ကောင်း ကင် တ ခွင်

တိမ် ဆင် အုံ့ မှိုင်း

ရိုင်း တဲ့ ဆယ့် ကိုး

မျက် ရည် ဖြိုး သည့်

ဆိုး တဲ့ အ ဖြစ်

မ မေ့ ပစ် နှင့်

ချစ် သည့် ဇာ နည်

ပြည် သူ့ အ တွက်

အ သက် ပေး ဆပ်

လွတ် လပ် ဖို့ ရေး

ရ ယူ ပေး သည်

ကျေး ဇူး ဂုဏ် အင်

များ စွာ ပင် တည့်

နှိုင်း ယှဉ် အ ထူး

ကိုး ဦး ဇာ နည်

အ တွက် ရည် သန်

ပြည် သူ အ များ

ပြု ထား စု စု

ကောင်း မှု ကု သိုလ်

ဟု မှန် သ မျှ

အ ဖို့ ဘာ ဂ

ပေး ဝေ မျှ ၍

သည် လ သည် ရက်

ပြု လျက် အ စဉ်

နောင် တွင် သား ကောင်း မ မေ့ အောင်။။

aye.kk

About aye.kk

has written 247 post in this Website..