N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား

natureJuly 19, 20121min50530

N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား

ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ မသိရ
များလှအပြစ်တွေ။

ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရ
များလှကျေးဇူးပေ။

ကျေးဇူးတော်ရင် ဘုရားရှင်ကို
ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ သာသနာ၏
နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း
ကြိုးပမ်းကြပါလေ။

ရိုးရှင်းပြီး အင်မတန်အဓိပါယ်လေးနက်ပြည့်ဝတဲ့ ကဗျာလေးကို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက စပ်ဆိုခဲ့တာလို့သိရပါတယ်။

https://myanmargazette.net/90448/creative-writing

30 comments

  • surmi

    July 19, 2012 at 12:39 pm

    ဘုရားရှင်နဲ ့ တရားတော်တွေကို လိုသလိုအဓိပ္ပါယ်ဖွင် ့နေကြတဲ ့လူတွေကြောင် ့
    စိတ်ပျက်မိပါတယ်။ ကြိုက်သလိုကိုးကွယ်ခွင် ့ရှိပေမဲ ့ ကြိုက်သလိုစော်ကားခွင် ့တော ့မရှိစေချင်ဘူး
    သရဏဂုံ ကိုလိုရာဆွဲတွေးပြီး ရေးသွားတဲ ့ပို ့စ်ဆိုရင် စိတ်ပျက်ဖို ့တော်တော်ကောင်းပါတယ်
    ဘုရားရဲ ့တရားတော်တွေကို ဝေဖန်မယ်ဆိုရင် ကိုယ် ့အဆင် ့လေးကိုယ်ပြထားသင် ့တာပေါ ့
    ကိုနေးချားတို ့ကိုသတိယပါတယ် ကျနော်ကတော ့ပြန်လှန်ဆွေးနွေးငြင်းခုံနိုင်တဲ ့အဆင် ့မရှိလို ့
    ဘေးထွက်နေတာပါ ။စိ်တ်မကောင်းဖြစ်ရပါတယ် ။

    • nature

      July 20, 2012 at 10:08 pm

      ကိုယ်ကြိုက်သလိုကျုံးသွင်းထားတဲ့အယူအဆတွေကြည့်ပြီး မွတ်စလင်ဘာသာကိုများခေါင်းစဉ်ပြောင်းပြီး မိုးပြာ ဖြစ်လာသလားလို့။ မိုးပြာကိုလည်းခေါင်စဉ်ထပ်ပြောင်းပြီး ဗုဒ္ဓဘာသာလို့ထပ်လုပ်နေသလားလို့ထင်မိတယ်။ မိုးပြာတွေရဲ့သိသာတဲ့ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာကိုတိုက်ခိုက်ပြီးအစားထိုးနေရာယူဖို့ဆိုတာတော်တော်လေးသိသာပါတယ်။ အကြမ်းနည်းနဲ့ဘာသာရေးစစ်ပွဲတွေနဲ့တကမာ္ဘလုံးဝါးမြိုဖို့က မကိုက်တော့ အနုနည်းနဲ့များ ပြောင်းသုံးလာသလား ထင်ရတယ်။

      မန်းဂေဇက်ရွာကြီးစည်ကားလာတာကို ရွာသံယောဇဉ်နဲ့ဝမ်းသာပျော်ရွှင်မိပေမဲ့ စည်ကားလာတာနဲ့အမျှ မိုးပြာဘုန်းကြီးလို့ဆိုတဲ့သူတွေ ဒလဟောဝင်လာပြီးရွာတံခါးပိတ်တရားဟောတာတွေ့ရတော့ တဖြေးဖြေးနဲ့ မိုးပြာ ဝါဒဖြန့်site ကြီးတခုတောင်ဖြစ်နေပြီလားလို့သံသယဝင်မိတယ်။ ကျွန်တော်တို့ အားလုံး အားကြိုးမာန်တက် ရွာကြီးစည်ကားရေးအတွက် အုတ်တချပ်သဲတပွင့် အားပေးနေကြတာဟာ မိုးပြာတွေတရားဟောဖို့လူစုပေးထားသလို ဖြစ်နေရင် အဆိပ်ပင်ရေလောင်းသလိုဖြစ်နေမှာစိုးတာကြောင့် ဘယ်လိုများလုပ်ရင်ကောင်းမလဲဆိုတာကို စဉ်းစားရင်း ရွာထဲအဝင်ကျဲခဲ့ပါတယ်။

  • မောင်ပေ

    July 19, 2012 at 12:40 pm

    ပြန်လည်ဝေမျှပေးလို ့
    ဦးနေချားကို ကျေးဇူးတင်ပါတယ်ခင်ဗျ

    • nature

      July 20, 2012 at 10:16 pm

      မောင်ပေရေ-
      နှုတ်ဖျားလေးကမဖတ်ပဲ အဓိပါယ်သေသေချာချာပေါ်အောင် နှလုံးသားနဲ့ဦးဏှောက်နဲ့လေးလေးစားစားဖတ်ကြည့်ရင် အကျိုးများပါလိမ့်မယ်။

  • မိုးတိမ်

    July 19, 2012 at 2:44 pm

    အားတက်မိပါတယ် ကျေးဇူးပါကိုနေချား
    ဖျက်ဆီးနေတဲ့ စာတွေကြားမှာ အခုလို စာမျိုးပြန်ဝေမျှပေးတဲ့ အတွက် ကုသိုလ်ရပါတယ်ဗျာ။
    သာဓု၊သာဓု၊သာဓု။

    • nature

      July 20, 2012 at 10:31 pm

      တခါတခါ ပေါက်တတ်ကရမိုးပြာစာတွေပွထနေတာနဲ့တော်တော်လေးအာရုံနောက် လို့ ရွာပြင် မှာနားအေးပါးအေးခဏအနားယူနေရင်ကောင်းမလားလို့တခါတခါစဉ်းစားမိတယ်။

  • မဂွတ် ထော်

    July 19, 2012 at 2:49 pm

    မကောင်းမူကောင်းမူ
    ကုသိုလ် ၊အကုသိုလ်
    ခွဲခြားသွင်သင် ဆုံးမ
    ဟောပြပေးသော
    ္ဒအဆုံးမရှိသောကျေးဇူးရှင်ဖြစ်ပေသည်

    • nature

      July 21, 2012 at 5:08 pm

      မြတ်စွာဘုရားဟောကြားတဲ့တရားကိုမနာယူပဲ ကုသိုလ် အကုသိုလ်ဆိုတာကို မှန်မှန်ကန်ကန် ခွဲခြားသိနိုင်ဖို့မလွယ်ပါဘူး။ ပုထုဇဉ်တွေအနေနဲ့တခါတရံမှာ အကုသိုလ်ကို ကုသိုလ်လို့ထင်ပြီး လုပ်နေတတ်ကြပါတယ်။
      မြတ်စွာဘုရားက လောကမှာနေထိုင်နည်းလေးကို လိုတိုရှင်းပေးခဲ့ပါတယ်။

      မကောင်းမှုရှောင် ကောင်းမှုဆောင်
      ဖြူအောင်စိတ်ကိုထား
      ဒေါသကိုပယ် မေတ္တာလွယ်
      ခန ္တီမူလ မာန်ကိုချ
      လို့ လူ့လောကမှာနေနည်းလေးတွေကိုလိုတိုရှင်း မိန့်ကြားခဲ့ပါတယ်။

  • MaMa

    July 19, 2012 at 3:22 pm

    ရွတ်ဆိုလို့လည်း ကောင်း၊ အနက်အဓိပ္ပါယ်လည်း ပြည့်ဝတာမို့ ကျမအလွန်နှစ်သက်မိတဲ့ လင်္ကာလေးတစ်ခု ဖြစ်ပါတယ်။

    မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တွေကို လူတိုင်း လွယ်ကူရှင်းလင်းစွာ သိမြင်နိုင်အောင် မဟာဂန္ဓရုံဆရာတော်ကြီက ရေးသားပူဇော်ခဲ့လို့ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့် မှတ်သားသင့်ကြပါတယ်။

    ကုသိုလ်နဲ့ အကုသိုလ်ကို ကွဲကွဲပြားပြား သိပြီး ဆောင်နိုင် ရှောင်နိုင်အောင် ကြိုးစားရပါဦးမည်။

    • nature

      July 21, 2012 at 9:44 pm

      မဟာဂန္ဓရုံဆရာတော်ဘုရားကြီးဟာအင်မတန်လေးစားကြည်ညိုဖွယ်ကောင်းတဲ့ သာသနာအကျိုး ကြိုးကြိုးစားစားထမ်းဆောင်ခဲ့တဲ့ ဆရာတော်ကြီးပါ။

      ကုသိုလ်ဆိုတာအပြစ်ကင်းပြီးချမ်းသာသုခကိုပေးတယ်။ အကုသိုလ်ဆိုတာ ဆိုးညစ်ပြီးဆင်းရဲဒုက္ခကိုပေးတယ်။ ကုသိုလ် အကုသိုလ်ကို မှန်ကန်စွာ ခွဲခြားသိမြင်နိုင်ဖို့ သဒ္ဒါတရားအခြေခံမကောင်းပဲ မဖြစ်နိုင်ပါဘူး။ သဒ္ဒါတရားအခြေခံမကောင်းတဲ့သူတွေရဲ့သိတယ်ဆိုတဲ့အမှန်တရားဟာ မျက်မမြင်ဆင်စမ်းသလို အမှားတွေပဲများပါတယ်။

      မိမိရဲ့ကောင်းကျိုးဆိုးကျိုးတွေဟာမိမိလုပ်တာပါပဲ။ ဒါတွေကို အတိတ်ကံကြောင့်ဖြစ်တာလို့ အတိတ်ကံတခုတည်းကိုလွဲချခြင်းဟာလည်း မှားယွင်းတဲ့အယူအဆတခုပါပဲ။ စေတနာသည်ကံမည်ပါ၏ မြတ်စွာဘုရားက ဟောကြားခဲ့ပါတယ်။ ဒါနပြုခြင်း ပစ္စုပ္ပန်မိမိလုပ်နေတဲ့အလုပ်အပေါ်မှာ ဘယ်လိုအခက်အခဲပဲတွေ့တွေ့ လောဘ ဒေါသ မောဟ ကင်းစွာ စေတနာအပြည့်ဖြင့် လုပ်ကိုင်ခြင်း သည်လည်း ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းတမျိုးပါပဲ။

  • ဦးဦးပါလေရာ

    July 19, 2012 at 5:03 pm

    ကျုပ်ဘုရားရှိခိုးတဲ့အခါ ရွတ်ဆိုတဲ့ သရဏဂုံ က ဒီလိုပါ..။

    ဗုဒ္ဓံ – သစ္စာလေးပါး၊ မြတ်တရားကို၊ ပိုင်းခြားထင်ထင်၊ ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရားအား
    သရဏံ-ဆင်းရဲပယ်ခွာ၊ ချမ်းသာစေတတ်၊ အမြတ်ရတနာ၊ အားကိုးရာဟူ၍
    ဂစ္ဆာမိ- ယုံကြည်သိမှတ်၊ ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား…။

    အဲဒီမှာ ဘုရားကို ဘာကြောင့်ကိုးကွယ်တယ်ဆိုတာကို နှလုံးသွင်းပြီး ဖြစ်ပါတယ်။
    ဘုရားကို
    ဆင်းရဲကင်းစေသောကျေးဇူးရှိလို့
    ချမ်းသာစေသောကျေးဇူးရှိလို့
    လောကရဲ့ အမြတ်ဆုံးရတနာဟုဆိုထိုက်သော ဂုဏ်ရှိလို့
    အားကိုးရာအမှန်ဖြစ်သော ကျေးဇူးရှိလို့
    ကိုးကွယ်ရတာဖြစ်ပါတယ်…..
    …..ဆိုတာလေး ဝင်ပြောရင်း
    ဒီပိုစ့်လေးကို ဂုဏ်ပြုလိုက်ပါတယ်။

    • အရီးခင်လတ်

      July 19, 2012 at 5:11 pm

      ဒီလို လူကြီး သူမများ ဆီ နေ အကျိုးထူး စကားများ ကြားနာ ရတာ မင်္ဂလာ တစ်ပါးပါဘဲ။
      ဒါကြောင့် ပြောတာ ဦးခေါင်း သုံးလုံး နဲ့ သူ ကို ဆည်းကပ်သင့်သတဲ့။
      ရွာထဲ မှာလဲ ဦးခေါင်း သုံးလုံး တွေ များတာ တွေ့ရတာ ဝမ်းသာလှပါတယ်။

      ကျေးဇူး ပါရှင်။ ဦးခေါင်း သုံးလုံး နဲ့ ကိုကြီး နေချား၊ ကိုကြီးပါ။ အဟိ။ 😉

      • MaMa

        July 19, 2012 at 9:07 pm

        တခါက အမ လို့ ခေါ်ဖူးတာ ခံပေရော့။
        ဒါပေမယ့် အားနာ ပါးနာ ကိုကြီးနေချား ဆိုလို့ ကျေးဇူးတင်ရမယ် ဟိုဖက်ပိုစ့်ကလို ရှေးလူကြီး အဖိုးကြီးတွေ မဖြစ်လို့ [:))]

      • nature

        July 22, 2012 at 2:30 pm

        အဟီး …မခင်လတ်ရေ-
        တော်သေးတာပေါ့ ခေါင်းသုံးလုံးနဲ့ရပ်သွာ းလို့ ၊ခေါင်း ၁ဝ လုံးဆိုရင်တော့ ဒဿဂီရိဖြစ်ဖြစ်ကရောပဲ။ 🙂

    • nature

      July 21, 2012 at 9:46 pm

      သာဓု ၊သာဓု ၊ သာဓု ပါ ဦးဦးပါလေရာ ရေ။

  • မဟာရာဇာ အံစာတုံး

    July 19, 2012 at 8:13 pm

    ဦးနေချားခင်ဗျာ ..
    ကျနော် ငယ်ငယ်က ယဉ်ကျေးမှုသင်တန်းတစ်ခုမှာ တက်တုန်းက
    ဒီလင်္ကာလေးကို သင်ခဲ့ရပါတယ် ..
    ခုလို ပြန်ဖတ်လိုက်ရတော့
    ရင်ထဲမှာ တစ်မျိုးတော့ ဖြစ်သွားမိပါတယ် …
    မြတ်စွာဘုရား ပွင့်လာခဲ့လို့
    ကျနော်တို့တတွေ ကုသိုလ်၊ အကုသိုလ်မှန်းသိ …
    အကုသိုလ်ကို ရှောင်ပြီး ကုသိုလ်တွေ ပြုလုပ်နိုင် …..
    မြတ်စွာဘုရားရှင် ပွင့်တော်မူလာတာ တကယ့်ကို ကျေးဇူးတင်ရမှာပါဗျာလို့ပဲ ..

    • nature

      July 22, 2012 at 3:25 pm

      အကုသိုလ်ကိုအကုသိုလ်မှန်းမှန်မှန်ကန်ကန်သိပြီး ရှောင်နိုင်ရင်ဆင်းရဲဒုက္ခတွေ ဖြေးဖြေးလျှော့ပါးပျောက်ကွယ်သွားစေနိုင်ပါတယ်။ ကုသိုလ်ကို ကုသိုလ်မှန်းသိပြီး ဆောင်နိုင်ရင် ချမ်းသာသုခတွေတဖြေးဖြေး တိုးပွားလာစေနိုင်တယ်ဆိုပေမဲ့ သဒ္ဒါတရား အခြေခံကောင်းရင်ပိုပြီး အကျိုးများပါတယ်။ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ ဉာဏ်ရှိရင်ရှိသလို သုံးတတ်ရင်သုံးတတ်သလို ကောင်းကျိုးအနန ္တရရှိစေတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာမြေပုံကြီး တစ်ခုပါပဲ။ ဒါကြောင့်မို့ ဘုရားရတနာလို့ခေါ်ဆိုထိုက်ပါပေတယ်။

  • Gipsy

    July 19, 2012 at 9:13 pm

    ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား …
    ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား…
    ပူဇော်အထူးကို ခံယူတော်မုထိုက်သော မြတ်စွာဘုရား …

    • nature

      July 22, 2012 at 3:30 pm

      ဒီအရဟံဆိုတဲ့ဂုဏ်တော်လေးကို်ပွားများနေခြင်းဟာလည်း ဗုဒ္ဓနုဿတိ ဆိုတဲ့အကျိုးများတဲ့ဗုဒ္ဓအလိုတော်ကျနေထိုင်နည်းလေးတခုပါပဲ။

  • kai

    July 20, 2012 at 12:19 am

    THIS UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.

    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    မြန်မာအများစုမှာ လူကိုအတန်းအစားတွေခွဲထားကြတာဟာ.. လူ့အခွင့်အရေးကို ..ကိုယ့်ကိုယ်တိုင်(မသိလိုက်ပဲ) ချိုးဖေါက်နေတာလို့ မြင်မိတယ်..
    .. ဒီလိုဖြစ်အောင် ဦးနှောက်ဆေး(brainwash လုပ်)ခဲ့.. လုပ်ခဲ့သူတွေဟာ.. အဖမြန်မာပြည်ကို.. ကျိန်စာတိုက်ခဲ့သူတွေဖြစ်ပြီး.. မြန်မာတွေ.. လူ့အခွင့်အရေးကို(တကယ်) မလေးစားနိုင်သမျှ.. ကျိန်စာမိနေဦးမှာပဲလို့.. မြင်ပါတယ်..

    ဂေါတမဘုရားရှင်လက်ထက်ကတည်းက.. ဟိန္ဒူဘာသာလွှမ်းမိုးတဲ့.. လူ့အဖွဲ့အစည်းတွေမှာ.. ပြန်မပြော..မော်မကြည့်.. ဦးခိုက်ရသည်အထိ.. လူတန်းစားခွဲတာတွေရှိခဲ့တာပါ..
    ဗုဒ္ဓဟာ.. ဒီလိုလူတန်းစားခွဲခြားတာတွေကို.. ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သူလည်း ဖြစ်ပါတယ်..။

    လွတ်လပ်စွာကွဲလွှဲနိုင်ပါကြောင်း.. :mrgreen:

    (မှတ်ချက်။ ။ ကြိုးစားက သင်သည်(သင်သည်)လည်း ဘုရားဖြစ်နိုင်ပါသည်။)

    • nature

      July 22, 2012 at 7:03 pm

      လူ့အခွင့်အရေးနဲပတ်သက်လို့ပြေရရင် –
      ဥပမာ- လမ်းဘေးမှာနေစရာမရှိတဲ့လူတစုဟာ အိမ်ကြီးအိမ်ကောင်းတခုကို တွေ့တော့ သူတို့အိမ်ပါဆိုပြီးအိမ်ပေါ်မှာနေတဲ့သူကိုတိုက်ခိုက်မောင်းချတယ်။ အဲဒီလူတွေကိုအိမ်ပိုင်ရှင်တွေ ကခုခံမောင်းထုတ်ပိုင်ခွင့်ရှိတယ်။

      ကျိန်စာဆိုတာကတော့ ယုံတမ်းစကားတွေပါ။ ကျိန်စာသာတိုက်လို့ရရင် မိုးပြာတွေအခုလောက်ဆိုပြာဖြစ်နေပြီ။ မိုးပြာတွေတိုက်တဲ့ကျိမ်စာနဲ့ကျနော်လည်းပြာဖြစ်နေပြီ။ အခုမိုးပြာတွေလည်းပြာမဖြစ်ဘူး။ ကျနော်လည်း ပြာမဖြစ်ဘူး။ ဒါကြောင့်ကျိန်စာဆိုတာ ကျနော့်အတွက်တော့ရယ်စရာပြောတဲ့ယုံတမ်းစကားတခုလိုပါပဲ။

      မြတ်စွာဘုရားကလူတန်းစားခွဲတာကိုလက်မခံဘူးဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ဆိုတဲ့ ဇာတ်နဲ့ခွဲတဲ့ လူတန်းစားခွဲတာကို လက်မခံတာပါ။ မြတ်စွာဘုရားကလူအဆင့်အတန်းခွဲတာ ကိုယ်ကျင့်တရားနဲ့သာ ခွဲခြားနိုင်တယ်။ (ရှင်ဘုရင်မျိုး၊ပုဏ္ဏားမျိုး၊ သူတောင်းစားမျိုး စတဲ့အမျိုးနဲ့ခွဲတာ ဆင်းရဲချမ်းသာ ရာထူးအာဏာ နဲ့ခွဲတာမျိုး ဇာတ်နဲ့ခွဲတာမျိုးကို လက်မခံပါဘူး။ )

      …(မှတ်ချက်။ ။ ကြိုးစားက သင်သည်(သင်သည်)လည်း……..
      ပြောပြန်ပြီပေါက်တတ်ကရ။ 🙂

      • Gipsy

        July 22, 2012 at 7:30 pm

        တရားစစ်မှန်၊ ကျင့်ကြံမှန်မှ၊ ချမ်းသာသုခရနိုင်သည်၊ အတွေးအခေါ် မှားလို့ ၊
        တရားတုမို့လို့၊ ယူဆမိလိုုက်လို့
        ကျင့်နေကြလို့၊ တွေးခေါ်နေကြလို့ ဗုဒ္ဓဝါဒ ပေါ့ပျက်ပျက် ဖြစ်လတ္တံ …။

    • nature

      July 26, 2012 at 6:58 pm

      Brain wash ဆိုတာလေးရကိုရှင်းဖို့ကျန်ခဲ့လို့။ မိုးပြာတွေရဲ့ရည်ရွယ်ချက်က ဗုဒ္ဓဘာသာကိုတိုက်ခိုက်အမည်ခံပြီးအစားထိုးဝင်ရောက်ဖို့လွယ်ကူမယ်လို့ယူဆပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံဟာကမာ္ဘအလယ်မှာ အားနည်းတဲ့နိုင်ငံတခုဖြစ်နေလို့ပါပဲ။ မိုးပြာတွေဟာ ဘုရားဟောတဲ့အချက်တိုင်းကို negative ရှုထောင့်က တိုက်ခိုက်ဖျက်ဆီးဖို့ကြိုးစားနေကြတာပါ။ မိုးပြာတွေရဲ့အမှားကို ထောက်ပြခဲ့တဲ့ မစိုးရိမ်စာသင်သားကို ကျေးဇူးတင်ရမည့်အစားရန်ငြိုးဖွဲ့ အမုန်းပွားပြီး ရွာထဲမှာဖွခဲ့ပါတယ်။ မိုးပြာတွေဟာမှားတယ်ဆိုရင်အမှားကိုဝန်မခံပဲ နောက်ထပ်တိုက်ခိုက်ရေးမေးခွန်းတခုကိုထပ်မံထုတ်ပါတော့တယ်။ မိုးပြာတွေရဲ့ပြောကြားချက်အရ မစိုးရိမ်စာသင်သားဟာလေးစားချီးကြူးစရာကောင်းကြောင်းသိလိုက်ရပါတယ်။ မစိုးရိမ်စာသင်သားလူထွက်ရတာလည်း မိုးပြာတွေစနက်ကင်းမှကင်းပေါလေစ။

      ဒါကြောင့်မှားတာသိရင်မှန်တာပြင်ဖို့မကြိုးစားပဲ တိုက်ခိုက်ရေးမေးခွန်းအသစ်တွေကိုထပ်ထုတ်တတ်တဲ့ဟိုလူကြီးအပါအဝင်မိုးပြာတွေဟာ brain wash လုပ်ထားခံရရုံတင်သာမက brain crash လုပ်ထားခံရသူများသာဖြစ်ပါတယ်။
      အထူးသတိ။ ။ဟိုလူကြီးဆိုသည်မှာ ဟိုရောက်နေသောလူကြီး ဓမ္မဝိဟာရီဆရာတော်ကြီးကိုဆိုလိုခြင်းဖြစ်ပါကြောင်း ရွာသားများအထင်မမှားစေရန် ရှင်းလင်းခြင်းဖြစ်ပါကြောင်း။ :mrgreen:

  • Gipsy

    July 20, 2012 at 8:51 am

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်
    အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူပေါင်းဆောင်ရွှက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို
    ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံးဘာသာရေးအဖြစ်
    ရွှေးချယ်ခဲ့ကြောင်းသိရှိရသည်။
    ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်
    (၂၀၀)ကျော်ကရွှေးချယ်ခဲ့ခြင်းဖြစ်ပြီးပိုရု် အံ့ဩဖို့ကောင်းသည်မှာ
    ပါဝင်ရွှေးချယ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များအများစုသည် ဗုဒ္ဓဘာသာကို
    မိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။
    အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိညာဏ်မြင့်မားရေးဆိုင်ရာ
    ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၏ သုတေသနညွန်ကြားရေးမှူး Jonna Hult
    ကပြောကြားရာတွင် ကမ္ဘာ့အမွန်မြတ်ဆုံးအကောင်းဆုံး ဘာသာတရားဗုဒ္ဓဘာသာက
    ရရှိခဲ့တာအံ့ဩစရာမရှိပါဘူး၊ ကမ ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်
    ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့
    မတူတာက အဲဒါပါပဲ။

    တခြားဘာသာတွေကလက်နက်တွေကို အဆင့်သင့်ကိုင်ထားကြတယ်။

    ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေးအတွတ်နဲ့ စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲ

    ယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့မတူဘဲ ဗုဒ္ဓဘာသာဟာ
    ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများတွေကို ဟောကြားခဲ့တာပါပဲလို့ ဆိုခဲ့ပါတယ်။

    အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ကျွန်တော်လည်း
    ကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။
    ကိုယ့်ဘာသာကိုပဲ ကမ ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်ဟာ
    နေ့စဉ်ဂျူးဘာသာအရ ဝတ်မပြုခင် ဝိပဿနာတရားကို
    ကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
    ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်းလည်းကောင်းအဆိုကို သဘောတူထောက်ခံခဲ့ပါတယ်။
    ဂျနီဗာမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနဲ့ အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွှတ်ရေးအဖွဲ့ကြီး၏
    ပါကစ္စတန်နိုင်ငံမူစလင်အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd ကကျွန်တော်ဟာ
    အစ္စလန်ဘာဉာကို နှစ်နှစ်ကာကာယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်
    ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
    ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နာလည်သဘောပေါက်ခဲ့ကြပါတယ်။
    ပြောရရင် ကျွန်တော်ရဲ့အရင်းအနှီးဆုံးမိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။
    Belfast မြို့မှ ကက်သလစ် ဘုန်းကြီး Ted O’Shaungh-nessy ကတော့ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့်
    လူသားတွေကို မေတ္တာဂရုဏာထားရန်ဟောကြားပြီး
    လူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒနားလည်ပါတယ်လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။
    ဒါ့ကြောင့် မွန်မြတ်တဲ့ဗုဒ္ဓဘာသာကိုမဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။

    မူရင်းသတင်းလေးကတော.ဒီလိုပါ…

    The Geneva-based International Coalition for the Advancement of
    Religious and Spirituality (ICARUS) has bestowed “The Best Religion In
    the World” award this year on the Buddhist Community.

    This special award was voted on by an international round table of more than 200
    religious leaders from every part of the spiritual spectrum. It was
    fascinating to note
    that many religious leaders voted for Buddhism rather than their own
    religion although Buddhists actually make up a tiny minority of ICARUS
    membership. Here are the comments by four voting members:

    Jonna Hult, Director of Research for ICARUS said “It wasn’t a surprise
    to me that Buddhism won Best Religion in the World, because we could
    find literally not one single instance of a war fought in the name of
    Buddhism, in contrast to every other religion that seems to keep a gun
    in the closet just in case God makes a mistake. We were hard pressed
    to even find a Buddhist that had ever been in an army. These people
    practice what they preach to an extent we simply could not document
    with any other spiritual tradition.”

    A Catholic Priest, Father Ted O’Shaughnessy said from Belfast , “As
    much as I love the Catholic Church, it has always bothered me to no
    end that we preach love in our scripture yet then claim to know God’s
    will when it comes to killing other humans. For that reason, I did
    have to cast my vote for the Buddhists.”

    A Muslim Cleric Tal Bin Wassad agreed from Pakistan via his
    translator. “While I am a devout Muslim, I can seehow much anger and
    bloodshed is channeled into religious expression rather than dealt
    with on a personal level. The Buddhists have that figured out.” Bin
    Wassad, the ICARUS voting member for Pakistan ‘s Muslim community
    continued, “In fact, some of my best friends are Buddhist.”

    And Rabbi Shmuel Wasserstein said from Jerusalem, “Of course, I love
    Judaism, and I think it’s the greatest religion in the world. But to
    be honest, I’ve been practicing Vipassana meditation every day before
    minyan (daily Jewish prayer) since 1993. So I get it.”

    However, there was one snag – ICARUS couldn’t find anyone to give the
    award to. All the Buddhists they called kept saying they didn’t want
    the award.

    When asked why the Burmese Buddhist community refused the award,
    Buddhist monk Bhante Ghurata Hanta said from Burma, “We are grateful
    for the acknowledgment, but we givethis award to all humanity, for
    Buddha nature lies within each of us.” Groehlichen went on to say
    “We’re going to keep calling around until we find a Buddhist who
    will accept it. We’ll let you know when we do.”

    http://lovelove1349.multiply.com/journal/item/250/250မှကူးယူဖော်ပြပါသည်။

    • kai

      July 20, 2012 at 1:52 pm

      တခြားသူတွေမသိတောင်… ဒို့ရွာသူားတွေကတော့.. အပေါ်ကစာတွေထဲရေးထားတာတွေဆိုတာ.. လုပ်ကြံလိမ်ညာထားတာတွေပါလို့. သိသင့်တယ်..
      အမြင်ကျယ်ကြစေသတည်း… :mrgreen:

      • မိုက်ကယ်ဂျော်နီအောင်ပု

        July 21, 2012 at 10:58 pm

        လွဲနေကြပြီဗျို့
        Gipsy says: ပြောတဲ့ဟာက လန်ကြုတ်ကြီးဗျ
        သဘော ( လောက သဘာဝ ) အရ နာမ်သဘောတရားတို့ နှင့် ရုပ်ဝါဒက ဒွန်တွဲမှု့မရှိဘူး
        သရဲတစ်ကောင်ကို AC/DC လျှပ်စစ်ပစ္စည်းတွေနဲ့ မှတ်တမ်းတင်လို့မရဘူး
        မြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့တဲ့ အချိန် ရုပ်သဘော ( သဘာဝ )
        မတိုးတက်တာလေးကို နားလည်ကြစေခြင်ပါတယ် ( တစ်နည်း ( ကာလ ) )
        တစ်ခုတိုက်တွန်းခြင်တာက ပုဂ္ဂိုလ်စွဲမထားကြဘဲနဲ့
        အခြေနေတစ်ခုပေါ်မှာ သုံးသပ်နိုင်ဘို့ပါ
        ကျုပ်ကိုယ်တိုင် သရဲ ( အခြားဘဝ ) ဆိုတာကို မျက်ဝါးထင်ထင်မြင်ဘူးပါတယ်
        ကျုပ်ကိုယ်တိုင် မြွေတစ်ကောင်လို တွားသွားနေတဲ့ ခေါင်းတလားကြီးကို
        ဓားနဲ့ ခုတ်ခဲ့ဘူးပါတယ်
        ပြောလို့လည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး
        ဘာဘဲဖြစ်ဖြစ်ပါ
        ငရဲဆိုတာကတော့ တစ်ကယ်ရှိနိုင်မှာပါ ဒါပေသိ
        အပေါ်က ပြောသလိုကတော့ မဟုတ်ဘူးလို့သာ
        ဆိုခြင်ပါကြောင်း

      • Gipsy

        July 22, 2012 at 7:22 pm

        ဟိုက်ရှားလပတ်စ် ….
        သများ မှ မသိတာကို …
        ကူးချထားပါတယ် ဆိုနေမှ မိုပြာဂိုဏ်းသားတို့ ….။ :mrgreen:

    • nature

      July 22, 2012 at 7:11 pm

      ဘာသာဝင်တဦးဟာအခြားဘာသာကိုမဲပေးဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စတခုဖြစ်သော်လည်း ရေးသားထားတဲ့အချက်ကလေးတွေက အကျိုးအကြောင်းဆီလျှော်ပါတယ်။ ဒီလိုအကျိုးအကြောင်းဆီလျှော်တာတွေကို လုပ်ကြံလိမ်ညာထားတာ လို့ပြောတဲ့သူ မျက်စိပြူးစေသတည်း။ :mrgreen:

  • ကြောင်ကြီး

    July 20, 2012 at 10:00 am

    သဂျီးနဲ့ မိုးဗြားဂိုဏ်းသားတွေ ပြောတော့ အဲသလို မဟုတ်ရပါလား…။ မြတ်စွာဘုရားကို သာမန်လူတဦးထက် မပိုဆိုဘဲ…။ မြတ်စွာဘုရား လေးအသချေင်္နဲ့ ကမာ္ဘတသိန်း ပါရမီဖြည့်ခဲ့ရတာ အဲဒီအရင် ရှစ်အင်္သချေနဲ့ကမာ္ဘတသိန်း နှုတ်ကနေ ဆုပန်ရတာ၊ ဆယ့်ခြောက်အင်္သေချေနဲ့ကမာ္ဘတသိန်း စိတ်ကူးနဲ့ကြံစည် ရည်မှန်းဆန္ဒပြုရတာတွေက အလကားတဲ့ဗျာ..။ တော်တော်ဆိုးဒဲ့လူဂျီး၊ ဘာလို့များ သူ့ကို ဝိုင်းမဆဲဂျဘာလိမ့်..။ 🙄

  • Gipsy

    July 20, 2012 at 10:34 am

    ကြောက်လို့ပေါ့ဗျ ကိုကြောင်ကြီးရာ…
    ပြောလိုုက်ချင်လို့ ရွ ထ နေတာဗျ….

Leave a Reply