အဆိုပိုင်းမှာ အားပေးသလို သရုပ်ဆောင်ပိုင်းကိုပါ အားပေးပါဆိုတဲ့ အေသင်ချိုဆွေ

BayoteJuly 2, 20101min1836

ဝတ္ထုငြိမ်းကျော်ရဲ့ ဝတ္ထုဖြစ်တဲ့ တစ်ခါက ဇာတ်ကားကို တစ်ခေတ်တစ်ခါက ရဲအောင်၊ စိုးမြတ်သူဇာ၊ မေဆွိနဲ့ ခင်စိုးပိုင်တို့ သရုပ်ဆောင်ထားရာ နာမည်ကျော် ဇာတ်ကား ဖြစ်ခဲ့ပါတယ်။ ယခုလည်း အဆိုပါ’တစ်ခါက’ ဆိုတဲ့ဇာတ်ကားလေးကို ဒါရိုက်တာ မီးပွားက ရဲအောင်နေရာမှာ မြင့်မြတ်၊ စိုးမြတ်သူဇာ နေရာမှာ အေသင်ချိုဆွေ၊ မေဆွိနေရာမှာ ဖွေးဖွေး၊ ခင်စိုးပိုင်နေရာမှာ ဆုကဗျာတို့နဲ့ ပြန်လည် အသက်သွင်း ရိုက်ကူးနေတဲ့ အတွက် ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး အေသင်ချိုဆွေ က ”အေသင်အခု ‘တစ်ခါက’ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားလေးကို ရိုက်နေပါတယ်။ ဒီကားမှာ မြင့်မြတ်၊ ဖွေးဖွေးတို့နဲ့ သရုပ်ဆောင် ထားပါတယ်။ ဆွေတစ်ရာ မောင်တစ်ကျိပ် ကားထဲမှာ ဧည့်သည် သရုပ်ဆောင်ပါ။ သရုပ်ဆောင်ဖြစ် သွားတာကတော့ ရုပ်ရှင်သင်တန်းမှာ ဆရာမ ဒေါ်မြင့်မြင့်ခိုင်က ဆရာမ ဆိုတော့ ဒီကားမှာ ဝင်ပြီး သရုပ်ဆောင်ကြည့်ပါလား ဆိုတာနဲ့ ပါဖြစ်သွားတာပါ။ သီချင်း ဆိုတာကို အေသင်က ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ အရင်းခံဝါသနာက သီချင်းဆိုတာ ဆိုတော့ သရုပ်ဆောင်တာထက် သီချင်းဆိုတာကို ပိုပြီး ကျွမ်းကျင်ပါတယ်။ အခု အေသင် ဒုတိယ စီးရီး လုပ်နေပါပြီ။ (၆)ပုဒ် လောက်ကို တီးနေပါပြီ။ Recording တော့ မဝင်ရသေးပါဘူး။ အတွဲခွေတွေလာပြောထားတာလည်း တော်တော်များများရှိပါတယ်။ ထွက်ဖို့တော့လိုပါသေး တယ်။ အေသင်ကို အားပေးနေတဲ့ပရိသတ်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ပြီး အေသင်ကို အဆိုပိုင်းမှာလည်း အားပေးသလို သရုပ်ဆောင်ပိုင်းကိုလည်း အားပေးစေချင်ပါတယ်။ အေသင် ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ အခွေထွက်လာရင် ကြည့်ပြီးတော့ ဝေဖန်ပေးပါလို့ ပြောချင်ပါတယ်။ ကျောင်းပညာကို အေသင် ခဏလေး နားထားပါတယ်။ အမှန်ဆို စာမေးပွဲက မနှစ်ကဖြေရမှာ Recording ပွဲတွေသွားနေရလို့ မဖြေဖြစ်လိုက်ဘူး။ ဒီနှစ်လည်း ဖြေဖြစ်မယ်လို့မထင်ပါဘူး။ ခဏနားထားတာပေါ့” လို့ ဖြေကြားပေးခဲ့ပါတယ်။

6 comments

  • chitkay

    July 2, 2010 at 3:30 am

    သမီးရယ် စာမေးပွဲလေး ဘာလေးတော့ ဖြေပါဦး…..
    သမီးကို ဦးက အာပေးနေပါတယ်…..
    အနုပညာသမားဆိုတာ ဘက်စုံတော်ရတယ်လေ…..

  • mgbakyaing

    July 2, 2010 at 6:04 am

    း) သရုပ်ဆောင်ပိုင်းရော သီချင်းရော အားပေးချင်ပါတယ်

    ခက်တာက ကျွန်တော် ကော်ဖီမကြိုက်သလို ကော်ပီလည်း မကြိုက်လို့
    မြန်မာသီချင်းတော်တော်များများကို နားမထောင်ဖြစ်ဖူး ကိုယ်စွဲလမ်းရတဲ့
    သီချင်းတပုဒ်က နောက်မှကော်ပီလို့သိရင် တော်တော်ရင်ဘတ်အောင့်တယ်
    အေသင်ဆိုတဲ့သူချင်းတွေကို ကော်ပီလို့ပြောတာမဟုတ်ပါဖူးး
    မြန်မာသီချင်းတွေနားထောင်ဖြစ်တာရှားတယ်ပြောတာပါ
    ရုပ်ရှင်တွေဆိုလည်း တစ်နှစ် လေးငါးကားကိုပတ်ရွေးပြီး အကယ်ဒမီတွေပေးနေတာ
    သိပ်သဘာဝမကျသလို ဒိုင်ယာလော့တွေကလည်း အပြင်ကစကားပြောပုံစံမဟုတ်ပဲ
    လုပ်ယူထားသလို အော်ပြော အတင်းရယ်စရာလုပ်နေတဲ့ ပုံစံတွေကမကျော်နိုင်သရွေ့
    ကျွန်တော်တော့ မြန်မာဇတ်ကားတွေကိုကျောခို်င်းထားတုန်းပဲဗျ တကယ်တော့ အပြစ်ပြောတာမဟုတ်ပါဖူးး
    ကျွန်တော်မကြိုက်လို့ပါ း)

  • gar

    July 2, 2010 at 6:46 am

    သီချင်း ဆို တာ ကို ကြိုက် ပါ တယ် မ အေသင်ချိုဆွေ၊သရုပ်ဆောင် ကို လည် တော် ရင် ကြည် မှ် ပါ၊

  • etone

    July 3, 2010 at 2:37 am

    သီချင်းဆိုတာတော့ကောင်းပေမဲ့ သရုပ်ဆောင်ဘက်ကိုလိုင်းပူးသွားတာတော့သဘောမကျဘူး ။
    စာမေးပွဲနားထားတာကိုလည်းသိပ်တော့ဘဝင်မကြဘူးလေ ။ ဒါကြောင့်တစ်ချို့လူတွေဇာတ်ဝင်ခန်းတွေမှာ အင်္ဂလိပ်စကားညှပ်သုံးရတဲ့အခါ အညာသံပေါက်နေသလိုဖြစ်ဖြစ်နေတတ်တာတွေ့ဖူးတယ် ။ သီချင်းဆိုတာ MRTV 4 ကလာတဲ့အစီစဉ်မှာ အသံက ကွဲအက်အက်ကြီးလိုပဲနော် ။ စီးရီးထဲက သီချင်းကိုပဲဆိုပေမဲ့ နည်းနည်းကွာနေသလားလို့ ။ အခွေထုတ်တာကျတော့လိုတဲ့နေရာတွေကို effect သုံးပြီးအဆွဲငင်အဖြတ်တောက်လုပ်လို့ရလို့ထင်တယ် ။ လမ်းကြောင်းတစ်ခုထဲကိုပဲ ဇောက်ချလုပ်ရင်ပိုကောင်းမယ်လို့ အကြံပေးချင်တယ် ။ သရုပ်ဆောင်တာက ကိုယ့်သီချင်းကိုယ်နည်းနည်းဝင်လုပ်တာပြသနာမရှိဘူးလေ ။ မင်းသမီးတော့ဖြစ်မယ်လို့မထင်ဘူး တစ်ချို့အမူရာတွေကြောင့်ပါ ။

  • hsu myat thu

    November 1, 2010 at 3:04 pm

    အေသင်သီချင်းလေးတွေကိုကြိုက်ပါတယ်။သီချင်းတွေထဲမှာသရုပ်ဆောင်တာလေးတွေလဲဗကာင်းပါတယ်။ရုပ်ရှင်ထဲမှာပါတဲ့အခန်းကအေသင်သရုပ်ဆောင်ပညာကိုတောင်အကဲခတ်လို့မရလောက်အောင်နည်းလွန်းတယ်နော်။ဘာပြဲဖစ ်၂ဆက်ကြီုးစားပါ တို့ကဆက်ပြီးအားပေးနေမယ်။တို့ဆီကိုလဲg mail ကတဆင့်စာပြန်ပါအုံး ်

  • kopauk mandalay

    November 1, 2010 at 4:13 pm

    မီးမီးကိုအားပေးကြပါနော် အားမပေးဘဲ မဟုတ်တရုတ်ဝေဖန်လို့ကတော့

    တင်းတယ် တင်းတယ် တင်းတယ် တင်းတယ်ဟေ့ လို့ အကျယ်ကြီးအော်ဆိုရင်းငိုပစ်မှာနော်……………………………………………………………………………………………

Leave a Reply