ဖြစ်ရပ်မှန်(၄) လူ့အသက်နှင့်ဥပဒေ ည၈နာရီခွဲခန့်ကွန်ပျူတာမှအင်တာနက်ဖွင့်ကြည့်နေတုန်းအိမ်ရှေ့မှခွေးအော်သံလိုလို၊လူအော်သံလိုလို ကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုဝုန်းကနဲအသံကြယ်လောင်စွာကြားရပြီးလူအများအော်ပြီးပြေးသံကိုပါ ကြားလိုက်ရသောကြောင့် ၀ရန်တာမှထွက်ကြည့်လိုက်တော့ ဘုရား ဘုရားကောင်မလေးတစ်ယောက်လမ်းပေါ် မှာလဲလို့နာကျင်စွာအော်နေခြင်းဖြစ်သည်။ ကားတိုက်ခံလိုက်ရခြင်းဖြစ်သည်။ တိုက်သောကားနောက် လိုက်ကြ သောသူများမှာကားကိုမမှီတော့။ တွေ့လိုက်သူများက ကားမှာနံပါတ်မတပ်ရသေးသော ကား အသစ်ဖြစ်ပြီး ကျွန်တော့်အိမ်ရှေ့ စင်္ကြာလမ်းအတွင်းမှအရှိန်ဖြင့်မောင်းထွက်လာပြီး သင်္ဂဟလမ်း ပေါ် လျှောက်လာသော မိန်းကလေးနှစ်ယောက်ကိုဝင်တိုက်သွားခြင်းဖြစ်သည်။ လဲကျနေသောကောင်မလေးမှာနာကျင်စွာအော်ရင်းဘေးမှတစ်ယောက်ကထူမရန်ကြိုးစားနေခြင်းဖြစ် မည်။ တဖြည်းဖြည်းနှင့်ဝိုင်းအုံလာသောလူစုမှာကောင်မလေးများကိုပြုစုရန်ဆေးခန်းဆေးရုံပို့ရန်မစဉ်းစား။ တိုက်သွားသောကားအကြောင်းပြောရင်း ရဲစခန်းကိုဖုန်းဆက်သူကဆက်သည်။ ကောင်မလေးကတော့ နာကျင်စွာအော်ဟစ်တုန်း။ ၁၀မိနစ်ခန့်ကြာတော့ရဲနှစ်ယောက်ဆိုင်ကယ်နှင့်ရောက်လာသည်။ ဘေးမှလူများကိုဟိုမေးဒီမေး။ကောင်မလေးများကိုမေးမြန်စစ်ကြောနေသည်။ မေးမြန်းရင်း၁၀မိနစ်ခန့်ကြာတော့ကောင်မလေး(၂)ယောက်စလုံးနာကျင်စိတ်ကြောက်လန့်စိတ်နှင့်သတိလစ် သွားတော့သည်။ထိုအခါမှလူအုပ်ထဲမှမနေနိုင်သောလူများက ကားအမြန်ငှားပြီးဆေးရုံကြီးသို့လိုက်ပို့လိုက် ရသည်။အချိန်မှိကုသမှုမခံလိုက်ရသောကောင်မလေး(၂)ယောက်အခြေအနေမှာ ရှေ့ဆက်မည်သို့ဖြစ်မည်မသိ။ ရင်ထဲအလွန်မကောင်းဖြစ်ရပါသည်။ တကယ်တော့ရဲ(၂)ယောက်မှာလည်း အမှုတစ်ခုဇစ်မြစ်ကိုသိရန်မြက်မြင်သက်သေနှင့်ကာယကံရှင်များကိုဥပဒေနည်းလမ်းအတိုင်းမေးမြန်းစုံစမ်းခြင်း ဖြစ်သည်။(ကောင်မလေး(၂)ယောက်ကိုဆေးရုံဆေးခန်းအမြန်ပို့ပြီးသတိရမှစစ်ဆေးမေးမြန်းရင်မရဘူးလား)။ မြက်မြင်သက်သေများကလည်း ယာဉ်တိုက်မှုဆိုသောမှုခင်းတစ်ခုဖြစ်နေသောကြောင့် ဒဏ်ရာရသူ လူနာကိုသွေးထွက်လွန်ပြီးသေသွားသည်ဖြစ်စေ။ရဲလာပြီး။အမှုဖွင့်ပြီး၊မှုခင်းဖြစ်ပွားရာနေရာကိုဓာတ်ပုံရိုက်ပြီး မှကူညီသင့်တာကိုကူညီလို့ရနိုင်ခြင်း။(ဖြစ်ရပ်သည်အများမြင်လိုက်ရသောဖြစ်ရပ်။သက်သေအများရှိပြီး၊အမြန် ဆုံးဆေးရုံပို့ကုသစေပြီးမှပြသာနာကိုဝိုင်းဝန်းဖြေရှင်းရင်ကော မရဘူးလား။လူ့အသက်နှင့်မှုခင်းဖေါ်ထုတ်မှု ဘယ်အရာကပိုပြီးအရေးကြီးသနည်း။)

//

About Main Computer

Myo Nyunt has written 4 post in this Website..