သူ့အကြောင်း

VictoryJuly 18, 201225min35117

အားလုံးသိလိုသူများအတွက်တစုတဝေးတည်းဖတ်နိုင်ရန် စေတနာသန့်သန့်

ဖြင့်စုဆောင်းဖော်ပြပေးခြင်းသာဖြစ်ပါသည်။

~~ ~~ ~~

 

သမိုင်းတကွေ့မှ ဂဠုန်ဦးစော

 သန်းဝင်းလှိုင် ဧပြီ ၃၀၊ ၂၀၁၁

 မြန်မာနိုင်ငံ လွတ်လပ်ရေးရအံ့ဆဲဆဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်ကြီးများအား

 ဂဠုန်ဦးစောနှင့် သူ၏ နောက်လိုက်လူသတ်သမားတစုက လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရရှာသည်။

ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့

ို ကိုအမှတ်တရရှိစေခြင်းငှာ ‘အာဇာနည်နေ့’ အဖြစ်ကျင်းပလာခဲ့သည်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်

် ၆၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ‘သေသောသူ ကြာလျှင်မေ့’ ဆိုရိုးစကားရှိသော်လည်း ယနေ့တိုင်

ပြည်သူတရပ်လုံးက ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့တိုင် တအောက်မေ့မေ့၊

တတမ်းတတနှင့် လွမ်းရှိန်မပျောက်၊ တသွေ့သောင်းသောင်း၊ တပြောင်းပျပျ သတိရနေဆဲဖြစ်သည်။ ထိုနည်းတူစွာ

ဗိုလ်ချုပ်တို့အား ရာဇဝင်ရိုင်းအောင် ယုတ်မာလှသော အကြံမိုက်ဖြင့် ပြုခဲ့ကြသော လူမသမာတို့သည်

တရားဥပဒေအတိုင်း မိုက်ပြစ်ကိုခံလိုက်ရပြီဖြစ်သော်လည်း သူတို့၏ဘဝနှင့် သူတို့အမိုက်ဇာတ်ကို

အမှတ်ရနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို

လုပ်ကြံသတ်ဖြတ်ခဲ့သော ဂဠုန်ဦးစော၏ ဘဝတစေ့တစောင်းနှင့် နှောင်းအတိတ်မှ သမိုင်းပုံရိပ်ကို

လူငယ်များသိရှိနိုင်စေရန် ပြန်လည်ဖော်ပြလိုက်ပါသည်။ နိုင်ငံတော်လုပ်ကြံမှု တရားခံအဖြစ်

ဘဝဇာတ်သိမ်းပိုင်းမလှခဲ့သော နန်းရင်းဝန်ဟောင်း ဂဠုန် ဦးစောကို ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာ၌

အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိဒေါ်ပန်းတို့မှ ၁၉၀ဝ ပြည့်နှစ် မေလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ ည ရ နာရီ ၃ဝ မိနစ်တွင်

ဖွားမြင်ခဲ့သည်။ မွေးချင်း ၄ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။ မွေးချင်းများမှာ အစ်မ ဒေါ်ယုံ၊ ဂဠုန်ဦးစော၊ ညီ မောင်တင့်၊ ဦးထွန်းလေး (ခေါ်) ဦးမောင်မောင်ကြီးတို့ ဖြစ်ပါသည်။ ငယ်စဉ်က ကြို့ပင်

ကောက်မြို့ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမတန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။

ထို့ပြင် အင်္ဂလိပ်စာကို ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ သွားရောက်သင်ကြားခဲ့သည်။ ၁၉၂ရ ခုနှစ်တွင်

မြန်မာနိုင်ငံ၌ နောက်ဆုံး ကျင်းပခဲ့သည့် တတိယတန်း ရှေ့နေစာမေးပွဲကို အောင်မြင်ခဲ့သည်။ သာယာဝတီ မြို့

မဝံသာနုကောင်စီတွင် စက္ကတေရီအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ် ဂျီစီဘီအေ အကွဲတွင်

ဖခင်ဦးဖိုးကြူးနှင့်အတူ ၂၁ ဦးဂျီစီဘီအေအဖွဲ့က ပါဝင်လှုပ်ရှားဆောင်ရွက်သည်။ ၁၉၂၅ ခုနှစ်တွင်

ဝါရင့်နိုင်ငံရေးသမား သာယာဝတီ ဦးပုကိုအနိုင်ရ၍ လွှတ်တော်အမတ်အဖြစ် ဆက်လက်အရွေးခံရသည်။

တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ နောက်လိုက် ဂဠုန်တပ်ဖွဲ့ဝင်များကို ရှေ့

နေလိုက်ပေးခဲ့သည်။ ဆရာစံ၏ တောင်သူလယ်သမား တော်လှန်ရေးနှင့်ပတ်သတ်၍ အင်္ဂလိပ်အစိုးရသည်

ပုန်ကန်သူများအား ရက်စက်စွာနှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့သည်။ ထို့ပြင်

အင်္ဂလိပ်ဘာသာဖြင့် ‘မြန်မာပြည်အရေး’ စာအုပ်တအုပ်ရေးသား၍ ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ရာ အင်္ဂလိပ်အစိုးရ၏

ပိတ်ပင်တားဆီးမှုကို ခံရသည်။ သာယာဝတီအမတ်သည် ‘၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး’ စာအုပ်ကို

ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများပါဝင်၍ ပုဒ်မ ၁၂၄ (က) အရ အပြစ်ပေးနိုင်ကြောင်း

အထူးဂေဇက် အထုတ်ခံရသည်။ ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင်လည်း ဆရာစံ

တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သတ်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူဆောင်ရွက်မှုများကို

ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားရာ ထိုစဉ်က ပြည်ထဲရေးအတွင်းဝန် ‘မစ္စတာ ဘုသ်ဂရေဗလီ’ (Mr. Booth

Gravely)က ဦးစောအား “မောင်မင်း ဂဠုန်ဖြစ်လာပြီ” ဟု ပြောကြားရာမှ ‘ဂဠုန်ဦးစော’ ဟု အမည်တွင်ခဲ့လေသည်။

၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော ဒိုင်အာခီအုပ်ချုပ်ရေး စတုတ္ထအကြိမ် ဥပဒေပြု

လွှတ်တော်ရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှအရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ သို့သော် ၁၀

လကျော်၌ ကြားဖြတ်ရွေးကောက်ပွဲတွင် ဟင်္သာတမြို့တွင် ဟင်္သာတမြို့မြောက်ပိုင်း မဲဆန္ဒနယ်မှ အရွေးခံရသည်။

၁၉၃၄ ခုနှစ်တွင် ဦးစောသည် ရန်ကုန်မြူနီစီပယ်လူကြီးအဖြစ် ဝင်ရောက် ဆောင်ရွက်သည်။ ၁၉၃၅ ခုနှစ်၊ မေလ

၂၃ ရက်နေ့ သူရိယသတင်းစာ ကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ခမ်းခမ်းနားနား

ကြိုဆိုခြင်းခံရသည်။ အပြန်တွင် ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ပသျှူးကျွန်းဆွယ် (မလေးကျွန်းဆွယ်) စသော

နိုင်ငံများသို့သွားရောက်၍ နိုင်ငံရေး လေ့လာခဲ့သည်။ ဂျပန်မှအပြန် ဦးစောသည် ‘ဂျပန်ပြည်လမ်းညွှန်’

စာအုပ်ကိုရေး၍ သူရိယတိုက်မှ ၁၉၃၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထို့နောက် သူရိယသတင်းစာ ရှယ်ယာများကို

ထပ်မံဝယ်ယူ၍ ၁၉၃၆ ခုနှစ်တွင် သူရိယသတင်းစာတိုက်၌ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၃၈ ခုနှစ်တွင်

သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ လစာမှာ ၈၅ဝ ကျပ်ဖြစ်သည်။ သူရိယ

သတင်းစာအယ်ဒီတာချုပ်အဖြစ် ဩဇာကြီးမားလာသည်နှင့်အမျှ သူရိယသတင်းစာ၏ မူဝါဒကို

ကြိုးကိုင်ပြောင်းလဲခဲ့သည်။ ထိုစဉ်က သူရိယသတင်းစာတွင် တာဝန်ခံအယ်ဒီတာအဖြစ်

ဝင်ရောက်လုပ်ကိုင်နေသော ဆရာကြီးရွှေဥဒေါင်းက ဦးစောနှင့်တွေ့ခဲ့ပုံကို သူ၏ ‘တသက်တာမှတ်တမ်းနှင့်

အတွေးအခေါ်များ’ စာအုပ်၌- “ကျွန်ုပ်၏ ခေါင်းကြီးများအကြောင်းနှင့်ပတ်သတ်၍ ဂဠုန်ဦးစောက ကျွန်ုပ်အား

ပြောဖူးခြင်းကို သတိရပါသေးသည်။ ဦးစောမှာ သူရိယတိုက် အစုရှင်များအနက်တွင် အစုအများဆုံး လက်ကိုင်ရှိသူ

တယောက်ဖြစ်၍ (အယ်ဒီတာချုပ် မဖြစ်လာမီကတည်းကပင်) သူရိယ ပေါ်လစီနှင့် အုပ်ချုပ်ရေးတွင်

အတော်ဆောင်ရွက်နိုင်ဟန်ရှိ၏။ ဦးစောဝင်လာပြီးသည့် နောက်တနေ့သ၌ ကျွန်ုပ်အား သူ၏ အခန်းသို့ခေါ်၍

လက်ဖက်ရည်ဖြင့်ဧည့်ခံရင်း “ခင်ဗျားရောက်လာကတည်းက ခင်ဗျားခေါင်းကြီးတွေကို ကျနော် ဂရုစိုက်ပြီး

ဖတ်ပါတယ်။ ခင်ဗျားရေးတဲ့ ပထမခေါင်းကြီးအကြောင်းကို ဦးဘကလေး ကမေးလို့ ကျနော်က ဒီလူကို

လက်မလွတ်စေနဲ့၊ ရအောင်ယူပါလို့ပြောလိုက်ရပါသေးတယ်” ဟု ပြောပေသည်” “အမှန်ကိုပြောရလျှင်

သူရိယတိုက်သို့ ကျွန်ုပ်ပြန်ဝင်လာပြီးသည့်နောက် တနှစ်ကျော်ခန့် ကြာသောအခါတွင် ဦးစောဝင်လာခြင်းဖြစ်ရာ

သူက အယ်ဒီတာချုပ်၊ ကျွန်ုပ်က တာဝန်ခံအယ်ဒီတာ အဖြစ်နှင့်လုပ်ကြရာတွင် သတင်းစာအကြောင်းကို

ဘာမျှနားမလည်သော နိုင်ငံရေးသမားတယောက် က သတင်းစာတိုက်တွင် ကျွန်ုပ်အထက်မှ ဩဇာပေးနိုင်ခြင်းကို

ကျွန်ုပ် ခံပြင်းလှသောကြောင့် နုတ်ထွက်ရန် အတန်တန် စိတ်ကူးခဲ့၏။ နုတ်ထွက်လျှင် မည်သို့

လုပ်ကိုင်စားသောက်မည်ဟုပင် ကြံစည်စိတ်ကူးလျက်ရှိပါပြီ။ ထိုသို့သော အခြေအနေတွင် ဦးစောသည် ကျွန်ုပ်အား

လက်ဖက်ရည် တိုက်ပြီး အထက်ပါအတိုင်းစကားကို ပြောလိုက်ခြင်းဖြစ်လေသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်သည်

သူရိယတိုက်မှ နုတ်ထွက်ဖို့စိတ်မကူးတော့ဘဲ လခတိုးပေးဖို့ တောင်းရန်သာ ကြံစည်ပါတော့သည်။

သတင်းစာအကြောင်းကို မသိသော်လည်း ဆက်ဆံရေးကို ကောင်းကောင်းနားလည်သော

နိုင်ငံရေးသမားတယောက်ဖြစ်သည်ဟု မြင်လာပါသည်” ဟူ၍ ရေးသားထားလေသည်။ ထို့နောက် ဦးစောသည်

၁၉၃၆ ခုနှစ်တွင် ဂဠုန်စစ်သူကြီးဘွဲ့ခံ၍ ဂဠုန်တပ်၏ ဗိုလ်ချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ်

ဒုတိယကျောင်းသားသပိတ်တွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။ ၁၉၃ရ ခုနှစ်ဩဂုတ်လ ၁၄

ရက်နေ့ ဂဠုန်ဦးစောသည် မျိုးချစ်ပါတီကို တည်ထောင်ခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာတိုက်

မျက်နှာချင်းဆိုင်နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် ၄ နေအိမ်တွင်

ဖွင့်လှစ်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊

ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ ဦးအေးနှင့်ဦးစောတို့

က ဒေါက်တာဘမော်ညွန့်ပေါင်း အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်း၍ မဲခွဲရာ ထောက်ခံမဲ ၆၁ မဲ၊

ကန့်ကွက်မဲ ၆၆ မဲဖြင့် အဆိုဘက်မှ ရှုံးနိမ့်ခဲ့သည့်အတွက် ဒေါက်တာဘမော်အစိုးရ ဆက်လက်တည်မြဲခဲ့သည်။

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ရွှေတိဂုံစေတီခြေရင်း ဦးဘရီဇရပ်၌ မျိုးချစ် တပ်ဖွဲ့ဝင်များ၊

ဂဠုန်တပ်များနှင့် အာဏာဖီဆန်မှုကို တတိယအကြိမ် ကျောင်းသားသပိတ်အား ဟန်ရေးပြ လှည့်ကွက်အဖြစ်

လုပ်ဆောင်ခဲ့ရာ ခေတ္တအဖမ်းခံရသည်။ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လွှတ်တော်အစည်းအဝေး၌

ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်းအစိုးရအား အယုံအကြည်မရှိအဆိုကို ထပ်မံတင်သွင်းခဲ့ရာ

ထောက်ခံမဲ ၇ဝ မဲ၊ ကန့်ကွက်မဲ ၃ရ မဲဖြင့် အဆိုဖက်မှ အနိုင်ရရာ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားသည်။

၁၉၃၉ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ရွှေကျင်ဦးပု ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့၌ ဦးစောသည်

လယ်ယာနှင့်သစ်တောရေးရာ ဝန်ကြီးဖြစ်လာသည်။ ၁၉၄ဝ ပြည့်နှစ် စက်တင်ဘာလ ရ ရက်နေ့တွင် လွှတ်တော်၌

ဦးဘဘေ တင်သွင်းသည့် ဦးပုအစိုးရအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲရာ ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၃၂

မဲရရှိသဖြင့် အဆိုအနိုင်ရပြီး ဦးပုအစိုးရ ပြုတ်ကျသွားသည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့

တွင် ဂဠုန်ဦးစော ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ ဂဠုန်ဦးစောသည် နန်းရင်းဝန်(ဝန်ကြီးချုပ်)

အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။ နန်းရင်းဝန်ဘဝ၌ ဦးစောသည် မြန်မာအမျိုးသမီးများကို

စောင့်ရှောက်ရန်ဥပဒေတခု ပြဌာန်းပေးခဲ့သည်။ ယင်းဥပဒေမှာ ‘ဗုဒ္ဓဘာသာ အမျိုးသမီးများ

ထိမ်းမြားလက်ထက်ခြင်း ဥပဒေ’ ပင် ဖြစ်သည်။ ၁၉၄ဝ ပြည့်နှစ်တွင် ဗိုလ်မှူကြီးစူဇူကီး (နောင်ဗိုလ်မိုးကြိုး)

မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်သောအခါ ဂဠုန်ဦးစောသည် ဗိုလ်မှူးကြီးစူဇူကီးအား တွေ့ဆုံ၍

မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ထံမှ အကူအညီများလိုချင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဦးစောသည်

နန်းရင်းဝန်ဘဝ၌ အင်္ဂလိပ်ကုန်သည်များ၏ အလိုကျ ငြိမ်ဝပ်ပိပြားမှုကို ဦးစားပေး၍ ခပ်ကြမ်းကြမ်းကိုင်တွယ်သည်။

ထို့ကြောင့် ၁၉၄၁ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော အောက်လွှတ်တော်အစည်းအဝေး၌

ဗိုလ်တထောင် မဲဆန္ဒနယ်အမတ် ဦးဘဘေသည် ဦးဆောင်သော အစိုးရအဖွဲ့အား အယုံအကြည်မရှိ

အဆိုကိုတင်သွင်းခဲ့သည်။ သို့သော် ထောက်ခံမဲ ၄ရ မဲ၊ ကန့်ကွက်မဲ ၇၂ မဲ သာရရှိသဖြင့် အယုံအကြည်မရှိ

အဆိုရှုံးနိမ့်သွားသည်။ ထိုအစည်းအဝေးတွင် အမတ်ဦးဘိုးထီက နန်းရင်းဝန်ဦးစောနှင့် ဘဏ္ဍာရေးဝန်ကြီး

ဦးဘသီတို့နှစ်ဦးကို ရည်ရွယ်၍ “နန်းရင်းဝန်က ခြောက်တန်း၊ ဘဏ္ဍာရေးက စောက်ကန်း” ဟုပြောကြားရာ ယင်းတို့

နှစ်ဦးကို ဦးစောက ကာကွယ်ရေးဥပဒေအရ အရေးယူခဲ့သည်။ ဦးစောသည် သူ အာဏာရှိစဉ်က

ဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဝင်းတို့ကိုသာမက နိုင်ငံရေးဆရာတဆူဖြစ်သော ဦးဘဘေတို့ကို ထောင်ဒဏ်

ပေးခဲ့သည်။ သခင်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်။ ထို့ပြင် တို့ဗမာအစည်းအရုံးကို

သိက္ခာကျစေရန် ‘လယ်သမားဖိုးရွှေလုံးနှင့် ညည်းချင်းနှင့် သခင်ဋီကာ’ အမည်ရှိစာအုပ်ကို အစိုးရပိုင်ငွေဖြင့်

စောင်ရေအများအပြား ပုံနှိပ်၍ ဖြန့်ချိခဲ့သည်။ ထို့ကြောင့် လွှတ်တော်ပြင်ပနှင့်နယ်တို့တွင် ကျောင်းသားများက

‘ဗမာပြည်ကြီးနစ်ဖို့ဖန် ကလိမ်ဉာဏ် နှင့် ငစော၊ ငစော။ ငစော မို့တက်လို့လာ သူ့မျက်နှာဟာ အရှက်မရှိ၊

ညာတာဝါဒလှိမ့်လို့ဖန် မျိုးချစ်ဉာဏ်ဟာ ဘမော်လိုပဲ” ဟူသော သံချပ်ဖြင့် သံပုံတီးတောထုတ်ခြင်းခံရသည်။ သို့

သော် မြန်မာပြည်ဘုရင်ခံ ဒေါ်မန်စမစ်သည် ၁၉၄၁ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲကို စစ်ကို အကြောင်းပြ၍

ဦးစောအစိုးရအား ဆက်လက်တည်တံ့စေခဲ့သည်။ ၁၉၄၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင်

နန်းရင်းဝန်ဦးစောသည် အိုင်စီအက်စ် ခေါ် အိနိ္ဒယပဋိညာဉ်ခံဝန်ထမ်း ဦးတင်ထွတ်ကို

အကြံပေးအဖြစ်ခေါ်ဆောင်၍ နန်းရင်းဝန် အက်တလီနှင့် တွေ့ရန် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ စင်စစ်

ဦးစောနှင့် ဦးတင်ထွတ်တို့မှာ မိတ်ဆွေရင်းချာအဖြစ် ပေါင်းသင်း၍ရနိုင်သောသူများ မဟုတ်ကြပေ။ ဦးစောက

တက်ကြွသော နိုင်ငံရေးသမားဖြစ်ပြီး ကျန် ဦးတင်ထွတ်က ဗြိတိသျှ၏ သစ္စာတော်ခံအရာထမ်းသူဖြစ်သည်။ သို့

သော် ဦးတင်ထွတ်သည် မြန်မာ လူမျိုးဖြစ်လေရာ မိမိတိုင်းပြည်လွတ်လပ်သည်ကို မြင်ချင်သူသာဖြစ်သည်။ သို့

သော် ဦးတင်ထွတ်သည် နန်းရင်းဝန်ဦးစော၏ အတွင်းဝန်ဖြစ်သည်။ ဦးစောသည် လွတ်လပ်သော မြန်မာပြည်၏

နန်းရင်းဝန်ကား မဟုတ်။ အတိအကျပြောရလျှင် ဦးစောသည် နန်းရင်းဝန်စစ်စစ် မဟုတ်။

မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဗြိတိသျှအစိုးရ အကျိုးစီးပွားကိုကာကွယ်ရန် တည်ဆောက်ထားသည့်

အုပ်ချုပ်ရေးယန္တရားတခုကို စီမံ ခန့်ခွဲနေရသူသာ ဖြစ်သည်။ ဗြိတိသျှအကျိုးစီးပွားကို ကဏ္ဋကောစ လုပ်လျှင်

ဗြိတိသျှမူဝါဒမှ သွေဖည်လျှင် ဦးစောသည် သစ္စာမဲ့သူဖြစ်သည်။ ဦးတင်ထွတ်သည် အိုင်စီအက်စ်ဝန်ထမ်း

ဖြစ်သော်လည်း တဖက်က ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေအရ ဦးတင်ထွတ်သည် ဦးစော၏ ခိုင်းစေချက်တို့

ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းအက်ဥပဒေသည် အာဏာပိုင်နှစ်ဦးကို ဖန်တီးထားသည်။

တနည်းဆိုသော် တဦးမှာ ပြည်တွင်းအာဏာပိုင်ဖြစ်ပြီး တဦးမှာ ပြည်ပအာဏာပိုင် ဖြစ်သည်။ ဦးတင်ထွတ်အဖို့

တချိန်တည်းမှာပင် ပြည်တွင်းအာဏာပိုင် ဦးစော၏အမိန့်ကို လိုက်နာရမည်ဖြစ်ပြီး၊ အိုင်စီအက်စ်တဦးအဖြစ်

ပြည်ပအာဏာပိုင်ဗြိတိသျှ အစိုးရ၏ သစ္စာကို စောင့်သိရိုသေရမည်ဖြစ်သည်။ ၁၉၄၁ ခုနှစ် အောက်တိုဘာလ ၁၈

ရက်နေ့တွင် ဦးစောအား ဗြိတိသျှ အစိုးရအဖွဲ့က နေ့လည်စာဖိတ်ကျွေး၍ ဗြိတိသျှနန်းရင်းဝန် ချာချီနှင့် ၂

နာရီကျော်ကျော် ဆွေးနွေးခွင့်ရသည်။ သို့သော် ဝင်စတန်ချာချီက ဦးစောအား ယခုလို သေရေးရှင်ရေးတမျှ

အရေးကြီးနေသည့်အချိန်တွင် ကိုယ်ပိုင် အုပ်ချုပ်ရေး စကားမပြောသင့်။ မြန်မာပြည်၏ အနာဂတ်သည် ဗြိတိသျှတို့

၏ စစ်အရှုံး၊ အနိုင်ပေါ်တွင် တည်နေရာ ဗြိတိသျှတို့ စစ်နိုင်လျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို မျှမျှတတ

စဉ်းစားဆောင်ရွက်မည်ဟူ၍ ပြောကြားခဲ့သည်။ ဤစကားမှာ ရေရာလှသည်မဟုတ်ဟု ဦးစော တွေးထင်ခဲ့သည်။

ဗြိတိသျှတို့ထံမှ ကိုယ်ပိုင်အုပ်ချုပ်ရေး လက်ဆောင်ကလေးတခုရရှိရေးအတွက် မျှော်လင့် ထားခဲ့သော

ဦးစောသည် မျှော်လင့်ချက်လမ်းဆုံးပြီးနောက်၊ နိုဝင်ဘာလတွင် အင်္ဂလန်မှ ပြန်လာခဲ့သည်။ အပြန်တွင်

အမေရိကန်၌ တထောက်နားပြီး ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ မြန်မာနိုင်ငံသို့ပြန်ရန် အစီအစဉ်ရှိသည်။ အကြံကုန်

ဂဠုန်ဆားချက်ဆိုသလို သူနှင့်ဦးတင်ထွတ်တို့ ဝါရှင်တန်သို့ သွားသည်။ အမေရိကန်သမ္မတ ရုစဗဲ့နှင့်တွေ့ကာ

ချာချီအား နားဝင်အောင်ပြောပေးရန် ဆွေးနွေးမည်ဟု စိတ်ကူးရှိသည်။ သို့သော် ဗြိတိသျှတို့က ရုစဗဲ့အား

ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ရာ ဗြိတိသျှအစိုးရ ဖြေရှင်းရမည့်ကိစ္စတွင် အမေရိကန်တို့ ပါဝင်ပတ်သက်ရန် မည့်သို့မျှ

အကြောင်းမရှိ ဟူသော အဖြေကိုသာ ဦးစော ရရှိခဲ့သည်။ ယင်းနောက် လေယာဉ်လက်မှတ်မရသဖြင့်

အတန်ကြာအောင်နေပြီးမှ ဟာဝိုင်ယီသို့ လာခဲ့သည်။ ယင်းမှတဆင့် ဖိလစ်ပိုင်သို့ ဝင်မည်။ ထိုမှ မြန်မာနိုင်ငံကို

ပြန်မည်ဟု စီစဉ်သည်။ ဟာဝိုင်ယီသို့ ရောက်သည့်နေ့မှာ ပုလဲဆိပ်ကမ်းကို ဂျပန်လေတပ်ကဗုံးကြဲပြီး နောက်တနေ့

ဒီဇင်ဘာ ၈ ရက်နေ့ ဖြစ်နေသည်။ အမေရိကန် ရေတပ်တခုလုံး စုံးစုံးနစ်သွားသည့်အဖြစ်ကို သူ မြင်တွေ့ရသည်။

ဂျပန်နှင့် စစ်ဖြစ်ရန်စီစဉ်နေပြီဖြစ်သောကြောင့် အနောက်သို့ လေယာဉ်ခရီးစဉ်များ မရှိတော့သဖြင့် အမေရိကန်သို့

ပြန်လှည့်ခဲ့ရသည်။ ထိုမှတဆင့် ပေါ်တူဂီသို့ဝင်ပြီး မြန်မာပြည်ပြန်ရန် စီစဉ်ပြန်သည်။ ပေါ်တူဂီနိုင်ငံ လစ္စဘုန်းမြို့သို့

ရောက်လျှင် ယင်းနိုင်ငံရှိ ဂျပန်သံရုံးသို့သွားရောက်၍ မြန်မာနိုင်ငံကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျပန်သံရုံးသို့

သွားရာတွင် ဦးစောက ဦးတင်ထွတ်ကို မခေါ်ဘဲ ချန်ထားခဲ့သည်။ ဂျပန်သံရုံး၌ ဦးစောနှင့် ဂျပန်သံအမတ်တို့ တွေ့

ဆုံဆွေးနွေးမှုကို ဗြိတိသျှ ထောက်လှမ်းရေးက ဖြတ်တောက်နားထောင်ရာ ဦးစောနှင့် ဂျပန်သံအမတ်တို့

ဆွေးနွေးသည့်ကိစ္စ သိရှိသွားကြတော့သည်။ ဦးစောနှင့်တွေ့ပြီးသည့်နောက်တနေ့တွင် ဂျပန်သံအမတ်က တိုကျိုသို့

အစီရင်ခံသည်။ အမေရိကန်မှတဆင့် မြန်မာနိုင်ငံသို့ပြန်လာသော မြန်မာနန်းရင်းဝန်နှင့် မမျှော်လင့်ဘဲ တွေ့

ဆုံရသည်။ မြန်မာနန်းရင်းဝန်က အကယ်၍ မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် မြန်မာတို့

သည် ဂျပန်တို့နှင့်ပူးပေါင်းကာ ဗြိတိသျှတို့ကို တိုက်ထုတ်ရာ၌ ကူညီမည်။ ဗြိတိသျှတို့ကို ပုန်ကန်မည်။ ထို့ပြင်

သူသာ အာဏာရှိနေဆဲဆိုလျှင် ဂျပန်အတွက် တတ်နိုင်သမျှ အကူအညီပေးမည်ဟု ဆိုသည်။

ဗြိတိသျှထောက်လှမ်းရေးတို့က ထိုသတင်းကို ဆိုင်ရာသို့ အစီရင်ခံပြီးနောက် ဦးစောနှင့် ဦးတင်ထွတ်တို့

ပါလက်စတိုင်းပြည် ဟိုင်ဖာ(ယခု အစ္စရေးပိုင်) မြို့တွင် လေယာဉ်ဆိုက်သည့် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့

၌ ဖမ်းဆီးလိုက်လေသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်ထုတ် လန်ဒန်တိုင်း၊ ဂါဒီယန်းသတင်းစာများတွင်

ဦးစောနှင့်အတူ ဦးတင်ထွတ်ကိုပါ ဖမ်းဆီးလို်က်သည့် သတင်းကို ဖော်ပြခဲ့ကြသည်။ ဦးစောအား

ဒုတိယကမာ္ဘစစ်အတွင် အာဖရိကတိုက် ယူဂန်ဒါနိုင်ငံ၌ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထား၍ အိုင်စီအက်စ်

ဦးတင်ထွတ်ကိုမူ အိနိ္ဒယနိုင်ငံ ဆင်းလားသို့ပြန်၍ မြန်မာပြည် စစ်ပြေးအစိုးရ၏ အကြံပေးအဖြစ်

ဆောင်ရွက်စေသည်။ ထို့နောက် ဒုတိယကမာ္ဘစစ်အပြီး ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂ရ ရက်တွင် နန်းရင်းဝန်ဟောင်း

ဦးစောသည် ၄ နှစ်နီးပါ အကျယ်ချုပ်ခံရပြီးနောက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ မေလဆန်းတွင်

သူ၏ မျိုးချစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၄၆ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင်

မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ် ရန့်စ်က ဦးစောအား ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုနှစ် စက်တင်ဘာ ၂၁ ရက်နေ့

ညနေ ၅ နာရီတွင် ဦးစောသည် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ထပ်မံတွေ့ဆုံပြီး ဘုရင်ခံအိမ်တော်မှအပြန်

မြေနီကုန်း လမ်းဆုံအဝိုင်းကြီးကိုကျော်လွန်၍ စိန့်ဖလိုမီနာကျောင်း (အထက (၂) စမ်းချောင်းကျောင်း) ရှေ့၌

ယူနီဖောင်းဝတ် အမည်မသိလူတစု၏ သေနတ်ဖြင့်ပစ်ခတ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် ဦးစော၏

လက်ဝဲဘက်မျက်နှာ အောက်ပါးအထက်ပိုင်းကို ကျည်ဆန်ရှပ်မှန်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဦးစောသည်

ဗိုလ်ချုပ်အောင်ဆန်းအပေါ် အထင်မှားကာ ဗိုလ်ချုပ်အပေါ် အငြိုးအတေးထားခဲ့သည်။ မြန်မာနိုင်ငံဘုရင်ခံ

ဆာဟူဘတ်ရန့်စ်က စက်တင်ဘာလ ၂ရ ရက်နေ့တွင် ဘုရင်ခံအမှုဆောင် ကောင်စီ (ဝန်ကြီးအဖွဲ့)ကို

ဗိုလ်ချုပ်အောင်ဆန်းအား ဦးဆောင်၍ အဖွဲ့ဝင် ၁ဝ ဦးဖြင့် ဖွဲ့စည်းစေရာ ဂဠုန်ဦးစောသည်

ဘုရင်ခံ၏ထောက်ခံမှုဖြင့် အစိုးရအဖွဲ့၌ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ရသည်။

၁၉၄ရ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုုင်ငံ လွတ်လပ်ရေးအတွက်

ဆွေးနွေးရန် ဗိုလ်ချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန် ပြည်သို့ သွားရောက်ရာ၊ ဦးစောသည်

လိုက်ပါသွားခဲ့သည်။ ထိုနှစ် ဇန်နဝါရီလ ၂ရ ရက်နေ့တွင် မြန်မာ့ လွတ်လပ်ရေးအတွက်ချုပ်ဆိုသော အောင်ဆန်း-

အက်တလီ စာချုပ်နောက်ဆက်တွဲကို ထိုစဉ်က အစိုးရအဖွဲ့ဝင်အဖြစ်လိုက်ပါသွားသော သခင်ဗစိန်နှင့် ဦးစောတို့

သည် သဘောမတူကြောင်း မှတ်ချက်ဖြင့် လက်မှတ်ထိုးခဲ့ကြသည်။ အမှန်စင်စစ် ဦးစောနှင့် သခင်ဗစိန်တို့သည်

စာချုပ်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သဘောထား အယူအဆရှုပ်ထွေးအောင် ပရိယာယ်ဆင်ခြင်းသာ

ဖြစ်သည်။ ထို့နောက် ၁၉၄ရ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ဘုရင်ခံအမှုဆောင်အဖွဲ့မှ သခင်ဗစိန်သည်

လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဦးစောသည်လည်းကောင်း အသီးသီး နုတ်ထွက်ခဲ့ကြသည်။

အစိုးရအဖွဲ့မှ နှုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နှင့်အတူ ဦးစောသည် ‘မဟာဗမာ’ အဖွဲ့ကို ဖွဲ့

စည်း၍ ဖဆပလ အတိုက်အခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က မဟာ ဗမာအဖွဲ့ကို စာနယ်ဇင်းများ၌ ‘စော စိန်

မော် ဂိုဏ်း’ ဟု ခေါ်ခဲ့ကြသည်။ ထို့နောက် ၁၉၄ရ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် စနေနေ့ နံနက် ၁ဝး၃ဝ တွင်

ဂဠုန်ဦးစောသည် သူ၏ နောက်လိုက်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များအား

အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခိုင်းသည်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင်

လူသတ်တရားခံ ဂဠုန်ဦးစောနှင့် အပေါင်းအပါများကို သောင်းကျန်းမှုနှိမ်နင်းရေးတပ် တပ်ရင်းအမှတ် ၁ မှ

တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် ရ ရက်ကွက် အေဒီလမ်း (ယခု မေခလမ်း) အမှတ်

၄ ရှိ ဦးစောနေအိမ်သို့ ဝိုင်း၍ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပတ်တာ မစ္စတာဂျပ် ခေါင်းဆောင်သော ရဲတပ်ဖွဲ့

သို့ အပ်နှံခဲ့သည်။ ထို့နောက် ဘုရင်ခံအထူးခုံရုံးဖွဲ့စည်း၍ အမှုကို စစ်ဆေးစေခဲ့သည်။ ဦးစောနှင့် အပေါင်းအပါ ၉

ဦးအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီထူး တို့ပါဝင်သော အထူးခုံရုံးမှ ၄ လတိုင် ကြားနာစစ်ဆေးကာ

ပြစ်မှုထင်ရှားသဖြင့် ၁၉၄ရ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် သေဒဏ် စီရင်ချက်ချမှတ်ခဲ့သည်။

လုပ်ကြံမှုတရားခံများအနက် ဘညွန့်(ဖော်ကောင်) သည် အစိုးရသက်သေ ဖြစ်သွားသောကြောင့်အမှုမှ

ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်။ ကျန်တရားခံများက အဆင့်ဆင့် အယူခံဝင်ခဲ့ရာ နောက်ဆုံးအယူခံလွှာကို

၁၉၄၈ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ

ဆက်လက်တင်သွင်းခဲ့ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် သေဒဏ်အမိန့်ပယ်ဖျက်၍ တသက်တကျွန်း

ထောင်ဒဏ်များသို့ လွှဲပြောင်း ပေးခဲ့သည်။ ကျန် တရားခံများဖြစ်ကြသော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်ခို့ နှင့်

မှုန်ကြီး တို့အား အင်းစိန်အကျဉ်းထောင်တွင်လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား

ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန်အထွေထွေရောဂါကု ဆေးရုံနေရာ) တွင်လည်းကောင်း ၁၉၄၈ ခုနှစ် မေလ

၈ ရက် စနေနေ့ အရုဏ်တက်ချိန် ၅နာရီခွဲတွင် တပြိုင်နက် ကြိုးပေးစီရင်ခဲ့လေသည်။ ကြိုးပေးခံရစဉ်က

ဇနီးဒေါ်သန်းခင်နှင့် သမီးဘေဘီစော ခေါ် မေသန်းစော ကျန်ရစ်ခဲ့လေသည်။ နိုင်ငံတော်လုပ်ကြံမှုကြီးအတွက်

ကြိုးဒဏ်အတည်ပြုခြင်းခံရပြီးဖြစ်သော ဦးစောသည် သူ၏ သမီးဖြစ်သူ ဘေဘီစောခေါ် မေသန်းစောထ ံ

နောက်ဆုံးစာတစောင် ရေးသားပေးပို့ခဲ့ရာ အောက်ပါ အတိုင်း ဖြစ်သည်။ “ချစ်သမီးသို့ ချစ်သမီးအတွက်

အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊

မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့

တိုင်း အဓိဌာန်ပြုပါ။ နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေ

မျိုးတို့သည် စိတ်အလွန်ထက်ကြသည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင်

မခံချင်သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာက တချက်ရိုက်လျှင် ကိုယ်က

အချက် ၂ဝ ပြန်ရိုက်ချင်သည်။ လက်စားပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။

ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က ရန်မူလာလျှင် သည်းခံပါ။

သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။ အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု

ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။ လူ့

ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို

ကံအားလျော်စွာ ရောက်လာ၏။ အလွန်အဖိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။

မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို နေ့ရောညဉ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။

ဝိပဿနာတရား အားထုတ်ပါ။ မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့

ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။ သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမာ္ဘတွင်

ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား သာသနာတော်

အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။ သမီးသည်

ဆရာတော်၊ သံဃာတော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊

ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား- ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း”

လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး မောင်စော ဦးစောသည် သမီး ဘေဘီစောကို ဆုံးမစကား ရေးသားခဲ့ခြင်းမှာ

ကြိုးဒဏ်စီရင်ခြင်းမခံရမီ အချိန်ကာလေးအတွင်း ကြိုးတိုက်ထဲ၌ လယ်တီဆရာတော်၏ တရားစာအုပ်များ

အပါအဝင်၊ ဗုဒ္ဓဝင် ကျမ်းစာများကို ဖတ်ရှုခဲ့မှုကြောင့် တရားရရှိသွားလေသလား စဉ်းစားစရာပင်ဖြစ်သည်။

ဂဠုန်ဦးစောသည် ရာဇဝင်ရိုင်းအောင်ပြုခဲ့မိသော သူ၏မိုက်ပြစ်ကြောင့် နိုင်ငံတော်လုပ်ကြံမှု၏ တရားခံအဖြစ်

ဘဝဇာတ်သိမ်းခဲ့ရသော်လည်း သူ့သမီးထံရေးပေးခဲ့သော ‘သံဝေဂ’ စာကို ဖတ်ရှုရသူတိုင်းသည် စလေဦးပုည၏

‘ဆဒ္ဒန်ဆင်မင်းဝတ္ထု’ မှ သောနုတ္ထိုရ်မုဆိုး၏ မြားချက်ကြောင့် အသက်ကုန်အံ့ဆဲဆဲ၌ ဆဒ္ဒန်ဆင်မင်းဆိုခဲ့သော-

“ဉာဏ်ဝင်္ကန္တ၊ ယုတ်မာလှသော၊ အမိုက်မအတတ်၊ သင်းကြံ၍သတ်သည်ကား၊ ဆတ်ဆတ်မုချ၊ မှန်တော့သည်။ သို့

မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့်မိန်းမအား၊ မရသရွေ့၊ သူ မမေ့ရှာပြီ။ ရှေ့သို့သံသရာ၊ ဖြစ်တိုင်းမှာပင်၊

လောင်စာရန်ငြိုး၊ မီးဆက်၍ ပျိုးမည်ကြောင့်၊ မိန်းမဆိုး အမုန်း၊ သည်ဘဝတွင် သည်မျှနှင့်တုံးစေတော့”

ဟူသောစကားကို ပြန်လည်သတိရမိကာ အမုန်သံသရာ ကုန်ဆုံးပါစေတော့ ဟု တမ်းတနေမိပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit to Source: http://moemaka.com/archives/18297

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂဠုန်ဦးစောနှင့် စုဖုရားလတ်၏ ကျောက်စိမ်းလက်ကောက် တစ်ဖက်

မောင်သန်းဆွေ၊ထားဝယ်၊

ကုန်းဘောင်ခေတ်နှောင်း မင်းတုန်းမင်းတရားကြီး၏ လက်ထက်တော်တွင် ၁၂၂၈ ခုနှစ်၌ ဗြိတိသျှ နယ်ချဲ့အား

အန်တုရန် ခေတ်မီသော နိုင်ငံတော်ကြီး တည်ဆောက် နေသည့် အိမ်ရှေ့စံ ကနောင်မင်းကို တူတော်

(သမက်လည်း တော်လည်းဖြစ်) မြင်ကွန်း မင်းသားက လုပ်ကြံလိုက်၍ ကျဆုံးခဲ့ရသည်။ ခေါင်းဆောင်ကောင်း မဲ့၍

မြန်မာပြည်လည်း သူ့ကျွန် ဖြစ်ခဲ့ရလေသည်။ သူ့ ကျွန်ဘဝမှ လွတ်မြောက်ရန် ကြိုးစား နေသော လွတ်လပ်ရေး

ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း ဂဠုန်ဦးစောက လုပ်ကြံ၍ သတ်ဖြတ် လိုက်သဖြင့် မြန်မာ့သမိုင်းတွင်

ရာဇဝင်ရိုင်းကာ ဂဠုန် ဦးစောသည် နှစ်ဆယ် ရာစုနှစ်၏ မြင်ကွန်း မင်းသားဘွဲ့ ခံသွားလေသည်။

၁၉ ရာစုနှစ်က မြင်ကွန်း မင်းသားကြောင့် နန်းလျာကောင်းမဲ့၍ မထင်မှတ်ဘဲ ဘုရင်ဖြစ်ခဲ့ရသည့်

သီပေါမင်းတရား၏ အဂ္ဂမဟေသီ၊ နန်းမတော် စုဖုရားလတ် ပိုင်သည်ဆိုသော ကျောက်စိမ်းလက်ကောက်

တစ်ဖက်နှင့် ၂ဝ ရာစုနှစ်မှ မြင်ကွန်း မင်းသားဟု ခေါ်တွင်သည့် ဂဠုန်ဦးစောတို့ ပတ်သက်ခဲ့ရပုံကို ထိုအချိန်က

ကာယကံရှင်များ၏ စာများ အရ သိခဲ့ရပါသည်။

၁၉၄၁ ခုနှစ်အချိန်က မြန်မာပြည် ၏ ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ် ဖြစ်၍ နန်းရင်းဝန်(ယခုခေတ်ဝန်ကြီးချုပ်)

မှာ ဂဠုန်ဦးစော ဖြစ်ခဲ့သည်။ ဦးစောသည် စစ်ပြီးလျှင် မြန်မာပြည်ကို ဒိုမေနီယန် အဆင့်ရှိ ကိုယ်ပိုင် အုပ်ချုပ်ရေးကို

ပေးပါဟု အင်္ဂလန်နိုင်ငံ နန်းရင်းဝန် မစ္စတာ ချာချီထံ အရေးဆိုရန် သွားရောက်ခဲ့သည်။ ထိုစဉ်က ဦးစောသည်

လန်ဒန်၌ ဒေါ်ချက်စတာ ဟိုတယ်တွင် တည်းခို နေ၏။ အမည် မဖော်သော အင်္ဂလိပ် အမျိုးသမီးတစ်ဦးက

ဟိုတယ်သို့ လာရောက်ပြီး မြန်မာနန်းရင်းဝန်နှင့် တွေ့လို ကြောင်း ပြောသည်။ ဟိုတယ်မှ တာဝန်ခံက ရုတ်တရက်

တွေ့ဆုံခွင့် မပြုရာ ထိုအမျိုးသမီးက နန်းရင်းဝန် ဦးစောထံ စာရေးပေးသည်။ ၎င်းစာ မူရင်းတွင် ရက်စွဲ

မပါသော်လည်း မြန်မာလို ပြန်ပါက အောက်ပါအတိုင်း ဖြစ်ပါသည်။

သို့-
ဂုဏ်ပြု လေးစားအပ်ပါသော ဦးစော
မြန်မာပြည် နန်းရင်းဝန်
ဒေါ်ချက်စတာဟိုတယ်
ဒဗလျူ-ဝမ်း

ဤထုလုပ် မွမ်းမံခြယ်မွမ်းထားသော ငွေသေတ္တာနှင့် ကျောက်စိမ်းလက်ကောက် တို့ကို ပေးပို့ လိုက်သူက

ထိုပစ္စည်း များနှင့် ပတ်သက်၍ မြန်မာပြည်နန်းရင်း ဝန်ကြီးအား ဒုက္ခပေးရခြင်းကို တောင်းပန် အပ်ပါသည်။ ပေးပို့

လိုက်သူ အနေဖြင့် ၎င်းပစ္စည်း များကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လက်ခံ ရရှိထားခဲ့သည့် ဆွေမျိုးတော်စပ်သူ

တစ်ဦးထံမှ အမွေဆက်ခံ ရရှိထားခဲ့သူ ဖြစ်ပါသည်။ ၎င်းပစ္စည်းများမှာ မန္တလေးမြို့ကို သိမ်းပိုက်ခဲ့စဉ်က နန်းတော်

အတွင်းမှ ယူဆောင် လာခဲ့သော ပစ္စည်းများ ဖြစ်၍ မိဖုရားကြီး ပိုင်ဆိုင်သော ပစ္စည်းများ ဖြစ်သည်ဟု ဆိုပါသည်။

တော်ဝင် မိသားစုမှ ကျန်ရစ်သူ အဆက်အနွယ် တစ်စုံတစ်ဦးက ဤဝမ်းနည်းဖွယ် ဖြစ်ရပ်ဖြင့် အလုပ်ခံထားရသော

ပစ္စည်းများကို ပြန်လည် ရယူလိုခြင်း ရှိ မရှိ မသိရပါ။ သို့မဟုတ် မြန်မာပြည်မှ ဆင်းရဲသားများ ထိုပစ္စည်းများမှ

အကျိုးကျေးဇူး တစ်စုံတစ်ရာ ခံစားနိုင်ရန် ရှိသည်။ သို့မဟုတ် အဖွဲ့အစည်းအချို့က လက်ခံ ရယူ ထားခြင်းဖြင့်

အသုံးဝင်နိုင်မည်ဆိုသည် တို့ကို မသိရပါ။

မည်သို့ပင် ဆိုစေ ပစ္စည်းများ ပေးပို့သူ အနေဖြင့် နန်းရင်းဝန်ကြီး၏ အစီအစဉ် အဆုံးအဖြတ်ကို သဘောတူ

ကျေနပ်ပါသည်။ ဤသို့ပစ္စည်းများ ပြန်လည်ပေး အပ်ခြင်းဖြင့် ဘယ်သောအခါမှ မပြုသင့် မပြုထိုက်သော

နည်းလမ်းဖြင့် ပြုမူခံခဲ့ရသော တိုင်းပြည်သို့ ပြန်လည် ပေးပို့လိုက်ခြင်း ဖြစ်သည်ဟု ခံယူနှစ်သိမ့် ကျေနပ် ရပါသည်။

ဟိုတယ်မှ တာဝန်ခံက နန်းရင်းဝန် ဦးစောထံ စာသွားပေးပြီး အကျိုး အကြောင်း ပြောပြသည်။ ဦးစော

စာဖတ်ကြည့်ပြီး ထိုအင်္ဂလိပ် အမျိုးသမီး နှင့် ဆင်းတွေ့၏။ အင်္ဂလိပ် အမျိုးသမီးထံမှ ငွေကွမ်းအစ် တစ်လုံးနှင့်

ကျောက်စိမ်း လက်ကောက် တစ်ဖက် ပေးခဲ့သည်ကို ရရှိလိုက်တော့သည်။ အင်္ဂလိပ် အမျိုးသမီးမှာ မရှိတော့ပါဟု

ဆို၏။ ဂဠုန်ဦးစောသည် လန်ဒန်မှ အပြန် အမေရိကန် နိုင်ငံသို့ ဝင်၏။ ထိုမှခရီးဆက်မည် အပြုတွင်

ဂျပန်လေတပ်က အမေရိကန် ပြည်ထောင်စု၏ ဟာဝေယံကျွန်းနှင့် ပုလဲဆိပ်ကမ်းကို ရုတ်ခြည်း ဝင်ရောက် ဗုံးကြဲ

တိုက်ခိုက်သည်နှင့် တိုး၏။ ထို့နေ့သည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ရ ရက်နေ့ဖြစ်သည်။ အမှန်မှာ ထိုနေ့တွင်

ဦးစောသည် အမေရိကန်မှ ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ပြန်ရန် ပြင်ဆင်လျက် ရှိခဲ့သည်။ ပစိဖိတ် သမုဒ္ဒရာနှင့်

ဂျပန်နိုင်ငံကို ဖြတ်၍ မြန်မာပြည်သို့ ပြန်ရန် မလွယ်တော့သဖြင့် ဦးစောသည် ဥရောပတိုက်သို့ လှည့်၏။

လစ်စဘွန်းမြို့တွင် ခရီးတစ်ထောက် နား၏။ ထိုစဉ် ဦးစောသည် ဂျပန်သံရုံးသို့ သွားရောက် ဆက်သွယ်သည်ဟု

အင်္ဂလိပ်သတင်း ထောက်လှမ်းရေးမှ ဆိုင်ရာသို့ သတင်း ပို့သည်။ ထို့ကြောင့် ဦးစော ခရီးအဆက် ပါလက်စတိုင်း

(ယခုအစ္စရေး)နိုင်ငံ ဟိုင်ဖားမြို့လေဆိပ်၌ အင်္ဂလိပ်တို့က ထိန်းသိမ်း လိုက်ကြသည်။ ထိုသို့ ထိန်းသိမ်းကြောင်း

သတင်းကို တစ်လကျော်မျှ သိုဝှက်၍ ထား၏။

၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့စွဲဖြင့် အင်္ဂလိပ် အစိုးရက ဦးစောကို ထိန်းသိမ်း လိုက်ကြောင်း မြန်မာပြည်သို့

ပြန်ခွင့် မပြုကြောင်း ကြေညာ လိုက်သည်။ ဦးစောသည် စစ်ကာလ အတွင်း ယူဂန္ဓာပြည်တွင် အကျယ်ချုပ်နှင့်

နေရသည်။ မြန်မာပြည်မှ ပြည်သူတို့ မည်သို့ ခံစား တွေ့ကြုံကြရပုံ၊ သွေးစည်း ညီညွတ်ကြပုံ၊

ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူတို့၏ ယုံကြည် အားထားရာနှင့် မျှော်လင့်ချက် ဖြစ်လာပုံ၊ တပ်မတော်နှင့်

ပြည်သူတို့ တစ်သားတည်း ဖြစ်လာ ပုံတို့ကို ဦးစောဘာမျှ မတွေ့မမြင် လိုက်ရချေ။ ဦးစောသည် ၁၉၄၆ ခုနှစ်မှ

မြန်မာပြည်သို့ ပြန်ရောက်သည်။ နောက်တစ်နေ့တွင်ပင် သတင်းစာ ဆရာများ အစည်းအဝေးတွင် လန်ဒန်မှ

ရလာခဲ့သည့် ကျောက်စိမ်း လက်ကောက်ကြီး တစ်ဖက်နှင့် ငွေကွမ်းအစ်ကို ပြလျက် အကျိုး အကြောင်း ရှင်းလင်း

ခဲ့ပါသည်။ မြန်မာပြည်တွင် ပြတိုက်ကြီး တစ်ခု ဖြစ်ပေါ်လာပါက ထိုပစ္စည်းများကို အပ်နှင်းရန် စီစဉ် ထားခဲ့ပါသည်။

သို့သော် နောက်ပိုင်းတွင် အားလုံး သိကြသည့် အတိုင်း အကြံကုန် ဂဠုန်ဆားချက်သော ဦးစောသည် နိုင်ငံတော်

လုပ်ကြံမှုကြီးကို ကျူးလွန် လေသည်။ ၁၉၄ရ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင်စ၍ အမှု စစ်ဆေးသည်။

ထိုအချိန်က ထောင်ထဲ ရောက်နေပြီ ဖြစ်သော ဦးစောက ၂၉.၁.၄၈ နေ့စွဲဖြင့် ရွှေတိဂုံစေတီတော်ကြီးဂေါပကအဖွဲ့

သို့ ထောင်ထဲမှ စာတစ်စောင ်ရေးပို့ သည်။ သူ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စ များကြောင့် ဘာမျှ မစီမံရသေးသည့်

လန်ဒန်မှ ပါလာသော ကျောက်စိမ်း လက်ကောက်ကြီး တစ်ဖက်နှင့် ငွေကွမ်းအစ် တစ်လုံးတို့ ကိစ္စအတွက် စီမံ

ဆောင်ရွက်ခြင်း ကိစ္စဖြစ်ပါသည်။ ဦးစော၏ မူရင်း စာအတိုင်း ဖော်ပြ လိုက်ပါသည်။ စာတွင် အင်းစိန်ထောင်

တံဆိပ်နှင့် ထောင်အရာရှိတို့၏ မှတ်ချက်များပါသည်။

ရွှေတိဂုံ စေတီတော်ကြီး ဘဏ္ဍာတော်ထိန်းအဖွဲ့သို့ ရိုသေစွာ အစီရင်ခံပါသည် ခင်ဗျား။

၁၉၄၁ ခုနှစ်က ကျွန်တော် သည်မြန်မာ နိုင်ငံတော်နှင့် လွတ်လပ်ရေးအတွက် လန်ဒန်မြို့သို့အင်္ဂလိပ် အစိုးရနှင့်

အရေးဆိုရန် သွားစဉ်က ၁၈၈၅ ခု အင်္ဂလိပ်တို့ မန္တလေး သိမ်းတုန်းက နန်းတွင်းမှ ယူသွားကြသော အဖိုးတန်

လက်ကောက်ကြီး တစ်ဖက်ကို အမည်မဖော်သော အင်္ဂလိပ် အမျိုးသမီး တစ်ဦးက ကျွန်တော် တည်းခိုနေသော

ဟိုတယ်သို့ ငွေကွမ်းအစ် တစ်လုံး နှင့် အတူ ပေးပို့ လိုက်ပါသည်။ ထို အမျိုးသမီးထံမှ စာတစ်စောင်ကိုလည်း

နောင်လာ နောင်သားတို့ ဖတ်ရှုနိုင်ရန် ယခု ပေးပို့ပါသည်။

လွန်ခဲ့သည့် ကမ္ဘာစစ်ကြီး အတွင်း က ကျွန်တော်မှာ နိုင်ငံခြားတွင် အင်္ဂလိပ်တို့၏ ဖမ်းဆီး ချုပ်နှောင်ထားခြင်း ခံနေ

ခဲ့ရသည်။ ဘေးအမျိုးမျိုးတို့မှ လွတ်အောင် ကြံဖန်၍ အဆိုပါ လက်ကောက်ကြီးကို မြန်မာပြည်သို့ ပါလာနိုင်ရန်

သိုလှောင် သိမ်းဆည်းကာ ယူခဲ့ပါသည်။ ၁၉၄၆ ခုနှစ် မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် တစ်နေ့ သတင်းစာ

ဆရာများ အစည်းအဝေးတွင် ထိုလက်ကောက်ကြီးနှင့် ငွေကွမ်းအစ်ကို ပြလျက် အကျိုးအကြောင်း ရှင်းလင်း

ခဲ့ပါသည်။ မြန်မာပြည် ပြတိုက်ကြီး ပေါ်လာသော အခါ ထိုပစ္စည်းများကို အပ်နှင်းရန် စီစဉ် ထားခဲ့ပါသည်။

ယခု ရွှေတိဂုံ ဘုရားကြီးအား လှူဒါန်းလျှင် မြန်မာ ဘုရင်အဆက် အနွယ်တော်တို့နှင့် တကွ ဗုဒ္ဓဘာသာ မြန်မာ

တစ်မျိုးလုံးကပါ ကျေ နပ်ဝမ်းမြောက် ကြလိမ့်မည်ဟု ယုံကြည်သည်လည်း တစ်ကြောင်း၊ ရွှေတိဂုံ ဘုရားကြီး

ပြတိုက်တွင် ထားလျှင် ကြည့်ရှု လိုသူတို့လည်း ကြည့်ရှုခွင့် ရနိုင်မည် တစ်ကြောင်း

ထိုအကြောင်းနှစ်ခု ရှေးရှုလျက် ကွမ်းအစ်ကြီးနှင့် လက်ကောက်ကြီးကို လှူဒါန်း လိုက်ခြင်းဖြစ်ပါကြောင်း။

လန်ဒန်မြို့မှ ထုတ်ဝေသော “ကမ္ဘာ့လက်ဝတ် လက်စား အဖိုးတန်များ” ဆိုသော စာအုပ် တစ်အုပ်တွင် တရုတ်ပြည်

သူဌေးကြီး တစ်ဦးသို့ ပြင်သစ် အမျိုးသမီး တစ်ဦးက မြန်မာပြည်မှ ကျောက်စိမ်း(ဖြူ) လက်ကောက်ကြီး တစ်ဖက်ကို

အင်္ဂလိပ် ရွှေဒင်္ဂါးပေါင် ၄၀၀ဝ (လေးထောင်)၊ မြန်မာငွေ ငါးသောင်း သုံးထောင် ကျော် ၅၃၀၀ဝ ကျော်နှင့်

ရောင်းလိုက် ကြောင်း ဖော်ပြ ရေးသား ထားပါသည်။ ထိုစာအုပ်ကို ဖတ်ရသောအခါ အဆိုပါ ၅၃၀၀ဝ ကျော်နှင့်

အရောင်းအဝယ် ဖြစ်သွားသော မြန်မာပြည်မှ ကျောက်စိမ်း(ဖြူ) လက်ကောက်ကြီး ဆိုသည်မှာ ယခု

လက်ကောက်ကြီး၏ အဖော် အခြား တစ်ဖက်များ ဖြစ်နေမလားဟု တွေးဆ မိပါသည်။

ယခု လက်ကောက်ကြီးနှင့် ငွေကွမ်းအစ်တို့ အပြင် ကျွန်တော်နှင့် ကျွန်တော်၏ ဇနီး မသန်းခင်၊ သမီးမေမေသန်းတို့

က ဝတ္ထုငွေ ၅၀၀(ငါးရာကျပ်)ကို ဘဏ္ဍာတော်ထိန်း အဖွဲ့က ဘုရားကြီးနှင့် ပတ်သက်၍ သင့်လျော်ရာ အသုံးပြုရန်

စေတနာ သုံးတန် ပြထာန်းလျက် မြတ်စွာဘုရားအား သက်တော် ထင်ရှား အာရုံထား၍ လှူဒါန်းပါ၏။

ထိုဒါနကောင်းမှု ကုသိုလ်စုကို နတ်ရွာစံ မြန်မာဘုရင်၊ မိဖုရားကြီးနှင့် တကွ မြန်မာဘုရင့် အဆက် အနွယ်တော်တို့

အပြင် လူနတ် ဗြဟ္မာ သတ္တဝါအပေါင်းအား လှူခွင့်ရသည့် ကျွန်တော်တို့က ရေစက်သွန်းချ ရိုသေစွာ အမျှပေး ဝေ

ပါကုန်၏။ အင်္ဂလိပ်အမျိုးသမီးထံမှ စာနှင့် ဤစာကို ပြတိုက်တွင် ထားပါက ဖတ်သူတို့ ဖတ်ခွင့်ရ၍ လက်ကောက်၏

ရာဇဝင်ကို သိနိုင်ကြပါလိမ့်မည်။

မောင်စော
၁၃၀၉၊တပို့တွဲလဆုတ် ၄ရက်
၂၉.၁.၄၈

ဂဠုန်ဦးစောသည် အထက်ပါ စာကို ရေးပြီးနောက် ရွှေတိဂုံဂေါပက အဖွဲ့သို့ ထောင်ထဲမှ တစ်ဆင့် ပေးပို့ခဲ့

လေသည်။ ထိုစာနှင့် အတူ လက်ကောက်ကြီးနှင့် ငွေကွမ်းအစ် တို့ကို ဦးစော၏ ဇနီး ဒေါ်သန်းခင်က ဂေါပက အဖွဲ့

သို့ လာလှူခဲ့ပုံရ၏။ အဘယ်ကြောင့် ဆိုသော် ဒေါ်သန်းခင်၏ ၂၆.၁.၄၈ နေ့စွဲဖြင့် စာကို တွေ့

ရသောကြောင့်ဖြစ်သည်။

ဦးဘသိန်း

အစီရင်ခံပါသည်ရှင့်။

ဦးဘသိန်း၊ ကြာသပတေးနေ့ နံနက်ကို ကျွန်မ လာ၍ မြန်မာ ရှင်ဘုရင်များ ပိုင်သော လက်ကောက် တစ်ဖက်ကို

အင်္ဂလန်မှ ရလာသော ပစ္စည်း ဖြစ်ပါသည်။ ထိုပစ္စည်းကို ရွှေတိဂုံဘုရားကြီးကို လှူမည် ဖြစ်ပါ၍ ဘုရား

လူကြီးမင်းများကို ပြောထား စေလိုပါသည်ရှင့်။

မသန်းခင်
ဦးစော၏ဇနီး
၂၆.၁.၄၈

၎င်းစာအောက်တွင် ဂေါပက အဖွဲ့မှ မှတ်ချက်များ ရေးထားသည်ကို တွေ့ရသည်။၎င်းင်းစာတို့မှာ-

ယခုစာကို ဦးစော၏ ဇနီး ဒေါ်သန်းခင် ကိုယ်တိုင် နှစ်နာရီတွင် အဖွဲ့ရုံးသို့ လာရောက်၍ ကိုယ်တိုင်

ရေးပေးသွားပါသည်။
စိုး
၂၆/၁

မှတ်ချက်။ ။ ကြာသပတေးနေ့ နံနက် အချိန်တွင် အမှုဆောင်နှင့် တွေ့နိုင် ပါလိမ့်မည်။ အကယ်၍

လူကြီးမင်းများနှင့် မတွေ့ကြုံရ သော်လည်း စက္ကရီ တေရီ ထံတွင် လှူဒါန်း နိုင်ပါကြောင်း။

စိုးမြင့်
၂၆.၁.၄၈

၂၉.၁.၄၈ နေ့ နံနက်က လူကြီးမင်း ဦးမြင့် ကိုယ်တိုင် ချိန်တွယ် လက်ခံပါသည်။
သိန်း
၂၉.၁.၄၈

ဂဠုန်ဦးစော အမှု၏ စီရင်ချက် အဆုံးတွင် ၁၉၄ရ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့မှ စ၍ ရ ရက်အတွင်း အယူခံ

ဝင်နိုင်ကြသည် ဖြစ်ကြောင်းပါရာ ဦးစောသည် စီရင်ချက် ချခံရပြီး နောက် တစ်လ အတွင်းတွင်ပင် သူ့အခြေအနေ

ကိုသိ၍ နောင်ရေး အတွက် စီမံစရာ ရှိသည်များကို စီမံခဲ့ဟန်တူသည်။ ဇနီး နှင့်တိုင်ပင်၍ သူ့တာဝန် ဖြစ်နေသော

လက်ကောက်ကြီးနှင့် ငွေကွမ်းအစ်တို့ အတွက် ရွှေတိဂုံဘုရားသို့ လှူဒါန်းရန် ဆုံးဖြတ်သဖြင့် ဒေါ်သန်းခင်က

၂၆.၁.၄၈ နေ့စွဲဖြင့် ရွှေတိဂုံ ဂေါပကသို့ လာလှူမည့် အကြောင်း၊ စာပို့ဟန် တူပါသည်။ ဦးစောက ၂၉.၁.၄၈ နေ့

ကျမှ သာလျှင် ဂေါပက အဖွဲသို့ စာရေးပြီးစာနှင့်တကွ ပစ္စည်းများကို ဇနီး ဒေါ်သန်းခင်အား လှူစေ ပုံရသည်။

၂၉.၁.၄၈ နေ့စွဲဖြင့်ပင် ဒေါ်သန်းခင်၏ စာအောက်ခြေတွင် ဦးမြင့် ဆိုသူက ချိန်တွယ် လက်ခံပါသည်ဟု

မှတ်ချက်ကို တွေ့ရသည်။ ဦးမြင့်သည် စာရေးသူတို့ လက်ထက် အထိ ရာသက်ပန် ဂေါပက အဖြစ်

ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

ရွှေတိဂုံ ဂေါပကအဖွဲ့မှ ထိုလက်ကောက်ကို တပေါင်းလ ဘုရားပွဲတွင် အများပြည်သူအား ပြသရန် ဆုံးဖြတ်ခဲ့ပုံ

ရ၏။ ၁၁.၂.၄၈ နေ့စွဲဖြင့် ဟံသာဝတီ သတင်းစာတွင် အောက်ပါ သတင်းပါ လာသည်။

ဦးစော လှူဒါန်းသည့် လက်ကောက် ရွှေတိဂုံပြတိုက်တွင် ပွဲတော်အတွင်း ပြသမည်

ဂဠုန် ဦးစော၏ ဇနီး ဒေါ်သန်းခင်သည် များမကြာမီက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းအဖွဲ့သို့

လာရောက်ပြီး ဦးစော၏ ကိုယ်စား ထူးခြားသော လက်ကောက် တစ်ကွင်းကို စေတီတော်ကြီးအား

လှူဒါန်းသွားခဲ့သည့် အကြောင်း၊ ဤသတင်းစာတွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ အဆိုပါ လက်ကောက်ကို ယခု

တပေါင်းပွဲတော် အတွင်း လဆန်း ၁၃၊၁၄၊၁၅ ရက် နေ့များတွင် ရွှေတိဂုံကုန်းတော် ပြတိုက်၌ထား၍ လူထုအား

ကြည့်ခွင့်ပြုဖို့ရန် ဘဏ္ဍာတော်ထိန်း အဖွဲ့က ဆုံးဖြတ် လိုက်သည်ဟု သိရကြောင်း။

ဦးစောသို့လက်ဆောင်

ထိုလက်ကောက်မှာ မြန်မာ ဘုရင် မိဖုရားခေါင်ကြီး တစ်ပါး၏ လက်ဝတ်တော် ရတနာ တစ်ခု ဖြစ်သည် ဆို၏။

၎င်းကို သီပေါ ပါတော်မူစဉ်က တစ်စုံတစ်ခု သောနည်းဖြင့် အင်္ဂလိပ်လူမျိုး တစ်ဦးက ရယူသွားပြီးလျှင် ၎င်းတို့

ဆွေစဉ်မျိုးဆက် လက်ကူးခဲ့ရာမှ နောက်ဆုံး မိန်းမတစ်ဦး လက်သို့ ရောက်ရှိခဲ့ပြီးလျှင် ၎င်းကမှ တစ်ဖန် ဦးစော

နန်းရင်းဝန် အဖြစ်ဖြင့် အင်္ဂလန်သို့ အလာတွင် ဦးစောအား လက်ဆောင် ပေးလိုက်ခြင်းဖြစ်၏။

မဟူရာနှင့် တူသည်ဆိုခြင်း

ထိုလက်ဝတ် ရတနာမှာ ကျောက်စိမ်းစစ် ဖြစ်၍ ငွေ ၅၀၀၀၀(ငါးသောင်း) တန်သည် ဆို၏။ သို့သော် လက်ဝတ်

ရတနာ ကိုမြင်ရသည့် အခါ ကျောက်စိမ်း နှင့်မတူ မဟူရာနှင့် ပိုတူသဖြင့် မည်မျှ တန်ဖိုးထိုက်မည်ကို လူထု

ကိုယ်တိုင် မကြာမီကြည့်ရှု ဆုံးဖြတ် နိုင်ကြတော့မည်ဖြစ်ကြောင်း။

ထိုသတင်းများကို ဦးစောနှင့် ဇနီး တို့က ဖတ်ရှု ရပေလိမ့်မည်။ ၁၉၄၈ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင်

အင်းစိန် အကျဉ်းထောင်၌ ဦးစောသည် ဇနီး၊ သမီးတို့နှင့် အတူ မိုးညှင်းသိင်္ဂီ ကျောင်းတိုက်၊ ရေလဲဦးပဏ္ဍိ

စ္စဆရာတော် ထံမှ လက္ခဏာရေးသုံးပါး တရားနာရသည်။ ထို့နောက် မေလ ၈ ရက်နေ့ နံနက် အရုဏ်တက်တွင်

ဦးစောအား အင်းစိန် အကျဉ်းထောင် အတွင်း ကြိုးပေး ခဲ့လေသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး စုဖုရားလတ်၏ မြေးတော်၊ တော်ဘုရားကလေး နှင့် ဆွေးနွေးခဲ့ဖူးပါသည်။

“ဒီကိစ္စကို တော်တော် သိတယ် မဟုတ်လား”

“သိတာပေါ့”

“ဘာမှမလုပ်ဖူးလား”

“တော်တော် ရွှေတိဂုံ ဂေါပကကို သွားတွေ့တယ်။ ဒီကိစ္စကို သိပ်ပြောချင် ပုံမရဘူး။ အခု ကိုသန်းဆွေ ပြတဲ့

စာတွေ ကတော့ တော်တော် မဖတ်ခဲ့ရဘူး။ ဒါပေမယ့် လက်ကောက်ကိုတော့ ထုတ်ပြတယ်။ ဈေးထဲမှာ ရောင်းတဲ့

ကျောက်စိမ်း လက်ကောက် အပေါစားကြီး ဖြစ်နေတယ်”

“သူတို့က ဘာဖြစ်လို့ တော်တော့် ကို မပြချင်တာလဲ”

“ကြည့်ရတာ တော်တော်က လုပ်မယ် ထင်လို့နဲ့ တူပါတယ်။

(ရသင့် ရထိုက်သည်ကို တောင်းဆိုခြင်းကို ဆိုလို ပါသည်)

“နို့ တော်တော်ကရော ဘာဖြစ်လို့ ဒီကိစ္စကို သွားမေးတာလဲ”

“အခုကိုသန်းဆွေရဲ့ စာတွေဖတ်ရ မှ အမှန်ကိုသိရတာကိုး။ ပထမ တော်တော်ကြားရတာက အင်္ဂလိပ်မက

ဦးစောက တစ်ဆင့် သီပေါမင်းအနွယ် တော်တွေကို ပေးခိုင်းတယ်ကြားရလို့ပါ”

“အဲဒီလိုဆိုရင် တော်တော်ကရော လုပ်မှာလား”

“မလုပ်ပါဘူး။ ဦးစောက ဘုရား ကို လှူလိုက်ပြီပဲ၊ ဘုရားဘဏ္ဍာတော်ပဲ ဖြစ်ရမှာပေါ့”

တော်တော်(တော်ဘုရားလေး)၏ သဘောထားနှင့် ခံယူချက်ကို ပါသိရပါသည်။ တော်တော် ပြောသကဲ့သို့ပင်

လက်ကောက်ကြီးက ဈေးထဲမှ အပေါစား လက်ကောက်ကြီးနှင့် တူနေပါသည်။ ဤစာ ရေးနေစဉ် ကျောက်စိမ်းကို

အထူး ရောင်းချသောသူ တစ်ဦးအား ဤကဲ့သို့သော လက်ကောက်မျိုးနှင့် ပတ် သက်၍ မေးကြည့်ရာ ကျောက်စိမ်း

အကာဖြင့် လုပ်ထားသော ကွင်းစွပ် လက်ကောက် တစ်ဖက်သည် အညံ့ဆုံး ဆိုလျှင် အခုအခါ ငါးထောင်ခန့်

တန်ကြောင်း၊ အရည်အသွေးကို လိုက်၍ သိန်း ၃၀/၄ဝ အထိ တန်သည့် ပစ္စည်း ရှိပါသည်ဟု ပြောပါသည်။

စာရေးသူ အနေဖြင့် ကျောက်စိမ်း လက်ကောက်ကြီးက ကွင်းစွပ်ဖြစ်နေရာ ဒေါ်ချက်စတာ ဟိုတယ်တွင် အင်္ဂလိပ်

အမျိုးသမီး ရေးထားခဲ့သည့်စာ၌ The Sender of this Carved Silver box and jade bangle ဟု ရေးထားသဖြင့်

Bangle ဟု ဆိုထားပေရာ ကွင်းစွပ် လက်ကောက်ပင် ဖြစ်နေပါသည်။ လက်ပုံ လက်ကောက်ကို Bracelet ဟု

ခေါ်မည်။ လက်ကောက်ကို စာရေးသူ ကိုယ်တိုင် တွေ့စဉ်ကလည်း အနက်ရောင်ဘက် လုနေသည့် ကျောက်စိမ်း

မည်းမည်း လက်ကောက်ကြီးသာ ဖြစ်ပါသည်။ ဦးစော၏ စာကိုကြည့်လျှင် ဦးစော တန်ဖိုးဖြတ်ထားသည့်

ငါးသောင်းကျော်တန်သည် ဆိုသည်မှာ ဦးစော၏ ထင်မြင် ချက်သာ ဖြစ်ပါသည်။ အမှန်မှာ ကျောက်စိမ်းနှင့်

ပတ်သက်၍ တကယ် တတ်ကျွမ်း နားလည်သူ ပညာရှင်အား ပြသ၍ အဖိုး ဖြတ်ခိုင်းသင့်ပေသည်။

စာရေးသူနှင့် မိတ်ဆွေဖြစ်သော ဤကိစ္စကို စိတ်ဝင်စားသည့်သူက-

“အင်္ဂလိပ်မ (သို့)ဦးစော(သို့) ရွှေတိဂုံဂေါပကက လဲလိုက်တာရော မဖြစ်နိုင်ဘူးလား”

ဟူ၍ မေးဖူးသည်။ စာရေးသူ အနေနှင့် “မဖြစ်နိုင်ပါ” ဟုသာဆိုချင်ပါသည်။

အင်္ဂလိပ် အမျိုးသမီးသည် ဤ လက်ကောက်ကို မည်သို့မျှ လဲမည် မဟုတ်ချေ။ အစကတည်းက သူရထားပြီး

ဖြစ်ရာ ဦးစောထံ မလှူရန် သာဖြစ်၏။ လဲရန် မလိုပါ။ ဦးစောကလည်း လဲမည် မဟုတ်ချေ။ ဤကိစ္စကို ဦးစော

မဖော်က မည်သူမျှ သိမည် မဟုတ်ပါ။ ဦးစော ယခုကဲ့သို့ အစီအစဉ် လုပ်၍ လှူ လိုက်သည်ကိုလည်း ထို အင်္ဂလိပ်

အမျိုးသမီး သိချင်မှ သိမည်။ အစကတည်းက “နန်းရန်းဝန်ကြီး၏ အစီအစဉ် အဆုံးဖြတ်ကို သဘောတူ ကျေနပ်ပါသည်”ဟု ရေးသားထားပြီး ဖြစ်သည်။ ရွှေတိဂုံ ဂေါပကကလည်း လက်ကောက်ကို အကောင်းနှင့် အညံ့

လဲမည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ အများရှေ့တွင် လက်ခံ မှတ်တမ်း တင်ပြီးထားသော ပစ္စည်းဖြစ်သည်။

လက်ကောက်ကို ချိန်တွယ် လက်ခံသည့် ဂေါပကလူကြီး ဦးမြင့် ဆိုသူမှာ စာရေးသူ၏ မိဘများနှင့် သိကျွမ်းသူ

ဖြစ်သည်။ နောင်ရာသက်ပန် ဂေါပက ဝဏ္ဏကျော်ထင်ဦးမြင့် ဘဝအထိ စာရေးသူ မီလိုက်ပါသည်။ အန်တီခင်

(ဒဂုန် ခင်ခင်လေး)၏ ရတနာများကို လှူစဉ်က စာရေးသူနှင့် ပတ်သက်ခဲ့သည်။ အလွန် တိကျသေချာ

စည်းကမ်းကြီးသည်။ သိက္ခာသမာဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။

စာရေးသူ အနေဖြင့်မူ ဤလက်ကောက်ကြီးသည် အင်္ဂလိပ် အမျိုးသမီးက မည်သို့ပင် ဆိုစေကာမူ မူလကတည်းက

စုဖုရားလတ်၏ လက်ကောက် ဖြစ်ချင်မှ ဖြစ်မည်။ မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့စဉ်က ပါလာသည့် ပစ္စည်း

ဆိုသည်ကမူ မှန်ပါလိမ့်မည်။ သို့သော် နန်းတွင်းမှ ယူလာသည် ဖြစ်ရာ အရောရော အနှောနှော ဖြစ်လာပုံရသည်။

အကယ်၍ မိဖုရားခေါင်ကြီး စုဖုရားလတ်အား ဆက်သခဲ့သည့် လက်ကောက် ဟုတ် မဟုတ်ကမူ

ထိုလက်ကောက်၏ တန်ဖိုးအမှန်ကို သိမှ ခန့်မှန်း၍ ရမည် ထင်ပါသည်။ မည်သူ တစ်ဦး တစ်ယောက်ကမျှ

မိဖုရားခေါင်ကြီး စုဖုရားလတ်ကို အပေါစား ကျောက်စိမ်း လက်ကောက် တစ်ဖက် ဆက်သမည် မဟုတ်ပါ။

အမှန်ကို ဘုရားသာ သိမည်ဟုသာ ဆိုချင်ပါသည်။

မောင်သန်းဆွေ၊ထားဝယ်၊

ကိုးကားချက်

၁။ ဒေါက်တာမောင်မောင် “နိုင်ငံတော်လုပ်ကြံမှု”။
၂။ အမည်မဖော်လိုသူ တစ်ဦး၏ ပြောပြချက်နှင့် ထိုသူပေးသည့် စာရွက် စာတမ်းများ။
၃။ ၂၆-၁-၄၈ နေ့စွဲပါ ဦးစော၏ ဇနီး ဒေါ်သန်းခင်၏စာ။
၄။ ၂၉-၁-၄၈ နေ့စွဲပါ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း အဖွဲ့သို့ အစီရင် ခံသည့် ဦးစော၏ လက်ရေးဖြင့်စာ။
၅။ ထိုစာနှင့် အတူ ပူးတွဲ တင်ပြသော ရက်စွဲ မပါသည့် အင်္ဂလိပ်အမျိုးသမီး ဦးစောထံ ရေးထားသည့်စာ (အင်္ဂလိပ် ဘာသာဖြင့်)။
၆။ ၇-၂-၄၈ နေ့စွဲပါ ဦးလှဖေ (ပြည်ထောင်စု နိုင်ငံတော် အစိုးရအတွင်း ရေးမှူး)၏စာ (အင်္ဂလိပ်လို ရေးထားသည်)
၇။ ၁၁-၂-၄၈ နေ့ထုတ် ဟံသာဝတီ သတင်းစာ။
(2008 ဇန္နာဝါရီထုတ်ရွှေအမြုတေမှဖေါ်ပြပါသည်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit to Source : ရွှေအမြုတေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ ……

 Min Kyaw Khine (facebook)

စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ်7Days Journal တွင်ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါး

ကြိုးမိန့် ကျထားသည့် ဦးစော အတွက် ဇနီးဖြစ်သူ ဒေါ်သန်းခင်နှင့် သမီး

ဘေဘီစောတို့သည် ဒေါက်တာဘမော်နှင့် ဒေါက်တာ ဘဟန်တို့အား အယူခံရှေ့နေလိုက်ပေးရန်
 
တောင်းပန်ပါသည်။ သို့သော် အချည်းနှီး ဖြစ်သွား ခဲ့ရသည်။(ဗမာ့ခေတ်သတင်းစာ၊ ၁-၁-၁၉၄၈)

၁၉၄၈ ခုနှစ်၊ မတ်လ ၁ဝ ရက်နေ့ တွင် ဦးစော၏ဇနီးဖြစ်သူ ဒေါ်သန်းခင် သည် ရှေ့နေကြီး

မစ္စတာဟက်ဗောက်မှ တစ်ဆင့် အင်္ဂလန်ပြည်၊ လန်ဒန်မြို့ရှိ ဦးစော၏ညီဝမ်းကွဲ
 
ဦးမောင်မောင်ကြီးထံ ထိုခေတ်ငွေ ကျပ် ၂၀ဝဝ အကုန်ခံပြီး သံကြိုးတစ်စောင် ပို့ကာ အကူအညီ
 
တောင်းခဲ့ပါသည်။ ထိုသံကြိုးစာတွင် ဤ အမှုသည် အင်္ဂလိပ်အစိုးရလက်ထက်တွင်
 
ဖြစ်ပွားခဲ့သဖြင့် ဘိလပ်ပရီဗီကောင်စီတွင် အယူခံဝင်ခွင့်ရှိကြောင်း၊ တရားဥပဒေ အားဖြင့်
 
ညွှန်ကြားအကြံဉာဏ်ပေးနိုင် သော ဥပဒေပါရဂူများရှာဖွေပေးရန် ပါရှိ သည်။(ဗမာ့ခေတ်သတင်းစာ၊ ၁၁-၃-၁၉၄၈)
ဦးစော၏ လက်နက်မှုကြီးကို ၁၉၄၈ ခုနှစ် ဧပြီလ ၂ဝ ရက်၊ နေ့လယ် ၂ နာရီ အချိန်တွင်
 
အင်းစိန်ထောင်ကြီးထဲတွင် အင်းစိန်သတ္တမ တရားသူကြီးက စတင် စစ်ဆေးခဲ့သည်။ ဦးစောမှာ
 
အတော်လေး ပိန်ချုံးသွားသည်။ ဦးစောက အမှုတွင် ပါဝင်သည့် ကလေးများသည် မိမိအိမ်မှ
 
ကလေးများဖြစ်သဖြင့်သူတို့အတွက်ရှေ့နေ ငှားပေးရန်မှာ မိမိတာဝန်ဖြစ်ကြောင်း ပြောကြားသည်။
 
ဦးစောက တရားခံများ ကို တွေ့ဆုံရန် တောင်းဆိုသည်။ တရား သူကြီး ဦးစိုးက မိမိတွင်
 
အာဏာမရှိ၊ အထက်အရာရှိများနှင့်သာ စကားပြောစေ လိုကြောင်း ပြောကြားခဲ့သည်။(ဟံသာဝတီသတင်းစာ၊ ၂၁-၄-၁၉၄၈)
အင်းစိန်ထောင်ကြီးထဲတွင် နိုင်ငံ တော် လုပ်ကြံမှုတရားခံ နံပါတ်တစ် တရားခံ ဦးစောထံသို့
 
ဇနီးဖြစ်သူ ဒေါ် သန်းခင်နှင့် သမီး ဘေဘီစောတို့ ဧပြီလ ၁ရ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့
 
သည်။ ဒေါ်သန်းခင်နှင့် ဘေဘီစောတို့က ဦးစောအား ဇိနတ္ထပကာသနီကျမ်းစာအုပ် တစ်အုပ်
 
ပေးခဲ့ကြသည်။ ဦးစောက သူ ရေးသားထားသော စာရွက်ပေါင်း ၄ဝ ကျော် ၅ဝ ခန့်ရှိမည့်
 
သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာတမ်းရှည်ကြီးကို ပေးအပ် လိုက်သည်။
(ဟံသာဝတီသတင်းစာ၊ ၂၁-၆-၁၉၄၈)
အင်းစိန်ထောင်မှနေပြီး ဦးစောသည် ဇနီးဖြစ်သူဒေါ်သန်းခင်ထံ စာတစ်စောင် ကို
 
အောက်ပါအတိုင်းရေးပို့လိုက်သည်။ မာမီခင် ကျွန်တော်၏ အလောင်းကို အိမ်သို့ မယူပါနှင့်။
 
ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍ တရား နှင့်ဖြေပါ။
 
သတိသံဝေဂဖြစ်ပါ။ အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့်
 
မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူ ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း
 
စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။ အမျှအတန်း
 
ဝေပါက ကုသိုလ်ရနိုင်ပါသည်။ ဤသို့ သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။
(မြန်မာ့အလင်း၊ ၁-၅-၁၉၄၈)
ဦးစော သေသောအခါ ရုပ်ကလပ်ကို ဇနီးဖြစ်သူ ဒေါ်သန်းခင်က အပြင်တွင် သင်္ဂြိုဟ်ရန်
 
တောင်းဆိုခဲ့သည်။ ဆိုင်ရာမှ ခွင့်မပြုခဲ့ပေ။ သို့သော် တရားခံများအား သရဏဂုံတင်ရန်ကိစ္စတွင်
 
၎င်းတို့ အလိုရှိ သည့် ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး သရဏဂုံ တင်ခွင့်ကို ဧပြီလ ၅ ရက်၊
 
၆ ရက်၊ ရ ရက်နေ့များတွင် ပြုလုပ်ခွင့်များ ပေးခဲ့သည်။(မြန်မာ့အလင်း၊ ၆-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက် သည့် မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ် သို့
 
အယူခံဝင်ရောက်ရေးအတွက်အခွင့်ထူး ပေးရန် ဝင်ရောက်ထားကြသော ဦးစော၊ မောင်စိုး၊
 
သက်နှင်းနှင့် မှုံကြီးတို့၏အမှု ကို ဧပြီလ ၂ရ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင်
 
တရားဝန်ကြီးချုပ် ဆာဘဦး၊ တရားဝန်ကြီး ဦးအေးမောင်နှင့် တရား လွှတ်တော် တရားဝန်ကြီးချုပ်
 
ဦးသိမ်း မောင်တို့ကကြားနာစစ်ဆေးပြီး စီရင်ချက် ချမှတ်လိုက်သည်။ ယခုအမှုတွင် မှား
 
ယွင်းစွာဖြင့် တရားဥပဒေကြောင်းအား ဖြင့်လည်းကောင်း၊ အကြောင်းအရာအား
 
ဖြင့်သော်လည်းကောင်း စစ်ဆေးခဲ့သည့် ခုံရုံးနှင့် တရားလွှတ်တော်တို့က မှားယွင်း စွာ
 
ဆုံးဖြတ်ထားခြင်းမရှိသည်ကို တွေ့ရ သည့်အတွက် တရားခံတို့သည် ဤရုံး တော်သို့
 
အယူခံဝင်ရန် အခွင့်တောင်းခြင်း သည် မပေးသင့်ဟုဆိုကာ တရားခံတို့၏
 
အယူခံဝင်ရောက်ရေးခွင့်ပန်လွှာကို ပယ်ချ လိုက်သည်။ (သံတော်ဆင့်၊ ၁၈-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ် သက်သည့် ဦးစောနှင့် အပေါင်းအပါ တရားခံ ၈ ဦးအား မေလ ၈
 
ရက်နေ့တွင် ကွပ်မျက်ရန်၊ အထူးခုံရုံးအဖွဲ့မှ ဆိုင်ရာသို့ ၂၈-၄-၄၈ ရက်နေ့က သေဒဏ်ဝရမ်းများ
 
ထုတ်ပေးလိုက်သည်။ ဦးစော၏ဇနီး ဒေါ် သန်းခင်သည် ၂၇-၄-၄၈ နေ့စွဲဖြင့် ゞင်း ၏ အေဒီလမ်းရှိ
 
နေအိမ်ကို ပြန်ပေးရန်နှင့် ၎င်း၏ လင်ယောကျာ်း အဆုံးစီရင်ပြီး သောအခါ အလောင်းကို
 
ထိုအိမ်သို့ယူ ဆောင်ကာ သင်္ဂြိုဟ်ခွင့်ပြုရန် ဆိုင်ရာသို့ တောင်းဆိုထားသည်။
(သံတော်ဆင့်၊ ၂၉-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ကြိုးဒဏ်အတည်ပြုခြင်းခံရ သည့် ဦးစောသည် မေလ ၆
 
ရက်နေ့ ညနေအချိန်တွင် အင်းစိန်ထောင်အတွင်း ၌ မိုးညှင်းဆရာတော်ကြီးနှင့် အခြား
 
ဆရာတော်သုံးပါးတို့၏တရားတော်တို့ကို နာယူခဲ့သည်။ ဦးစောက မိုးညှင်းဆရာ တော်ကြီးကို
 
ငွေကျပ် ၄၅၀ဝ ရေစက်ချ လှူဒါန်းခဲ့သည်။(သံတော်ဆင့်၊ ၇-၅-၁၉၄၈)
မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်တွင် ဦးစောနှင့် အပေါင်းအပါ တရားခံများအား
 
ကြိုးဒဏ်ပေးမည် ဖြစ် သည်။ ရန်ကုန်ထောင်ကြီးထဲတွင် ရန် ကြီးအောင်နှင့် စိန်ကြီးတို့အား လည်း
 
ကောင်း၊ အင်းစိန်ထောင်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့အား လည်းကောင်း
 
နှစ်ယောက်တစ်တွဲစီ တစ် နာရီခြား ကြိုးပေးမည်ဖြစ်သည်။ မောင်နီ နှင့် သုခတို့မှာ
 
နောက်လိုက်ငယ်သားများ ဖြစ်သောကြောင့် သမ္မတကြီး၏ ဆန္ဒအရ မေလ ၆ ရက်နေ့တွင်
 
နိုင်ငံတော် ဇီဝိတ ဒါနအဖြစ် သေဒဏ်မှ ချမ်းသာပေးကာ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲ
 
လိုက်သည်။(သံတော်ဆင့်၊ ၈-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုတရားခံ ဦးစော အား ချုပ်နှောင်ထားသည့် ကြိုးတိုက် အမှတ် ၃ တွင်
 
ကြိုးဒဏ်မခံရမီ တစ်နေ့ က အောက်ပါစာလေးကို ကြိုးတိုက်နံရံ တွင် ခဲဖြင့်ရေးသွားခဲ့သည်။
 
အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရသည်။ ဥယိဋ္ဌကကံကကပ်၍
 
နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းခုတား
 
သေသည်နောက်တိုင်အောင် ကျန်ရှိလေ၏။(အိုးဝေ၊ ၂၇-၈-၁၉၄၈)
နံနက် ၅ နာရီ မိနစ် ၂ဝ တွင် ရောက် ရှိကြသော ပရိသတ်များက ဦးစောထား ရာ ကြိုးတိုက်သို့
 
သွားကြကြောင်း၊ ခဏမျှ အကြာတွင် ၎င်း၏အခန်းကို ဖွင့်ပေးလိုက် ရာ ၎င်းဆင်းမည်အပြုတွင်
 
ကြိုးစင်တင် သောအခါ ဝတ်ရသောအကျႌရှည်အဖြူကို ဝတ်ပေးမည်လုပ်ရာ ဦးစောက ဟိုပေါ်
 
ရောက်မှဝတ်ပါလားခင်ဗျာဟု တောင်းပန် သည့်အတွက် မဝတ်ဘဲ ထောင်ပိုင်ကြီးက
 
မူးမိုက်သွားမည်ကို စိုးရိမ်သဖြင့် လက်မောင်းမှ တွဲခေါ်လာကြောင်း၊ ထိုအချိန် သည်ကား နံနက် ၅
 
နာရီခွဲ တိတိပင် ဖြစ်၏။ ဦးစောမှာ ကြိုးတိုက်မှ ကြိုးစင်သို့ အရောက်တွင် လိုက်လာရာ ၎င်းကိုယ်
 
တွင် ပိုးရှပ်အကျႌအပြာလက်တိုနှင့် ပိုးရှမ်း ဘောင်းဘီကို ဝတ်ဆင်၍ ရှေ့ထိုးဖိနပ် အနက်ကို
 
စီးလာကြောင်း။ ဦးစောမှာ နောက်ဆုံးအချိန်အထိ ဣန္ဒြေမပျက်ဘဲ ပြုံးပြုံးရယ်ရယ်နှင့်
 
ထောင်ပိုင်ကြီးအား(ဂွတ်ဘိုင်)ဟုပင် နှုတ် ဆက်သွားသေးသည်ဆိုကြောင်း။ ကြိုးစင်ပေါ်သို့
 
မတက်မီ ထောင် အရာရှိကြီးများက ၎င်းတို့ထုံးစံအတိုင်း ဘုရားကို အာရုံပြုရန် ခွင့်ပြုကြောင်း။
 
ဦးစော ကြိုးစင်ပေါ်သို့ရောက်သောအချိန် သည်ကား ၅ နာရီ ၃၂ မိနစ်ခန့်ရှိပြီဖြစ်ရာ ၎င်းအား
 
အကျႌရှည်ကို ထောင်မှူးကြီးက ဝတ်ပေးပြီး လက်နှင့်ခြေတို့ကို ကြိုးဖြင့် တုပ်ကာ
 
အိတ်ဖြူစွပ်လိုက်ပြီး ကြိုးကွင်း ကို စွပ်လိုက်သည်။ တစ်ခဏမျှကြာသော အခါ ကြိုးတိုက်ဆိုင်ရာ
 
ထောင်မှူးကြီးက ဖြုတ်လိုက်တော့ကြောင်း၊ ထိုအချိန်သည် ၅ နာရီ ၃၃ မိနစ်တိတိအချိန်ပင် ဖြစ်ရ
 
ကား သံပြားကျသွားသော ဒိုင်းဟူသော အသံမှတစ်ပါး ဘာမှမကြားရ။ ကြိုးစင် အောက်ဘက်သို့
 
လှမ်းကြည့်လိုက်သော အခါ မပြောပလောက်သော လှုပ်ရှားမှု ကလေးဖြင့်
 
မိနစ်အနည်းငယ်အတွင်း ဇီဝိန်ချုပ်သွားတော့ကြောင်း။
 
(သတင်းစာရေးသားချက်အတိုင်း ကူးယူဖော်ပြသည်) (သံတော်ဆင့်၊ ၈-၅-၁၉၄၈)
ဂဠုန်ဦးစောဇနီးထံမှ လျော်ကြေး ၄ သိန်းရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ
 
လုပ်ကြံခြင်းခံရမှုတွင် ပါဝင် သည့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဌာန
 
အတွင်းဝန် ဦးအုန်း မောင်၏ ကျန်ရစ်သူဇနီး ဒေါ်သိန်းြွကယ် နှင့် သားသမီးများက
 
တရားလွှတ်တော် တွင် တရားမကြောင်းဖြင့် တရားစွဲဆိုခဲ့ သည်။ အဆိုပါ တရားမမှုကြီးနှင့်ပတ်
 
သက်ပြီး ဒေါ်သိန်းြွကယ်ဘက်မှ လိုက်ပါ ဆောင်ရွက်သည့်ဝတ်လုံတော်ရမှာ ဒေါက် တာ ဘဟန်
 
ဖြစ်သည်။ (မြန်မာ့အလင်း၊ ၂၉-၆-၁၉၅၀)

မှတ်ချက်

အချက်အလက်များကို လွတ်လပ်ရေးကြေညာပြီး ချိန် မြန်မာနိုင်ငံ၊ ၁၉၄၈-၁၉၉၈ ရွှေရတု နှစ်
 
ငါးဆယ်ပြည့် ပြည်ထောင်စုမြန်မာနိုင်ငံသတင်းစာ မှတ်တမ်းများ၊ ပထမတွဲနှင့်ဒုတိယတွဲ၊
 
တက္ကသိုလ် စိန်တင် စာအုပ်များမှရယူပါသည်။
တင်ညွန့်
နောက်ဆက်တွဲ…

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက

 
ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ
 
ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့
 
နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး”

(ဒေါ်အောင်ဆန်းစုကြည်)

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ

 
လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မ ှကြီးကျယ် ခမ်းနားလှသည့်
 
မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်

 
အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ်
 
ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊
 
ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့်

 
အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့
 
လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ

 
တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ
 
ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း
 
အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင်

 
မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု
 
ဖြစ်ခဲ့လေသည်။

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့

 
ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး
 
မင်္ဂလာဆောင်ပါလို့ ပြောတော့ ဪ ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက်
 
သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက
 
မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ်
 
ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင်
 
ထိုုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း

 
ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ
 
ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ
 
တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့
 
ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊
 
သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန်
 
ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့

 
ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့
 
အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့
 
မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ

 
ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက်
 
ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့

 
အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့်
 
အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုှုက
 
မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း

 
နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး
 
သည့်အတွက် လူမှုှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။

 
အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့
 
မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု
 
ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့်

 
တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ဝင်ဝင်ချင်း တွေ့
 
မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။
 
ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်
 
ကိုုလည်း တွေ့ရသည်။

သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက် ခင်

 
ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုှုသိမ်းဆည်းထားကာ ထိုစာများအရ
 
အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု
 
ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း
 
သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ
 
တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။

“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေ့ါ။ တကယ်တော့

 
အထင်လွဲမှုှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့်
 
ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း
 
တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊
 
စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ်
 
နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ်

 
ကျူးလွန်ခဲ့မှုှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ ဪ.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင်

 
နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။
 
အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့
 
ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး
 
နောက်ပိုင်း အဖေက ဝန်ထမ်းဆိုတော ့အန်တီတို့လည်း ဝန်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။
 
တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို
 
ပြန်ပြောင်းပြောပြသည်။

ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ

 
တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။
 
သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ

 
တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။

“သရုပ်ဆောင်ပဲ ဝါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က

 
အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့်
 
တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ်
 
ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ဝါသနာပါတာ လုပ်ပါစေ
 
ဆိုပြီး ကြည့်နေလိုက်တာ အခု ၁ဝ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု

 
ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ
 
အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ

 
ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့
 
နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့်
 
ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ
 
မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ရ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ
 
တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့

 
အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို
 
ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့်
 
စကား ပြောခဲ့ဖူး သည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့
 
အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ

 
သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။
 
နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့
 
ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက
 
စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က
 
ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း (စိန်ဖလိုး)သို့

 
ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁ဝ တန်းအထိ တက်ခဲ့ခြင်းဖြစ် ကာ ကျောင်းပြောင်းစတွင် သူ့
 
ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ
 
တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ

 
အားနာသွားပြီး ဪ အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။
 
သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ”
 
ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင်

 
ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု
 
ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း
 
ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည်
 
စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန်
 
ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက်
 
အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း
 
ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး

 
တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည်
 
ပြောခဲ့ သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။

 
ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ
 
မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက အဖြူရောင် လီလီပန်းလေးများကပင်

 
မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့

 
မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း
 
တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မဝံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင်

 
အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုှုင်းယှဉ်လို့ မရပါဘူး။ မိသားစု
 
သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက
 
ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ
 
မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ

 
အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း
 
ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ

 
လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။
 
ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့
 
ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က
 
ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘော မထားကြောင်း ကို

 
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ
 
ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ
 
ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ

 
ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့်
 
ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 ဂဠုန်ဦးစောနှင့် ရုပ်တူသည့် မြစ်ဖြစ်သူက ကမ်းလှမ်းလာလျှင် ဂဠုန်ဦးစောနေရာတွင်

သရုပ်ဆောင်မည်ဟုဆို

 

ပြည်မြန်မာဂျာနယ်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ္တရုပ်ရှင် ဇာတ်ကား ရိုက်ကူးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်
 
အပါအဝင် သရုပ်ဆောင်များကို ရွေးချယ်မည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်နေရာတွင် ဖြစ်စေ၊
 
အခြားသင့်လျော်ရာ သရုပ်ဆောင်နေရာတွင်ဖြစ်စေ ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားလိုသူ
 
လေးဦးထပ်မံပေါ်လာပြီး ယင်းတို့၏ ရင်တွင်းစကားများကို ဖွင့်ဟပြောကြားကြသည်။
အဆိုပါ လေးဦးမှာ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ်၊ အောင်းစုကျေးရွာသား ကိုဘိုထွေး(ခ)
 
ကိုခင်မောင်ထွေး၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် စကားများရွာသား ကိုအောင်ဘိုဘိုဇင်၊
 
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်သား ကိုစိုးမင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့
 
နယ်သား ကိုသိန်းဇော်တို့ ဖြစ်ကြပြီး မိဘဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများက တိုက်တွန်းကြ
 
ခြင်းကြောင့်လည်းကောင်း မိမိကိုယ်တိုင်က စိတ်အားထက်သန်ကြခြင်း ကြောင့်လည်းကောင်း သရုပ်ဆောင်အဖြစ်
 
လျှောက်ထားလိုခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ယင်းတို့က ဆက်လက်ပြောကြား ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ငယ်ငယ်ကျောင်းသား
 
ဘဝကပင် ဆရာများ၏ သင်ကြားချက်အရ သိနေကြကြောင်း၊ အာဇာနည်နေ့ရောက်တိုင်း
 
အလေးပြုခဲ့ကြရကြောင်း၊ ဗိုလ်ချုပ်မိန့်ခွန်းများကို နားထောင်ဖူးကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း
 
ရုပ်ရှင်ကားများတွင် ဗိုလ်ချုပ်အောင်ဆန်းသွားလာ ပုံများနှင့် တရားဟောပုံများကို တွေ့ဖူးပြီး ကြည်ညိုလေးစား
 
နေခဲ့ကြကြောင်း၊ အာဇာနည်ဇာပနအခမ်းအနား သတင်းရုပ်ရှင်ကားကို ကြည့်ရသောအခါ
 
မျက်ရည်ကျခဲ့ရသည်အထိ စိတ်ထိခိုက်ခဲ့ကြကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုင်ရာဆောင်းပါးများနှင့်
 
စာအုပ်များကို ဖတ်ရှုလေ့လာ မှတ်သားထားကြကြောင်း၊ ဗိုလ်ချုပ်အား ဂုဏ်ယူအားကျမိကြကြောင်း၊
 
အရွေးခံရသည်ဖြစ်စေ ၊ အရွေးမခံရသည်ဖြစ်စေ အဓိကမဟုတ်ဘဲ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားပြီး
 
တစ်တပ်တစ်အား တတ်နိုင်သည့်ဘက်မှ ကျေးဇူးဆပ်လိုရင်းမှာ အဓိကဖြစ်ပါကြောင်း ငွေမလှူနိုင်၍ လုပ်အားကို
 
လှူဒါန်းခြင်းဖြစ်ပါကြောင်း သရုပ်ဆောင် လျှောက်လွှာ ခေါ်မည့်ရက်နှင့် လျှောက်ရမည့် နေရာကို
စောင့်နေကြပါကြောင်း စသည်ဖြင့် ပြောကြားကြသည်။
သူတို့၏ အကြောင်းကို ကြားသိရသည်မှာ ကိုဘိုထွေး(ခ) ကိုခင်မောင်ထွေးသည် တောင်တွင်းကြီးမြို့နယ်
 
အောင်းစုကျေးရွာမှဖြစ်ပြီး မိဘမှာ တောင်သူများဖြစ်ကြသည်။ သားသမီး ၁၄ ယောက်အနက် ၁၃
 
ယောက်မြောက်ဖြစ်ပြီး ကိုရင်ငါးဝါ ၊ ရဟန်း ၁ဝ ဝါဝတ်ကာ ပထမလတ်တန်းထိ ဗုဒ္ဓဘာသာစာပေ သင်ယူခဲ့သည်။
 
ယခုအခါမွန်ပြည်နယ် ဘီလူးကျွန်းတွင် အိမ်ထောင်ကျပြီး ဆိုင်ကယ်လေထိုး ကျွတ်ဖာလုပ်ငန်း လုပ်လျက်ရှိသည်။
 
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ကားအတွက် လျှောက်လွှာစုံစမ်းရန် ခရီးသည်တင်ကားဖြင့် ၂-၁-၂ဝ၁၂ ရက်နေ့
 
တွင် ရန်ကုန်သို့ အလာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်ဖတ်နေစဉ် မွန်းလွဲပိုင်းတွင်
 
စစ်တောင်းတံတားအလွန်၌ ယင်းတို့ကားမှောက်ခဲ့ပြီး လက်မောင်းနှင့် ခန္ဒာကိုယ် နေရာအချို့
 
နာကျင်မှုဖြစ်ခဲ့သည်။
ခရီးသည်အချို့နှင့် အတူကားလေးငှားပြီး ရောက်လာခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ကိုအောင်ဘိုဘိုဇင်သည်
 
မြောင်းမြမြို့နယ် စကားများရွာ၌ အထက်တန်းပညာအောင်ပြီး မိဘနှင့်အတူ စပါးအရောင်းအဝယ်
 
လုပ်ငန်းလုပ်နေသူဖြစ်သည်။ သားသမီးသုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ကိုစိုးမင်းသည်
 
မင်္ဂလာဒုံထောက်ကြန့်၌ နေထိုင်ပြီး ကိုးမိုင်စက်မှုလယ်ယာတွင် သံဂဟေဆော် လုပ်ငန်းလုပ်နေသူဖြစ်သည်။
 
သားသမီးလေးယောက် အနက်အကြီးဆုံးဖြစ်သည်။ ငပုတောသား ကို်သိန်းဇော်သည်
 
တစ်ဦးတည်းသောသားဖြစ်ပြီး ပုသိမ်မြို့၌ GTC တက်ခဲ့ပြီးပုသိမ် တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့်
 
ဒုတိယနှစ်အထိ တက်ခဲ့ဖူးသည်။ ယခုအခါ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံနယ်မြေတွင် ဂျာနယ်များရောင်းသည့်
 
အလုပ်လုပ်လျက်ရှိသည်။ သူသည်ကဗျာရေး၊ ဆောင်းပါးရေး ဝါသနာပါသည်ဟုဆိုသည်။
သူ၏ စာမူများကိုလည်းပြသသည်။ ထူးခြားသတင်းတစ်ခုမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး
 
တွင်လိုအပ်သည့် နိုင်ငံတော်လုပ်ကြံမှုကြီးကို ဦးဆောင်သူ ဂဠုန်ဦးစော သရုပ်ဆောင်နေရာတွင်
 
ကမ်းလှမ်းလာလျှင် သရုပ်ဆောင်မည်ဟု ဂဠုန်ဦးစော မြစ်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် မင်းခက ပြောကြားကြောင်း၊
 
သူ့ကို အဘိုးဂဠုန်ဦးစော နှင့် ရုပ်ဆင်တူသည်ဟု ပြောကြကြောင်း ၆-၁-၂ဝဝ၂ ရက်နေ့ထုတ် မော်ဒန်သတင်း
 
ဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ပါရှိလာကြောင်း သိရသည်။ အချိုု့က မင်းခအား ဂဠုန်ဦးစော ဝင်စားသလားဟုပင်
 
ပြောဆိုကြကြောင်း သိရသည်။
ပြည်မြန်မာဂျာနယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗိုလ်ချုပ်အောင်ဆန်း ၏ တကယ့်လူ

မြေနီသစ္စာ

လွန်ခဲ့သောအနှစ်(၂၀)လောက်က တကယ့်လူ အမည်နှင့် ကျွန်တော်သည် ဝတ္ထုဇာတ်ညွှန်းရေးဖူးသည်။

အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုးကစိုးသူ(ပေါက်စ)၊ စိုးစိုး(စိုးမြတ်သူဇာ)တို့နှင့် စိုးမိုး၊ စိုးသူ၊ စိုးမြတ်သူဇာ တို့၏

စိုးသုံးလုံး ရုပ်ရှင် က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။စာရေးဆရာ မောင်သာချိုကလည်း ဗိုလ်ချုပ်အောင်ဆန်း၏

ကိုယ်ချင်းစာစိတ်၊ လာဘ် ပေး လာဘ် ယူကင်း မှုနှင့် ရိုးသားမှုကို တကယ့်လူအမည်နှင့်ဟောပြောသွားသည် မှာ

ကရုဏာဖြစ်ဖွယ်၊ လေးစားဖွယ်ပင်။ ၁၉၄၆ ခုနှစ်၊ နှစ်ကုန်ကာနီးတွင် ဖဆပလ က ကွန်မြူနစ်ပါတီ ကိုထုတ်

ပစ်လိုက်ပြီးနောက် ဗိုလ်ချုပ်သည်ဦးကျော် ငြိမ်း၊ ဦးဘဆွေစသောဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တွေနှင့်

ပေါင်းလိုက်သည်။ ကွန်မြူနစ်ပါတီကလည်း ဆိုရှယ်လစ်တွေ လက်မှာ ခွေးသေ၊ ဝက်သေသေရစ်ပေ တော့ဟု

ပြင်းထန်ထိရှသောစကားလုံး တွေနှင့် ဗိုလ်ချုပ်ကိုရှေ့မှာထားလျက် ကမ္ဗည်းနိမိတ်ခပ်နှိပ်ခဲ့သည်။ဤမျှမက

ကွန်မြူနစ်ပါတီ၏မီဒီယာ များဖြစ်ကြသော ကွန်မြူနစ်နေ့စဉ်၊ ပြည် သူ့အာဏာဂျာနယ် တို့ကနေ၍ ဗိုလ်ချုပ်

နှင့်ဖဆပလ ကိုနှစ်ပြားမတန်အောင် တိုက်ခိုက်ရေးသား ထိုးနှက်ခဲ့သည်။

ဗိုလ်ချုပ်နှင့်ဖဆပလဘက်ကလည်း ကွန်မြူနစ်တွေကိုဓားပြတွေ၊ သူခိုးတွေ စသဖြင့် နှစ်ပြားမတန်အောင်

ပြန်နှက်ခဲ့ သည်။ ယင်းကြောင့် တစ်သက်တော့ ဗိုလ်ချုပ်နှင့်ကွန်မြူနစ်တွေ လမ်းဆုံးသွား ပြီဟု ထင်မှတ်စရာပင်။

ထိုမတိုင် မီကလေး ၁၉၄၆ခုနှစ်၊စက် တင်ဘာလ ၂၁ ရက်နေ့တွင် မြေနီကုန်း၊ ပြည်လမ်းမှာ ဂဠုန်ဦးစော

သေနတ်ပစ် ခံရသည်။ ယင်းပစ်ခတ်မှုသည် ဗိုလ်ချုပ် လက်ချက်ဟု ဦးစော ကစွပ်စွဲသည်။ ဗြိ

တိသျှဘုရင်ခံခေတ်ဖြစ်၍ ဘုရင်ခံကိုပါ (ဗိုလ်ချုပ်လက်ချက်ဖြစ်ကြောင်း) ဦးစော ကစွပ်စွဲတိုင်ကြားသည်။

ရှစ်မိုင်ခွဲ၊ အေဝမ်းခြံ (ယခု သိန်းထွဋ်၊ သန်းထွဋ်အမွှာတို့နေရာ) တွင် ဗိုလ်ချုပ်နှင့်အလွန်ရင်းနှီးသော ဒဂုန်

မဂ္ဂဇင်းမန်နေဂျာသခင်လှဘူး နေသည်။ သခင်လှဘူး၊ အေဝမ်းဦးတင်နွယ် တို့ အကူအညီနှင့်၁၉၄၆ခု၊

အောက်တိုဘာလ (၁၀)ရက်နေ့တွင် သခင်လှဘူး၊ ဒေါ်ခင်လဲ့ တို့အိမ်မှာ ဗိုလ်ချုပ် နှင့် ဦးစော တို့ တွေ့ကြသည်။

ဦးစောကဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ် ကိုမင်းနှင့်ငါနှင့်ပြောလျက် လက်ညှိုး

ငေါက်ငေါက်ထိုးကာ မဟုတ်မတရား ဒေါနှင့်မောနှင့် စွပ်စွဲ၏။ဗိုလ်ချုပ်သည်ဦးစောအကြိမ်ကြိမ် စွပ်စွဲသည့်ကြားက

သုံးကြိမ်၊ သုံးခါစိတ် ရှည်သည်းခံစွာပင် ဦးစောကိုတောင်းပန် ခဲ့သည်။ သူ၏ရိုးသားဖြူစင်မှုကို ဦးစော

နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြသခဲ့ သည်။

ကွန်မြူနစ်ပါတီကို၁၉၄၆ခု၊အောက် တိုဘာလတွင် ဖဆပလကထုတ်ပယ်ပြီး နောက် ရက်တစ်ရက်မှာ

ဗိုလ်ချုပ်တပည့် ဗိုလ်ထွန်းလှ(တက်္ကသိုလ်နေဝင်း) ကား မောင်းပြီး ဗိုလ်ချုပ်က ဗိုလ်ထွန်းလှ ဘေး မှာလိုက်ပါလျက်

သူ့ရုံးခန်းရှိရာ အတွင်း ဝန်ရုံးသို့ဦးတည်လာသည်။တိရစ္ဆာန်ရုံဘေးသို့ ဗိုလ်ချုပ်တို့ကား ဖြတ်အလာမှာ

ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လျက် ဗဟန်းဘက်ကပြန် လာပုံရသော သခင်မြသွင်ကို ဗိုလ်ချုပ်

လှမ်းမြင်လိုက်သည်။““ဟေ့၊ ဟိုမှာကြည့်စမ်း သခင်မြသွင် မဟုတ်လား”” ဗိုလ်ထွန်းလှ လှမ်းကြည့် လိုက်တော့

တကယ်ပင် ကွန်မြူနစ်ခေါင်း ဆောင်တစ်ဦးဖြစ်သူ သခင်မြသွင်ကိုတွေ့ လိုက်ရသည်။““အစစ်ပဲ ဗိုလ်ချုပ်။

နေပူထဲမှာချွေး တွေနဲ့ရွှဲလို့ သခင်မြသွင်နွမ်းနေပုံပဲ””““ဒါဆိုကားရပ်ကွာ””

သခင်မြသွင် အနီးတွင်ကားရပ်သွား ရာ သခင်မြသွင်ကလှမ်းကြည့်သည်။ ဗိုလ်ချုပ် နှင့်သူ့တပည့် ဗိုလ်ထွန်းလှတို့။

သူ့ကိုဗိုလ်ချုပ်တို့ဆရာတပည့်နှစ်ယောက် ကရန်ပြုမှာလားဟု သခင်မြသွင်စိုးရိမ် သွားသည်။

ဗိုလ်ချုပ်အလွန်စေတနာကောင်း သည်။ကားထဲကကပျာကယာဆင်းသည် ““ကဲ၊ တက် သခင်မြသွင်။

ပါတီချင်းမတည့် တာနဲ့ လူချင်းအခင်မင်မပျက်ပါဘူး။ မြို့ ထဲသွားမှာမို့လား။ တက်သာတက်ပါ။ လိုက်ပို့ပါ့

မယ်””သခင်မြသွင်သည်တော်တော်အံ့အား သင့်သွားသည်။ ဗိုလ်ချုပ်သည်အရိုးခံ အတိုင်း

သခင်မြသွင်လက်ကိုဆွဲပြီး ကား ပေါ်သို့ခေါ်တင်၏။ သခင်မြသွင်သွားလို ရာဆီလိုက်ပို့ပေး၏။ သူ့ကိုဆိုရှယ်လစ်

တွေလက်ထဲ ခွေးသေဝက်သေ သေရစ် တော့ဟု မေတ္တာပို့ခဲ့သော ကွန်မြူနစ်တွေ ကို ပုဂိ်္ဂုလ်ရေးမမုန်းကြောင်း

သခင်မြသွင် ကိုကားပေါ်ခေါ်တင်ခြင်းဖြင့်သက်သေ ပြခဲ့သည်။၁၉၄ရခုနှစ်၊ဧပြီလတွင် ရွေးကောက် ပွဲကျင်းပသည်။

ဗိုလ်ချုပ်တို့ ဖဆပလ က တစ်နိုင်ငံလုံးလိုလိုမှာ အပြတ်အသတ်နိုင် သည်။ သို့သော် ကွန်မြူနစ်ပါတီက (၇)

နေရာရလိုက်သေးသည်။ ယင်းအနက် ကွန်မြူနစ်အမတ်ဖြူးသခင်သန်းဖေသည် ဗိုလ်ချုပ်တို့ ဖဆပလကို

တောင်ငူတောင် ပိုင်း မဲဆန်္ဒနယ်တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသည်။ဖြူးသခင်သန်းဖေသည် ကွန်မြူနစ်

ပါတီတွင် သခင်သန်းထွန်းကလွဲလျှင် ဩဇာတိက္ကမကြီးသူဖြစ်သည်။လွှတ်တော် အစည်းအဝေးကျင်းပနေချိန်တွင်

သခင် သန်းဖေသည် ဗိုလ်ချုပ်နှင့်တွေ့ဆုံဆွေး နွေးလိုကြောင်း၊ ဖဆပလနှင့် ကွန်မြူနစ် ပါတီညီညွတ်ရေးကို

ဆွေးနွေးရန်ဖြစ် ကြောင်း ဗိုလ်ချုပ်ကိုတွေ့ပြီးပြောသည်။ဗိုလ်ချုပ်သည်ဖဆပလနှင့်ကွန်မြူနစ် တို့ညီညွတ်ရေးကို

အလွန်အလိုရှိသူဖြစ် သည်။ သခင်သန်းဖေကဖွင့်ဟပြောပြ လာ၍အလိုလိုရွှင်လန်းတက်ကြွလာသည်။

ခက်နေသည်မှာညနေလေးနာရီခွဲလောက် ထိဗိုလ်ချုပ်မှာ တာဝန်တွေပါနေ၏။

““ဒီလိုလုပ်ပါလား သခင်သန်းဖေ””

“ဆို၊ သခင်အောင်ဆန်း””

“ညနေရုံးဆင်းရင် အိမ်လိုက်ခဲ့ဗျာ၊ အိမ်မှာ အေးအေးဆေးဆေးဆွေးနွေး ကြတာပေါ့””

ဗိုလ်ချုပ်ကိုရွှင်ပြတက်ကြွနေ၍ သခင်သန်းဖေ စိတ်ချမ်းသာသွား၏။ ဗိုလ်ချုပ် အိမ်တွင်ညနေ ၅ နာရီကစ၍

သခင်သန်းဖေနှင့်ဗိုလ်ချုပ်တို့ ဆွေးနွေး ကြသည်မှာညသန်းခေါင်တောင်တိုင်သွား လေသည်။

ဗိုလ်ချုပ်ကတော်ကညစာပြင် ကျွေးတော့လည်းစားရင်း၊သောက်ရင်း ဆွေးနွေးဆဲ။ ထန်းလျက်နှင့်လက်ဖက်၊

ပဲလှော်ကြော်တို့ဖြင့် အချိုတည်းကြတော့ လည်း အမျှင်မပြတ် စကားဆက်နေဆဲ။ ဗိုလ်ချုပ်သည်အင်မတန

်ရိုးသားသည်။ အမျိုးသားညီညွတ်ရေးကို အလွန်တန်ဖိုး ထားသည်။ ဆိုရှယ်လစ်တွေလက်မှာခွေး သေဝက်သေ

သေရစ်လေတော့လို့ ကွန် မြူနစ်တွေပြောရက်တယ်ဗျာဟု စကား နာမထိုးပါ။ ဗိုလ်ချုပ်သည်သခင်သန်းဖေ တိုု့

 

ကွန်မြူနစ်မဖြစ်ခင်ကပင် ၁၉၃၉ခု၊ ဩဂုတ်လ(၁၅)ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီကိုစတင်တည်ထောင်ခဲ့သူ အထွေထွေအတွင်းရေးမှူးတာဝန်ကိုရယူ ခဲ့သူဖြစ်သည့်တိုင် ဟန်ဓာတ်ခုတ် ကြွားဝါခြင်း လုံးဝမရှိ။ ပကတိ

ရိုးသား ဖြူစင်စွာဖြင့် ပေါင်းသင်း ဆက်ဆံ တတ်သည်မှာ မှတ်သားထိုက်လှသည်။ဗိုလ်ချုပ်အိမ်တွင်

ရဲဘော်ကျော်စိန် အမည်ရှိ ယာဉ်မောင်းတစ်ဦးရှိသည်။ ရဲဘော်ကျော်စိန်တွင်ထူးခြားချက်နှစ်ချက် ရှိသည်။

ပထမအချက်သည်ဖြစ်သည့်နည်း နှင့် ညနေတိုင်းအရက်သောက်ခြင်းဖြစ်၍ ဒုတိယအချက်မှာ ဗိုလ်ချုပ်၏အချစ်ဆုံး

သမီးကလေး မစု(ယခု ဒေါ်အောင်ဆန်းစု ကြည်)ကို ရဲဘော်ကျော်စိန်ကအလိုလိုက် ခြင်းပင်ဖြစ်သည်။

တစ်ခါတစ်ရံ မစုကလေးသည် ရဲဘော်ကျော်စိန်ကို သီချင်းဆိုခိုင်းရုံသာ မကဦးရွှေရိုးအကကိုပါကခိုင်းတတ်လေ

သည်။ ရဲဘော်ကျော်စိန်သည်ဦးရွှေရိုးဟန် ဖြင့် မကတတ်ကတတ်ကပြီး ““လူထုအား ကိုအများကြီးလိုသည်။

ဗိုလ်ချုပ်အစိုးရ အချိုးကျကူညီ”” သီချင်းကိုစည်းချက်ကျ ကျဆိုလျက် မစု ကလေးကိုဖျော်ဖြေလေ့ ရှိ၏။ ဗိုလ်ချုပ်နှင့်

ဗိုလ်ချုပ်ကတော်တို့ ကလည်း ရဲဘော်ကျော်စိန်ကိုသမီကလေး မစု ပျော်အောင် ဖျော်ဖြေနိုင်၍ တော်

တော်သဘောကျ၏။

တစ်နေ့တွင် ဗိုလ်ချုပ်နှင့်တပည့် အတွင်းရေးအတွင်းဝန် ဗိုလ်ထွန်းလှ (တက်္ကသိုလ်နေဝင်း)တို့ ဘုရင်ခံဧည့်ခံပွဲ သို့

ရဲဘော်ကျော်စိန် မောင်းသောကားဖြင့် သွား၏။ ညဦးယံဧည့်ခံပွဲသည် နှစ်နာရီ ခန့်ကြာ၏။

ဗိုလ်ချုပ်နှင့်ဗိုလ်ထွန်းလှတို့ကိစ္စပြီး၍ ကားဆီသို့ပြန်လာတော့ ရဲဘော်ကျော်စိန်

သည်တခေါခေါဟောက်လျက်ကားနောက် ခန်းမှာ စက်တော်ခေါ်လျက်ရှိ၏။ ရဲဘော်ကျော်စိန်

သည်ကားသမားများကို ဧည့်ခံသော ဇိုးသမားယမကာမောင်တွေ အလွန်ကြိုက်သည့် ဘီးဟိုက် Bee-Hive

(ပျားအုံဘရန်ဒီ)ကို နှစ်သက်စွာသောက် သုံးလေရာ များသွားပြီး ကားနောက်ခန်း မှာအိပ်မောကျသွားခြင်းဖြစ်၏။

မိမိ၏ကားသမားကအရက်မူးပြီး အိပ်ပျော်နေသည်ဆိုလျှင်မြန်မာနိုင်ငံတွင် ဘုရင်ခံကလွဲ၍အဆင့်အမြင့်ဆုံးပုဂိ်္ဂုလ်

သည် စိတ်ဆိုးဒေါပွကာဆူပူကြိမ်းမောင်း မည်ပင်။ ““ဟေ့ကောင်ကျော်စိန်။ ခွေးမ သား။ ထ၊

ဇိမ်ကျပြီးဟောက်နေလိုက်တာ ဇရက်မင်းစည်းစိမ်ကျနေတာပဲ။ အတော် အသုံးမကျတဲ့ကောင်””ဟု ဗိုလ်ချုပ်က

ဆူပူပြောဆိုလိမ့်မည်ဟုထင်ပါသလား။စင်စစ် ဗိုလ်ချုပ်က ရဲဘော်ကျော်စိန်

စိတ်ချလက်ချဟောက်နေသည်ကိုကြည့် ရင်း သဘောကျသလိုပြုံး၏ ““တစ်ခါတစ် ရံခံစားရတာ။

ခံစားခွင့်ပေးလိုက်ပါကွာ။ မင်းပဲမောင်းပြီးသူ့ကိုအိပ်စက်ခွင့်ပေးလိုက် ကြရအောင်””ဟု ဗိုလ်ချုပ်ကဗိုလ်ထွန်းလှ

ကိုပြော၏။

ယင်းမှာ ဗိုလ်ထွန်းလှမောင်းလာ သော ဗိုလ်ချုပ်စီးလာသည့်ကားပေါ်တွင် ရဲဘော်ကျော်စိန်သည်

နတ်စည်းစိမ်ခံစား လျက် ဇိမ်ခံလိုက်ပါကာ နေလေတော့ သတည်း။

မြေနီသစ္စာ

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit to Source: http://www.hotnewsweekly.com/archives/1220

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အထက်အမည်ဖော်ပြပါ စာရေးဆရာများနှင့် ဖော်ပြပေးသောဝက်ဆိုဒ်၊ ဂျာနယ်၊မဂ္ဂဇင်းများ ကိုအထူးကျေးဇူး

တင် လေးစားစွာမှတ်တမ်းတင်ပါသည်။ သိလိုသူများ သိနိုင်ရန် တစုတည်းပေါင်းစုံတင်ပြမှုအတွက်သဘောထား

ကြီးစွာနားလည်ပေးပါမည့်အကြောင်းကိုလေးစားစွာခွင့်ပန်လျှက်။

(သူကြီးမင်းရေ မသင့်တော်ဘူးထင်ရင် အချိန်မရွေးဖျက်နိုင် ပါသည်ခင်ဗျား။)

အားလုံးကို လေးစားပါသည်။
******************************************

 

17 comments

  • nozomi

    July 18, 2012 at 11:26 pm

    မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
    သမိုင်းက သမိုင်းပါပဲ
    အခုလို တစ်စု တစ်စည်းတဲ ဖတ်ခွင့်ရတော့ ဗိုလ်ချုပ်တို့ ဦးစောတို့နဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေသိရပြီး သင်ခန်းစာယူနိုင်ကြမှာမို့ အကျိုးများပါတယ်
    စုတင်ပေးတဲ့ အတွက် ကျေးဇူးပါ

    ခေတ်တွေပြောင်းလာတော့ ဦးစော နောက်ဆုံးရေးခဲ့တဲ့ စာမူတောင် စာအုပ်အဖြစ်နဲ့ မြင်တွေ့ခွင့်ရချင် ရနိုင်တာပဲ

  • ရာဇဝင်လူဆိုး

    July 19, 2012 at 12:01 am

    ကျေးဇူးတင်တယ် ကိုဗစ်တာရေ..။ ကို nozomi ပြောသလိုပဲ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သမိုင်းက သမိုင်းပါပဲ။ အဲ..ပြန်ပြင်လို့တော့မရဘူးပေါ့ဗျာ။ ဒီလိုသမိုင်းတွေထဲကမှ အတုယူ၊ သင်ခန်းစာယူ၊ မှန်တာတွေ့ရင်လဲ ပိုကောင်းအောင်ဆက်လုပ်၊ မှားတာတွေ့ရင်လဲ ဆင်ခြင်နိုင်ဖို့ သမိုင်းဆိုတာကို ကျနော်တို့လေ့လာ သင်ယူနေရတာပါ။ သမိုင်းဆိုတာ လက်တွေ့ အသုံးချတတ်ရင် ကျနော်တို့ ရှင်သန်ရပ်တည်နေတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့သမိုင်းကြောင်း ကောင်းတာတွေ၊ ဆိုးတာတွေကို လေ့လာပြီး ကိုယ်တိုင်ပြုပြင်ဆင်ခြင်နိုင်ရင်ဖြင့် ကိုယ်သမိုင်း ကိုယ်ရေးတဲ့ ကျနော်တို့တွေလဲ သမိုင်းကြောင်းတွေ ကောင်းလာမည်ဖြစ်ပါကြောင်း……

    +++ကျေးဇူးတင်တဲ့+++
    ရာဇဝင်လူဆိုး

  • ဦးဦးပါလေရာ

    July 19, 2012 at 12:18 am

    သက်ဆိုင်တာတွေကို စုစည်းပေးထားတာ ကျေးဇူးပါ ကို.. ဗစ်ထရီ..ရေ
    ဗစ်ထရီဆိုတော့ အောင်မြင်မှု့ အောင်ပွဲ လို့ အဓိပါယ်ရသလားပဲ…
    လူအမည်ဆိုတော့ ကျုပ်သဘောနဲ့သာခေါ်ရရင် ကိုအောင်နိုင်သူ လို့ ခေါ်ရကောင်းမလား..:)
    ပြန်တွေ့ရတာဝမ်းသာလှပါတယ်…
    နောက်ပိုစ့်တွေကိုလဲ ဆက်စောင့်မျှော်နေမှာနော… 🙂

  • TTNU

    July 19, 2012 at 12:56 am

    မောင် Victory ရေ..
    တကယ့်အားထုတ်မှုတစ်ခုဖြစ်ကြောင်းထင်ရှားပါတယ်။
    စုစုပေါင်း (၆၀) မျက်နှာရှိပါတယ်။
    စုစည်းပေးတဲ့စေတနာကို အသိအမှတ်မပြုဘဲ မနေနှိုင်ပါ။
    ကျေးဇူးတင်ပါတယ်။

    မေတ္တာဖြင့်
    TTNU.

  • MaMa

    July 19, 2012 at 10:54 am

    အထူးသဖြင့် ဦးစောရဲ့ ကျန်ရစ်ခဲ့တဲ့ မျိုးဆက်တွေရဲ့ စိတ်ခံစားမှုတွေကို သိရတာလည်း တမျိုးစိတ်ဝင်စားစရာကောင်းသလို….
    ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဥိးစောရဲ့ ကျန်ရစ်သူ မိသားစုအပေါ်ထားတဲ့ သဘောထားတွေဟာ အားကျစရာ အတုယူစရာ ကောင်းနေပြန်ပါတယ်။
    သူမတူအောင် မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်တွေပါပဲ။
    အခုလို ပြည့်ပြည့်စုံစုံ သိရအောင် စုစည်းတင်ပြပေးတဲ့ Victory ကို ကျေးဇူးတင်ပါတယ်။

    တခုစိတ်ပူတာက ဗိုလ်ချုပ်အကြောင်းရိုက်ကူးမယ့် ဇာတ်ကားမှာ ရသပေါ်လွင်အောင် အပီအပြင် မရိုက်နိုင်မှာ၊ သရုပ်မဆောင်နိုင်မှာကို စိုးမိပါတယ်။
    ရာဇဝင်တွင်အောင် ပီပြင်အောင် အချက်အလက် တိကျအောင် ပေးချင်တဲ့ ရသ ပေါ်လွင်အောင် စသဖြင့် အများကြီးပဲ စိုးရိမ်မိပါတယ်။

  • မောင်ပေ

    July 19, 2012 at 1:04 pm

    တော်တော်လေးကို ပြည့်ပြည့်စုံစုံ နဲ ့ဖတ်ရပါတယ်
    မသိသေးတာတွေလဲ သိရပါတယ်
    ကျေးကျေးပါ ကိုဗစ်ထရီခင်ဗျ

  • အဂျစ်

    July 19, 2012 at 2:46 pm

    ကျေးဇူးပါဗျာ တကယ်ပဲရှာဆို အဲလောက်ရှာနိုင်မှာမဟုတ်ဘူး

  • Victory

    July 20, 2012 at 5:05 am

    ကိုနိုဇိုးမိခင်ဗျား
    ဟုတ်ပါတယ်။
    သမိုင်းအမှားမှာ ရိုင်းသွားတာကို သည်အတိုင်းမထား ညှိနှိုင်းအားနဲ့အမှန်ပြင်
    ဉာဏ်အမြင်နဲ့ ပြောင်းရင်တော့ နောက်ပိုင်းအကြောင်းတရား ကောင်းသွားရမှာပေါ့ခင်ဗျာ။
    ခင်မင်လျှက်။

    ~~~~~~~~~~~~~~~~~~~
    ကိုရာဇဝင်လူဆိုး ခင်ဗျား
    ကိုယ်သမိုင်း ကိုယ်ရေးတဲ့ ကျနော်တို့တွေလို့ ဆိုလာတော့
    မှန်ပါတယ်လို့ပြောရင်း လက်ရေးလှလှ၊စာလုံးပေါင်းသတ်ပုံမှန်မှန်၊”အမှားပြင်ဆင်ချက်နဲနဲ” နဲ့ ခရီးဆက်ရေး
    ကလည်း အရေးပါ အရာရောက်တဲ့ အချက်ပါဘဲခင်ဗျာ။
    ခင်မင်လျှက်။

    ~~~~~~~~~~~~~~~~~~~~
    ကိုပါကြီးခင်ဗျား
    ကျနော်လဲဝမ်းသာပါတယ်။
    အင်း ဆရာကိုပါတို့ ကိုဘလက်ချောတို့က တော့ တကယ်စွမ်းတဲ့သူတွေပါဘဲ။
    အောင်နိုင်သူ လို့ ခေါ်မယ်ဆိုတော့ ကျနော်က ဒီလိုတွေးမိသွားတယ်။အ န သ။
    အ နား သား လို့ ပါ။ “တော်တဲ့လူတွေ အံ့ရော”။
    ခင်မင်စွာဖြင့်။

    ~~~~~~~~~~~~~~~~~~~~~~
    တီချယ်ကြီးဒေါ်တီတီနုခင်ဗျား
    လာရောက်ဖတ်ရှူ့ပေးလို့ကျေးဇူးတင်ပါတယ်။
    ကျနော်ကလဲ တီချယ်ပီပီ စေ့စပ်စွာကြည့်တတ်ပုံလေးကို ချီးကျူးပါရစေ။
    ကျနော်ရဲ့ အကြံတခု အရလည်း ဒီစာစုကိုဒီမှာတင်တာပါ။
    ဘယ်လိုအကြံအစည်လဲ ဆိုရင်တော့ ဦးစောအကြောင်းဖတ်ချင်သိချင်တဲ့လူတွေကို
    ညွန်းပြပြောဆိုနိုင်မဲ့ ဒီစာစုတခု ဒီနေရာမှာ ရှိထားစေချင်တာပါ။
    လေးစားလျှက်။

    ~~~~~~~~~~~~~~~~~~~~~~~
    မမခင်ဗျား
    ဟုတ်ကဲ့ခင်ဗျာ။ အဲဒါကျနော်လဲ စိတ်ပူမိပါတယ်။
    ဒါပေမဲ့ ကျနော်တို့က ကောက်ကြောင်း ကိုဘဲ ကြည့်ရမှာပါ။
    ကာလာနဲ့ အနေအထားတွေ ကတော့ (ကျနော့အထင်) ကွက်တိဖြစ်လာစရာမရှိဘူးလို့
    ခံစားမိပါတယ်။
    ဒုကုမဲန်းထရီ လိုဘဲ နားလည်ပေးရမယ်ထင်ပါတယ်။
    အမေစု အကြောင်းရိုက်သွားတဲ့ “သလေဒီ” လဲ အားရစရာမှ မကောင်းတာနော်။
    ဘာဘဲ ဖြစ်ဖြစ် ဗိုလ်ချုပ်အကြောင်း “အလာမ်းပေးနိုင်မယ်” လို့ ယူ ဆပါတယ်။
    ဒါမှ အားလုံး “အလာတ်ဖြစ်” ပြီး တစုံတရာသော စိတ်ခွန်အား၊ စိတ်မြတ်စိတ်ကောင်းတွေ
    ကိန်းအောင် လာမယ်လို့ ထင်မြင်မိပါကြောင်း။အားပေးတဲ့အတွက်ကျေးဇူးပါခင်ဗျ။
    လေးစားစွာဖြင့်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုမောင်ပေခင်ဗျား
    ကျနော်ကိုအားပေးလျှက်ရှိသော ကိုမောင်ပေကိုကျေးဇူးပါခင်ဗျ။
    ကျနော်လဲ ဖတ်လို့ကောင်းတာနဲ့ ရှယ်လိုက်မိတာပါ။
    အားလုံး သဘောကျတယ်ဆိုရင် ဝမ်းသာရတာပေါ့ခင်ဗျာ။
    ခင်မင်စွာဖြင့်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုအဂျစ်ခင်ဗျား
    ကျေးဇူးပါနော်။
    ကျနော်လုပ်လေ့ရှိတာတခုက စာတပုဒ်ဖတ်လို့ကောင်းရင် သိမ်းပါတယ်။
    အဲဒီလိုသိမ်းထားတွေ စုမိသွားရင် (စာအုပ်ဆိုရင်တော့) စာဖတ်ဝါသနာပါသူတွေကို
    ပြန် ဝေငှပါတယ်။
    ခုလို အွန်လိုင်းတွေ ခေတ်ကောင်းလာတော့ ပိုလွယ်သွားပါတယ်။
    လွယ်လွယ်ကူကူ ရှယ်လို့ရသွားလို့ပါ။
    လေးစားခင်မင်လျှက်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    ဦးစော က အကြီးကြီးကိုမှားခဲ့သူ ဖြစ်သော်ငြားလည်း လက်ရှိ (အဲဒီ မကောင်းမှုတွေနဲ့ ဘယ်လိုမှမဆိုင်ရှာတဲ့)
    ဦးစော မျိုးဆက်ဝင်များကိုတော့ စာနာသနားမိပါတယ်။
    ဘာစဉ်းစားမိလဲ ဆိုတော့ ကိုယ့်သမိုင်းကိုယ်ရေးတယ် ဆိုတာထက် ကိုယ့်မိသားစု(ဂျဲန်းနရေးရှင်း)ရဲ့
    သမိုင်းကို လူတွေ ရေးနေကြပါလားလို့ တွေးမိရင်း သင်ခန်းစာ ယူမိပါကြောင်း။
    အားလုံး ကိုယ်စိတ် နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ။

  • amatmin

    July 20, 2012 at 2:09 pm

    တနေရာတည်းမှာ အခုလိုဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ အကိုရေ..

    ဘာပဲဖြစ်ဖြစ် ကိုယ့်သမိုင်းက ကိုယ်နဲ့ပဲ ဆိုင်တယ် လို့အလွယ်ပြောတတ်ပေမဲ့..
    မိသားစု ရဲ့ဆိုးမွေကောင်းမွေ ဆိုတဲ့စကားရပ်လေးက ..
    ဒီနေရာမှာ မှန်နေပြန်ရော ထင်ပ..
    တကယ့်ကို သင်ခန်းစာကြီးကြီးရပါတယ် ဗျာ..

    လေးစားမှုဖြင့် …

  • mamanoyar

    July 20, 2012 at 2:32 pm

    အခုလို စုစည်းတင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

  • snow white

    July 20, 2012 at 7:20 pm

    တကယ်ကောင်းတဲ့ပို့စ်လေးပါ သတင်းကိုစုံနေတာဘဲ။ မင်းခ ကိုခုမှဘဲသိတော့တယ် ဂဠုန်ဦးစော မြစ်ဖြစ်တယ်ဆိုတာ ။။။

    • Victory

      July 21, 2012 at 10:32 am

      ညီအမတ်မင်းရေ
      ကိုယ့်သမိုင်းကနေ မိသားစုသမိုင်း ဒီထက်ပိုတွေးရရင် လူမျိုးတမျိုးရဲ့သမိုင်းတောင်
      ဖြစ်သွားတဲ့အခါများတောင် ရှိတတ်တာမို့ ဆရာတော် ဦးဇောတိကရဲ့ စကားတခွန်းဖြစ်တဲ့
      ကိုယ်ပြောတဲ့စကား ကိုယ်လုပ်တဲ့အလုပ်တွေဟာ ကိုယ့်ရဲ့အကောင်းဆုံးတွေကိုသာဖော်ပြတာ
      ဖြစ်သင့်တယ်ဆိုတာလေး သတိရသွားတယ်။
      လက်တွေ့မှာတော့ တကယ်ကျင့်သုံးနိုင်ဘို့ ကြိုးစားဆဲပါဘဲလေ။
      ခင်မင်စွာဖြင့်။
      ~~~~~~~~~~~~~~~~~~~~

      snow white ရေ
      အားပေးလို့ကျေးဇူးပါ။ နောက်ထပ် စုံလင်အောင် သူကြီးကထပ်ဖြည့်ထားတဲ့ အပေါ် ကျနော်လဲ ထပ်ဖြည့်
      လိုက်တာမို့ အောက်ကကော်မန့်တွေမှာ ဆက်ဖတ်နိုင်ကြောင်းပါလို့။
      ခင်မင်လျှက်။

  • kai

    July 21, 2012 at 4:23 am

    ဖေ့စ်ဘုတ်ကစာကို.. အီးမေးလ်နဲ့ရတာလေး.. ထပ်ဖြည့်တင်ပေးလိုက်တာပါ..
    ဦးစောအကြောင်းပါလို့ပေါ့..။ ပုံတွေတော့ မပါလာဘူး..
    မှတ်တမ်းကျန်စေသတည်း..
    ==
    Subject: Fwd: [aurorageneration] [Richard Aung] မြန်မာပြည်သို့ အိနိ္ဒယတိုင်းသားများ ဝင်ရောက်ရေး သဘောတူစာချုပ်
    ———- Forwarded message ———-

    ရှေ့တန်း(ဝဲမှယာ)..ဦးဘအုန်း၊ဦးစော၊ ဆာ ဘာ့ဂျ်ပိုင်၊ ဦးဘသန်း၊ ဦးထွန်းအောင်ကျော်၊ နောက်တန်း(ဝဲမှယာ)..ဦးကျော်မင်း၊ မစ္စတာဝါနာသံ၊ မစ္စတာ ဘော့ဇ်မင်း၊ ဦးတင်ထွဋ်

    အဖနိုင်ငံတော်အတွက် အနာဂတ်ကိုပါ ထိပါးလာနိုင်တဲ့ အနောက်မြောက်နယ်ခြားကမီးလျှံများအကြောင်း လေ့လာတဲ့အခါ ခေတ်တိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းခဲ့ကြတာကို တွေ့ရပါတယ်။

    အစောဆုံးတွေ့မိတာက ၁၉၄၁ ခုနှစ်မှာပါ။ အဲဒီအချိန်က နန်းရင်းဝန်ဖြစ်တဲ့ ဂဠုန်ဦးစောဟာ အိနိ္ဒယ ကိုယ်စားလှယ်တွေနဲ့ အကြေအလည်ဆွေးနွေးပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ မြန်မာဘက်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘသန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းအောင်ကျော်၊ အလုပ်သမားဝန်ကြီး ဦးဘအုန်း၊ ဝန်ရှင်တော်မင်းကြီး ဦးတင်ထွဋ်( အိုင်စီအက်စ်) တို့ပါဝင်ပြီး အတွင်းဝန်ဦးကျော်မင်းက အတွင်းရေးမှူးတာဝန် ယူပါတယ်။ အိနိ္ဒယ ဘက်ကတော့ ခေါင်းဆောင်အဖြစ် ဆာဂီရ်ဂျာရှန် ကာဘာ့ဂျ်ပိုင်( K.B.E; C.I.E)၊ မစ္စတာ ဂျီအက်စ် ဘောဇ်မင်း(C.I.E; I.C.S)၊ မစ္စတာ ဗီ ဗစ်ဇဝါနာသံ(I.C.S) တို့ပါဝင်ကြပါတယ်။

    အိနိ္ဒယကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်ကို ၁ရ ဇွန် ၁၉၄၁ မှာဆိုက်ရောက်လာပြီး ၁၈ ရက်မှစတင်

    လို့ ဆွေးနွေးကြရာမှာ နှစ်ဦးနှစ်ဖက် တင်းမာမှုများရှိခဲ့ပြီး ၂၄ ဇွန်ထိ သဘောတူညီချက်မရသေးပါ။နောက်ဆုံး ၂၈ ရက်ရောက်မှသာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး အိနိ္ဒယကိုယ်စားလှယ်အဖွဲ့ဟာ ၂၉ ဇွန်မှာ ပြည်တော်ပြန်နိုင်ခဲ့ပါတယ်။

    ၁၈ ဇွန် နှစ်ဖက်ကိုယ်စားလှယ်များ ပထမဆုံးတွေ့ဆုံပွဲမှာ ဂဠုန်ဦးစောပြောခဲ့တာတွေထဲက တစ်ချို့ကို ကောက်နှုတ်ပြရရင်……..

    မြန်မာလူမျိုးသည် မြန်မာပြည်တွင်းသို့ နိုင်ငံခြားသားများ ဝင်လာခြင်းကိစ္စကို ဂရုပြုလာသည်မှာကြာပြီဖြစ်ကြောင်း၊

    ယခင်က မြန်မာနိုင်ငံအောက်ပိုင်းတွင် မြေရိုင်းများပေါများ၊ လူနေနည်းပါး၊ လုပ်သားရှားပါးလျက် စက်မှုလက်မှုလုပ်ငန်းများတွင် မြန်မာလူမျိုးမဟုတ်သော လုပ်သားများစွာ လိုအပ်ပါကြောင်း၊

    ယခုမူမြေယာရှားပါးသဖြင့် ကူလီလုပ်သားအဖြစ် အသက်မွေးရသော မြန်မာလူမျိုးများစွာပင်ရှိနေပြီဖြစ်ကြောင်း၊

    မြန်မာအချို့မှာ လယ်ယာလုပ်ငန်းတွင်၎င်း၊ စက်မှုလက်မှုလုပ်ငန်းတွင်၎င်း မြန်မာ မဟုတ်သူများက ယှဉ်ပြိုင်လုပ်ကိုင်နေ၍ အလုပ်လက်မဲ့ဘဝ ရောက်နေကြကြောင်း၊

    အခြားနိုင်ငံများ၌ တွေ့ကြုံခဲ့ရပုံများကိုထောက်လျှင် ယခုအခြေအနေသို့ မြန်မာပြည်တွင် အခြားတိုင်းပြည်များမှ လာရောက်ကြသော လုပ်သားများကို စည်းကမ်းမထားပဲ အရှည်သဖြင့် ဆက်လက်ဝင်ရောက်ခွင့်မပြုနိုင် သည်မှာ ထင်ရှားပါကြောင်း၊

    ဓမ္မတာအားဖြင့် ကို်ယ်ရေးလုံခြုံမှုသာ ပဓါနဖြစ်ပါကြောင်း၊

    မြန်မာပြည်၌လာရောက်နေထိုင်ကြသော အိနိ္ဒယတိုင်းသားတို့သည် နိုင်ငံရေး၌၎င်း၊ မြို့ပြရေး၌၎င်း၊ မြန်မာပြည်သူပြည်သားတို့နှင့် ထပ်တူအခွင့်ရသည်ကိုထောက်၍ မြန်မာလူမျိုးတို့သည် အိနိ္ဒယမှလာသူများအား မေတ္တာထားကြောင်းထင်ရှားပါကြောင်း၊

    ပြဿနာကိုဖြေရှင်းရန်မှာ မြန်မာတိုင်းရင်းသားတို့၏ အကျိုးသာမက မြန်မာပြည်သို့ လာရောက် နေထိုင်ကြသော အိနိ္ဒယတိုင်းသားတို့၏ အကျိုးစီးပွားအတွက်လည်းဖြစ်ကြောင်း……

    ဒီလိုနဲ့ပဲ ၂၈ ဇွန်မှာတော့ သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတော့တယ်၊ စာချုပ်အစအဆုံးက ရှည်လျားတာမို့ အရေးကြီးတဲ့အချက်များကိုသာ ဖေါ်ပြရရင်ဖြင့်….

    ၁။ အိနိ္ဒယအစိုးရထံမှ နိုင်ငံကူးလက်မှတ်မပါလျှင် မြန်မာပြည်သို့ မည်သူမျှမလာရ။ (ပုဒ်မ ၄)

    ၂။အိနိ္ဒယအစိုးရထံမှ နိုင်ငံကူးလက်မှတ်ရစေကာမူ မြန်မာပြည်အစိုးရထံမှ ပြည်ဝင်ခွင့်အမိန့်မရလျှင်မည်သူမျှ မြန်မာပြည်သို့လာခွင့်မရှိ၊ နေခွင့်မရ။ (ပုဒ်မ ၅)

    ၃။ မြန်မာပြည်သို့လာလိုသူသည် ပြည်ဝင်မိန့်ရရန် အနည်းဆုံး ၁ ကျပ်တန်ခေါင်းကပ်၍လျှောက်လွှာတင်ရမည်။ (ပုဒ်မ ၁၈)

    ၄။ မြန်မာပြည်တွင် ရက်အကန့်အသတ်မရှိ နေလိုသူသည် မြန်မာပြည်အစိုးရသို့ ငွေ ၅၀ဝ ကျပ်ပေး၍ နေထိုင်ခွင့်လက်မှတ် တောင်းခံရမည်။

    ၎င်း၏ မယား၊ သား၊ သမီးများမှာ တစ်ယောက်လျှင် ၂၅ဝကျပ်ပေးရမည်။ (ပုဒ်မ ၁၅)

    ၅။ မြန်မာပြည်တွင် သုံးနှစ်နေရန်လာသူတစ်ဦးသည် ပြည်ဝင်ကြေး ၁၂ ကျပ်ပေးရမည့်အပြင် တစ်နှစ်လျှင် အခွန် ၅ ကျပ်လည်းဆောင်ရမည်။ (ပုဒ်မ ၁၅)

    ၆။ မြန်မာပြည်သို့ လာခွင့်ရသူတစ်ယောက်သည် သာမန်အားဖြင့် သုံးနှစ်ထက်ပိုမနေရ။ (ပုဒ်မ ၇/၂)

    ၇။ မြန်မာပြည်တွင်နေစဉ် မြန်မာတိုင်းရင်းသူတစ်ဦးနှင့် လက်ထပ်လျှင်သော်၎င်း၊ အတူပေါင်းသင်းလျှင်သော်၎င်း မြန်မာပြည်တွင် နေထိုင်ခွင့်လက်မှတ်ကို ဖျက်သိမ်းပြစ်လိမ့်မည်၊ ဖျက်သိမ်းသည်နှင့်တပြိုင်နက် မြန်မာပြည်တွင် ဆက်နေထိုင်ခွင့်မရ။ (ပုဒ်မ ၁၄)

    ၈။ မြန်မာပြည်တွင် လာရောက်နေထိုင်သူကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးသောအခါ သူ့စရိတ်နှင့်သူပြန်နိုင်ရန် မြန်မာပြည်သို့ မလာမီကပင် ပြန်စရိတ် ၂ဝ ကျပ်ကို မြန်မာပြည်အစိုးရထံကြိုတင်သွင်းထားရမည်။ (ပုဒ်မ ၁၇)

    ၉။ မြန်မာပြည်အစိုးရက လူဝင်ရေးအကြံပေးအဖွဲ့တစ်ခု ဖွဲ့မပြီးမခြင်း၊ ၎င်းပြင် ထိုအဖွဲ့က မြန်မာပြည်အကျိုးအတွက် အလုပ်သမား မည်မျှလာသင့်သည်ဟု ပေးသောအကြံများကို မြန်မာအစိုးရက ဆုံးဖြတ်မပြီးမခြင်း ၂၁ ဇူလိုင် ၁၉၄၁ မှစ၍ အိနိ္ဒယပြည်မှ အလုပ်ကြမ်းသမားဟူ၍ တစုံတယောက်မျှ မြန်မာပြည်သို့မလာရ။ (ပုဒ်မ ၂၄)

    ၁၀။ လူဝင်ရေးဥပဒေ၊ သို့မဟုတ် မြန်မာပြည်အစိုးရက သတ်မှတ်ထားသော စည်းမျဉ်းတစုံကို ကျူးလွန်လျှင်ဖြစ်စေ၊ အထူးအခွင့်ရလိုသည်နှင့် မြန်မာပြည်အစိုးရသို့ လိမ်ပြောသည်ဖြစ်စေ ထောင်ဒဏ် ၆ လ၊သို့မဟုတ် ဒဏ်ငွေ ၁၀၀ဝ ကျပ်၊ သို့မဟုတ် ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံး အပြစ်ပေးခြင်းခံရမည်။(ပုဒ်မ ၁၂)…….

    မြန်မာ့သမိုင်းကို ရိုင်းစေခဲ့တဲ့သူတစ်ဦး ဖြစ်ပေမယ့် သူ့ခေတ် သူ့အချိန်က လုပ်ဆောင်ချက်တချို့ကို သိသာလေ့လာနိုင်ရန် တင်ပြလိုက်ရပါတယ်။

    ညွှန်း –

    မြန်မာနိုင်ငံတော်သို့ အိနိ္ဒယ တိုင်းသားများ ဝင်ရောက်ရေး သဘောတူစာချုပ် (၂၈ ဇွန် ၁၉၄၁)

    ရာဇာ Facebook

  • Victory

    July 21, 2012 at 10:53 am

    သူကြီးရေ ကျေးဇူးပါ။
    ဒါဆို တလက်စတည်း ထပ်ဖြည့်လိုက်အုန်းမယ်ဗျာ။ ။
    ကိုမိုးသီးဇွန် ဘလော့ က
    အာဇာနည်နေ့သိမှတ်ဖွယ်ရာအချက်များ —–ကိုပါထည့်သွင်းလိုက်ပါရစေ။
    (ကိုမိုးသီးဇွန် ရေ ခရက်ဒစ်ပေးပါတယ်ဗျာ http://komoethee.blogspot.jp/2012/07/blog-post_9801.html)

    ~~~~~~~~~~~~~~~~~~~~~~~~~~~
    အာဇာနည်နေ့သိမှတ်ဖွယ်ရာအချက်များ
    By အလင်းရောင်စေတမာန်
    ——————————————-
    အာဇာနည်များ
    ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်

    မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏
    ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏
    ဝန်ကြီးချုပ်၊
    ၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန်
    (၁၃)
    ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင်
    ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

    ဒီးဒုတ်ဦးဘချို (၅၄) နှစ်

    စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေးဝန်ကြီး၊
    သူ့အသက်အရွယ်နှင့်
    ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင်
    နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက်
    ရှိနေသေးသည်။

    သခင်မြ (၄၉) နှစ်

    လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို
    ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင်
    ပွဲချင်းပြီးသေဆုံးသည်။

    ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်

    မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆)
    ချက်ရရှိပြီး
    နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။(စွန်နီမွတ်စလင်)

    ဦးဘဝင်း (၄၆) နှစ်

    ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊
    ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင်
    ပွဲချင်းပြီးသေဆုံးသည်။

    မန်းဘခိုင် (၄၃) နှစ်

    ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌
    ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅)
    ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

    စပ်စံထွန်း (၄ဝ) နှစ်

    ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့
    မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌
    သေဆုံးသွားသည်။

    ဦးအုန်းမောင် (၃၄) နှစ်

    သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (I.C.S) အစီရင်ခံစာတခုကို
    လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။
    နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။

    ကိုထွေး (၁၈) နှစ်

    ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့်
    အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏
    ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄) ချက်ရရှိပြီး ဆေးရုံတွင်
    သေဆုံးသည်။(ရှီအာမွတ်စလင်)

    လူသတ်သမားများ
    ———————

    ဦးစော
    ၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊ သမ္ဘာရင့်
    လက်ျာနိုင်ငံရေးသမားဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိကပြိုင်ဘက်ဖြစ်သည်။
    သူရိယသတင်းစာကို
    စတင်ထူထောင်သူနှင့် မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်သည်။ ၁၉၄ဝ ခုနှစ်၊
    စက်တင်ဘာလမှ
    ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလအထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင်
    အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီလတွင်ချုပ်ဆိုသော
    အောင်ဆန်း-အက်တလီ
    စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူဖြစ်၍ ဦးအောင်ဆန်းနှင့်
    သူ့အမှုဆောင်ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄ရ ခုနှစ်၊
    ဇူလိုင်လ
    (၁၉) ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့်အတိုင်း အပြစ်ပေးခံရပြီး၊ ၁၉၄၈
    ခုနှစ်၊
    မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။

    မောင်စိုး (သေနတ်သမား)
    မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဦးစော၏ အနီးကပ်
    နောက်လိုက်ဖြစ်၍ သူ့ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူဖြစ်သည်။
    သေဒဏ်ပေးခံရသည်။
    ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီ
    ရင်ခံရသည်။

    သက်နှင်း (သေနတ်သမား)
    ကျိုက်လတ်မြို့မှ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယင်းမြို့ မျိုးချစ်ပါတီ၏
    အတွင်းရေးမှူးဖြစ်သည်။
    ဦးစောကို အထူးကြည်ညိုပြီး လုံးဝဥဿုံယုံကြည်ကိုးစားသူဖြစ်သည်။
    သေဒဏ်ပေးခံရသည်။ ၁၉၄၈
    ခုနှစ် မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။

    မောင်စိန် (သေနတ်သမား)

    ကြို့ပင်ကောက်မြို့မှဖြစ်၍ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏
    ဗမာ့တပ်မတော်သားဖြစ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
    သူ့မိဘများမှာ မျိုးချစ်ပါတီကို လိုလားနှစ်သက်သူများဖြစ်၍ သူ့ကို ဦးစော၏
    နောက်လိုက်ဖြစ်ရန် သိမ်းသွင်းဆွဲဆောင်ခဲ့ကြသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈
    ခုနှစ်၊ မေလ
    (၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

    ရန်ကြီးအောင် (သေနတ်သမား)

    အသက် (၁၈) နှစ်သာရှိ၏။ အသက်အငယ်ဆုံး သေနတ်သမားဖြစ်သည်။ ဦးစော
    တဝမ်းကွဲညီ၏သားဖြစ်သည်။ စတုတ္ထမြောက်သေနတ်သမား။ လိုအပ်လာသည့်
    နောက်ဆုံးအချိန်ကျမှ
    သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏ တဇောက်ကန်းအကျင့်ကြောင့်
    သေနတ်သမားအဖြစ်
    အံဝင်ခွင်ကျဖြစ်ခဲ့သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်
    ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

    သုခ
    လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့် မောင်းပို့ပေးခဲ့သူဖြစ်သည်။
    ရန်ကုန်မြို့ရှိ
    အစိုးရအထက်တန်းကျောင်းမှ (၉) တန်းအောင်မြင်ခဲ့သည်။ စစ်ပြီးနောက်
    ကျိုက်လတ်မြို့
    ဖဆပလအဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦးဖြစ်သည်။ သက်နှင်းက သူ့ကို
    ဦးစောနှင့်
    မိတ်ဆက်ပေးခဲ့သည့်အပြင် မျိုးချစ်ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ်
    စာရင်းတင်ပေးခဲ့သည်။
    ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှုမတိုင်မီ နောက်ဆုံးရောက်ရှိလာသူဖြစ်သည်။
    သေဒဏ်ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ
    အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့
    လျှော့ချခြင်းခံရသည်။

    ခင်မောင်ရင်
    ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့စီးသော
    ဖို့ဒ်ဆန်ထရပ်ကားကို မောင်းသူဖြစ်သည်။ ဦးစောဇနီးသည်၏ တူတော်သည်။
    ဝန်ကြီးအဖွဲ့အစည်းအဝေးထိုင်နေကြောင်း လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပြီး
    လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ်အပေးခံရသော်လည်း
    နောက်ပိုင်းတွင်
    အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့
    လျှော့ချခြင်းခံရသည်။

    မောင်နီ
    ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့်
    လိုက်ပါသွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန်
    အကူအညီပေးရေးအတွက် ခြောက်လုံးပြူးသေနတ်တလက်ဖြင့် အတွင်းဝန်များရုံး
    အထွက်ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်အပေးခံရသော်လည်း
    အလုပ်ကြမ်းနှင့်ထောင်ဒဏ်
    အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရပြီး ယင်းသတင်းကို သုခနှင့်တပြိုင်နက်တည်း

    အသိပေးခံခဲ့ရသည်။

    မှုန်ကြီး
    ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့်
    လိုက်ပါသွားခဲ့သည်။ အုတ်ဖိုမြို့အနီးမှ ကျေးရွာသားဖြစ်ပြီး
    အလုပ်ကြမ်းသမားတဦးဖြစ်သည်။ ဦးစောက သူ့ကို အစေခံတဦးကဲ့သို့ ခိုင်းခဲ့သည်။

    ဝန်ကြီးအဖွဲ့စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။
    သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌
    သေဒဏ်အစီရင်ခံရသည်။

    ဘညွန့်
    ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့တွင် ပါဝင်သည်။
    ဦးစော၏လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင်ဖြစ်ပြီး သူတဦးသာ
    ဦးစော၏အိမ်အတွင်း
    နေထိုင်ခွင့်ရသည်။ အသိဉာဏ်ရှိ၍ အိုးသည်ကုန်းတရားရုံးတွင် စာရေးဖြစ်ခဲ့သည်။
    သခင်နုအားသတ်ရန် တာဝန်အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ်
    ဘက်ပြောင်းထွက်ဆိုရန် သဘောတူခဲ့သူဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ သူ့အား
    အပြစ်မှခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သောထောင်ဒဏ် (၁ဝ)
    နှစ်နှင့် (၆) လ ချမှတ်ခံခဲ့ရသည်။

    အာဇာနည်နေ့ကိုမမေ့သင့်ပါ

  • စိန်ဗိုက်ဗိုက်

    July 22, 2012 at 5:18 pm

    ဂဠုန်လို ့ဘာလို ့ခေါ်သလဲ မသိဖြစ်နေတာ..
    ခုမှ သိတော့တယ်ဗျား..
    ကိုဗစ်ထရီရဲ့ စုစည်းမှု တင်ပေးမှုလေး အကျိုးရှိလှပါတယ်.
    ပို ့စ်ကော ကွန်းမန် ့တွေကော အင်မတန် တန်ဘိုးကြီးလှပါတယ်ဗျာ

    ကျေးဇူးအထူးတင်ပါတယ်..

    စကားမစပ်..
    ဦးနေဝင်း အကြောင်းလေးလဲ သိချင်သားဗျာ..

    • Victory

      July 22, 2012 at 7:57 pm

      ကိုစိန်ဗိုက်လေးရေ
      သူ့အကြောင်းကတော့ ရန်ကုန်လိုနေရာမျိုးမှာ လူတော်တော်များများက
      ပြောနိုင်လိမ့်မယ်ထင်ပါရဲ့။
      အနီးစပ်ဆုံးညွှန်ရရင်တော့
      မြန်မာဝီကိပေါ့နော်။
      ဝင်ဖတ်လို့မရရင် ပြောပါ။
      ကူးပြီး ကော်မန့်မှာ ရေးပေးပါ့မယ်။
      http://wikimyanmar.co.cc/wiki/index.php?title=%E1%80%A6%E1%80%B8%E1%80%B1%E1%80%94%E1%80%9D%E1%80%84%E1%80%B9%E1%80%B8

  • blackchaw

    July 25, 2012 at 10:39 pm

    ကိုဗစ်ထရီရေ..
    ဇူလိုင် ၁ ရက်နေ့ တင်တဲ့ ပို့စ်တွေက စပြီး
    ပြန်ဖတ်နေတာဗျ…။
    ကျွန်တော် ဒီကြားထဲမှာ ရွာနဲ့ တော်တော် အဆက်ပြတ်သွားသေးတယ်..။
    ဒီပို့စ်တောင် အခုမှ တွေ့ပြီး
    အခုမှ ဖတ်နေတာဗျ…။
    လောလောဆယ် ကျွန်တော် ဖတ်ချင်နေတာကလည်း
    ဒီလို အကြောင်းအရာဖြစ်နေပါတယ်ဗျာ…။
    နောက်တစ်ခု
    ကျွန်တော် ရေးဖို့ ကြိုးစားနေပြန်တာက…။
    ဇာတ်လိုက်တွေကို ပရိသတ်ချစ်ဖို့
    ပရိသတ် အထင်ကြီးစေဖို့
    ဗီလိန်ကောင်းကောင်းတစ်ယောက်တော့ လိုတယ်ထင်မိပါတယ်..။
    အဲဒါကို နမူနာပြရရင်
    ဂျိမ်းစ်ဘွန်းကားတွေထဲက
    ဂျိမ်းစ်ဘွန်းရဲ့ ပြိုင်ဘက် ဗီလိန်ဟာ
    သာမညောင်ည ဗီလိန်တွေ မဟုတ်ကြပါဘူး။
    အင်မတန် ရက်စက်သော ထက်မြက်သော ဗီလိန်များ ဖြစ်ကြပါတယ်. ..။
    အဲဒီလို ဗီလိန်တွေကို အနိုင်ယူမှ ဂျိမ်းစ်ဘွန်းရဲ့ ဇာတ်ရုပ်က ကြွတက်လာတာပေါ့ဗျာ..။
    မင်းသိင်္ခကြီးရဲ့ ဆားပုလင်းနှင်းမောင် ဇာတ်လမ်းတွေထဲက
    ဗီလိန်တွေကိုလည်း ပြန်ကြည့်လိုက်ရင်
    သာမာန်လူတွေ မဟုတ်ကြပါဘူး။
    တကယ့် လူပေါ်လူဇော်တွေပါ…။
    နှလုံးရည်ရော လက်ရုံးရည်ပါ ထူးချွန်ကြသူတွေပါ…။
    အဲဒီလိုဗီလိန်တွေကို လက်ရဖမ်းနိုင်တဲ့
    ဆားပုလင်းနှင်းမောင် ရဲ့ အရည်အချင်းက ပေါ်လွင်ထင်ရှားသွားတယ်ပေါ့ဗျာ..။
    ထူးခြားတဲ့ ကျွန်တော်တို့ ချစ်တဲ့ ဗိုလ်ချုပ်အတွက်
    ဗီလိန်ကြီး ဦးစောက ဇာတ်ပို့ပေးခဲ့တယ်လို့ ကျွန်တော်က မှတ်ယူပါတယ်…။
    ထို့အတူ…
    အခု ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကို
    တစ်ကမ္ဘာလုံးက လေးစားကြ၊ တစ်နိုင်ငံလုံးက ချစ်ခင်ကြ
    ဖြစ်နေကြတာဟာ ဇာတ်ပို့ကောင်းကောင်း ရှိလို့ပါ…။
    အဲဒါ ဘယ်သူလဲ…..။
    လေးစားစွာဖြင့်
    ဘလက်…။

Leave a Reply