“မ မေ့ အောင်”

aye.kkJuly 19, 20121min18112

ကောင်း ကင် တ ခွင်

တိမ် ဆင် အုံ ့မှိုင်း

ရိုင်း တဲ့ ဆယ့် ကိုး

မျက် ရည် ဖြိုး သည့်

ဆိုး တဲ့ အ ဖြစ်

မ မေ့ ပစ် နှင့်

ချစ် သည့် ဇာ နည်

ပြည် သူ ့အ တွက်

အ သက် ပေး ဆပ်

လွတ် လပ် ဖို ့ရေး

ရ ယူ ပေး သည်

ကျေး ဇူး ဂုဏ် အင်

များ စွာ ပင် တည့်

နှိုင်း ယှဉ် အ ထူး

ကိုး ဦး ဇာ နည်

အ တွက် ရည် သန်

ပြည် သူ အ များ

ပြု ထား စု စု

ကောင်း မှု ကု သိုလ်

ဟု မှန် သ မျှ

အ ဖို ့ဘာ ဂ

ပေး ဝေ မျှ ၍

သည် လ သည် ရက်

ပြု လျက် အ စဉ်

နောင် တွင် သား ကောင်း မ မေ့ အောင်။။

12 comments

  • စိန်ဗိုက်ဗိုက်

    July 19, 2012 at 11:26 am

    အန်တီအေးရေ့….
    အားပေးသွားပါတယ်ခင်ဗျ
    ဘတော့မှ မေ့ပါဘု….

    • aye.kk

      July 19, 2012 at 8:42 pm

      ကျေးဇူးပါဗိုက်ဗိုက်ရေ။

  • မဂွတ် ထော်

    July 19, 2012 at 2:10 pm

    ဘယ်လိုလုပ်မေ့မှာလဲဗျာ

  • aye.kk

    July 19, 2012 at 2:42 pm

    တတ်နိုင်ကြသူတွေ..
    ဒီနေ ့,ဒီရက်,ဒီလ,ဒီအချိန်အခါရောက်တိုင်းပေါ့နော်..
    အာဇာနည်ခေါင်းဆောင်ကြီးတွေကိုရည်စူးပြီး…
    ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို ့က…
    သမုတိသံဃာတော်မြတ်တွေကိုဆွမ်းကျွေး
    အမျှပေးဝေရင်း..
    သာဓုခေါ်နိုင်စေဘို ့အတွက်၊ကဗျာလေးရေးဖွဲ ့မိလိုက်တာပါ။
    ကျေးဇူးပါဂွတ်ထော်ရေ..။။

  • TTNU

    July 19, 2012 at 4:51 pm

    မမေ့အောင်သတိပေးသော မအေးကေရေ..
    သတိတရ ပေးပို့ပေးလို့ ကျေးဇူးတင်ပါတယ်။
    ကုသိုလ်လည်းပြုဖြစ်ပါတယ်။

  • snow white

    July 19, 2012 at 5:25 pm

    မမေ့အပ်ပါဘူး ဒီရက် လေးကို July 19 မမေ့ပါဘူးဘယ်တော့မှလည်းမမေ့ပါဘူး။။။

  • မောင်ပေ

    July 19, 2012 at 7:09 pm

    ရေချိုးပြီးတော့ ဘုရားရှိခိုးအပြီးမှာ
    မေတ္တာပို ့ဆုတောင်းခဲ့ပါတယ် ဗျို ့

  • မဟာရာဇာ အံစာတုံး

    July 19, 2012 at 7:45 pm

    အမအေး ခင်ဗျာ ..
    ဘယ်တော့မှ မမေ့ပါဟု ..
    အာဇာနည်များအား
    ဦးထိပ်မှာ ပန်ဆင်ပြုရင်း ..
    ပြောကြားသွားပါ၏ ….

  • pooch

    July 19, 2012 at 8:38 pm

    ဒီနေ့ အိမ်ရှေဝရံတာမှာ အလံကို တိုင်တဝက်လွှင့်ပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြခဲ့ပါတယ် အန်တီအေးရေ ။ မျှော်နေခဲ့တဲ့ လွမ်းဥဩသံကတော့ မကြားလိုက်ရဘူး။

  • aye.kk

    July 19, 2012 at 9:12 pm

    TTNU,
    ကုသ်ိုလ်လည်းပြုဖြစ်တာ…
    သိရလို ့ထပ်တူထပ်မျှဝမ်းသာရပါတယ်..
    တီချာကိုအမြဲကျေးဇူးတင်လေးစားလျှက်ပါလို ့ပြောပြပါရစေ။။
    ————————————————————————
    snow white,…
    မမေ့ကောင်းတာကို…
    မမေ့တဲ့စနိုးလေးရေ…ကျေးဇူးပါကွယ်။။
    —————————————————————————
    ကိုပေ,…
    ညအိပ်ရာဝင်လည်း..
    မေတ္တာပို ့ဦးနော်…။။
    ——————————————————————————
    သားဦးမြေးဦးရေ….
    တကယ်မှန်ကန်တဲ့အသိလေးပါဘဲ…။
    အန်တီပြုသမျှကောင်းမှုများကို…
    ဒီနေ ့ဒီရက်ရောက်တိုင်း၊အာဇာနည်ကြီးတွေကို…
    အမျှပေးဝေမိပါတယ်ကွယ်။
    ———————————————————————————
    အံစာတုံးရေ….
    မင်းလိုပါပဲ၊အန်တီလည်းအတူတူပါ။
    အာဇာနည်တွေကိုပဲဦးထိပ်မှာပန်ဆင်ထားပါ၏…
    အာဏာရှင်တွေကိုတော့ရွံ ့မုန်းလွန်းလို ့နှလုံးနာလှမိပါတယ်ကွယ်။။
    ———————————————————————————
    pooch,…ရေ
    လွမ်းဥဩသံကတော့..
    တိ်ု ့တွေရဲ ့…..
    ရင်ထဲ…..
    နားထဲ…..
    အသဲထဲမှာ…..
    ကြားယောင်နေဆဲရှိနေတာကို……
    သူတို ့တွေက၊မသိကျိုးကျဉ်ပြုနေတာဟာ……
    ရင်နာလို ့မဆုံးပါဘူးကွယ်……။

  • marblecommet

    July 22, 2012 at 1:13 am

    ဝမ်းနည်းမှတ်တမ်း
    သမိုင်းလမ်းကို
    လေးလုံးဂုဏ်ဆောင်
    အနုရောင်ဖြင့်
    မှုံခြယ်ဖော်သ
    ကေကေ မသို့
    လေးစားဂုဏ်ဆောင်
    ကိုင်းညွတ်ပြုအံ့
    အိုဘယ့်ငါတို့
    သမ္မဇျဉ်…
    ……ဟီး
    ရွှီးကြည့်လိုက်တာ အန်တီအေး
    စိတ်ဆိုးပါနဲ့….ဂျ…

Leave a Reply