ဓါတ်ပုံပြပွဲ က အခုမှ ပိတ်လို့ အခုမှ ခေါင်းစဉ် တင်ပေးရပါတယ် …။ ဇူလိုင်လအတွက် ခေါင်းစဉ်ကို ကျွန်တော် အားမာန်လို့ ပေးထားပါတယ် .. ဓါတ်ပုံဝါသနာရှင်များ နဲနဲကြိုးစားကြည့်ဖို့ပါ .။
အားမာန်ဆိုတဲ့ခေါင်းစဉ်က နဲနဲ ကျယ်ပြန့်လောက်ပါတယ် …။ လသားကလေးလေး လမ်းလျှောက်ကျင့်နေတာလဲ အားမာန်ပါပဲ ..။ ကျောင်းသားတစ်ယောက် စာကို စိတ်ပါလက်ပါကျက်နေတာလဲ အားမာန်ပါပဲ..။ ဆိုက်ကားသမား ၀န်အများကြီးနဲ့ ဆိုက်ကားကို နင်းသွားတာလဲ အားမာန်ပါပဲ..။ ပင်စင်စားအဖိုးကြီး တုတ်ကောက်နဲ့ လမ်းလျှောက်နေတာကလဲ အားမာန်ပါပဲ …။ခေါင်းရွက်ဗျက်ထိုးဈေးသည်တစ်ယောက် လမ်းပေါ်ကနေ ပဲပြုတ်လို့အော်သွား၇င်လဲ အားမာန်ပါပဲ ..။ အားမာန်တွေ အများကြီးရှိ နှိုင်ပါတယ်…။
ဘ၀အတွက် အားမာန် ၊ အသက်ရှင်နေထိုင်မှုအတွက် အားမာန် ၊ မိသားစုအတွက် အားမာန် ၊ အမျိုးအတွက်အားမာန် ၊ နိုင်ငံ့အတွက်အားမာန် စသည်ဖြင့် အားမာန်ကို ဖော်ကြူးစရာ ရိုက်ကွက် အမြောက်အများရှိနှိုင်မယ်လို့ မျှော်လင့်ထားပါတယ်..။
ပုံလက်ခံတာကတော့ အခုအချိန်ထဲကကို လက်ခံနေပါပြီ။ ဘယ်အချိန်ပိတ်မယ်ဆိုတာကတော့ မောင်ဂီတို့ အသိပေးပါဗျို့ …။
ခေါင်းစဉ် ………………. အားမာန်
အမျိုးအစား …………….. ဆေးရောင်စုံ
အငယ်ဆုံးအရွယ်အစား ……….800 x 600 px
ဖိုင် အမျိုးအစား ……………JPEG
(သီးခြား)ဖော်ပြရန်…………. f number, shutter speed, ISO
ကန့်သတ်ချက် ……………ရေစာ ၊ ဘောင် ၊ လက်မှတ် ထည့်သွင်းခြင်း မပြုရ
ဓာတ်ပုံလက်ခံ ပိတ်ချိန် ………… မောင်ဂီတို့မှ ထုတ်ပြန်ပေးပါလိမ့်မည် ..။
ပေးပို့ရမည့်လိပ်စာ …………… mgazettephotoshow@gmail.com
ခေါင်းစဉ်နောက်ကျသွားတယ်ဆိုရင်တော့ ခွင့်လွှတ်ပါ..။မှော်ဆရာ ခုတလော တိုင်ပတ်နေလို့ပါ.။ လူကြိုက်အများဆုံးသုံးဦးအတွက် ကျွန်တော် လက်ဆောင်ပစ္စည်းပေးအပ်သွားမှာဖြစ်ပါတယ် …။

About မှော်ဆရာ

has written 57 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010