကို မကျော်ရဘူး လို့ ဘယ်သူပြောသလဲ .??????

ရုပ်ရှင် ကားမှာ ပါမယ့် တကယ့် ရသ  တုန်လှုပ်ခြောက်ခြားမှုကို အခုလို မြေအောက်လျောက်လမ်းမှာ ..အပီအပြင် ဖော်ကျူးနိုင်ခဲ့တာပါ…

 

Radio

 

ရော့ခ် ဂီတ ကို စိတ်ပါဝင်စားသူ ယောက်ျားလေးတိုင်း မှန်ရှေ့မှာ ဂစ်တာတီးဟန် မြူးတူးခုန်ပေါက်ဖူးမှာပါ …အဲ့ဒါကို Air Guitar လို့ခေါ်ပါတယ်..

ဂစ်တာ စတန်းဒ် အလွတ် တခု ချထားပေးပြီး .. (ေ၇ှ့လူတွေ ယူသွားလို့ပဲ ကုန်သွားသယောင်ယောင်နဲ့) Pick ပေါ်မှာ သူကြော်ငြာချင်တဲ့ သူ့ FM လိုင်းနာမည်ကို

ရေးထားတာပါ ….

You Rocked !!!!!

 

Mc Jobs!!

 

နာမည်ကျော် မက်ဒေါ်နယ် လည်း ဒါမျိုး လုပ်သပေါ့ဗျာ …

တချိန်က … Guerrilla Marketing ဆိုရင် … followers တွေ market leader ကို တချီကောင်း ဆော်တယ် ဆိုတဲ့

အယူအဆဟောင်းကနေ ဖောက်ထွက်လာခဲ့ကြတယ် ဆိုပါတော့ …

effective way ဖြစ်လို့ … market leaders တွေတောင် လုပ်နေကြတာ…ဆယ်စုနှစ်၁ခု ရှိပြီ ထင်ပါရဲ့…

 

 

Nivea

 

အဖု အပိန့် ကင်းစင်ကြောင်း … ကို မျက်နှာမဟုတ်သော အခြား မီဒီယံတခုမှာ

အခုလို ကျကျနန ဖော်ညွှန်းပါသတဲ့ …

 

 

its a choco time

 

မြင်တတ် ပလေခြင်း လို့.. အံ့သြယူရတဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်…

ဘောင်တွေကို ဖောက်ထွက်တဲ့ နေရာမှာ ..အနှီဆြာတွေ တဖက်ကမ်း ခတ် တယ် ပြောရမယ်..

အနုပညာ နယ်ပယ်တွေဟာ တခုနဲ့တခု ထိစပ်ရုံသာမက intersect ဖြစ်နေတာမို့ ….

pure art ကနေ applied art ဘက်ကို ကူးပြောင်းနိုင်တယ် ဆိုရင်  Two Thumbs Up !!! ပါဗျို့…

 

 

 

a Local Fitness Center

 

အံဝင်ခွင်ကျမှုအတွက်  .. လက်ခုပ်လက်ဝါး အားမပေးဘဲကို မနေနိုင်တဲ့

အိုင်ဒီယာ ဖြစ်ပါတယ်ဗျာ … ကဲ …အဲ့သည့်ဒေသက  ကိုယ်လက်လှုပ်ရှား အားကစား လုပ်လိုသူ

ဘယ်သူ က အနှီ နေရာကို ငြင်းပယ် နိုင်မလဲ ပြော ….

 

 

Red Hot!!

 

အိမ်သာထဲက လက်အခြောက်ခံစက် ဟာ ..ကြော်ငြာ မီဒီယံကောင်းတခု ဖြစ်ကောင်းဖြစ်မယ်ဆိုတာ …

မငြင်းနိုင်ဘူး မဟုတ်လားဗျာ… ပြောပါတယ် ..သည်ဆြာတွေ က ကမ္ဘာတန်း အကြံအစည် ကောင်းသူတွေပါဆို..

 

edge …

 

လှလှပပ ၀တ်စားထားတဲ့ … ကြည့်ပျော်ရှုပျော်ရှိ ..ကောင်ကလေး ကောင်မလေးတွေ … ထုတ်ကုန် ပစ္စည်းဘေးမှာ …

ဒါမှမဟုတ် ထုတ်ကုန်ကို သုံးစွဲနေရင်း …ပျော်နေ ..တက်ကြွနေ ..ရွှင်လမ်းဝမ်းမြောက်နေတဲ့ အင်းမေ့ခ်ျမျိုးနဲ့

ကြော်ငြာဖို့ …စိတ်ကူးတဲ့ အက်ဒ္ဒဘာတိုင်းဇင်း ပရို တယောက်ယောက် ရှိနေရင် ပြောပါရစေ…

ခင်ဗျား ရှေးခေတ် မှာ ကျန်ခဲ့ပြီ လို့ ….

 

အိုဘယ့် ဂရပ်ဖတီ

 

ကန်ပနီတွေမှ ဒါမျိုး သုံးသလား လုပ်သလား မေးကြမယ့် ပိတ်သတ်အတွက်အဖြေပါ..

ဒါကတော့  လိုကယ် စည်ပင် (ဖြစ်ပုံရပါတယ်..) ရဲ့ …ပြောင်မြောက်တဲ့ စဉ်းစားတွေးခေါ်မှုပါ …

ဂရပ်ဖတီ ဆြာတွေ နည်းနည်းတော့ rules & regulation ကို ခံစား သဘောပေါက်မယ် ထင်ပါတယ်…

(ပညာသားပါလွန်းတဲ့ ပညာပေး အစီအစဉ် ဆိုတာ ပညာအပေးခံရသူကိုယ်တိုင်ကို ကျေကျေနပ်နပ်ကြီး …

ဒူးထောက်ရတတ်ကြောင်း …. အိုဘယ့် အ၀ဲယားနက်စ်ဗျာ…)

 

မရိုးဆန်း..

 

သည်နာမည်လေး လှတယ် ထင်ရဲ့ …

ဟုတ်ကဲ့ …အနည်းဆုံးတော့ သည်လို bus stop ကြုံတဲ့အခါ ကျနော်တို့ …မိတ်ဆွေ ဘော်ဒါအပေါင်းအသင်းတွေ ကို အကူညီတောင်းပြီး

ဒါ့ပုံရိုက်ခိုင်းဖြစ်မှာပါ …ပီးရင် ရှဲဖြစ်မှာပါ …ဆိုရှယ်မီဒီယာတွေကတဆင့် ….

နည်းနည်း buzz ဘက် အရသာကဲပေမယ့် …. အလွန်ပြောင်မြောက်ကြောင်း ဦးညွှတ်မိပါရဲ့ဗျို့ ….

 

 

chessmate !

 

နောက်ဘက်က ဆိုင်းဘုတ် ကို audi ကထောင်ပါသတဲ့ … သူ့ပြိုင်ဘက် BMW ကို ရိပြီး …

ကဲ မင်းအလှည့် …ဘယ်လိုလဲ ဟေ့ရောင် ဆိုတဲ့ မက်ဆေ့ခ်ျနဲ့ပေါ့ ….

အဲ့ဒါ …နောက်တနေ့ ညဘက်မှာ BMW က အနီးအနား (LA) ဆင်ခြေဖုံးက ဆိုင်းပုဒ်တခုဝယ်ပြီး …သူ့ နောက်ဆုံး ထုတ်တဲ့ ကားကို အခုလို အစွံ ထုတ်ပါတော့တယ်…

မင်းအလှည့် ဆိုတဲ့ စကား ကို နင်းလို့ …. (အလှယ့် ဆိုတာကို စစ်တုရင် အယူအရ ယူပြီး)

Chessmate တဲ့ ..တကွက်တည်းနဲ့ ပွဲသိမ်း ..ဆော်သွားဖူးတဲ့ သမိုင်းဝင် ဖြစ်ရပ်ပါ ….။

 

ကျနော့် မှာ စိတ်ထဲ စွဲနေတဲ့ Guerrilla Ad တခုရှိပါတယ်… လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဘာမှန်းမသိသေးဘဲနှစ်သက်ခဲ့ဖူးတာပါ …

အ၀ါ နဲ့ အညိုတိုက်ပွဲ လို့ ပြောရမယ်ထင်ပါတယ်…ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး (အိမ်ပြောင်းလိုဟာမျိုးကအစ) မှာ တသက်လုံး

အမေဒစ်ကင်န်မှာ တောက်လျောက် လုပ်စားလာခဲ့တာ FedEx ပါတဲ့ … (သူက အညိုရောင်)

ဂျာမန် စွန့်ဦးတီထွင်တွေ ဖြစ်တဲ့ DHL (အ၀ါရောင်)..အနှီဈေးကွက်ကိုဝင်တော့ .. ခုလို ၀င်ပါသတဲ့လေ..

 

yellow is new brown

 

Nothing lasts Forever တဲ့ ..မှန်လိုက်လေခြင်း … (တရားသဘောအရရော…)

အဲ …အ၀ါဆိုတာ အညိုသစ် ဆိုတဲ့အချက်ကရော ..လိုရင်းကို ထိပါဘိတောင်း …

 

အချုပ်ပြောရရင် ဒါတွေဟာ …

တကယ့် … skill area တွေပါဗျာ …

လိုက်လုပ်ဖို့ မပြောနဲ့ …ကြုံရင်တောင် မေးရိုး ကြမ်းပြင်ရိုက်ရလောက်တဲ့

အိုင်ဒီယာတွေပါ ….

အင်း ..လိုကယ်မှာ မရှိဘူး မရှိသေးဘူး မတူဘူး မဖြစ်နိုင်ဘူး …

ငြင်းနေ ပြောနေသူတွေ … မလိုဘူး တို့ …မရှိလည်း ရတာပဲ တို့ …တို့တသက်လုံး သည်လိုပဲ လုပ်လာတာပဲတို့

ဆိုတဲ့ ကွန်ဇာဗေးတစ်ဗ်တွေ …ပိုပီး အံ့သြရလိမ့်မယ် ယူဆမိပါတယ်…

သည်ပုံထဲက တချို့ဟာတွေကို စိတ်မကောင်းကြီးစွာ ..ဟာသ ကဏ္ဍ တို့ ..

ဘာတို့က ဆွဲချလာခဲ့တာမို့ …စိတ်ထိခိယက်လို့ ပြောရတာပါ …

အော် ..ပြုံးရုံ ရီယုံလောက်က ဆက်မတွေး မဆင်ခြင်နိုင်ရှာကြဘူးရယ်ကိုး …….

ရင်ထဲမကောင်း…..

 

 

 

မားကတ္တင်းဟာ ..science + art form ဖြစ်ပါတယ်..

သည် ပြောက်ကျား ကြော်ငြာနည်း တွေ ကြည့်ရင် သိမှာဖြစ်ပါတယ် ..

ကာရံကိုတော်လှန်ခဲ့ကြတဲ့ မော်ဒန် ကဗျာတွေလိုပဲ ..မီဒီယံ .. ကာလ ဒေသ

အစွန်းတွေကို ဖောက်ထွက်ခဲ့ကြတဲ့ သည်ကြော်ငြာတွေဟာ အလွန် ကဗျာ ဆန်တယ်လို့

ကျနော်ယူဆပါတယ်… အဲ့သည့်နောက်ကွယ်မှာလည်း အံ့ဘနန်း intelligence ကိန်း ပြန်ပါတယ်…

ဟုတ်ကဲ့ ကျနော် မားကတ္တင်းကိုချစ်တယ်…

 

အဆုံးသတ် ပြောရရင် …

ခုတလော ထုံးစံအတိုင်း ဆေးလ်စ်နဲ့ မားကတ္တင်း မကွဲကြတဲ့ အသံတွေ ပြန်ပြန်ထွက်လာလို့ ..

မားကတ္တင်းအကြောင်း အရေးများနေတာပါ … ဆေးလ်စ် ဟာ ဆေးလ်စ် ပါ ..သူ့မှာ သီးခြား ..အရည်အသွေး ဂုဏ်သတ္တိ ရှိမှာဖြစ်ပေမယ့်

(ဆည်းပူးလေ့လာမှု မရှိဘဲ) ..ဆေးလ်စ် တစ်ယောက်ဟာ ဘယ်တော့မှ မားကတ္တင်း သမား ဖြစ်မလာပါဘူး …

 

ဒါ အခြေခံအကျဆုံး မားကတ္တင်း အပိုင်းတွေ ထဲက တခုပဲရှိပါသေးတယ် … မားကတ္တင်း မလေ့လာဖူးပဲ …

ဘယ်ဆေးလ်စ်မှ သည် မားကတ္တင်း အတွေးအခေါ် .. အမြင် sense နဲ့ theory, logic တွေ အုံဖွ ဆိုပြီး ရမလာပါဘူး …

ဒါတွေ ရမလာမှတော့ … Marketing Strategy ဆိုတာ Marketing Intelligence ဆိုတာ … ဆက် ဆွေးနွေးဖို့တောင် လိုမယ် မထင်တော့ပါဘူး ..

 

ဥပမာ ၁ခုပဲ ပေးချင်ပါတယ် ..ဟိုတပါတ် က အပျော့က သူ့ မျက်နှာပြင်ဆိုတဲ့ တက်ဘလက်ကို မိတ်ဆက်တယ်…

ချက်ခြင်းအားဖြင့် …ပန်းသီးက သူ့ ငါအပြားကြီး ကြော်ငြာ အသစ်ကို တင်တယ် …

 

အပျော့တော့ ဟိုဟာ လုပ်နေဘီဟေ့ … ဒါရိုက်တာ လာဟ … ပလိုဂျူစာ ပိုက်ပိုက်ပေးဟ …

မင်းသား …ဂလို သရုပ်ဆောင်ဟ … လုပ်ထားတာမဟုတ်ဘူးဆိုတာ သိမယ် ထင်ပါရဲ့ ….

ဝှက်ဖဲတွေ ထဲက တချပ် ကို အခြေအနေ အချိန်အခါကြည့်ပြီး ပစ်လိုက်တယ် ပဲ ထင်မိတော့တယ်…

 

ပြောက်ကျား စစ်ဆင်ရေးကို အံ့သြစရာကြီးနော …ဆိုတဲ့အဆင့်နဲ့ ရပ်မယ်ဆိုရင်တော့ …

ဟုတ်ကဲ့ …နှမျောစရာကြီးပါ …. ၂ခုလုံးပဲ ..

စာဖတ်သူရဲ့ အချိန်ရော …စာရေးသူ ရဲ့ အချိန်ရော..အတွက်ပါပေါ့…

 

 

တော်သေးဘီ ခင်တဲ့

ဂီ

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011