ဘင်္ဂလားဒေ့ရှ် ပြည်သူ ၇ရ သန်း အာဆင်းနစ် အဆိပ်သင့်နေ

chitkayJuly 2, 20101min732

မကြာသေးမီ ဆယ်စုနှစ်များ အတွင်း သောက်ရေတွင် ပျော်ဝင်နေ သော အာဆင်းနစ် အဆိပ်သင့် ခဲ့ကြရ သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အရေအတွက်မှာ ၇ရ သန်း ဝန်းကျင် ရှိကြောင်း လန်းဆက် သုတေ သန အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ ထားသည်။ သုတေသီများက မြို့တော် ဒါကား ပါဝင်သော ခရိုင်တွင် နေထိုင်သူ (၁၂၀ဝ၀) အား ဆယ်စုနှစ် တစ်ခုကြာ ဆန်းစစ် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး နောက်မှ ယခု စစ် တမ်းကို ပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ လေ့လာ ဆန်းစစ်မှု ပါဝင်ခဲ့သူများ အတွင်း သေဆုံး သွားခဲ့ကြ သူများ၏ ၂ဝ ရာခိုင်နှုန်း ကျော်မှာ သဘာဝအရ ဖြစ်ပျက် နေသော အဆိပ်သင့် နေသည့် အရာများ ကြောင့် ဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ပြည်သူ ပမာဏ များများ အာဆင်း နစ် အဆိပ်သင့် နေကြခြင်းမှာ သမိုင်း တစ်လျှောက် လူဦးရေ အများဆုံး တပြိုင်နက်တည်း အဆိပ်သင့် နေကြခြင်းပင် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောဆိုခဲ့သည်။ ယင်းသို့ အဆိပ်သင့်မှုမှာ မြေအောက်ရေကို ဆွဲတင်ရန် ၁၉၇ဝ ခုနှစ်များ အတွင်း ထိုနိုင်ငံတွင် လက်နှိပ် တုံကင်များ တပ်ဆင် သုံးစွဲ ချိန်၌ စတင်ခဲ့ခြင်း ဖြစ်သည်။ အာဆင်းနစ် အဆိပ် အလွန်တရာ နည်းပါးသော ပမာဏပင် ဖြစ်စေ ခန္ဓာ ကိုယ် အတွင်းသို့ ကာလ ရှည်ကြာ တဖြည်းဖြည်းချင်း ဝင်ရောက် နေခြင်းက သရက်ရွက်၊ ကျောက်ကပ်၊ အဆုတ် သို့မဟုတ် အရေပြား ကင်ဆာ တစ်ခုခု ဖြစ်နိုင်သည့် အလားအလာ ရကြောင်း သိပ္ပံပညာရှင် များက ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ပြည်သူ ၉ဝ ရာခိုင်နှုန်း နီးပါး တို့သည် အဓိက ရေချို အရင်း အမြစ် အဖြစ် မြေအောက်ရေကို ထုတ်ယူ သုံးစွဲကြသောကြောင့် ယခုလို အာဆင်းနစ် အဆိပ်သင်ခဲ့ခြင်း ဖြစ်သည်ဟု True News သတင်းဂျာနယ်တွင် ဖေါ်ပြပါရှိပါသည်။

2 comments

  • etone

    July 3, 2010 at 2:11 am

    77သန်းမိတာတောင် ဘာကင်ဆာမှထူးထူးခြားခြားဖြစ်ပြီးမသေသေးဘူးလား ။

  • winne

    July 30, 2010 at 10:58 am

    အဆိပ်မိတာ အဆိပ်တွေ ပြီးကုန်တာနဲ့တူတယ်။ အဲဒီ အဆိပ်က အရမ်းပြင်းတယ်လဲ ဆိုသေးတယ်

Leave a Reply